Sunday, April 24, 2022

မြန်မာ့တပ်မတော်၏နောင့်ဆုံးနေ့ရက်များ

 


***မြန်မာ့တပ်မတော်၏ နောက်ဆုံးနေ့ရက် များ***


စစ်သည်သိန်းချီရှိတဲ့ စစ်တပ်တစ်ခုပြိုကျသွားဖို့ဆိုတာ ရှိသမျှစစ်သားတွေ ကုန်သွားဖို့မလိုပါဘူ

ငွေကို ရေ‌လိုသုံးပြီး ခေတ်မီနည်းပညာလက်နက်တွေနဲ့ တည်ဆောက်ခဲ့တဲ့ အာဖဂန်စစ်တပ်ကြီးဟာ သုံးလအတွင်း သုညဘဝကို ရောက်သွားတာ ပူပူနွေးနွေးသင်ခန်းစာတစ်ခုပါ။ ဒီစစ်တပ် မလွဲမသွေ ရှုံးရတော့မယ်ဆိုတဲ့ အမြင်မှန်လေးဝင်သွားရုံပါပဲ။


လက်ရှိရှမ်းပြည်မှာ စစ်ရေးပြင်နေကြတာအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၅ခုမှာ ၁၂ခုရဲ့ စစ်ရေး၊ အုပ်ချုပ်ရေးပစ်မှတ်တွေ တိုက်ခိုက်ခံနေရချိန်၊ ကာချုပ်ရဲ့ TVပေါ်ကနေ EROတွေနဲ့ ဆုံတွေ့ကြဖို့ တိုင်းသိပြည်သိ တောင်းဆိုချက်ဟာ သေရေးရှင်ရေးအချိန်ကို ရောက်နေပြီလို့ ဆိုလိုပါတယ်


"စစ်သည်အင်အာ


တပ်မတော်တစ်ခုမှာ အကြမ်းဖျင်းဆိုရရင် တိုက်ခိုက်ရေးတပ်နဲ့ ပံ့ပိုးကူညီရေးတပ်သားအချိုးဟာ အမြင့်ဆုံး ၁ အချိုး ၃၊ ၁ အချိုး ၄ မျှရှိပါတယ်။ တနည်းအားဖြင့် ခြေလျင်ခြေမြန်စစ်သည်တစ်ယောက်ရှေ့တန်းမှာ တိုက်ခိုက်နိုင်ဖို့ နောက်ကွယ်က စစ်သည်သုံးဦး လေးဦး အနည်းဆုံးကူညီလှုပ်ရှားပေးရပါတယ်


အုပ်ချုပ်ရေး၊ စည်းကမ်းထိန်း၊ စာရင်းအင်း၊ ရိက္ခာစုဆောင်း၊ ထမင်းချက်၊ ဝါဒဖြန့်၊ ပြည်သူ့ဆက်ဆံရေး၊ လေ့ကျင့်သင်ကြား‌ရေး၊ ဆေးဘက်၊ အင်ဂျင်နီယာ၊ ယန္တယားထိန်းထိမ်းပြုပြင်၊ ယဉ်မောင်း၊ လောင်စာဆီ၊ ဆက်သွယ်ရေး၊ သုတေသန၊ လက်နက်ခဲယမ်းထုတ်လုပ်တပ်ဆင်၊ သိုလှောင်၊ ဖြန့်ဖြူး စတဲ့ ဘက်တွေမှာ တိုက်ခိုက်ရေးအင်အားထက် အနည်းဆုံး သုံးဆ၊ လေးဆထိ သုံးရပါတယ်


ဒါ့အပြင် အခုပြည်တွင်းစစ်တိုက်ခိုက်ရေးမှာ တိုက်ရိုက်မပါဝင်တဲ့ လေကြောင်းရန်ကာကွယ်ရေး၊ ကမ်းခြေစောင့်တပ်ဖွဲ့၊ ကိုယ်ရံတော်တပ်ဖွဲ့  နောက်ချန်အင်အား၊ ကိုယ်ရံတော်တပ် ဒါတွေလဲ ရှိကြပါသေးတယ်။ ဆိုလိုချင်တာက အဝင်မရှိပဲ အထွက်ပဲပြနေတဲ့ စကစ တပ်သားတွေအတွက် တနိုင်ငံလုံးမှာ ဖြန့်ကြဲရင်း ဝန်နဲ့ အားမမျှ ဖြစ်လာတဲ့ အရှိတရားပါ


ချင်း‌တော်လှန်ရေးကို အမှုန့်ခြေဖို့အတွက်၊ လက်ကျန်အင်အားထဲက အလွန်အကျွံထုတ်နှုတ်ပြီးလောင်းကြေးကြီးကြီးထပ်ထားတဲ့ အနော်ရထာစစ်ဆင်ရေးဟာ အရှုံးထွက်တဲ့ တွက်ကိန်းဖြစ်နေပါတယ်


တပ်မတော်ဟာ စစ်အင်အားကို တောင်ပိုင်းပို့ရင်း၊ မြောက်ပိုင်းမှာ ဟာ၊ အရှေ့မှာစုရင် အနောက်က ဗလာ။ ရှေ့နောက်တောင်မြောက် အလယ်ကို ကာဗာမိဖို့ ဇွတ်လုပ်ယူတော့ နေရာတိုင်းမှာ လုပ်တဲ့အလုပ်တိုင်းက ဖရိုဖရဲဖြစ်၊ တပ်တွင်းမကျေနပ်မှုများ။ ဒီလိုနဲ့ ပြည်နယ်အချို့လက်လွတ်ခံလိုက်မယ်ဆိုရင်လဲ စစ်တပ်ရဲ့ ပင်မဝါဒကျောရိုး ပြိုလဲပြီးသားဖြစ်သွားပါမယ်


တကယ်တမ်းတော့ အာဏာသိမ်းခါစက ကျနော်တို့ထင်မြင်နေတဲ့ တပ်ပျက်နေပြီတို့၊ တပ်တွင်းပုန်ကန်မှုတွေပေါ်တော့မယ်တို့ ဆိုတာ လုံးဝမဟုတ်ခဲ့ပါဘူး။  အဝေးကြီးပါ။ သို့သော်.... ကျနော်တို့ ယုံကြည်မှုထားခဲ့ကြတယ်။ ယုံကြည်မှုတန်ဖိုး အသက်တွေပေးကြရတယ်။ ရလဒ်အနေနဲ့  "မဖြစ်နိုင်ခဲ့တဲ့ပန်းတိုင်" ကို နေရာတစ်ခုမှာ လှမ်းမြင်နေရပါပြီ


"တပ်မတော် ထွက်ပေါက်ပိတ်မိခြင်


လက်နက်ငွေကြေးလူအင်အား၊ အတွေ့အကြုံ နည်းဗျူဟာအပြည့်နဲ့ နှစ်ခုနှစ်ဆယ်ကျော် ရပ်တည်ခဲ့တဲ့ အဖွဲ့ကြီးဟာ သူတို့ရဲ့ အမှားတစ်ခုကို နောက်ထပ်အမှားနှစ်ခုနဲ့ ပြင်ဖို့ကြိုးစားတယ်။ ဒီလိုနဲ့ အမှားပေါ် အမှားဖို့ရင်း ကိုယ့်ထွက်ပေါက်တွေ ပိတ်မိလာတယ်


- ရွှေရည်စိမ်ဒီမိုကရေစီနဲ့ စစ်တပ်ကိုထွက်ပေါက်ရှာပေးခဲ့တဲ့ ရွေးကောက်ခံအစိုးရကို အကျဉ်းချတယ်၊ ပြည်သူတွေ လမ်းပေါ်ထွက်လာတယ်

- ဆန္ဒပြပြည်သူကို အကြမ်းဖက်တယ်၊ PDFဆိုတာ ပေါ်ပေါက်လာတယ်

- PDFကို နှိမ်နင်းဖို့ ရွာမီးရှို့တယ်၊ မသေပဲကျန်နေသူတွေ PDFထဲကို စုပြုံပြီး ဝင်လာကြတယ်

- အားရှိတုန်းမှာ အားငယ်သူကို အနိုင်ကျင့်တယ်၊ သူတို့အားနည်းချိန်မှာ အကြွေးပြန်တောင်းလိုသူတွေ နိုင်ငံအနှံ့ဖြစ်လာတယ်


"အရေးမပါတာတွေ အရာလုပ်ရင်း လွဲလာခဲ့တဲ့လမ်


အသက်၈၀ကျော် ပင်စင်စား စစ်သားရဲ့

ဝေဖန်သံကိုတောင် အချင်းချင်း ဖမ်းဆီးထောင်ချခြင်းနဲ့ တုံ့ပြန်ရတဲ့အထိ တပ်မတော်ကြီးဟာ အထိရှဒါဏ်မခံနိုင်ဖြစ်လာတယ်


လက်ညှိုးထိုးမလွဲတဲ့ စစ်တပ်ဆန့်ကျင်သူတွေကို တစ်ဦးချင်းလိုက်နှိပ်ကွပ်တာ၊ ငွေညှစ်တာ၊ ဒုက္ခ‌လိုက်ပေးဖို့ တကူးတကအင်အားသုံးတာတွေဟာ သူတို့အတွက် လိုရင်းမရောက်ပဲ အာရုံထွေပြားမှုနဲ့ အချိန်ကုန်တာပါပဲ။ နိုင်ငံခြားထွက်မယ့် CDMသမားကို စောင့်ဖမ်းမယ်၊ လမ်းမှာဖုန်းယူစစ်ပြီး ရစ်မယ်။ ဒီလိုလုပ်ရပ်နဲ့ စစ်တပ်ကို မဆန့်ကျင်တော့အောင် လုပ်ဖို့ ကြံတာဟာ အနာနဲ့ ဆေး,လွဲခြင်းရဲ့ အစပါပဲ


ဆန္ဒပြဖြိုခွင်းရေး၊ အတိုက်အခံများကို ရှာဖွေနှိမ်နင်းရေးတွေမှာ အင်အားသုံးရတာအပြင် လုံခြုံရေးလိုက်ပေးရတဲ့ နေရာတွေက နည်းမသွားပဲ၊ တိုးလို့သာ လာပါတယ်


"‌နေရာပေါင်းစုံက စောင့်မျှော်နေတဲ့ အန္တရာယ်


စစ်တပ်ဟာ နိုင်ငံ့အာဏာသိမ်းခြင်းအားဖြင့် အစိုးရဘဏ္ဍာရေးအရင်းအမြစ်တွေကို မောင်ပိုင်စီးလိုက်ပြီးသားဖြစ်သွားသလို သူ့ရဲ့ငွေဝင်ပေါက်တွေနဲ့ အစိုးရယန္တရားကို ကာကွယ်ပေးဖို့ တာဝန်ပိုယူလိုက်ရတာနဲ့အတူတူပါပဲ


မြဝတီ၊ မြန်မာ့စီးပွားရေးစတဲ့ ဘဏ်လုပ်ငန်းတွေ၊ လျှပ်စစ်ရုံး၊ အကောက်ခွန်၊ စည်ပင်၊ ကညန စတဲ့ ငွေရှာပေးနေတဲ့ ဌာနတွေ၊ Mytel, Myanmar Beer စတဲ့ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်း၊ အုပ်ချုပ်ရေးရဲ့ အသက်သွေးကြော ထွေအုပ်၊ လဝက၊ ရပ်ကွက်ရုံး၊ တရားရုံး၊ အစိုးရအဖွဲ့ရုံး စတာတွေကို ဖြန့်ခွဲကာကွယ်နေရတဲ့အခါ လစ်ဟာမှုဟာ ဒိုးယိုပေါက်ဖြစ်လာပါတယ်


ယူနီဖောင်းဝတ်တွေကို ဟိုတစု သည်တစုတွေ့ရသမျှ ရုံး၊ အဖွဲ့စည်း၊ လုပ်ငန်းအားလုံးဟာ အတိုက်အခံအဖွဲ့တွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ မြို့ပေါ်တိုက်ခိုက်မှုက လျော့မသွားလို့ လုံခြုံရေးအင်အား တိုးပြီးလိုအပ်‌နေချိန်၊ တဖက်မှာလဲ နယ်စပ်+ပြည်မ, စစ်ဘောင်ကျယ်လာပုံနဲ့ ရှေ့ခရီးက ဘာဖြစ်မလဲ


ကရင်နီ၊ ကချင်၊ ကရင်၊ ချင်း၊ ဗမာ ဒေသစုံ တော်လှန်ရေးအစုအဖွဲ့တွေ အချိတ်အဆက်, အရင့်အကျက် တိုးတက်လာတာကို တန်ပြန်ဖို့ အဖြေမရှိခင် MNDAA, TNLA, SSPP, AA, UWSAတို့လို မဟာရန်ဘက်တွေရဲ့ ခုန်အုပ်ထိုးနှက်မယ့် အန္တရာယ်ကို လမ်းတဆစ်ချိုးက စောင့်မျှော်နေကြပါပြီ


အခုအချိန် ERO‌နဲ့ PDFတွေကို ရင်ဆိုင်ရင်း၊ ဦးပိုင်ရဲ့အကျိုးစီးပွားတွေ၊ စစ်တပ်ထောက်တိုင် ခရိုနီလုပ်ငန်းတွေ၊ အစိုးရအုပ်ချုပ်ရေးအဖွဲ့တွေကို လုံခြုံမှုပေးဖို့ မဆိုထားနဲ့ လက်နက်စက်ရုံနဲ့ ကုန်ကြမ်းပို့ဆောင်ရေးမှာတောင် ကိုယ့်တပ်ကို မကာကွယ်နိုင်တဲ့ အထိရုပ်ပျက်ဆင်းပျက် ကျဆင်းလာပါတယ်


တဆက်တည်းမှာပဲ.

ဒါဏ်ရ၊ ခွင့်မဲ့ပျက်/ပြေး၊ လက်နက်ချ/ခိုလှုံသူ စစ်သားတွေ၊ ပင်စင်နီး သက်ကြီးစစ်သည်၊ မူးယစ်/နာမကျန်းနဲ့ စွမ်းဆောင်ရည်ကျဆင်းတဲ့စစ်သည်တွေကို အစားထိုးဖို့ လူသစ်မရှိတာက စကစအတွက် အလွန်ပူပန်စရာကောင်းတဲ့ အချက်တွေပါ။


"အဆင့်နိမ့်ဆင်းခြင်း


အရေအတွက်အပြင် အရည်အချင်းကို ဖျက်တဲ့ကိစ္စတွေကတော့ အထက်အောက် အမိန့်လိုက်နာမှုအားနည်းလာတာ၊ စည်းကမ်းဖောက်ဖျက်တဲ့ စစ်သည်အရာရှိတွေကိုလဲ အပြစ်ပေးအရေးယူဖို့ မတတ်နိုင်တော့တာတွေ ‌အများကြီးဖြစ်လာပါတယ်

အရေးကြုံရင် သက်လုံကောင်းဖို့ဆိုတာ အစ,ကောင်းခဲ့ဖို့လိုပါတယ်။ ကိုယ့်တပ်ထဲက လူတော်တွေကို နေရာပေးတာ၊ ကိုယ့်အမှားကိုယ် ဝေဖန်ဆန်းစစ်တတ်တဲ့ အလေ့အထကို အားပေးတာ၊ ကိုယ်ကျိုးထက် အဖွဲ့အစည်းအပေါ် သစ္စာထားခဲ့တာတွေသာ လုပ်ခဲ့ရင် ဒီအချိန်မှာ မြန်မာစစ်တပ်ဟာ ကြောက်မက်ဖွယ် အင်အားတစ်ရပ်ဖြစ်နေမှာ သေချာပါတယ်

ဒါပေမယ့် ကိုယ့်တပ်ကိုယ် သင်းကိုယ်ကွပ်တတ်တဲ့ ခေါင်းဆောင်တွေရဲ့ အမိုက်အမှောင်အောက်မှာ လိမ်ညာမှုတွေကသာ ကိန်းဂဏန်း၊ လှည့်ဖျားမှုတွေကသာ ခွန်အား၊ ရက်စက်မှုကသာ အရည်အချင်းဖြစ်နေပါခဲ့တယ်


"ပြတ်တောက်လာသော အရင်းအမြစ်


ဘူးလေးရာ ဖရုံဆင့်တာကတော့ နိုင်ငံခြားငွေကြေးပြတ်တော့မယ့် ဘေးပ

အမှားကို ရှင်းဖို့ အမှားလုပ်မိတဲ့အခါ၊ ဒေါ်လာရှားနေလို့ ဒေါ်လာအဝင်အထွက်ကို တင်းကျပ်လိုက်တဲ့အခါ၊ ကိုယ့်လည်မျိုမှာ ညှစ်မိနေတဲ့ ကြိုးကွင်းအဝေး ပြေးဖို့ ကြိုးစားနေသလိုပါပဲ။ ပြည်ပဆန်ရှင်နဲ့ ဒါဏ်ခတ်မှုတွေကို အလူးအလဲရင်ဆိုင်နေရချိန်၊ ပြည်တွင်းခရိုနီတွေရဲ့ ခါးသီးရွံရှာခြင်းကို ထပ်ပိုးရလိုက်ပါတယ်။


ရှေ့တန်းတွေမှာလဲ လက်နက်ကြီး တစ်ခါပစ် သိန်းဘယ်နှဆယ်၊ တိုက်လေယာဉ်တစ်ခါတက် သိန်းဘယ်နှရာ၊ ရိက္ခာတစ်ခါထောက်၊ ဆွဲမိုင်းတစ်ခါထိ၊ စစ်ကြောင်းတစ်ခါချီ... နေ့စဉ် ဒေါ်လာသန်းဂဏန်းသုံးပြီး အသက်ဆက်နေရချိန် တော်လှန်သူတွေ ‌အင်အားလျော့မသွားတိုင်း စစ်တပ်အတွက် မျှော်လင့်ချက်မှုန်ဝါးရပါတယ်


"ထောက်ခံသူများ ဆုံးရှုံးခြင်


လျှပ်စစ်မီးမမှန် ကုန်ဈေးနှုန်းတက်လို့ စစ်တပ်ထောက်ခံသူတွေ နာကျည်းလာကြချိန်၊ ဦးပိုင်ဆီက အမြတ်မရပဲ အဖြတ်ပဲရှိလို့ စစ်သည်တွေလဲ ကျပ်တည်းနေကြပါတယ်။ ဗိုလ်ချုပ်‌ကြီးတွေလဲ နိုင်ငံရေးနွံထဲမှာ လှုပ်လေမြုပ်လေ။ ဒါတွေအားလုံးရဲ့ pressureက မင်းအောင်လှိုင်ရဲ့ ထိပ်ပေါ်တည့်တည့်ကျပါတယ်


ကိုယ့်တိုင်းပြည်ဂုတ်သွေး စုပ်ရဖို့ စောင့်နေတဲ့ လူ့ဗာလတွေရဲ့ အာသီသကို ဖြည့်ဆည်းမပေးနိုင်တော့တဲ့အခါ စစ်တပ်ဘက်က လက်ခုပ်သံတွေ တိုးတိုးလာပါတယ်။ ကိုယ့်အကျိုးမထွက်ပဲ အနာခံထောက်ခံပေးဖို့ မတန်ကြောင်း တဖြည်းဖြည်းနဲ့ ပေါ်လွင်လာပါတယ်


"Second wave of CDM


ပြည်သူတွေဘက်က သတိရှိရှိနဲ့ လမ်းတချို့ဖွင့်ပေးဖို့ပဲ လိုပါတယ်။ ကြိုတင်ဘွတ်ကင်နဲ့ သာရာ ကူးဖို့ လမ်းရှာထားတဲ့သူတွေ အခုကတည်းက ရှိကြပါတယ်။ စစ်ရေးဖိအားချိန်ခွင်လျှာစောင်းသွားတာနဲ့ တပြိုင်နက်၊ စကစရဲ့ အိပ်မက်ဆိုးတွေ စတင်ပါလိမ့်မယ်။  လက်ရှိအစိုးရအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရဲပြေးတွေ၊ အလင်းဝင်လာမယ့်သူတွေကြောင့် Second wave of CDMနဲ့အတူ လွတ်လပ်တဲ့ နယ်မြေတွေအလျိုလျိုပေါ်ပေါက်လာမှာကတော့ စစ်ကောင်စီ,တားဆီးလို့မရတဲ့ မြန်မာ့အနာဂါတ်ပဲဖြစ်ပါလိမ့်မယ်



No comments:

Post a Comment