Monday, April 25, 2022

မင်းအောင်လှိုင်လှုံနေတဲ့ ငရဲမီး



ဘယ်အချိန်ကတည်းက သမ္မတရူး စရူးတာလဲဆိုတာ သေချာမပြောနိုင်ပေမဲ့ ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့အချိန်မှာ အဲဒီအရူးစိတ်က ရေချိန်စကိုက်လာ ပုံပါပဲ။သိန်းစိန်ပြီးရင် ရွှေမန်း၊ရွှေမန်းပြီးရင်တော့ ငါပဲဆို တဲ့ ဒုတိယအာဏာရှင် သန်းရွှေကြီးရဲ့ တန်းစီဇယားအရ ခေါင်းပေါင်းစတလူလူနဲ့ အနာဂတ်ကာလမှာ သမ္မတကြီးမင်းအောင်လှိုင် အဖြစ် စပ်ဖြဲဖြဲ မျှော်လင့်ချက်ကြီးခဲ့တဲ့ပုံ။

မင်းအောင်လှိုင်ရဲ့ တစ်ဖက်သတ်ရူးခန်းကို ၂၀၁၅ခုနှစ်မှာပြည်သူတွေက NLD ကိုပုံအောမဲထည့်လို့ ချေဖျက်ပစ်ခဲ့တယ်။ဒါပေမဲ့ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေး ဉာဏ်ရည်ကနိမ့်ပြီး ဘဝင်ရူးစိတ်ကမြင့်လေတော့ ကိုယ့်ဘာသာ ထိန်းသိမ်း ရကောင်းမှန်းမသိ ကြိတ်မနိုင်ခဲမရဖြစ်တော့တယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ ထောက်ခံလွန်း တာ ကိုကြည့်ပြီး ဘာ့ ကြောင့် လူထုက ဒီလောက်တောင်ထောက် ခံနေရတာလဲ လို့ အမှန်အတိုင်း ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိ၊ မနာလို စိတ်ကြီးခြင်းနဲ့ တမြေ့မြေ့ တောက်လောင်ခဲ့ပုံရတယ်။အဲဒီမနာလိုစိတ်ကို ဘဝင်ရူးစိတ်နဲ့ ပေါင်းစပ်လိုက်တဲ့ အခါကျ တော့ ငါလည်းပဲ ဒီလိုနေရာရောက်ရင် ပြည်သူတွေက ဒါမျိုးထောက်ခံ မှာ ပဲလို့ စုံမှိတ်ဖြေရ တယ်။ စစ်သားတစ်ယောက်ရဲ့ နုံချာလွန်းလှတဲ့ဉာဏ်ရည် က အာဏာသာရှိခဲ့ရင် ဘာမဆိုရှိနိုင်ပြီး လူထု ထောက်ခံ မှုလည်း အလိုလိုရှိ လာ မယ်လို့သာ တွေးတတ်ခဲ့တယ်။

အရှိတရားတွေကို ဉာဏ်ရည်နဲ့ဘဝင်က ကာထားလေတော့ ၂၀၂၀ ရွေး ကောက်ပွဲအပြီးမှာ အခြေခံ ဥပဒေအရ အချောင်ရထားတဲ့ စစ်တပ်၂၅ရာခိုင် နှုန်းနဲ့ ကြံ့ဖွံ့+ကြံ့ဖွံ့အနွယ်ပါတီငယ်တွေရဲ့ စု ပေါင်းမဲနဲ့ အစိုး ရဖွဲ့။

စစ်တပ်ကအမည်စာရင်းတင်သွင်းလိုက်တဲ့ဒုသမ္မတမင်းအောင်လှိုင်ကို သမ္မတ အဖြစ်ထပ်မံ ရွေးချယ်ခံရ လိမ့်မယ်လို့ သမ္မတဖြစ်တော်မူခန်းကိုတစ်ကိုယ်တော် စိတ်ကူးယဉ်လေ့ကျင့်ခဲ့ပုံရတယ်။

ဒါ့ကြောင့် မီဒီယာတွေနဲ့တွေ့ဆုံခန်းမှာ သူဟာ နှစ်၄၀‌ေကျာ်ကြာ အုပ်ချုပ်ရေး အတွေ့ အကြုံများစွာရှိပြီးအဲဒီအတွေ့အကြုံတွေကို လက်တွေ့အသုံးချဖို့အသင့် ရှိ ကြောင်း ပြောကြားခဲ့သလိုလက်ရှိရာထူး ထက် ပိုမြင့်တဲ့ တာဝန်ကို ထမ်း ဆောင်ဖို့ဆန္ဒရှိကြောင်းပြောကြားခဲ့ကာ သူ့ရဲ့သမ္မတရူးအိပ်မက်ကို ထုတ်ပြခဲ့ တယ်။

၂၀၂၀ရွေးကောက်ပွဲရလဒ်ဟာ မင်းအောင်လှိုင်မျှော်လင့်ထားတာရဲ့ နှစ်ဖက် ကမ်းလောက်မှာ ပြည်သူတွေက ပြတ်ပြတ်သားသားအောင်ပွဲခံခဲ့လေတော့ မရှက်မကြောက် ကျနော့်ကိုသမ္မတခန့်ပါလို့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင် ဆန်းစု ကြည် ကိုသွားပြောလေတယ်။မခန့်မှာသေချာကြောင်းသိပေမဲ့ သမ္မတမခန့်ရင် အာဏာသိမ်း ပစ်လိုက် မယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးနဲ့ သွားပြောတာလို့ ထင် တယ်။

ဘယ်လိုမှ ဘာမှဖြစ်မလာတဲ့အဆုံး နောက်ဆုံးနည်းအဖြစ် အာဏာသိမ်းလိုက် တယ်။ မင်းအောင်လှိုင်ဟာ ဝန်ကြီးချုပ်အဖြစ်ရော ကာချုပ်အဖြစ်ပါ သူ့ ကိုယ် သူအားမနာတမ်း ရာထူးတွေပေးခဲ့တယ်။တစ်တိုင်းပြည် လုံးက ဆဲရေးတိုင်း ထွာပြီး ဆန့်ကျင်နေတာတောင် သမ္မတအိမ်တော်ပေါ်တက်၊သမ္မတအဆောင် အယောင် တွေ ဆင်လို့ သူ့ကိုယ်သူသမ္မတအဖြစ် ဇွတ်အတင်း ဖန်တီးယူခဲ့တယ်။
အခုလည်း သမ္မတရူးခန်းရဲ့အဆက် ဧပြီ၁၇ရက်နေ့ မြန်မာနှစ်ဆန်း၁ရက်နေ့) မှာ နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင် ဘွဲ့တွေကို ချီးမြှင့်ပြန်တယ်။အခုပေးအပ် တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေရဲ့ထူးခြားချက်က အစဉ် အလာအားဖြင့် နိုင်ငံတော် အကြီးအကဲနဲ့သမ္မတတွေကသာ ပေးအပ်ခဲ့ရာကနေ အခုအာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်က သူ့ကိုယ်သူ နိုင်ငံ့ခေါင်းဆောင်ကြီးအဖြစ် ပေးအပ်ချီးမြှင့်ခြင်း ပါပဲ။ပြီးတော့ အဲဒီဂုဏ်ထူး ဆောင်ဘွဲ့ချီးမြှင့်ခံရသူတွေဟာ နိုင်ငံတော်နဲ့နိုင်ငံ သားတွေရဲ့ကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ တာဝန် ထမ်းဆောင်ခဲ့သူ တွေလို့ ညွှန်းဆိုထားပြီး မင်းအောင်လှိုင်က မင်းအောင်လှိုင်ကို ဂုဏ်ထူး ဆောင် ဘွဲ့ နှစ်ဘွဲ့ချီး မြှင့်ခဲ့ပြန်ပါတယ်။

 
မင်းအောင်လှိုင်ဟာ နိုင်ငံသားတွေရဲ့ ကောင်းကျိုးကို ဘယ်လောက်ထိ ထူးချွန် ပြောင်မြောက်စွာ ထမ်းရွက်ခဲ့ပါသလဲ။နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း(AAPP)ရဲ့မှတ်တမ်းအရ အာဏာ သိမ်းကာလတစ်နှစ် ကျော်အတွင်း မင်းအောင်လှိုင်သတ်ခဲ့တဲ့ပြည်သူ ၁၇၈၀ ကျော်သွားပြီဖြစ်သလို မင်းအောင် လှိုင် တပ်က ပြည်သူ့နေအိမ်၉၀၀၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar စစ်တမ်းက ဖော်ပြ နေပါ တယ်။

မင်းအောင်လှိုင်ပေးတဲ့ဂုဏ်ထူးဆောင်ဘွဲ့တွေက သေလွန်ပြီးလူတွေပါသလို မသေသေးတဲ့လူတွေ ထဲက သူကြည်ဖြူတဲ့လူတွေကို ပေးတာလို့ထင်ရတယ်။သူဂုဏ်ထူးဆောင်ဘွဲ့ပေးတဲ့နိုင်ငံရေးဆိုင်ရာအကြီး အကဲတွေထဲမှာ ဦးနုက လွဲလို့ ကျန်တာစစ်တပ်ခေါင်းဆောင်နဲ့ အာဏာနဲ့အကျိုးစီးပွားရှာ ခဲ့တဲ့နေဝင်း တို့လို၊ သန်းရွှေတို့လို ရာဇဝတ်သားအာဏာရှင်တွေ ချည်းပါပဲ။

ဒါပေမဲ့ မောင်အေးတို့ခင်ညွန့်တို့ သိန်းစိန်အစိုးရအဖွဲ့ဝင်တွေနဲ့ သူရရွှေမန်း ကိုချန်ထားခဲ့တာကတော့ မင်းအောင်လှိုင်သာသက်ဆိုးရှည်ခဲ့ရင် အဲဒီလူတွေရဲ့ လုံခြုံရေးနဲ့စည်းစိမ်တွေကို ထိပါးခံရနိုင်ခြေရှိမလားလို့ အတွေးပွားဖွယ်ရာပါ။
တကယ်တော့ မင်းအောင်လှိုင်ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ဆိုတာ သူ့ရဲ့ သမ္မတရူးခန်း ကို သူ့ကိုယ်သူ ပြန်အ သုံးတော်ခံတာဖြစ်သလို ငါ့မှာလည်း ငါလူတွေရှိတယ်ဆို တာမျိုးနဲ့ သူ့ကိုယ်သူပြန်အားတင်းတာလည်းဖြစ် မယ်ထင်ပါတယ်။ဒါ့ကြောင့် မတ်လ၂၇ရက်နေ့တုန်းကလည်း ဆုတံဆိပ်တွေပေး၊နှစ်ဆန်း၁ရက်နေ့မှာလည်း ဂုဏ်ထူးဆောင်ဘွဲ့နဲ့တံဆိပ်တွေ နယ်ပယ်အသီးသီးက လူ၁၄၀ကျော်ကိုပေးလို့ သူ့ကိုယ်သူနိုင်ငံ့ခေါင်းဆောင် ဖြစ်ကြောင်း အရသာခံနေပုံရပါတယ်။

ပြီးတော့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ မေတ္တာစိတ်ကြီးမားပုံကို ဖော်ကျူးတဲ့အနေနဲ့ အခါကြီးရက်ကြီး တွေမှာ အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးတာမျိုးကို လည်း မင်းအောင်လှိုင်က စိတ်ပါလက်ပါလုပ်လေ့ ရှိပါတယ်။ဘယ်လောက်ထိ အောင်လွတ်ငြိမ်းခွင့်ပေးသလဲဆို အာဏာသိမ်းပြီးတဲ့ တစ်နှစ်ကျော်မှာ လွတ် ငြိမ်း ခွင့် ၇-ခါပေးပြီးပါပြီ။ အဲဒီ၇ခါမှာ လွတ်ငြိမ်းခွင့်ရလူဦးရေ ၅၇,၀၉၁ ဦးအထိရှိပါတယ်။ဒါပေမဲ့ အဲဒီလွတ်ငြိမ်းခွင့်ရ လူတွေ ထဲက နိုင်ငံရေးအကျဉ်း သား ၈ ရာခိုင်နှုန်းလောက်သာ ပါတာကြောင့် မင်းအောင်လှိုင်ရဲ့သမ္မတရူး ကွက်မှာ သူ့အာဏာကိုထိပါးလာနိုင်တာတွေ မပါဘူးဆိုတာ ပေါ်လွင်နေပါတယ်။
မင်းအောင်လှိုင်ဟာ အဲဒီလိုသမ္မတရူး ရူးနေသူဆိုပေမဲ့ အာဏာသိမ်းကာလ ၆လကျော်မှာတင် တိုင်း ပြည်စီးပွားရေး ဇောက်ထိုးဆင်းသွားတာ၊တတိယလှိုင်း ကိုဗစ်မှာ ပြည်သူတွေသောက်သောက်လဲသေခဲ့ရတာ၊ စီးပွားတွေပျက်တဲ့အထိ လျှပ်စစ်မီးမပေးနိုင်တော့တာနဲ့ လောင်စာဆီဈေးကမောက်ကမ ဖြစ်နေတာ တွေ ကို ကြည့်လိုက်ရင် မင်းအောင်လှိုင်ဘာလဲဆိုတာ သုံးချက်တွက်နည်းတောင် မလိုဘဲ အဖြေထွက်ပြီးသားပါပဲ။ လက်ညှိုးထောင်ခေါင်းညိတ်၊ရေဗူးပေါက်တာ မ လိုချင်ဘူး၊ရေပါတာပဲလိုချင်တယ်ဆိုတဲ့သူတို့စစ်တပ်လောက ထဲ မင်း အောင် လှိုင်ရဲ့ စီမံခန့်ခွဲမှုအတွေ့အကြုံ နှစ်ပေါင်း၄၀ကျော်ဆိုတာ ဘာမှသုံးစားလို့မရ မှန်း သူတို့စစ် သားတွေတောင် ကောင်းကောင်းကြီးမြင်တွေ့လို့ ဟားတိုက်နေ ကြ ပါပြီ။

ဘာပဲဖြစ်ဖြစ် မင်းအောင်လှိုင်ကတော့ သူ့အာဏာတည်မြဲရေးအတွက် ပြည် သူကို ဆက်လက်သတ် ဖြတ်ညှင်းပန်းနေဦးမှာပါပဲ။မင်းအောင်လှိုင် ကြောက် ကြောက်လန့်လန့်နဲ့ရှေ့ဆက်တိုးပါလိမ့်မယ်။ပြည်သူတွေကလည်း ရဲရင့်တဲ့ခြေ လှမ်းတွေနဲ့ အနာဂတ်အောင်မြေဆီ ဆက်လက်ချီတက်နေကြပါတယ်။

ထွန်းလင်း ( ကူးယူသည် )

No comments:

Post a Comment