Friday, March 31, 2023

နေပြည်တော်ကိုတိုက်ပြီ။

နေပြည်တော်ရှိ အေလာလေဆိပ်၊ စစ်ရေးပြကွင်း လုံခြုံရေး ဗျူဟာကုန်းနှင့် ဆွာမြို့ ခလရ ၁၉ တပ်ရင်းတို့ကို တစ်ရက်တည်း ပစ်ခတ် တိုက်ခိုက် ရန်ကုန်၊ မတ် ၃၀ နေပြည်တော်ရှိ အကြမ်းဖက် စစ်တပ်၏ အေလာလေဆိပ်၊ စစ်ရေးပြကွင်း လုံခြုံရေး ဗျူဟာကုန်းနှင့် ဆွာမြို့ ခလရ ၁၉ တပ်ရင်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက တစ်ရက်တည်း တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။ မတ်လ ၂၇ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်တွင် ရုရှားနိုင်ငံနှင့် စစ်ကောင်စီတို့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နေသည့် နေပြည်တော်၊ အေလာလေ ဆိပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် အောင်မြင်စွာပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းအုပ်စု၊ ရွှေဘုန်းတောင် ဗျုဟာကုန်း တွင် စစ်ရေး ပြကွင်းလုံခြုံရေး ယူရန် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး တပ်ဖွဲ့များဖြစ်သော ခမရ ၆၀၄၊ ခမရ ၆၀၅၊ ခမရ ၄၁၁၊ ခမရ ၃၀၂၊ ၈၅ တပ်တို့ကို Fixed wing တိုက်ခိုက်ရေး လေယာဥ်ငယ်ဖြင့် ၆၀ မမ လက်လုပ် ဗုံးသီးများကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၄၇ မိနစ်မှ ညနေ ၆ နာရီအထိ ပဲခူးတိုင်း၊ ဆွာမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၁၉ တပ်ရင်းကို Fixed Wing တိုက်ခိုက်ရေး လေယာဉ်ငယ်များဖြင့် ဗုံးသီး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများသည် ဖက်ဆစ် စစ်တပ်၏ တော်လှန်ရေးနေ့ကို ဆန့်ကျင်သည့်အနေဖြင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့၊ MKCDF အဖွဲ့ နှင့် Brave Warriors for Myanmar (BWM) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။ Photo – နေပြည်တော် အေလာလေဆိပ်ကို ပစ်ခတ်လိုက်သည့် ၁၀၇ မမ ရှော့တိုက်ဒုံးအား တွေ့ရစဉ်

Thursday, March 30, 2023

Two children among eight civilians killed in junta air strikes on village in Chin

Two children among eight civilians killed in junta air strikes on village in Chin
March 31, 2023 Eight people including two children were killed and 10 others injured in Thantlang Township, Chin State on Thursday morning when junta fighter jets bombed Khuafo Village without provocation, according to local Chin media. Ten civilian buildings including two churches were damaged in the bombardment. (Photo: Salai Tial Hram Ling) #WhatsHappeningInMyanmar ------------------- Help The Irrawaddy Report the Truth from Myanmar https://bit.ly/3btQYpR

Wednesday, March 29, 2023

Breaking News- သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီ၏ အကြီးဆုံး စစ်စခန်း မယ့်ခါထာကို KNU တပ်မဟာ ၅ က သိမ်းပိုက်၊စစ်တပ် ဘက်မှ အရာရှိများ အပါ အဝင် ၄၀ ကျော်သေဆုံးပြီး လက်နက် ခဲယမ်း အများ အပြား သိမ်းဆည်း ရမိ

Breaking News- သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီ၏ အကြီးဆုံး စစ်စခန်း မယ့်ခါထာကို KNU တပ်မဟာ ၅ က သိမ်းပိုက်၊စစ်တပ် ဘက်မှ အရာရှိများ အပါ အဝင် ၄၀ ကျော်သေဆုံးပြီး လက်နက် ခဲယမ်း အများ အပြား သိမ်းဆည်း ရမိ ရန်ကုန်၊ မတ် ၂၈ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ ၊ သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင် စီတပ်၏ အကြီးဆုံး စခန်းတစ်ခုတွင် အပါအဝင်ဖြစ်သော မယ့်ခါ ထာစခန်းကို KNLA တပ်များက ယနေ့ နံနက်ပိုင်း တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သား ၄၀ ကျော်သေဆုံးသွားကြောင်း KNLA သတင်းရင်းမြစ်များက ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ်၏ မယ့်ခါ ထာ စခန်း ကို KNLA တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်း ဖြစ်ပြီး KNU တပ်မဟာ ၅ က စစ်ကောင်စီ၏ မယ့်ခါထာ စခန်း တစ်ခုလုံးကို အောင်မြင် စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်အရာရှိများ အပါအဝင် စစ်သား ၄၀ ကျော် သေ ဆုံး ပြီး KNU ဘက်မှ ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း သိရှိရသည်။ “စခန်းကိုတော့ သိမ်းလိုက်ပါပြီ။ တိုက်ပွဲက မိနစ် ၅၀ လောက်ကြာပါတယ်။ သတင်းကလည်း ထိန်းထားလို့လည်းမရနိုင်ဘူး။ ထိုင်းဘက်မှာလည်း ရွာရှိ နေသလို စခန်းမှာဖြစ်ပျက်နေတာတွေကိုလည်း ဟိုဘက်ကမ်းက လှမ်းမြင် နေရတာပဲ။ ဒီမနက် ၆ နာရီ ၄၀ လောက်မှာ စခန်းကို သိမ်းပါတယ်။ ရန်သူ ဘက်က သေဆုံးသူ ၄၀ ကျော်ပါတယ်” ဟု KNLA သတင်းရင်းမြစ်က ရှင်းပြသည်။ KNU တပ်မဟာ ၅ က တိုက်ခိုက် သိမ်းပိုက်လိုက်သော မယ့်ခါထာစခန်းတွင် စစ်ကောင်စီတပ်ဘက်မှ အင်အား စုစည်းမှု အင်အား ရာဂဏန်းအထိရှိသော စစ် စခန်းကြီးတစ်ခုဖြစ်ကြောင်း သိရှိရသည်။ ဓာတ်ပုံ- KNU တပ်မဟာ ၅ ခေါင်းဆောင်လည်းဖြစ် KNLA ဒုတိယစစ်ဦးစီး ချုပ်လည်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ။

Karen Armed Group Seizes Border Outpost From Myanmar Regime Forces

An ethnic Karen rebel group claimed to have seized a strategic junta border outpost in Hpapun District, Karen State on Tuesday morning. The Karen National Liberation Army (KNLA), the armed wing of the Karen National Union (KNU), raided the Mal Khar Hta military outpost on the bank of the Salween River near the Thai border and located inside KNU Brigade 5 territory, early in the morning, according to reports from local Karen media and a KNU source. Padoh Mann Mann, KNU Brigade 5 spokesman, also confirmed to The Irrawaddy the seizure of the junta border outpost. The move came a day after junta boss Min Aung Hlaing vowed to crush the civilian National Unity Government (NUG), the political wing of the People’s Defense Force (PDF), and ethnic armed organizations (EAOs) fighting alongside the NUG, in a speech to mark the 78th annual Myanmar Armed Forces Day in Naypyitaw on Monday. Citing KNLA sources, local Karen media outlets reported there were many military casualties in the raid on the outpost, but precise casualty figures were not known. Videos released by local media outlet Salween Press show an intense firefight at the base lasting for several minutes, as well as footage of the outpost after it was burned down. The base has been used by the junta to distribute rations, ammunition and reinforcements to nearby regime outposts. In April 2021, Karen rebel forces seized the nearby Thaw Lal Hta junta outpost, sending regime forces fleeing to the Mal Kha Hta base. The KNU, which has trained and armed PDF groups, has been escalating its attacks on regime targets including military headquarters in Karen and Mon states and Bago and Tanintharyi regions. It has also coordinated with resistance forces to mount attacks on regime targets including junta air bases in central Myanmar.

စစ်တပ်နှင့်ပျူစောထီးအဖွဲ့ ရွှေဘိုတွင် ဗုံးခွဲကာ ပြည်သူနှင့် PDF အကြားအထင်မှားအောင်လုပ်ဆောင်

ရွှေဘိုမြို့၊ အများပြည်သူနေရာ ၂ ခု နှင့် ခရီးသည်တင်ကားတစ်စီးကို စစ်တပ်နှင့် ပျူစောထီးများ က ဗုံးခွဲမှု ပြည်သူ ၂ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ၊ PDF အပေါ် အပြစ်ပုံချရန်နှင့် ပြည်သူက တော်လှန် ရေးအပေါ် အထင်အမြင်လွဲစေရန် လုပ်ဆောင်ချက်အဖြစ် တော်လှန်ရေးအဖွဲ့က တရားဝင် ရှုတ်ချ ရန်ကုန်၊ မတ်၂၉ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ လူစည်ကားရာ ကားကြီးကွင်းအနီး တံတားပေါ်နှင့် ကားကြီးကွင်း မြောက် ဘက်လမ်းပေါ်နှင့် မန္တလေး-ရွှေဘိုကားမပေါ်တွင် ခရီးသည်တင်ကား တစ်စီးကို အကြမ်းဖက်စစ်တပ်လက်အေက်ခံ ပျူစောထီးများက မိုင်းထောင် မိုင်းခွဲသဖြင့် ပြည် သူ ၂ ဦးသေဆုံးပြီး သံဃာတော်တစ်ပါး၊ ကလေး ငယ်များအပါအဝင် ပြည်သူ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့နှင့် ဒေသပြည်သူများက ပြောသည်။ ယမန်နေ့ မတ်လ ၂၈ နံနက်ပိုင်း ရွှေဘိုမြို့လူစည်ကားရာ ကားကြီးကွင်း အနီးရှိ တံတားပေါ်တွင် မိုင်းကွဲခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ကလေး ငယ် တစ်ဦးအပါအဝင် ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ တံတားပေါ်ရှိ လူနာများ ကောက် နေချိန် ကားကြီးမြောက်ဘက်လမ်းပေါ်တွင် ဒုတိယအကြိမ်ထပ်မံမိုင်းခွဲခဲ့ရာ ကလေးငယ်နှစ်ဦး အမျိုး သား ၁၂ ဦး၊ အမျိုးသမီး ၈ ဦးဒဏ်ရာရရှိပြီး စိုးရိမ်ရလူများကို မန္တလေးဆေးရုံကြီးသို့ လွဲပြောင်း ကုသ စဉ်အမျိုးသားတစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။ “စစ်ခွေးတွေက သူတို့အရာရှိတွေကို ကာကွယ်ဖို့ မိုင်းထောင်ထားတာ ဘာဖြစ်လို့လဲ ဆိုရင် စစ်ခွေးတွေလုပ်လေ့လုပ်ထရှိတဲ့အရာပေါ့၊ သူတို့ရဲ့အရာရှိတွေလာရင် PDF တွေ ဝင်မလာနိုင်အောင် ကြိုပြီးတော့ မိုင်းတွေထောင်ပြီး ပြင်ဆင်တယ်၊ စစ်ခွေးတွေက ကာမိုင်းထောင်တာ” ဟု Black wolf – Army တပ်ဖွဲ့မှတာဝန်ရှိသူက ရန်ကုန် ခေတ်သစ်မီဒီယာဌာနသို့ သုံးသပ်ပြောကြားသည်။ ပျူစောထီးများနှင့် စစ်တပ်၏ လုပ်ရပ်သည် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိခိုက်နစ်နာစေသည့် လုပ်ရပ်ဖြစ် သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(People Defense Forces) များအနေဖြင့် မလုပ်ဆောင်ကြောင်း၊ ယခုကဲ့သို့ ပြည်သူထူထု ထိခိုက်နစ်နာစေသည့် ဖောက်ခွဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် အဖွဲအစည်းကို ပြင်းထန်စွာ ရှုတ်ချပါကြောင်း BLACK WOLF – ARMY တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာစေခဲ့သည့် စစ်ကောင်စီ တပ်ရင်း နံပါတ်၊ ဦး ဆောင်သူနှင့် စစ်ကောင်စီတပ်ဖွဲ ဝင်များ ၊ ၄င်းတို့၏ အမည်နှင့် ကိုယ်ရေးအချက်အလက်များအား BLACK WOLF – ARMY သို့ ပေးပို့နိုင်ပြီး လက်စားချေတိုက်ခိုက်သွားမည် ဖြစ်ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့က ပြောသည်။ ထို့ပြင် ရွှေဘိုတွင် လူသေဆုံးမှု ရှိစေသည့် မိုင်းထောင်းမိုင်းခွဲမှုသည် စစ်ကောင်စီလက်အောက်ခံ အဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း ရွှေဘိုမြို့ခံ တစ်ဦးက ဆိုသည်။ “ စစ်ခွေးလူကြီးခရီးစဉ်ရှိတာ၊ ရွှေဘိုဈေးသည်တွေဆီက ဝက်သား၊ အမဲသားတွေ လာလုသွားတယ်၊ ပျူစောထီးတွေ လွှတ်ပြီး မူးဘောင်ဘေး ကားကွင်းထိပ်ဗုံးလာခွဲတာ၊ ပြည်သူတွေသေအောင်၊ PDF တွေနဲ့ ပြည်သူတွေနဲ့ ရန်တိုက်ပေးတာ၊ အခုလမ်းဘေးဈေးသည်တွေ၊ ဆိုင်ခန်းတွေဖျက်ပေးနေရပြီ၊ ပန်းခြံပေါက်က ဆိုင်တွေပါ ဖျက်ပေးနေရတာ၊ မနေ့မနက်က ဗုံးခွဲမှုကလည်း စစ်ခွေးတွေ၊ ပျူတွေခွဲတာ ထမင်းစားတဲ့သူတိုင်းသိတယ်၊ လူ အစည်ကားဆုံးနေရာမှာခွဲတာ” ဟု ရွှေဘိုမြို့နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ အလားတူ မတ်လ ၂၅ ရက်နေ့ကလည်း ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာနှင့် ဗီးတောကျေးရွာကြား မန္တလေး- ရွှေဘိုကားလမ်းမပေါ်တွင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ခရီးသည်တင်ကား တစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ဆရာတော်တစ်ပါးအပါအဝင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိပြီး ၂ ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Tuesday, March 28, 2023

ကျုံဒိုးတိုက်ပွဲ စစိတပ်အသေဆုံးများ။

ကျုံဒိုးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အသေအဆုံးများဟုဆို မတ် ၂၈၊ ၂၀၂၃ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် မတ်လ ၂၅၊ ၂၆ ရက်များက ဖြစ်ပွားခဲ့သော ကျုံဒိုးမြို့ပြစစ်ဆင်ရေးတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၅ ဦးနှင့်အထက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူလည်း များပြားခဲ့ကြောင်း Lion Battalion Commando Special Forces ဗျုဟာစစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။ ဗျူဟာမှူး ဗိုလ်အယ်စေးဝါး ဦးဆောင်သော Lion Battalion Commando Special Forces နှင့် ကရင့်တော်လှန်ရေးတပ်ဖွဲ့များ၊ အခြားသော ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းစစ်ကြောင်းများက ကျုံဒိုးရဲစခန်း၊ ဂျိုင်းတံတားနှင့် ငါးတိုင်အလယ်တန်းစာသင်ကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီ၏ ကျုံဒိုးအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၄၅/၅၄၆ တပ်များ၊ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) နှင့် ရဲများကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းသို့ တိုက်ခိုက်ခဲ့သည့် နှစ်ရက်တာအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၅ ဦးနှင့်အထက်ရှိကာ ထိခိုက်ဒဏ်ရာရသူများပြားသလို တပ်ပျက်၍ စစ်ကြောင်းလိုက် ထွက်ပြေးရမှုများ ရှိခဲ့ကြောင်း ဖော်ပြထားသော်လည်း ဧရာဝတီက သီးခြားအတည်မပြုနိုင်သေးပါ။ ပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ရဲဘော် မိုးသက်မောင်မောင် (ခ) အရှည်ကြီး၊ ရဲဘော် မျိုးမင်းလှိုင် (ခ) မျိုးကြီးနှင့် ရဲဘော် သရဲနီတို့ ၃ ဦး ကျဆုံးခဲ့ကြောင်း Lion Battalion Commando ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဓာတ်ပုံ - Lion Battalion Commando Special Forces #WhatsHappeningInMyanmar #RejectMilitaryCoup

Sunday, March 26, 2023

ရေးမြိုနယ်စါရင်းရုံးတိုက်ခိုက်ခံရ

မွန်ပြည်နယ် ရေးမြို့နယ်က စာရင်းစစ်ရုံးကို မတ် ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရေး YSTF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ “၆၀ မမ မိုင်းသီးနဲ့ ဝင်ခွဲထားတယ်။ မြို့နယ်စာရင်းစစ်ရုံးထဲမှာ ဝန်ထမ်းတွေ ရှိနေတယ်။ လောလောဆယ် လူနဲ့ ရုံးပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုအခြေနေအသေးစိတ်ကို မသိရသေးဘူး။” စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ဌာနတခုဖြစ်ပြီး တနင်္ဂနွေလို ရုံးပိတ်ရက်မှာ ရုံးဖွင့် ထားတော့ ပိုထူးခြားနေလို့ လုပ်တာလို့ ဆက်ပြောပါတယ်။ အခုအခင်းဖြစ်ထားတဲ့ မိုင်းခွဲခံထားရတဲ့နေရာ ဝန်းကျင်အပါအဝင် မြို့ထဲမှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးအပြည့်ကား ၃ စီးနဲ့ မြို့တွင်းကို လည်ပတ်နေပြီး လောလောဆယ်တော့ လူ ထိခိုက် သေဆုံးတာ မကြားရသေးဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။ ဒေသခံတဦးက “ပေါက်ကွဲသံက မြို့ထဲမှာဖြစ်တော့ လူနေအိမ်နဲ့လည်း နီးတယ်။ ဘေးပတ်ဝန်းကျင်က လူတွေပါ စိုးရိမ်ထိတ်လန့်သွားခဲ့တယ်” လို့ ပြောပါတယ်။ ရေးမြို့နယ်က ဌာနဆိုင်ရာရုံးတွေဟာ မကြာခဏဆိုသလို ဒေသကာကွယ်ရေးတပ်တွေ ဝင်ရောက် ပစ်ခတ်တာ၊ မိုင်းခွဲ၊ ဗုံးခွဲတာတွေ လုပ်ခဲ့တာကြောင့် ရုံးတွေကို ဒီနေ့အထိ ယာယီ ပိတ်ထားရပါတယ်။

မန္တလေးဝန်ကြီးချုပ် ယာဉ်တန်းတိုက်ခိုက်ခံရမူ စစ်သား ၁၂ ယောက်နဲ့ ဝန်ထမ်းအကြီးကဲ၂ ဦးသေဆုံး

စစ်ကောင်စီရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ယာဉ်တန်းကို မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၂ ယောက်နဲ့ ဝန်ထမ်းအကြီးအကဲ ၂ ယောက် သေဆုံးတယ်လို့ မန္တလေး PDF က ထုတ်ပြန်ပါတယ်။ မတ် ၂၄ ရက် မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ရဲ့ အထူးစစ်ဆင်ရေးအဖွဲ့တွေဟာ မန္တလေးမြို့ထဲကို ဝင်ရောက်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ရဲ့ ယာဉ်တန်းကို မိုင်းခွဲခဲ့တာပါ။ မန္တလေးမြို့လယ်ခေါင် တိုင်းအစိုးရအဖွဲ့ရုံးနားမှာပဲ ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယာဉ်တန်းက မော်တော်ယာဉ်တွေ ကြီးကြီးမားမား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မတူပီ-ပလက်ဝလမ်း၊ မိုင်တိုင် ၁၄ နှင့် ၁၅ ကြားတိုက်ပွဲတွင် စစ်သား ၁၃ ဦး သေဆုံး

မတူပီ-ပလက်ဝလမ်း၊ မိုင်တိုင် ၁၄ နှင့် ၁၅ ကြားတိုက်ပွဲတွင် စစ်သား ၁၃ ဦး သေဆုံး
ရန်ကုန်၊ မတ်လ ၂၆ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝလမ်းမပေါ် မိုင်တိုင်အမှတ် ၁၄ နှင့် ၁၅ ကြားတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း CDF – Matupi ထံမှ သိရသည်။ မတ်လ ၂၀ ရက်နေ့က မတူပီမြို့အခြေစိုက် ခမရ ၃၀၄ တပ်မှ ထယ်ဘွေစခန်းသို့ တပ်အင်အားနှင့် ရိက္ခာဖြည့်ရန် စစ်ကား ၃ စီး၊ အင်အား ၈၀ ခန့်ဖြင့် ထွက်ခွာ လာ သော အကြမ်းဖက်စစ်သားများကို မတ်လ ၂၄ ရက်နေ့က မတူပီ-ပလက်ဝ လမ်း မပေါ် မိုင်တိုင် ၁၄ နှင့် ၁၅ ကြားအရောက် မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်း ဖက် စစ် သား ၇ ဦးသေဆုံးခဲ့ကြောင်း၊ ထို့နောက် ပစ်ခတ်တိုက်ခိုက်မှု ၃ ကြိမ် လုပ် ဆောင်ခဲ့ရာ အကြမ်းဖက် စစ်သား ၆ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို CDF –Matupi နှင့် CAN တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခို က်ခဲ့ ခြင်း ဖြစ်ပြီး CDF-Matupi မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မတူပီ-ပလက်ဝ လမ်း မိုင်တိုင် – ၁၆ ဝါပုန်းလမ်းခွဲအနီး အနား တစ်လျှောက်ကို အကြမ်း ဖက်စစ်တပ်မှ နင်းမိုင်း များစွာ ထောင်ထားသဖြင့် ပြည်သူများအနေဖြင့် သွား လာ ခြင်းမပြုလုပ်ကြရန်၊ CDF –Matupi ၏ မိုင်းရှင်းလင်းပြီး ထုတ်ပြန်မှသာ သွားလာကြရန် အသိ ပေးထားသည်။

Saturday, March 25, 2023

ကော့ကရိတ်တိုက်ပွဲ စစ်သား ၂၀ ဦးသေဆုံး အရပ်သား ၅ ဦးဒဏ်ရာရ

NEWS ကော့ကရိတ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၈၀ ပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ နီးပါးသေဆုံး၊ စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ ကေကော့ာ့ကရိတ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၈၀ ပါ စစ်ကြောင်
းကို တိုက်ခိုက်မှု စစ်သား ၂၀ နီးပါးသေဆုံး၊ စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးထိဒဏ်ရာရ ရန်ကုန်၊ မတ် ၂၅ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၈၀ ပါ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ် သား ၂၀ နီးပါးသေဆုံးခဲ့ပြီး စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၂ ရက်နေ့ တွင် ကျားဖြူ စစ်ကြောင်း၏ စိုးမိုးနယ်မြေအတွင်းသို့ စစ်ကောင်စီအင်အား ၈၀ ခန့်ပါ စစ်ကြောင်းက အင်အား ၄၀ စီ စစ်ကြောင်းခွဲ၍ နှစ်ဖွဲ့ ဝင်ရောက်လာခဲ့ကြောင်း၊ ကော့ကရိတ်နယ်မြေအတွင်းရှိ ကျားဖြူစစ်ကြောင်း အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်များက ၀ိုင်းဝန်း တိုက်ခိုက်ကြရာ စစ်တပ်ဘက်မှ ၂၀ နီးပါး သေဆုံးကြောင်း၊ စစ်သားအလောင်း ၆ လောင်းရရှိကြောင်း သိရှိရသည်။ “ကျားဖြူစစ်ကြောင်း ထိန်းချုပ်နယ်မြေကို မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းမှာ ရန်သူဘက်ကနေပြီးတော့ အင်အား ၄၀ စီပါတဲ့ စစ်ကြောင်း ၂ ကြောင်းထိုးတယ်ပေါ့။ ကျနော်တို့က သတင်းရရှိပြီးတော့ လက်ဦးမှုရယူပြီးတော့ ပစ်ခတ်လိုက်တာ စစ်ခွေး ၂၀ လောက်သေသွားတယ်။ အလောင်း ၆ လောင်းလောက်တော့ရလိုက်တယ်။ ပါဝင်တိုက်ခိုက်တာက ကျားဖြူ တပ်ခွဲ ၄ ၊ တပ်ခွဲ ၅ ကျားဖြူစစ်ကြောင်းတွေပေါ့” ဟု PDF သတင်းရင်းမြစ်က ပြောသည်။ ယင်းနောက် စစ်တပ်က မတ်လ ၂၂ ရက်နေ့နှင့် မတ်လ ၂၃ ရက်နေ့တွင် ပြည်သူများနေထိုင်သော ကျေးရွာများသို့ လက်နက်ကြီးများဖြင့် တစ်ညနှင့် တစ်ရက်ပစ်ခတ်ခဲ့ရာ ကလေးငယ်တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိမှု အပါအဝင် ပြည်သူ ၅ ဦးထိခိုက်ခဲ့ကြောင်း သိရှိရသည်။

အုပ်ဖိုစစ်ကြောင်းမိုင်းဆွဲခံရမူ စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၅ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ကြို့ပင်ကောက် HERO ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ မတ်လ ၂၄ ရက်နေ့တွင် အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာအုပ်စုမှ ပဲခူးရိုးမ ပေါ်သို့ ထိုးစစ်ဆင်လာသော အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၉ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက် ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ” မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး ၁၀ ကောင်သေတယ်။ ထိတွေ့တိုက် ပွဲတွေ ကတော့ အခုထိဆက်ဖြစ်နေတယ်။ စစ်ခွေးတွေလည်း အင်အားတွေ ထပ်ဖြည့် နေတယ်လို့ကြားတယ်။ တိုက်ပွဲတွေပိုပြီး ပြင်းထန်လာနိုင်တယ်” ဟု ကြို့ပင် ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကို သာယာ ဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင် ကောက် HERO ပြောက်ကျားတပ်ဖွဲ့နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၂ တပ်ခွဲ ၅ တပ်စု ၂ မဟာမိတ် တပ်ဖွဲ့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ စစ်တပ်က အထိနာသွားပြီးနောက် ဝိုင်းကျေးရွာ၊ တာဝါတိုင်ကျေးရွာနှင့် ချောင်း စောက် ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များအား မီးရှိဖျက်ဆီးလျက်ရှိပြီး နေအိမ် များရှိ ပြည်သူပိုင်ပစ္စည်းများကို ကားဖြင့် ခိုးယူသယ်ထုတ်လျက်ရှိသည်။ ထိုကျေးရွာများမှ အပြစ်မဲ့ပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီ၏ မီးရှီု့ ဖျက်ဆီးခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများကြောင့် ဘေးလွတ်ရာသို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရလျက် ရှိကြောင်း သိရှိရသည်။ စစ်တပ်က စစ်ကူအဖြစ် ဝိုင်းကျေးရွာသို စစ်ကား ၂ စီးစေလွှတ်ကာ တပ်စွဲ ထား ပြီး ယနေ့နံနက်၌ တိုက်ပွဲဖြစ်ပွားရာ နေရာများသို လက်နက်ကြီးပစ်ကူများဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။ အလားတူ မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ် ဒုတိယအထပ်တွင် ဘန်ကာနှင့် အသေအချာ ကင်းပုန်းယူထားသည့် စစ်ကောင်စီဝင်များကို မတ်လ ၂၄ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်ခန့်အချိန်တွင် လက်ပစ်မိုင်းနှင့်တိုက်ခိုက်ခဲ့ပြီး အထိ အခိုက် များ နိုင်ကြောင်း True Fighterမြို့ပြပြောက်ကျားတပ်ဖွဲ့မှ ရန်ကုန် ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။ စစ်ဆင်ရေး တိုက်ခိုက်မှုကို True Fighterမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် PENTAGRAM မဟာမိတ်အဖွဲ့တို့မှ ပူးတွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “သူတို့က ဘန်ကာနားမှာနေနေတဲ့အချိန် ကျွန်တော်တို့က လျက်ဆားပုလင်း (လက် ပစ်မိုင်း)နဲ့ ရုံးရှေ့ကနေ ပစ်လိုက်တာဗျ။ ပစ်တဲ့အချိန် စစ်ခွေးတွေစုနေ တဲ့နား အနည်းဆုံး၆ကောင်လောက် ရှိနေတဲ့နေရာ ကို ကျသွားတယ်ဗျ။ သူတို့ ဘက်က အချက် ၃၀ လောက် ပြန်လည်ပစ်ခတ်ပုံအရ အထိခိုက်များမယ်ဗျ” ဟု True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။ တိုက်ခိုက်မှုအတွင်း ပြည်သူ့တော်လှန်ရေးအဖွဲ့သားများ အထိအခိုက်မရှိ ဆုတ် ခွာ နိုင်ခဲ့ကြောင်း၊ True Fighterမြို့ပြ ပြောက်ကျား တပ်ဖွဲ့အနေဖြင့် အရှိန် အဟုန် တဆင့် မြှင့်၍ တိုက်ခိုက်နိုင်ရန် လက်နက်ခဲယမ်းများ ဝယ်ယူရန် အတွက် ကံစမ်းမဲအစီစဉ်ပြုလုပ်နေပြီး ပြည်သူများအနေဖြင့်လည်း ပါဝင်ကူညီ ပေးကြ ပါရန် မေတ္တာရပ်ခံကြောင်း ‌True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန် ရှိသူက ဆက်လက်ပြောကြားသည်။ ဓာတ်ပုံ- စစ်ကားများကို အဝါရောင်ဆေးသုတ်၍ ရွှေ့ပြောင်းနေသော အကြမ်း ဖက် စစ်သားများ။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ဘုက္ကန်နယ်မြေရဲကင်းကို အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) က ဝင်ရောက်တိုက်ခိုက်ခဲ့

ရန်ကုန် မတ်လ၊0၂၄။
အိန္ဒိယနယ်စပ် တမူးဘုက္ကန်နယ်မြေရဲကင်း ဝင်တိုက်ခံရ၊ လက်နက်များ သိမ်းဆည်းမိ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ဘုက္ကန်နယ်မြေရဲကင်းကို အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) က ယနေ့ (မတ်လ ၂၄) ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ တမူးမြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာ ဘုက္ကန်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် အရပ်သားလက်နက်ကိုင် ပြည်သူ့စစ် (ပျူစောထီး) ၁၆ ဦးခန့် တပ်စွဲထားရာ နယ်မြေရဲကင်းကို နံနက် ၇ နာရီခွဲ ဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မိနစ် ၄၀ ကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ပြီး အိန္ဒိယနယ်စပ်သို့ တိမ်းရှောင်သွားကြောင်း NLA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုသျှောင်တစောင်းက ပြောသည်။ “သူတို့က ကတုတ်ကျင်းထဲကနေ ပြန်ခံပစ်တယ်။ အပြန်အလှန်ပစ်ခတ်မှု ဖြစ်စဉ် ၄၅ မိနစ်လောက် ဖြစ်တယ်။ ပြီးတော့ ဘုက္ကန်ရဲ့ နောက်ကျောမှာ အိန္ဒိယဆိုတော့ သူတို့က ဝင်ပြေးတာ” ဟု ပြောသည်။ စခန်းစီးနင်းမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ဒဏ်ရာရရှိဖွယ်ရှိကြောင်း၊ စခန်းအတွင်း ဝင်ရောက်စဉ် သွေးကွက်အချို့ တွေ့ရကြောင်းလည်း သူက ပြောသည်။ ဘုက္ကန်ရဲစခန်းစီးနင်းမှုအတွင်း တူမီးနှင့် လက်လုပ်သေနတ်အချို့အပါအဝင် လက်နက်ငယ် ၁၅ လက်၊ ကျည်ဆန် ၂၀၀၀ ကျော်၊ မိုင်းနှင့် လက်ပစ်ဗုံးများ၊ ရဲအုပ်အဆင့် ယူနီဖောင်းနှင့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း ထိုအဖွဲ့က ထုတ်ပြန်သည်။ အိန္ဒိယနိုင်ငံနှင့် ကပ်လျက်ရှိသော အချက်အချာကျသည့် ဘုက္ကန်ရွာရဲစခန်းတွင် ယခင်က ရဲအင်အား ၉ ဦးခန့် တပ်စွဲထားပြီး အာဏာသိမ်းပြီးနောက် ရဲနှင့် ပျူစောထီးအင်အားအချို့ ထပ်မံ အင်အားဖြည့်တင်းထားခဲ့သည်ဟုလည်း သူကဆိုသည်။ တောတောင်ထူထပ်ပြီး အိမ်နီးချင်း အိန္ဒိယနှင့် နယ်နိမိတ်ရှည်လျားစွာ ထိစပ်နေသည့် တမူးမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ခရိုင် တပ်ရင်း (၁)၊ ABSDF၊ အမျိုးသားလွတ်မြောက်ရေးတပ် NLA အပါအဝင် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင် ခုခံနေသည့် ကာကွယ်ရေးအဖွဲ့များ စစ်ရေးလှုပ်ရှားလျက်ရှိသည်။ (ခင်ရီရီဇော်/ Myanmar Now) Viber သတင်းများဖတ်ရန် : https://bit.ly/3NqTSxY

ဒီမောဆိုးတိုက်ပွဲ စစ်ကောင်စီတပ်သား 90ကျော်သေဆုံး ပြည်သူ့တိုက်ခိုက်ရေးအဖွဲ့ 5 ဦးကျဆုံး။

■ ဒီးမော့ဆိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်ဖက်မှ ၉၀ ကျော် သေဆုံးကြောင်း KNDF ထုတ်ပြန် ပုံများအား တယ်လီဂရမ်တွင် ကြည့်ရန် Western News| မတ် ၂၅ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် မတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီဖက်မှ ၉၀‌ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိကြောင်း KNDF က ယနေ့ တွင် တရားဝင် သတင်းထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသော KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD၊ နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် ၉၀ ဦးကျော်သေဆုံးကာ ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ စစ်ကောင်စီတပ်ဖွဲ့အား ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဖက် MA-1 ၁၀လက်၊ MA-2 ၁၀လက်၊ MA-3 ၁၀လက်၊ MA-4 79တွဲ ၁လက်၊ 9MM ပစ္စတို ၅လက်၊ RPG ၂လက်၊ ၆၀မမ ပြောင်း ၂ပြောင်း၊ မိုင်းရှာစက် ၁လုံး၊ ဆက်သွယ်ရေးစက်များ၊ မိုင်း၊ လက်ပစ်ဗုံး၊ ကွန်ပျူတာများ၊ ဖုန်းများ၊ ဆက်စပ်ခဲယမ်းမီးကျောက်များနှင့် အသုံးအဆောင်များအား သိမ်းဆည်းရရှိခဲ့ကြောင်းဆိုသည်။ ပြီးခဲ့သည့် မတ်လ ၈ရက်နေ့ မှစ၍ ကရင်နီပြည်နယ်၊ ဘောလခဲမြို့မှ ဒီးမော့ဆိုမြို့နယ်၊ ဒေါညင်းခူ ကျေးရွာဖက်သို့ စစ်ကြောင်း ၃ကြောင်း အင်အား ၃၃၀ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းအား ကရင်နီ ပူးပေါင်းတပ်များတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ စစ်ကောင်စီ၏ စကခ ၂ လက်အောက်ခံ တပ်ရင်း ၃ ရင်းဖြစ်သည့် ခလရ ၁၂၊ ခမရ ၅၁၆၊ ခမရ ၅၁၅ တပ်ရင်းများ မှာ ဒေါညင်းခူ၊ ဒေါဆိုဖျ၊ ဒေါတမကြီး ကျေးရွာမျာထဲသို့ စတင်ထိုးစစ်ဆင်ဝင်ရောက်လာချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ အဆိုပါ တိုက်ပွဲများတွင် KNDF မှ ရဲဘော် ၂ ဦး၊ KA မှရဲဘော် ၂ဦး၊ နေပြည်တော် PDF မှ ရဲဘော် ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သိမ်းဆည်းရမိကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများကို စစ်ကောင်စီက လေကြောင်းတိုက်မှုများနှင့် လက်နက်ကြီး ပစ်ကူပေးမှု ဆက်လက်၍ ရှိကြောင်း ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထို့အပြင် ကရင်ပြည်နယ် မြ၀တီမြို့ရှိ မြ၀တီကုန်သွယ်ရေးဇုန်နှင့် မဲကနယ်ရွာ အကြား ယနေ့ မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့ကြား နှစ်ဖက် ထိတွေ့ တိုက်ပွဲ ငြင်းထန်နေ၍ မြ၀တီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေး တံတားကို ထိုင်းအာဏာပိုင်များက ယာယီ ပိတ်လိုက်သည်။ Western News-WN ပုံများအား တယ်လီဂရမ်တွင် ကြည့်ရန် https://t.me/westernewsw/3562

မန်းလေးဝန်ကြီးချုပ် မြိုလည်ခေါင်မိုင်းဆွဲခံရ။

ရန်ကုန်၊ မတ် ၂၄ မန္တလေးမြို့လယ်တွင် စစ်ကောင်စီခန့် ဝန်ကြီးချုပ် မျိုးအောင်၏ ယာဉ်တန်း ယ နေ့ နံနက်ပိုင်း မိုင်းဆွဲခံရပြီး လုံခြုံရေးစစ်ကားတစ်စီး ထိမှန်ကာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း မန္တလေးမြို့ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် တော်လှန် ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။ မတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် မန္တလေးမြို့ ၆၄ လမ်း၊ ၂၅ လမ်းထောင့်တွင် မန္တလေးတိုင်းမှ စစ်ကောင်စီခန့် ဝန်ကြီးချုပ် မျိုးအောင် လိုက် ပါ သော ကားတန်းကို ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းကား တန်းတွင် DC လုံခြုံရေး စစ်ကား ၁ စီး ထိမှန်ပြီး သေဆုံး ထိခိုက်မှုရှိကြောင်း၊ သေဆုံးသူများနှင့်ထိခိုက်သူများကို နန်းတွင်းအတွင်းရှိ စစ်ဆေးရုံသို့ ခေါ်ဆောင် သွားကြောင်း သိရှိရသည်။ “ဒီနေ့မနက် မန်းလေးက ပဒေသာကွဲတာ မန်းတိုင်းဝန်ကြီးချုပ် ယာဉ်တန်းကို သတင်းအတိအကျနဲ့ မိုင်းဆွဲခဲ့တာ။ DC ၃ စီး ကားအနက် ၁စီးကို ထိပါတယ်။ စစ်ကောင်စီဘက်က အထိအခိုက်သတင်း ဖုံးထားတယ်။ မန္တလေးတိုင်း ဝန်ကြီး ချုပ် မျိုးအောင်က က မင်းအောင်လှိုင်သား အောင်ပြည့်စုံရဲ့ အနီးဆုံးလူ။ မိုင်းဆွဲ တဲ့ နေရာက ရုံးတွေချည်းပဲ။ ရုံးတွေ အများကြီးရှိတဲ့လမ်း လူနေအိမ် မရှိဘူး” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ကမူ မိုင်းဆွဲမှုအတွင်း စစ်တပ်ကား ၁ စီး တစ်စီး ထိမှန်ပြီး စစ်သား ၁၂ ဦး ထိမှန်ကာ ၄ ဦး သေဆုံးနိုင်ကြောင်း၊ ကျန်ဒဏ် ရာရရှိသော စစ်သားများကို နန်းတွင်းစစ်ဆေးရုံသို့ ဆွဲခေါ်သွားကြောင်း ပြောဆို သည်။ ” ဒီလိုမျိုး စစ်ဆင်ရေးပစ်မှတ်များကို တိတိကျကျဆောင်ရွက်နိုင်တာဟာ ပြည် သူ့ ဘက်တော်သား ဖရဲသီးတွေ ပူးပေါင်းပါဝင်မှုကြောင့် ဖြစ်တယ်။ မန္တလေး မြို့ ရဲ့ အကြမ်းဖက်စစ်ကောင်စီ၏ မော်တော်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်တဲ့ စစ် ဆင်ရေးမှာ ဖရဲသီးရဲ့ သတင်းပေးချက်ကို ကြိုတင်ရရှိကာ လက်ဦးမှုရယူပြီး ပစ် မှတ်ကို အတိအကျဖြင့် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်။” ဟု မန္တလေးမြို့ရှိ မြို့ပြ ပြောက် ကျားတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ မန္တလေးတိုင်းဝန်ကြီးချုပ် မျိုးအောင်သည် လက်ရှိတွင် မင်းအောင်လှိုင်၏ သား အောင်ပြည်စုံအတွက် အလုပ်လုပ်ပေးနေကြောင်း၊ အောင်ပြည်စုံ၏ လူယုံ မောင် မောင် နိုင်ကဲ့သို့ပင် မျိုးအောင်ကလည်း အောင်ပြည့်စုံ၏ စီးပွားရေး လုပ်ငန်း များ ကို ကူညီပေးနေကြောင်း သိရှိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF က စစ်ကောင်စီ၏ အုပ်ချုပ်ရေး အ ထောက် အပံ့ဖြစ်စေသော ထောက်တိုင်များကို “စစ်ကောင်စီကို လုံးဝ အုပ် ချုပ်ခွင့်မရစေရ”ဖြင့် စစ်ရေးပစ်မှတ်များကို တိတိကျကျဖြင့် ကျေးလက်၊ မြို့ပြ ပူးပေါင်းစစ်ဆင်ရေးဆောင် ရွက်ချက်များ အကောင် အထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပူးပေါင်းစစ်ကြောင်းများကို လက်နက်၊ ခဲယမ်းများကို တိုးမြှင့်ကာ ထောက်ပံ့ပေးနေပြီး စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တရားသောစစ်ကို ဆင်နွဲနေကြောင်း တရားဝင် ကြေညာထားသည်။ ဓာတ်ပုံ- မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံ၏ အနီးကပ်လူယုံ မန္တလေးတိုင်း ဝန်ကြီးချုပ် မျိုးအောင်။

Friday, March 24, 2023

စစ်တပ်အသိုင်းဝိုင်းတွက်ဒေါ်လာသန်းချီပြည်ပသို့ ပြောင်းရွှေ့ပေးသူ မင်းတေဇာညွှန့်ပစ်ခတ်ခံရပြီးသေဆုံး

ဗိုလ်ချုပ်ကြီး မြတ်ဟိန်း အပါအဝင် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဒေါ်လာ သန်းရာချီ ပြည်ပသို့ ရွှေ့ပြောင်းပေးရာတွင် ပါဝင်ခဲ့သူဟု သတ်မှတ်ခံရသူ ထားဝယ်အထူးစီးပွားရေးဇုန် အကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ မတ် ၁၄ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း အပါအဝင် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဒေါ်လာ သန်း ရာချီ ပြည်ပသို့ ရွှေ့ပြောင်းပေးရာတွင် ပါဝင်ခဲ့သူဟု စွပ်စွဲခံရသူ၊ ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေ အကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေ ဆုံး သွားကြောင်း Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦး က ပြောသည်။ မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ သန်လျင်မြို့ နယ် အမှုထမ်းရပ်ကွက်၊ ဖွံဖြိုးရေးလမ်း (ဖွံဖြိုးရေးလမ်းဆုံအနီး)တွင် အိမ်သို့ ကားဖြင့် ပြန်လာစဉ် Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာမှ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ မင်းတေဇညွန့်တင်က စစ်ကောင်စီ၏ အာဏာသိမ်းမှုအား ပေါ်ပေါ်တင်တင်ထောက်ခံရုံသာမက စစ်ကောင်စီနှင့်အကျိုးတူစီးပွားရေးများစွာကို လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်ကြောင်း၊ လက်ရှိတွင် ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေရေးရာကော်မတီဝင်တဦးဖြစ်ပြီး သူသည် ပြည်သူလူထုအပေါ် နေ့စဉ်ရက်ဆက် တိုက်လေယာဉ်များဖြင့် ဗုံးကြဲနေသော အကြမ်းဖက်လေတပ်ကိုဦးစီးသည့် စစ်တပ်၏ လေတပ်ချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီးမြတ်ဟိန်း (လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ) နှင့် အလွန်ရင်းနှီးသူဖြစ်ကြောင်း သိရှိရသည်။ လေတပ်ချုပ်နှင့် မိသားစုဝင်များအပါအဝင် စစ်ဗိုလ်ချုပ်များ၊ စစ်ကောင်စီနှင့်ဆက်စပ်နေသူများ၏ ပိုင်ဆိုင်မှုများအား ဒဏ်ခတ်ပိတ်ဆို့ထားသည့် ကြားမှ ၎င်းတို့၏ပိုင်ဆိုင်မှုများ၊ ငွေကြေးများကို ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့ပေးနေသူဖြစ်ကြောင်း၊ မင်းတေဇညွန့်တင်က အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဥပဒေအကြံပေးကုမ္ပဏီများ တည်ထောင်ထားပြီး ငွေကြေးခဝါချခြင်း၊ ကွန်ဒိုနှင့် မြေကွက်များဝယ်ယူခြင်း၊ ကုမ္ပဏီ တည်ထောင်ခြင်းများကို ဝန်ဆောင်မှုပေးနေကြောင်း၊ ထို့ပြင် လူတိုင်းကို ဝန်ဆောင်မှုပေးမည် မဟုတ်ဘဲ စိတ်ချရသူများ၊ တပ်ထောက်ခံသူများကိုသာ ဝန်ဆောင်မှုပေးမည်ဟု ၂၀၂၁ အာဏာသိမ်းပြီး တလအကြာ မတ်လတွင် သူ့ကိုယ်ပိုင် Facebook တွင် ကြေညာခဲ့ဖူးပြီး ၎င်းပိုင်ကုမ္ပဏီများမှတဆင့် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဝန်ဆောင်မှုပေးခဲ့သည်မှာ ဒေါ်လာသန်းရာနှင့်ချီရှိကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီနှင့် အကျိုးတူလုပ်ကိုင်နေသော စီးပွါးရေးလုပ်ငန်းရှင်များကို ရာဇသံထပ်မံပေးလိုက်ခြင်းလည်းဖြစ်ကြောင်း၊ စစ်ကောင်စီနှင့် စီးပွါးရေးလုပ်ကိုင်နေသူများ၊ စစ်ကောင်စီနှင့် အပေါင်းအပါများအနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ပြည်ပသို့ရွှေ့ပြောင်းရန် ပြင်ဆင်နေသည်များ၊ လမ်းကြောင်းများ အစရှိသည်တို့ကို တော်လှန်ရေးအင်အားစုများ အနေဖြင့် စုံစမ်းရရှိထားပြီးသားဖြစ်ကြောင်း သိရှိရသည်။ စစ်ကောင်စီအတွက် ဒုတိယမြောက် အကြီးမားဆုံး စီးပွါးရေးထောက်တိုင်ဆုံးရှုံးမှုဖြစ်သည်ဟု ယူဆပြီး မကြာခင်ကလည်း မူးယစ်ဆေးဝါးမှု၊ လက်နက်ကုန်သည်မှုနှင့် ငွေကြေးခဝါချမှုများဖြင့် စစ်တပ်နှင့် နီးစပ်သူ ထွန်းမင်းလတ်သည်လည်း ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရပြီး မင်းအောင်လှိုင် မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ မင်းတေဇာညွန့်တင်သည် Biz Law Consult Myanmar၏ ထူထောင်သူနှင့် CEO ဖြစ်ပြီး ထားဝယ်စီးပွားရေးဇုန်၏ ဥပဒေအကြံပေး ဖြစ်ကြောင်း သိရှိရသည်။

ရှမ်း-ကရင်နီ နယ်စပ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ တပ်ရင်းအလိုက်ပြုတ်။ သေဆုံးမှု များပြားကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊

ရှမ်း-ကရင်နီ နယ်စပ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ တပ်ရင်းအလိုက်ပြုတ်။ သေဆုံးမှု များပြားကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊
ရန်ကုန်၊ မတ် ၂၄ ရှမ်းပြည်နယ်နှင့်ကရင်နီပြည်နယ်အစပ်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ တပ်ရင်းအလိုက်ပြုတ်ကာ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ အမြောက်အမြားသိမ်းဆည်းရရှိကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ် တစ်ခုက ပြောလိုက်ပါတယ်။ "ဒီနေ့ ဖြစ်တာက ရှမ်း-ကရင်နီအစပ် ဘက်မှာ ချကြတာ။ ဘယ်နားတော့ အတိအကျ မပြောတော့ဘူး ။ စစ်တပ်ဘက်က တပ်ရင်းလိုက်ကို ပြုတ်သွားတာ။ လေယာဉ်တွေနဲ့လည်း လာပစ်တယ်။ ကရင်နီတပ်ပေါင်းစုံ စုပေါင်းပြီး ဆော်နေကြတာ။ အခုက တိုက်ပွဲအခြေအနေက ပြင်းထန်နေတယ်။ နယ်မြေလည်း မတည်ငြိမ် သေးဘူး။ သက်ဆိုင်ရာ အဖွဲ့တွေက တရားဝင် သတင်းထုတ်ပြန်ပါလိမ့်မယ်။ အခုက လိုင်းပေါ်မှာ တင်နေတဲ့ ဓာတ်ပုံတွေက ဘယ်အဖွဲ့ က တင်မှန်းမသိဘူး။ အဖွဲ့ ကများတော့" ဟု ကရင်နီ စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောကြောင်း သိရပါတယ်။ လက်ရှိမှာ စစ်သားတွေရဲ့ အလောင်းများ၊ လက်နက်များ ရရှိထားသော ဓာတ်ပုံများကို တွေ့မြင်ရပြီး လုံခြုံရေးအရ နေရာအတိအကျကို ထုတ် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း၊ သက်ဆိုင်ရာက တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရပါတယ်။ KnIc ရဲ့ ထုတ်ပြန်ချက်တွင်မူ ကရင်နီပြည်နယ် ဒေါတမကြီးတိုက်ပွဲအတွင်း ကရင်နီတပ်ပေါင်းစုက လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး၊ နယ်မြေ မတည်ငြိမ်သေးဘဲ သက်ဆိုင်ရာတပ်ဖွဲ့များက တရားဝင် သတင်းထုတ်ပြန်မည်ဟုလည်း သိရပါတယ်။

ရန်ကုန်အင်းစိန်ထောင်တွင်ယနေ့ပေါက်ကွဲမူဖြစ်။

ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင် ဂိတ်ပေါက်ဝတွင် ယနေ့ (မတ် ၂၄) နံနက် ၁၁ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ကာ အပြန်အလှန်ပစ်ခတ်သည်ဟု အကျဉ်းထောင်အနီး နေထိုင်သူများထံမှ သိရသည်။ အကျဉ်းထောင် ဂိတ် (၂) မင်းစေတီဝင်ပေါက်ကို အမည်မသိ လက်နက်ကိုင်များက ဗုံးနှစ်လုံးဖြင့် ပစ်ခတ်ရာ အကျဉ်းထောင်ဝန်ထမ်းများနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ထိုရပ်ကွက်အနီး နေထိုင်သူတစ်ဦးက ပြောသည်။ “ဒီနေ့ ၁၁ ခွဲလောက်က ဗုံးနှစ်လုံး ပေါက်တယ်။ မင်းစေတီ အပေါက်ဝဂိတ်ကို ထိသွားတယ်။ အကျဉ်းဦးစီးဝန်ထမ်းတွေ ရှိတယ်။ အထဲက ပြန်ပစ်တဲ့ အသံတွေလည်း ကြားရတယ်” ပေါက်ကွဲမှု၊ အပြန်အလှန်ပစ်ခတ်မှုနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ အင်းစိန်ထောင် အနောက်ဘက်တွင် ပေါက်ကွဲမှုဖြစ်ကာ ပစ်ခတ်သံများလည်း ကြားနေရသည်ဟု အင်းစိန်ထောင်ရှိ အကျဉ်းဦးစီးဝန်ထမ်းတစ်ဦးကလည်း အတည်ပြုသည်။ “မင်းစေတီလား ပေါက်တောဝဘက်လားတော့ မသဲကွဲဘူး။ ပထမ ပေါက်ကွဲသံနဲ့ ပစ်ခတ်တဲ့ အသံတွေတော့ ကြားနေရတယ်” အင်းစိန်ထောင်အတွင်း လုံခြုံရေး တင်းကျပ်ထားပြီး အကျဉ်းထောင်ဝန်ထမ်းများကို အပြင်သို့ ပေးမထွက်ဟုလည်း ထိုဝန်ထမ်းက ပြောသည်။

တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို PDF သိမ်းပိုက်။

ရန်ကုန်၊ မတ် ၂၄ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်က သိမ်း ပိုက် မီးရှို့ရှင်းလင်းရာ လက်နက် ၁၅ လက်၊ ကျည်မျိုးစုံနှင့် ရဲအသုံး အဆောင် များ သိမ်းဆည်းရရှိကြောင်း အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA က တရားဝင် သတင်းထုတ်ပြန်သည်။ မတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် တမူးမြို့နယ်၊ တမူး-ကလေး ကားလမ်းပိုင်းရှိ ဘုက္ကန်ရွာတွင် NLA တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ ၄၅ မိနစ်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဘုက္ကန်ရွာ ရဲစခန်းကို သိမ်းပိုက်နိုင် ခဲ့ ကြောင်း၊ လက်နက် ၁၅ လက်၊ ကျည်မျိုးစုံ ၂၂၆၉ တောင့် ၊ ဘီအေ -၆၃ ရိုင် ဖယ် ကျည် ကတ် ၁၂ ကတ် ၊ ဘီအေ- ၉၄ ကျည်ကတ် ၂ ကတ်၊ အေက-၄၇ ကျည် ကတ် ၂ ကတ်၊ ရှေ့ကတ်မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ ဘီအေ-၆၃ လှံစွပ် ၂ ချောင်း၊ ဓားမြှောင် ၁ ချောင်း၊ လမ်းလျှောက်စကားပြောစက် ၆ လုံး၊ စကားပြောစက် အထိုင်စက် ၁ လုံး၊ လက်ထိပ် ၇ ခု၊ ကျင်စက် နံပါတ်တုတ် ၁ ချောင်း၊ ရိုးရိုး နံပါတ်တုတ် ၃ ချောင်း၊ ရဲယူနီဖောင်းများ သိမ်းဆည်းနိုင်ခဲ့ ကြောင်း သိရှိရသည်။ ဘုက္ကန်ရွာ ရဲစခန်းကို NLA တပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် စစ်တပ်က Mi 35 ရဟတ် ယာဥ် ၂ စီးဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် လာရောက် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။ “တမူးမြို့နယ် ဘုတ်ကန်ရွာကို ဒေသ PDF တပ်ဖွဲ့တွေက နံနက် ၇ နာရီ ၄၅ မိနစ်မှာ သိမ်းပိုက် လိုက်တယ်လို့သိရပါတယ်။ ဘုတ်ကန်ရွာက အိမ်ခြေ ၂၀၀၀ ခန့်ရှိတဲ့ဟရွာကြီးပါ စစ်ခွေးရဲစခန်းကို ဝင်တိုက်တာ ရဲစခန်းကို သိမ်းနိုင်ခဲ့တယ်။ မွန်းလွဲပိုင်းမှာ Mi – 35 ၂ စီးနဲ့ လာပစ်တယ်လို့ သိရတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေတော့ မသိရသေးဘူး” ဟု PDF သတင်းရင်းမြစ်က ပြောဆိုသည်။

Thursday, March 23, 2023

ပင်းတယ ရွှေဥ မင်သဘာ၀ လှိုဏ်ဂူဘုရားဖူး ပြည်သူများကို ပိတ်ဆို့ပြီး ဒုစစ် ခေါင်း ဆောင်စိုးဝင်းကို ကြိုဆိုနှုတ် ဆက်ဟု ဇတ်လမ်းဆင် ဓာတ်ပုံရိုက်ကူး ဝါဒ ဖြန့်

ရန်ကုန်၊ မတ် ၂၃ အကြမ်းဖက်စစ်ခေါင်းဆောင် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် မတ်လ ၁၈ ရက် နေ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သို့ ရောက်ရှိခဲ့စဉ် ရွှေဥ မင်သဘာ၀ လှိုဏ်ဂူဘုရားဖူး ပြည်သူများကို ပိတ် ဆို့ပြီး ဒုစစ်ခေါင်းဆောင်ကို ကြိုဆိုနှုတ်ဆက်ဟု ဇတ်လမ်းဆင် ဓာတ်ပုံရိုက်ကူး ဝါဒ ဖြန့် ခဲ့ကြောင်း ဘုရားဖူး ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ မတ်လ ၁၈ ရက်နေ့ အကြမ်းဖက်စစ်ခေါင်းဆောင် စိုးဝင်းသည် ရှမ်းပြည်နယ် ပင်းတယမြို့သို့ သွားရောက်ခဲ့ပြီး ယင်း ခရီးစဉ်တွင် ရွှေဥမင် သဘာ၀ လှိုဏ်ဂူ ဘုရားကိုလည်း သွားရောက်စဉ် ဘုရားဖူးပြည်သူများကို ပိတ်ဆို့ခဲ့ကြောင်း၊ ယင်းနောက်စိုးဝင်းက သူ့ကို ပြည်သူများက နှုတ်ဆက်နေသည့်ပုံစံမျိုး လိုက် လံနှုတ်ပြီး ဝါဒဖြန့် ဓာတ်ပုံ ဗီဒီယိုများ ရိုက်ကူး ထုတ်လွှင့်ခဲ့ကြောင်း သိရှိရသည်။ “ဘုရားကလည်း ရွှေဥမင် သဘာ၀ လှိုဏ်ဂူဘုရားဆိုတော့ ဂူဘုရားပုံစံ။ ဝင် ပေါက် ထွက်ပေါက်ပဲရှိတာကို စစ်သားတွေနဲ့ ပိတ်လိုက်တယ်။ အထဲက ပြည်သူ ကလည်း ထွက်မရ၊ အပြင်ကလူကလည်း ဝင်မရတဲ့အခြေအနေမှာ စိုးဝင်းက ဝင်လာပြီး သူ့ကိုပဲ နှုတ်ဆက်သလိုလို လုပ်တယ်” ဟု ဘုရားဖူးပြည်သူတစ်ဦးက ပြောဆိုသည်။ ဘုရားဖူးပြည်သူတချို့ကလည်း စိုးဝင်း လာရောက်မည်ကို မသိရှိရဘဲ အပိတ်ခံရ ပြီး စိုးဝင်းကို နှုတ်ဆက်သည့်ပုံစံ ဓာတ် ပုံ နှင့်ဗီဒီယိုရိုက်ကူးခံရသည်ကို စိတ် ပျက် လက်ပျက်ဖြစ်ကြကြောင်း၊ ပြည်သူတစ်ရပ်လုံးကို ဖိနှိပ်နေသည့် စစ်အာ ဏာရှင်၏ လုပ်ကြံဇတ်လမ်းဆင်မှုကို ပြည်သူတစ်ရပ်လုံး သိရှိစေလိုကြောင်း၊ ဘုရားဖူး ပြည်သူများက စိုးဝင်းကို နှုတ် ဆက် သည်ဆိုသော ဝါဒဖြန့် သတင်းကို လုပ်ကြံ ဝါဒဖြန့် နေသည်ကို သိစေလိုကြောင်း ပြောဆိုကြသည်။ ဓာတ်ပုံ- ဘုရားဖူးပြည်သူများကို ပိတ်ဆို့ပြီး စိုးဝင်းကို နှုတ်ဆက်သည့်ပုံစံ ဝါဒဖြန့် ဇတ်လမ်းဆင်ထားစဉ်။

Wednesday, March 22, 2023

စစ်ခေါင်းဆောင်ပါလာသည့်ကာအထင်နှင့်မိုင်းဆွဲတိုက်ခိုက်မူ ရဲမူးချုပ်အပါဝင်လေးဦးသေဆုး

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် လိုက်လာတဲ့ကားလို့ သတင်းအတိအကျရတာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမယ့် ရဲမှူးချုပ်ပါတဲ့ကား ဖြစ်နေခဲ့လို့ ရဲမှူးချုပ်အပါ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၀ ရက် မနေ့ကမနက် ၁၁ နာရီဝန်းကျင်လောက်မှာ မုံရွာမြို့ရန်ကင်းကျောင်းကထွက်လာတဲ့ ယာဥ်တန်းကို PDF ၂ ဖွဲ့ပူးပေါင်းပြီး ပဒေသာမိုင်း ၆ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ Youth Revolution Attack Force အဖွဲ့တာဝန်ခံက ပြောပါတယ်။ "Alphard အနက်ရောင်ကားကို ထိသွားတယ်။ ကားကတော့ မှောက်သွားတယ်။ မှန်တွေလည်း ကွဲထွက်သွားတာ။ ပွိုင့်ကားနဲ့ အိမ်စီးကားတွေနဲ့ လာကြတာ။ ကား ၁ စီးထဲ မိုင်းမိတာ။ ကားလည်း စုတ်ပြတ်သတ်သွားတယ်" လို့ ပြောပါတယ်။ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် မုံရွာမြို့ကို လာမယ်ဆိုတဲ့ သတင်းရထားလို့ ဇောတိကကျောင်းနဲ့ ရန်ကင်းကျောင်းနားမှာ မနက် အစောပိုင်းမှာကတည်းက မိုင်းထောင်ခဲ့တာ ဖြစ်တယ်လို့ တိုက်ခိုက်မှုပါတဲ့ ဒဿ Monywa ပြောက်ကျားတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။ "ပထမဦးဆုံး မင်းအောင်လှိုင် လိုက်ပါလာတဲ့ကားက ရန်ကင်းကျောင်းထဲကို ဝင်တယ်။ နေ့လယ် ၁၀ နာရီဝန်းကျင်လောက် ဝင်သွားတာ။ ၁၁ နာရီဝန်းကျင်လောက်မှာ ကျနော်တို့ မိုင်းထောင်ထားတဲ့ ဇောတိကနဲ့ရန်ကင်းကျောင်းအနီးအနားကို ရောက်လာတဲ့အချိန် Alphard အနက်ရောင်ကားကို မိုင်းဆွဲလိုက်တဲ့အချိန်မှာ မင်းအောင်လှိုင်နဲ့ စိုးဝင်းက ပါမလာဘူး။ ရဲမှူးချုပ်နဲ့ ကားအလဲအပြောင်း စီးခဲ့တယ်လို့ သိရတယ်။" လို့ ဆိုပါတယ်။ မိုင်းဆွဲခံရလို့ ရဲမှူးချုပ်အပါအဝင် စစ်သား ၄ ဦးလည်း ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ အတွင်းသတင်းတွေအရ သိရတယ်လို့ ဆိုပါတယ်။ စစ်တပ်ပိုင် မြဝတီမီဒီယာမှာလည်း မုံရွာမြို့ကိုရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မတ်လ ၂၀ ရက် မနေ့ မနက်ပိုင်းက မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်ဓမ္မာရုံမှာ သံဃာတော်တွေကို ဆွမ်းဆန်စိမ်းနဲ့ ဝတ္တုငွေတွေ သွားရောက်လှူဒါန်းတယ်လို့ ထုတ်ပြန်ထားပါတယ်။

တောင်ဥက္ကလာ၊ သံသုမာလမ်းပေါ်ရှိ ပြည်သူပိုင် ဆိုင်ခန်းများကို စစ်သား၊ရဲနှင့်စည်ပင်များက မြေကော်စက်များဖြင့် အင်အားသုံး အကြမ်းဖက်ဖျက်ဆီး

March 21, 2023
တောင်ဥက္ကလာ၊ သံသုမာလမ်းပေါ်ရှိ ပြည်သူပိုင် ဆိုင်ခန်းများကို စစ်သား၊ရဲနှင့်စည်ပင်များက မြေကော်စက်များဖြင့် အင်အားသုံး အကြမ်းဖက်ဖျက်ဆီး ရန်ကုန်၊ မတ် ၂၁ ရန်ကုန်၊ တောင်ဥက္ကလာမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ ပြည်သူပိုင် ဆိုင်ခန်းများ ကို စည်ပင်မြေနှင့် မလွတ်ကင်း၍ ဆိုကာ စစ်သား၊ ရဲနှင့် စည်ပင်များက အင်အား သုံး ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ မတ်လ ၁၉ ရက်နေ့ နံနက်အစောပိုင်း တောင်ဥက္ကလာပမြို့နယ်၊ သံသုမာ လမ်း နှင့် ရတနာလမ်းထောင့် လိုင်စင်ရုံး မှတ်တိုင်အနီးရှိ ဆိုင်ခန်း ၁၆ ခန်းကို စစ်သား၊ ရဲ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်တို့က လူအင်အား အများ အပြားဖြင့် ရောက်ရှိလာပြီး ဘူဒိုဇာဖြင့် ထိုးကာ ဖျက်ဆီးသွားကြကြောင်း သိရသည်။ အဆိုပါ ဆိုင်ခန်းများသည် ပြည်သူပိုင် ဆိုင်ခန်းများဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီးနောက် ယင်းဆိုင်ခန်းများသည် စည်ပင်မြေဖြင့် မလွတ်ကင်းခြင်းနှင့် ရေပေးဝေမှု တိုးမြှင့်လုပ်ဆောင်မည်ဆိုသော အကြောင်း ပြချက်များဖြင့် ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း၊ ဆိုင်ခန်းပိုင်ရှင်များ သည် စည်ပင် ကို ၁ လလျှင် ၂ သိန်းနှုန်းဖြင့် လခ ပေးဆောင်ကာ ဖွင့်လှစ်နေခြင်းဖြစ်ကြောင်း သိရသည်။ ” စစ်သား၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ စည်ပင်နဲ့ ရဲတွေပေါင်းပြီး လူအင်အား အများအပြားနဲ့ ဘူဒိုဇာနဲ့ကို ထိုးသွားတာ အဲ့ဒီဆိုင်ခန်းတွေက ဟိုး အရင် ကတည်း က အပိုင် အခန်းတွေပါ။ စည်ပင်က သူတို့ မြေနဲ့ မလွတ်ဘူးဆိုပြီး ပိုက်ဆံတွေ စကောက်တုန်းကလည်း ပြည်သူတွေက ပေးတာပဲ တစ်လ ၂ သိန်းဆိုပြီး တောင်းလဲပေးတာပဲ။ အဲတာကို အခု ဖျက်တော့ ပြည်သူပိုင် ဆိုင် ခန်း တွေကို ဘာနစ်နာကြေး လျော်ကြေးမပေးတဲ့ အပြင် လစာ သုံးလစာ ၆ သိန်း နဲ့ ဒဏ်ကြေး ၆ သောင်းပါ စည်ပင်ကို ပေးလိုက်ရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။ ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်ကောင်စီက တပ်ပိုင်မြေဟုဆိုကာ ရပ်ကွက် များ ကို ဖျက်ဆီးခြင်း၊ ဆိုင်ခန်းများကို ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင် လျက် ရှိ ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အဖေမင်းအောင်လှိုင်ကလူယုတ်သားကအမြတ်ထုတ်။

အဖေ မင်းအောင်လှိုင်က လူယုတ် သားအောင်ပြည့်စုံက အမြတ်ထုတ် By ရန်ကုန်ခေတ်သစ် မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်ကာလ ၁၁ နှစ်အတွင်းမှာ အချမ်းသာဆုံး အကြွယ်ဆုံး သားအဖ ၂ ဦး ပေါ် ထွက်လာခဲ့ပါတယ်။ စွန့်ဦးတီထွင်သူ မဟုတ် သလို စီးပွားရေးလောကထဲက မဟုတ်ဘဲ လက်နက်ကိုင်အာဏာရပြီး လုပ် ပိုင်ခွင့်များစွာ လက်ဝါးကြီးအုပ်ခြင်း တစ်နည်းအားဖြင့် လူမိုက်ဆန်ဆန် အာဏာလု နိုင်ငံတော်ဘဏ္ဍာကို ဓားပြတိုက် ချမ်းသာ လာကြတဲ့ မင်းအောင် လှိုင်နဲ့ အောင်ပြည့်စုံတို့ သားအဖပဲဖြစ်ပါတယ်။ အာဏာရှင် သန်းရွှေဟာ ၂၀၁၁ ခုနှစ်မှာ မင်းအောင်လှိုင်ကို တပ်ချုပ်ရာထူး ပေးအပ်လိုက်ခြင်းဟာ မင်းအောင်လှိုင်တို့ သားအဖအတွက် ချမ်းသာမှု လမ်းစ ဖြစ်ခဲ့တာပါပဲ။ ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်ကာလ စီးပွားရေးလောကမှာ မြေစမ်း ခရမ်း ပျိုး စတင် ဝင်ရောက်ချိန်ကတည်းက အောင်ပြည့်စုံဟာ အဖေဖြစ်သူ မင်းအောင်လှိုင်ရဲ့ အရှိန်အဝါနဲ့ နိုင်ငံတော်ပိုင်တွေကို မတန်တဆ စျေးနဲ့ ငှားရမ်းလုပ်ကိုင်ခဲ့မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ ဥပမာအားဖြင့် ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်ထဲက Yangon Glary ပန်းချီပြခန်းနဲ့ စားသောက်ဆိုင်တို့ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ အောင်ပြည့်စုံဟာ Sky One ဆောက်လုပ်ရေးဆိုတဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ပြီးတဲ့နောက်မှာ ချမ်းသာမှု လမ်းကြောင်းပေါ် ကိုစတင်ရောက်ရှိလာတာဖြစ်ပါတယ်။ ၂၀၁၄၊ ၂၀၁၅ ခုနှစ် မှာ စစ်တပ်နဲ့ပတ်သက်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို Sky One ကိုပေးရမယ်လို့ မင်းအောင်လှိုင်က နှုတ်မိန့်နဲ့ သူ့တပ်မှူးတွေကို ညွှန်ကြား ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တပ်ပိုင်းဆိုင်ရာ ဆောက်လုပ်ရေး ပရောဂျက်တွေအားလုံး ရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ပြင်ဦးလွင် DSTA အဆောင်တွေကို တိုးချဲ့ရာမှာ အောင်ပြည့်စုံဟာ ဘယ်သူနဲ့ယှဉ်ပြိုင်စရာမလိုဘဲ အဆောင် တိုးချဲ့ဆောက်လုပ်ခွင့်ရရှိခဲ့ပါတယ်။ မူလကတော့ အဆောက်အအုံ အသေးလေးတွေ အဆောင်တိုးချဲ့မှု လောက်သာ ပရော ဂျက်လေးတွေ ရရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် မင်းအောင်လှိုင် စစ်အာဏာ သိမ်း ပြီးနောက်ပိုင်းမှာ Sky One ကုမ္ပဏီဟာ မြန်မာပြည်ရဲ့ အကြီးဆုံး စီးပွား ရေးကုမ္ပဏီအဖြစ် နေ့ချင်းညချင်း ရောက်ရှိသွားခဲ့ပါတယ်။ လက်နက်စက်ရုံ အပါအဝင် တပ်ဆောက် လုပ်ရေး အားလုံး Sky One ရရှိ ======================================================= ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးတဲ့နောက် Sky One ကုမ္ပဏီက တပ်တွင်း လက် နက် ထုတ်လုပ်ရေးစက်ရုံကစလို့ ကြီးမားတဲ့ အဆောက်အအုံနဲ့ ဆောက်လုပ်ရေးတွေအားလုံး ရရှိသွားပါတယ်။ လက်ရှိ ပြင်ဦးလွင်မှာ စစ်တပ်ပိုင်ကုတင် ၅၀၀ ကင်ဆာကု အထူးကုသဆောင် စတင် တည် ဆောက် နေပြီး အဲဒါကို လည်း အောင်ပြည့်စုံကပဲရရှိပါတယ်။ ရန်ကုန်မြို့ မင်္ဂလာဒုံမှာ တည်ဆောက်ခဲ့တဲ့အမှတ် ၁ ကုတင် ၁၀၀၀ အထူးကုသမှုစင်တာကိုလည်း အောင်ပြည့်စုံပဲရရှိခဲ့ပါတယ်။ မကြာသေးခင်မှ ပြီးစီးခဲ့တဲ့ ရန်ကုန်တိုင်း၊ ဒလမြို့နယ် ရခိုင်ချောင်ရေတပ်မှာရှိတဲ့ တော်ပီဒိုစက်ရုံနဲ့ တပ်ဝင်းအဆင့်မြှင့် တင်ရေး ပရောဂျက်၊ နေပြည်တော်မှာ ရုရှားတိုက်လေယာဉ်သစ် ၆ စင်း ထားရှိမယ့် လေယာဉ်ထိန်းသိမ်းရေးရုံ၊ တစ်နိုင်ငံ လုံး လေတပ်ဝင်များအတွင်း ဆောက်လုပ်နေတဲ့ လေတပ်အိမ်ရာစီမံကိန်း၊ လေတပ် လေယာဉ်ကွင်းများ တိုးချဲ့ရေး ပရောဂျက်တွေကိုလည်း အောင်ပြည့်စုံကပဲ ပြိုင်ဘက်မရှိ ရရှိနေတာဖြစ်ပါတယ်။ နိုင်ငံတော်ပရောဂျက်များ ==================== တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ကျောက်ဖြူရေနက်စီမံကိန်းနဲ့ပတ်သက်တဲ့ ဆိပ်ကမ်းဆိုင်ရာ ပရောဂျက်တွေမှာလည်း အောင်ပြည့်စုံရဲ့ ကုမ္ပဏီက လုပ်ပိုင် ခွင့်အများအပြားရရှိပါတယ်။ စစ်တွေမှာတည်ဆောက်တဲ့ Jetty စီမံကိန်း ပရောဂျက်တွေကိုလည်း အောင်ပြည့်စုံပဲရရှိပါတယ်။ ရန်ကုန်မြို့မှာ မြ၀တီမီဒီယာစင်တာတည်ဆောက်ရေးလို အရပ်ဘက်ဆောက် လုပ်ရေးတွေမှာလည်း အောင်ပြည့်စုံကပဲ လက်ဝါးကြီးအုပ်ထားပါတယ်။ အခြားသော နိုင်ငံအဆင့် ပရောဂျက်တွေအားလုံးဟာ အောင်ပြည့်စုံဆီ အလိုလိုရောက်ရှိနေတာဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ စည်ပင်သာယာရေးကော်မတီရဲ့ တောင်ဥက္ကလာပဂေါက်ကွင်း ပြင်ဆင်မှု ပရောဂျက်တောင်မှ မင်းအောင်လှိုင်သား အောင်ပြည့်စုံရဲ့ လက်က မလွတ်ပါဘူး။ ကြီးကြီးသေးသေး စစ်တပ်နဲ့ နိုင်ငံပိုင် ပရောဂျက်မှန်သမျှကို အောင် ပြည့်စုံက လုပ်ကိုင်ပါတယ်။ စွမ်းအင်ကဏ္ဍအနေနဲ့ မင်းအောင်လှိုင် ဖွဲ့စည်းလိုက်တဲ့ ရုရှား စက်သုံးဆီဝယ်ရေး ကော်မတီမှာ အောင်ပြည့်စုံရဲ့ Yetagon Energy Trading ကုမ္ပဏီကို အဖွဲ့ ဝင်အဖြစ် ထည့်သွင်းထားပါတယ်။ အခုနောက်ဆုံး ရုရှားက လက်နက် ဝယ်ယူတင်သွင်းတဲ့ လုပ်ငန်းတွေမှာပါ အောင်ပြည့်စုံနဲ့ လူယုံ မောင်မောင်နိုင်တို့ပါဝင်လာပြီဖြစ်တယ်လို့ တပ် သတင်းအရင်းအမြစ်တွေကဆိုပါတယ်။ ပြည်သူပိုင် မြေဧက ထောင်ချီ လွှဲပြောင်းရယူကြခြင်း ======================================== ဒါ့အပြင် စစ်တပ်နဲ့ နိုင်ငံပိုင် မြေကွက်တွေကို အောင်ပြည့်စုံ၊ မောင်မောင်နိုင်၊ Sky One စတဲ့ ကုမ္ပဏီ နာမည်၊ လူနာမည်တွေနဲ့ ပြောင်းလဲ ဂရန်ထုတ်ယူမှု တွေရှိနေတယ်လို့ တပ်အရင်းအမြစ်တွေက ဆိုပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် ၁၈ လကျော်ကြာကာလအတွင်း မင်းအောင်လှိုင်နဲ့အောင်ပြည့်စုံတို့က ပုံစံမျိုးစုံနဲ့ ဂရန်ထုတ်ယူ လွှဲပြောင်းရယူသွားတဲ့ မြေဧရိယာ ဧက ထောင်ချီရှိတယ်လို့ ဆိုပါတယ်။ နဂိုကလည်း Azura Beach Resort (ချောင်းသာ) တို့လို စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ခဲ့ပြီးတဲ့အပြင်လက်ရှိမှာလည်း စီးပွားရေး တင်ဒါလုပ်ငန်းများစွာ လုပ်ခွင့်ရ၊ မြေဧက ထောင်ချီ ပိုင်ဆိုင်တဲ့ မင်းအောင် လှိုင်တို့သားအဖဟာ အာ ဏာသိမ်းမှု ၁၈ လကျော်ကြာကာလအတွင်း စီးပွားဥစ္စာများ ဒီရေအလားတိုးပွားလာနေတာလည်းဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အချမ်းသာဆုံး နံပါတ်တစ် သားအဖ ============================ မင်းအောင်လှိုင်နဲ့ အောင်ပြည့်စုံဟာ ပိုင်ဆိုင်မှုမှာလည်း မြန်မာပြည်ရဲ့ ထိပ် တန်း အချမ်းသာဆုံးနံပါတ်တစ်ဖြစ်သလို လုပ်ငန်းများစွာ လုပ်ကိုင်နေတဲ့အတွက် လုပ်ငန်းလည်ပတ်လုပ်ကိုင်နိုင်မှုမှာလည်း ပြိုင်ဘက်မရှိ ထိပ်တန်း နံပါတ်တစ် စီးပွားရေးကုမ္ပဏီကြီးတွေအဖြစ် လည်ပတ်နေနိုင်တာပါ။ "မြန်မာပြည်မှာ သူဌေးတွေရဲ့ ချမ်းသာမှုကို တိုင်းတာရင် နည်းလမ်း ၂ ခုနဲ့ တိုင်းတယ်။ မြေဧက ဘယ်လောက်ပိုင်လဲ အဲဒါက ပိုင်ဆိုင်မှုနဲ့ တိုင်းတာတဲ့နည်းလမ်း။ ဒုတိယတစ်နည်းကတော့ ဘယ် လောက်ကြီးမားတဲ့ လုပ်ငန်းတွေ လုပ်နေလဲ။ အခု အောင်ပြည့်စုံက မြေဧက ထောင်ချီ ပိုင်တယ်။ တစ်နိုင်ငံလုံး တပ်နဲ့ဆိုင်တဲ့ ပရောဂျက်၊ နိုင်ငံတော် အဆင့် ပရောဂျက်တွေပေါ့၊ ကြီးမားပါတယ်ဆိုတဲ့ ပရောဂျက်မှန်သမျှက သူ့လက်က မလွတ်ဘူး။ သူအကုန်ရတယ်။ ဘယ် လောက် ချမ်းသာလဲ တိုင်းတဲ့ နည်းလမ်း ၂ ခုလုံးမှာ အောင်ပြည့်စုံက ထိပ်ဆုံးမှာပဲ။ အဲဒီတော့ မြန်မာပြည်ရဲ့ အချမ်းသာဆုံးဆိုရင် အောင်ပြည့်စုံပဲ။ တပ်ချုပ်နဲ့ အောင်ပြည့်စုံပေါ့ဗျာ" လို့ ရန်ကုန်ထိပ်တန်းစီးပွားရေးသတင်းရင်းမြစ်က ပြောပါတယ်။ နာမည်များစွာနဲ့ကုမ္ပဏီအသစ်များ ==================== မင်းအောင်လှိုင်နဲ့အောင်ပြည့်စုံတို့ကို အမေရိကန်အပါအဝင် အနောက်နိုင်ငံကြီးတွေ၊ ဥရောပနိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ထားတာမို့ သူတို့တွေအနေနဲ့ စီး ပွားရေးလုပ်ရာမှာ နာမည်မျိုးစုံကို အသုံးပြုပြီး ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့ ကြိုးစားပါတယ်။ ရန်ကုန်ခေတ်သစ်က သိရှိထားတဲ့ မင်းအောင်လှိုင်နဲ့ အောင်ပြည့်စုံတို့ သားအဖ လုပ်ကိုင်တဲ့ ကုမ္ပဏီတွေကတော့ ဘုန်းမြတ်ပြည့်စုံ ၊ Sky One ၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf တို့ဖြစ်ပါတယ်။ အရင်ကတည်းကလည်း Aung Myint Mo Min Insurance Company ၊ MyTel Telecom ရှယ်ယာရှင်၊ Azura Beach Resort၊ A & M Mahar Company Limited ၊ Nyein Chan Pyae Sone Manufacturing & Trading Company Limited ဆိုတဲ့ လုပ်ငန်းများစွာကို ပိုင်ဆိုင်ခဲ့ပြီးသားဖြစ်ပါတယ်။ အာဏာရှိသမျှ ပြိုင်ဘက်မရှိ အချမ်းသာဆုံး သားအဖ ============================= လက်ရှိအခြေအနေတွေကိုကြည့်ရင် မင်းအောင်လှိုင် အာဏာရှိနေသမျှကာလပတ်လုံး အောင်ပြည့်စုံဟာ ပြိုင်ဘက်မရှိတဲ့ ထိပ်တန်း အချမ်းသာဆုံး သူဌေးကြီးအဖြစ် ရပ်တည်နေမှာက ၁၈ လကျော်ကာလအတွင်းမှာ သက်သေ ပြသွားခဲ့ပြီဖြစ်ပါတယ်။ မင်းအောင်လှိုင်ကိုယ်တိုင်က နောက်ထပ် ၁၀ နှစ် သမ္မတလုပ်လို့ရတယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ ရှိနေတာမို့ နောက် ထပ် ၁၀ နှစ် ထပ်မံ အုပ်ချုပ်ခွင့်ရရင်တော့ အောင်ပြည့်စုံရဲ့ ချမ်းသာကြွယ်၀မှုက မြန်မာနိုင်ငံတွင်းမှာ သာမကပဲ အာဆီယံအသိုင်းအ၀ိုင်းအတွင်းမှာပါ သူဌေးဘွဲ့အမည်ခံ အဖြစ် ပေါ်ထွက်လာဖို့ အလားအလာများနေတယ် လို့ ရန်ကုန်စီးပွားရေးသမားတွေက ဆိုပါတယ်။ "အခုကတော့ ဘယ်စီးပွားရေးသမားမှ အောင်ပြည့်စုံကို မယှဉ် နိုင်တော့ဘူး။ နောက်ထပ် ၁၀ နှစ်လောက်သာ သူ့အဖေ အာဏာထပ်ယူ ထားရင် ဘာ ပရောဂျက် လာလာ သူ့သားပဲ ပေးမှာဆိုတော့ အနည်းဆုံးတော့ အာဆီယံနိုင်ငံတွေ ထဲမှာ တိုက်ကွန်းအကြီးကြီး မဟုတ်တောင် တိုက်ကွန်းလေး အဆင့်လောက်တော့ ခြေစွာ လာမယ်ထင်တာပဲ။ မြန်မာပြည်မှာ စီးပွား ရေးလုပ်ချင်ရင် အောင်ပြည့်စုံနဲ့ပေါင်းရမယ့် အခြေအနေဖြစ်လာမှာပေါ့" လို့သူက ပြောဆိုပါတယ်။

Thursday, March 16, 2023

2 years ago, junta shot death medical student

2 years ago, junta shot a peaceful protestor to death & dragged the boy away so no one could save him. He was a 17 yr old medical student. Also a brave soul because despite his parents locking him up, he still sneaked out to join the protest. Let’s not let him die in vain.

Tuesday, March 14, 2023

မတ္တရာ လဝက ဒုဦးစီးမူး သေနပ်ပြစ်ခံရ၍သေဆုံး

မတ္တရာမြို့နယ် လဝကဒု-ဦးစီး သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံး မန္တလေး၊ မတ် ၁၅၊ ၂၀၂၃။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် လဝကဒု-ဦးစီး ဦးကျော်နိုင်ဦးဟာ မတ်လ ၁၄ ရက်နေ့ မနက် ၁၀ နာရီခန့်က သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။ အသက် ၄၇ နှစ်အရွယ် လဝကဒု-ဦးစီး ဦးကျော်နိုင်ဦးဟာ မတ္တရာမြို့နယ်၊ လွန်တောင်းကျေးရွာမှာ နေထိုင်သူဖြစ်ပြီး၊ ဆိုင်ကယ်နဲ့ ရုံးသွားစဥ် ဝရင်းတုတ်ရွာအနီးမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတာဖြစ်တယ်လို့ Voice of Mandalay ရဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။ "ပျူ‌တွေကို သင်တန်း‌ပေးတာ စည်းရုံးတာတော့ ကြာပြီ။ ဘယ်လောက်ကြာပြီလည်းဆိုတာတော့ မမှတ်မိတော့ဘူး။ သူ့ရဲ့ခေါင်းကို သေနတ်နဲ့ သုံးချက်တိတိ ပစ်ခဲ့တယ်။ သူပြန်ခုခံလို့ နပန်းလုံးခဲ့ရသေးတယ်" လို့ ဆိုပါတယ်။ ဘယ်အဖွဲ့က ပစ်ခတ်သွားတာလဲဆိုတာ မသိရသေးသလို၊ လဝကဒု-ဦးစီး ဦးကျော်နိုင်ဦးဟာ ကိုယ်ခံပညာကျွမ်းကျင်သူဖြစ်ပြီး၊ မတ္တရာမြို့နယ်အတွင်း ပျူစည်းရုံးရေးမှူးနဲ့ ထောက်ပို့လုပ်ပေးနေသူဖြစ်ကာ သူသေဆုံးချိန်မှာ သူ့ဆီမှာ သွေးစွန်းနေတဲ့ ဓားတချောင်းနဲ့ စာရွက်စာတမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ သတင်း - နန်းခမ်း #မြေလတ်အသံ ***************************************** အောက်ပါလင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။ Website - https://myaelattathan.org/ Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg Telegram - https://t.me/myaelattathan Twitter - https://twitter.com/Myaelatt_Athan Instagram - https://www.instagram.com/myaelatt_athan/

YouTube channel တွင် viewers 1.9 M ကျော်ကြည့်ရှုခဲသော ချင်ပြည်နယ်မိုဇမ်လူငယ်များ၏ WE ARE THE WORLD 🌎

မြန်မာစစ်တပ် မုဒိန်းကျင့်လူသတ်နေသည်။

တာတိုင်ရွာပြင် တနေရာ လမ်းမထက် အမျိုးသမီး ၃ ဦးရဲ့ ရုပ်အလောင်းတွေ တနေရာစီ ပြန့်ကျဲနေပါတယ်။ အသက်မဲ့နေတဲ့ သူတို့ ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေ ဖရိုဖရဲ ဖြစ်နေသလို ရင်သားတွေဟာလည်း ဒဏ်ရာ ဒဏ်ချက်ကြောင့် ညိုမဲနေပြီး မိန်းမကိုယ်တွေလည်း ရောင်အန်းလို့ နေပါတယ်။ “အမျိုးသမီး ၃ ယောက်လုံးရဲ့ မိန်းမကိုယ်ထဲကနေ သွေးတွေ ထွက်လာတာတော့ ကျနော်တို့ မျက်မြင်ပဲ။ နွားမတွေရဲ့ အင်္ဂါလို ပုံစံမျိုးကို ဖြစ်နေတာ ရောင်ကိုင်းပြီးတော့ တွန့်ခေါက် တွန့်ခေါက်တွေနဲ့ ကြည့်လို့ကို မကောင်းတော့ဘူး” လို့ လည်း ရုပ်အလောင်းတွေကို ကောက်ယူခဲ့ရသူ ရွာသားတဦးက ပြောပါတယ်။ သူ့နှုတ်ကနေ ထုတ်ပြောဖို့ မဝံ့ရဲလောက်အောင်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေသလို သေဆုံးသူ အမျိုးသမီးတဦးရဲ့ မိန်းမကိုယ်ထဲမှာဆိုရင် ကြက်သွန်နီဥ ထိုးထည့်ထားတာကိုပါ မြင်တွေ့ခဲ့ရတယ်၊ သေဆုံးသူ အမျိုးသမီး ၂ ဦးရဲ့ ခေါင်းဟာ သေနတ်နဲ့ ပစ်ထားခံရပြီး နောက် ၁ ဦးကတော့ ရင်ညွန့်ကို ပစ်ခံထားရသလို ပါးစောင်ထဲ ဓားနဲ့ထိုးထည့်ပြီး ဆွဲခွဲထားလို့ ပြတ်ထွက်နေတဲ့ ဒဏ်ရာတွေလည်း တွေ့ရတယ်လို့ သူက ဆိုပါတယ်။

Monday, March 13, 2023

ဖယ်ခုံတိုက်ပွဲ အကြမ်းဖက်စစ်တပ်၊၁၉ ဦးသေ၊၆ဦးအရှင်မိ(ရုပ်/သံ)

ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၉ ဦး သေ၊ ၆ ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများရရှိ https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ရှမ်း- ကရင်နီ (ကယား)နယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်စုတောင်ကြားတွင် ၂၀၂၃ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အရာရှိအပါအဝင် (၁၉) ဦးသေပြီး (၆ )ဦးကို အရှင်ဖမ်းမိကာ လက်နပ်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း ဖယ်ခုံ PKPDF 2 က ယနေ့ ၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ကုရင်ကျေးရွာအုပ်စုတောင်ကြားကို ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။ ယင်းနောက် မတ်လ (၁၂) ရက်နေ့ နံနက်အစောပိုင်း၌ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်နှင့် ဖယ်ခုံ PDF ကင်း‌ထောက်တပ်စိပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ ဖယ်ခုံ PDF2 မှ ရဲဘော်တစ်ဦး ကျဆုံးသွားကြောင်း သိရသည်။ တိုက်ပွဲဖြစ်နယ်မြေကိုရှင်းလင်းရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် စစ်သား (၁၉)ဦး၏အလောင်းများနှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်ထားသည်။ #TachileikNewsAgency

ဖယ်ခုံတိုက်ပွဲ အကြမ်းဖက်စစ်တပ်မှ့စစ်သား 19 ဦးသေ၊ အရာရှိအပါဝင် 6 ဦးအရှင်ဖမ်းမိ

ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၉ ဦး သေ၊ ၆ ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများရရှိ https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ရှမ်း- ကရင်နီ (ကယား)နယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်စုတောင်ကြားတွင် ၂၀၂၃ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အရာရှိအပါအဝင် (၁၉) ဦးသေပြီး (၆ )ဦးကို အရှင်ဖမ်းမိကာ လက်နပ်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း ဖယ်ခုံ PKPDF 2 က ယနေ့ ၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ကုရင်ကျေးရွာအုပ်စုတောင်ကြားကို ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။ ယင်းနောက် မတ်လ (၁၂) ရက်နေ့ နံနက်အစောပိုင်း၌ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်နှင့် ဖယ်ခုံ PDF ကင်း‌ထောက်တပ်စိပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ ဖယ်ခုံ PDF2 မှ ရဲဘော်တစ်ဦး ကျဆုံးသွားကြောင်း သိရသည်။ တိုက်ပွဲဖြစ်နယ်မြေကိုရှင်းလင်းရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် စစ်သား (၁၉)ဦး၏အလောင်းများနှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်ထားသည်။ #TachileikNewsAgency