Saturday, April 23, 2022

ပြေးနိင်မှ့လွတ်တော့မယ် မအေလိုးမင်းအောင်လှိုင်

 ... ပြေးနိုင်မှ လွတ်ကြတော့မယ် တဲ့ 🏃‍♀️🏃‍♂️🏃‍♀️


NLD အစိုးရလက်ထက် ဒေါ်စုဦးဆောင်တဲ့ 

ဒုတိယပင်လုံညီလာခံကို အောင်မြင်သွားမှာ၊

လက်နက်ကိုင်အဖွဲ့တွေ တညီတညွတ်တည်း  

သဘောတူညီသွားမှာ၊

ငြိမ်းချမ်းရေးကြီး 

အမှန်တကယ်ရသွားမှာ စိုးရိမ်ပြီး...


စင်ပေါ်တက်ကာ အလွန်တရာ အောက်တန်းကျသိမ်ဖျင်းယုတ်ညံ့တဲ့ စကားလုံးတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ရစရာမရှိအောင် စော်ကား ပြောဆိုတာ၊


အခွင့်အရေးတွေ တစ်ဖက်သတ် တောင်းဆိုတာမျိုး မလုပ်ရန် ၊ထိုသို့ လုပ်ဆောင်ပါက 

တပ်မတော်အနေနဲ့ လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း၊


ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ အလိမ်အညာတွေ ရပ်တန်းက ရပ်ဖို့ ဒေါသသံအပြည့်နဲ့ ငြိမ်းချမ်းရေး ပျက်စီးစေအောင် ယုတ်မာခဲ့သူက


ယခု သူတို့ဖက်က စစ်အင်အား အလွန်တရာချိနဲ့ လာချိန်....


တပ်တွေက်ို ထိန်းချုပ်နိုင်စွမ်း လျော့ကျလာချိန်....


စစ်ရေး စစ်မျက်နှာ ပေါင်းစုံကို ဖြန့်ကျက်ချနိုင်သော အင်အား ကင်းမဲ့လာချိန်....


အဖက်ဖက်က ထိုးနှက်မှုဒဏ်ကို တောင့်ခံနိုင်စွမ်း ယိုယွင်းလာချိန်...


အသေအပျောက်နှင့် ထွက်ပြေးစစ်သည်တွေ အလွန်အမင်း များပြားလာချိန်...


တပ်ပြို တပ်ပျက်ဖို့ တည်းတည်းသာ လိုတော့ချိန်မှာ


ရုတ်တရက် ထွက်ပေါ်လာပြီး


တိုင်းရင်းသား ခေါင်းဆောင်အားလုံးနဲ့ မိမိကိုယ်တိုင် တွေ့ဆုံပါမည့်အကြောင်း၊


တိုင်းရင်းသား ခေါင်းဆောင်များ၏လိုချင်သည့် တောင်းဆိုချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည့်အကြောင်း၊


လွတ်လပ်ရေး ရသည်မှာ ၇၅နှစ် နီးကပ်လာသော်လည်း လွတ်လပ်ရေးအရသာကို ပြည်သူများမှ မခံစား မရရှိသေးသည်မှာ ဝမ်းနည်းစရာကောင်းလှပါကြောင်း 


စသည်တို့ကို တစ်ချိန်က မောက်မာရိုင်းပြစွာ တိုင်းရင်းသားအဖွဲ့အပေါ် ပြောဆိုခဲ့သူက


ယခုအခါမတော့ မသာမယာ ညှိုးငယ်သော မျက်နှာဖြင့် အလွန်တရာ ဝမ်းနည်းကြေကွဲ တုန်ရီ မောဟိုက်စွာ တိုင်းရင်းသားအဖွဲ့တွေအပေါ် ဒူးခေါင်းမဖက်ရုံတမယ် အောက်ကျို့ မေတ္တာရပ်ခံနေခြင်းသည်


သူ့အတွက်


နောက်ဆုံးနေ့တွေက သိပ်မကျန်တော့၍သာ။

crd #

No comments:

Post a Comment