Sunday, April 24, 2022

PDF ဆိုတာဘာလဲ မအလ ကောင်းကောင်းသိတယ်


 စကစက pdfကို ကြောက်လည်းကြောက်နေပြီ စောက်ဂရုမစိုက်ပါဘူးဆိုတဲ့ မာန်ကလည်း ရှိသေး ..


pdf တွေနဲ့လည်း တွေ့ဆုံညှိနိုင်းလို့က မရ

pdf တွေ ဘယ်မှာရှိလဲ 

ဘယ်ကလာလဲ 

ဘယ်မှာ သင်တန်းတက်မလဲ

ဘယ်သူက ခေါင်းဆောင်လဲ နဲ့ စဥ်းစားမှာပဲ....


pdfတွေ ဘယ်မှာ ရှိလဲ???


သူတို့ကလွဲရင်နီးစပ်ရာ အဖွဲ့အစည်းတွေမှာရှိမှာပဲ


ကလေးတောင်သိတယ်😂


အဲ့တော့ ခေါင်းမော့ရင်ကော့ချင်ယောင်ဆောင်ပြီး


pdfတွေကို ဂရုမစိုက်ဘူး

ကျန်တဲ့အဖွဲ့အစည်းတွေကို အကုန် လက်ခံတယ်ဆိုတာမျိုး လုပ်လိုက်တာ


အမှန်က

Pdf နဲ့ ညှိနှိုင်းချင်သော် လည်း

pdfခေါင်းဆောင်ဆိုတာကို ရှာလို့မရဘူးလေ


အာဏာနဲ့ ငွေနဲ့ တခုခုနဲ့ပေါ့

pdf ဆိုတာကြီးကို ကမ်းလှမ်းချင်သော်လည်း...

nugကိုလား

ဗိုလ်နဂါးကိုလား

ဗိုလ်ကျားကိုလား

ဗိုလ်မုတ်ဆိတ်ကို​လား

ဗိုလ်ဟိုဟာ ဒီဟာကိုလား

ဘယ်သူ့ကို ရှာရမှန်း မသိဘူး 😂😂😂😂


အဖွဲ့အစည်းတခုမှာ ခေါင်းဆောင်ရှိချင်ရှိနိုင်တယ်

pdf မှာ ခေါင်းဆောင်မှ မရှိတာ.....


သူ့နယ်မှာလေးစားစရာမို့ နာမည်ကြီးချင် ကြီးမယ်

ခေါင်းဆောင်ဆိုတဲ့ ကလေးအထာမျိုး က 88မှာပဲရှိလိမ့်မယ်

အခုက အကုန် ပြည်သူတွေပဲ

အကုန် ခေါင်းဆောင်တွေချည်းပဲ....


သူတို့ လုပ်လို့​​ရတဲ့ 

လုပ်ခဲ့တဲ့ 

အဖွဲ့တွေကို (အရင်လို ) ခေါ်ပြီး pdf ဆိုတာ ဘာညာသာရကာ ဟိုလိုဒီလိုနဲ့ လှည့်ပတ်ပြောပြီး ဂျင်းထည့်မလို့😂😂😂


အဲ့အဖွဲ့အစည်းတွေ အကုန်လုံးကလည်း pdf နဲ့ မကင်းဘူး ပြည်သူနဲ့မကင်းဘူးဆိုတာ

သူတို့ မသိပဲနေမလား😂


ရှင်းရှင်းပြောရရင်

သူတို့က တသက်လုံး အနိုင်ကျင့်ခဲ့တဲ့

တိုင်းရင်းသားလက်နက်ကိုင်တွေကို သိပ်ချစ် သိပ်ကြောက်နေတာမဟုတ်ဘူး..


သူတို့ လှန်လိုလှန် မှောက်လိုမှောက်လုပ်ခဲ့တာ

နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ


တကယ် ညှိနှိုင်းချင်တာမဟုတ်ဘူး

အရင်ကလည်း လိုအပ်တဲ့အချိန်မှာ ဒါမျိုးလုပ်နေကြပဲလေ


သူတို့သည်

ဘာ့ကြောင့်လဲ???

ဘာကို ကြောက်နေတာ လဲ ???

Ok!

ဦးနှောက်ရှိရင် သိကြမှာပါ😏


သူတို့ ဘဝတသက်တာ 

အနိုင်ကျင့်ခဲ့တဲ့ သူတွေကို ကြောက်နေလို့ခေါ်တာ ဟုတ် ပါ့မလား


pdf ဆိုတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ နဲ့ ပြည်သူ့အင်အားစုကိုပဲကြောက်တာ

အဲ့ဒါပဲ.....😏


Pdfဆိုတာ နာမည်သက်သက်ပါ

အားလုံး က ပြည်သူတွေပဲ


ဒင်းတို့လုပ်ရပ်ကို မကြိုက်လို့..

ဒင်းတို့ လက်အောက်မှာ မနေချင်လို့

ဒင်းတို့ မတော်မတရားလုပ်တာ မခံနိုင်လို့....

အဲ့လိုနဲ့ နာမည် တခုတပ်ပြီး pdf ဖြစ်ခဲ့ရတာ...


သူတို့ အကုန် သိပါတယ်

ဒါပေမယ့် သူတို့ လုပ်ရပ်က ညွန့်ဝင်းတို့ခေတ်ကအတိုင်း ဖြစ်နေတော့ ခက်သား😂🤣🤣


အခုက ညွန့်ဝင်းခေတ်မဟုတ်ပဲ

ပိုင်တံခွန် ခေတ်

မင်းမော်ကွန်းခေတ်ဆိုတာကို နားမလည်ကြတော့

လိတွေဖြစ်တာပေါ့😂😂


နောက်ဆုံး ပြောရရင်

PDF ဆိုတာ နာမည်သက်သက်ပါ...

အာဏာရှင်ကို မကြိုက်ရင် အဲ့ဒါ PDF ပဲ

ဘယ်ကို သွားနေမှမဟုတ်ဘူး

မိမိအိမ်မှာ နေရင်း အာဏာရှင်ကို မကြိုက်တာလည်း

PDFပဲ...


သူတို့ကတော့ ကိုယ်ပြောတာကို ခုထိ သဘောပေါက်မှာ မဟုတ်ပါဘူး😂

တွေ့ဆုံဆွေးနွေးဘို့လောက်ပဲ အကြံထုတ်တတ်မှာ😂😂


#Credit_ShweDarrYoee

No comments:

Post a Comment