Saturday, March 25, 2023

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ဘုက္ကန်နယ်မြေရဲကင်းကို အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) က ဝင်ရောက်တိုက်ခိုက်ခဲ့

ရန်ကုန် မတ်လ၊0၂၄။
အိန္ဒိယနယ်စပ် တမူးဘုက္ကန်နယ်မြေရဲကင်း ဝင်တိုက်ခံရ၊ လက်နက်များ သိမ်းဆည်းမိ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ဘုက္ကန်နယ်မြေရဲကင်းကို အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) က ယနေ့ (မတ်လ ၂၄) ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ တမူးမြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာ ဘုက္ကန်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် အရပ်သားလက်နက်ကိုင် ပြည်သူ့စစ် (ပျူစောထီး) ၁၆ ဦးခန့် တပ်စွဲထားရာ နယ်မြေရဲကင်းကို နံနက် ၇ နာရီခွဲ ဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မိနစ် ၄၀ ကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ပြီး အိန္ဒိယနယ်စပ်သို့ တိမ်းရှောင်သွားကြောင်း NLA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုသျှောင်တစောင်းက ပြောသည်။ “သူတို့က ကတုတ်ကျင်းထဲကနေ ပြန်ခံပစ်တယ်။ အပြန်အလှန်ပစ်ခတ်မှု ဖြစ်စဉ် ၄၅ မိနစ်လောက် ဖြစ်တယ်။ ပြီးတော့ ဘုက္ကန်ရဲ့ နောက်ကျောမှာ အိန္ဒိယဆိုတော့ သူတို့က ဝင်ပြေးတာ” ဟု ပြောသည်။ စခန်းစီးနင်းမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ဒဏ်ရာရရှိဖွယ်ရှိကြောင်း၊ စခန်းအတွင်း ဝင်ရောက်စဉ် သွေးကွက်အချို့ တွေ့ရကြောင်းလည်း သူက ပြောသည်။ ဘုက္ကန်ရဲစခန်းစီးနင်းမှုအတွင်း တူမီးနှင့် လက်လုပ်သေနတ်အချို့အပါအဝင် လက်နက်ငယ် ၁၅ လက်၊ ကျည်ဆန် ၂၀၀၀ ကျော်၊ မိုင်းနှင့် လက်ပစ်ဗုံးများ၊ ရဲအုပ်အဆင့် ယူနီဖောင်းနှင့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း ထိုအဖွဲ့က ထုတ်ပြန်သည်။ အိန္ဒိယနိုင်ငံနှင့် ကပ်လျက်ရှိသော အချက်အချာကျသည့် ဘုက္ကန်ရွာရဲစခန်းတွင် ယခင်က ရဲအင်အား ၉ ဦးခန့် တပ်စွဲထားပြီး အာဏာသိမ်းပြီးနောက် ရဲနှင့် ပျူစောထီးအင်အားအချို့ ထပ်မံ အင်အားဖြည့်တင်းထားခဲ့သည်ဟုလည်း သူကဆိုသည်။ တောတောင်ထူထပ်ပြီး အိမ်နီးချင်း အိန္ဒိယနှင့် နယ်နိမိတ်ရှည်လျားစွာ ထိစပ်နေသည့် တမူးမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ခရိုင် တပ်ရင်း (၁)၊ ABSDF၊ အမျိုးသားလွတ်မြောက်ရေးတပ် NLA အပါအဝင် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင် ခုခံနေသည့် ကာကွယ်ရေးအဖွဲ့များ စစ်ရေးလှုပ်ရှားလျက်ရှိသည်။ (ခင်ရီရီဇော်/ Myanmar Now) Viber သတင်းများဖတ်ရန် : https://bit.ly/3NqTSxY

No comments:

Post a Comment