Wednesday, December 15, 2021

မအလ တွေကျကုန်ပြီ

 လေးကေ့ကော်တွင် စစ်ကြောင်းမှူး စနိုက်ပါမိ၍ သေဆုံးမှု အပါအဝင် စစ်တပ်သား ၂၀ နီးပါး သေဆုံး၊ စစ်သား ၂၃ ဦး အရှင်ဖမ်းမိထား၊ ဒုဗိုလ်မှူးကြီးထင်လင်းဇော် အပါအဝင် စစ်သားများ ဒဏ်ရာရသူများပြား


ရန်ကုန်၊ ဒီဇင်ဘာ ၁၅ 


ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ လေးကေ့ကော်၊ ယနေ့တိုက်ပွဲတွင် စစ်တပ်တပ်ရင်းမှူး စနိုက်ပါမိ၍ သေဆုံးမှု အပါအဝင် စစ်တပ်ဘက်မှ ၂၀ နီးပါးသေဆုံးပြီး ၂၃ ဦးအရှင်ဖမ်းမိကြောင်း လေးကေ့ကော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။


"တိုက်ပွဲကတော့ ပစ်ခတ်မှုတွေကတော့ ရပ်သွားပါပြီ။ ဒီနေ့တစ်နေ့လုံး စစ်ခွေးတွေဘက်က သေတာ ၂၀နီးပါးရှိပါတယ်။ ဘယ်အဆင့်တွေဆိုတာတော့ အတည်ပြုဖို့ခက်ပါတယ်။ အရာရှိတွေလည်းပါတယ်။ အရှင် ၂၃ယောက်မိပါတယ်။ အဲဒါကတော့ သေချာပါတယ်" ဟု လေးကေ့ကော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 


လေးကေ့ကော်တိုက်ပွဲထဲတွင် ရှိနေသည့် ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ကလည်း စစ်တပ်စစ်ကြောင်းမှူး၊ တပ်ရင်းမှူး စနိုက်ပါမိ၍ သေဆုံးသွားကြောင်း အတည်ပြုပြောဆိုသည်။ 


"ဒုဗိုလ်မှုးကြီး ထင်လင်းဇော် ပေါင်ဒဏ်ရာရတယ်။ စစ်တပ် စစ်ကြောင်းမှုးသေပါတယ်။ စစ်ကြောင်းမှုး နာမည်မသိသေးဘူး" ဟု သတင်းရင်းမြစ်က ပြောဆိုသည်။ 


အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာလမ်းခွ၊ ထီးမင်္ဂလာကျောင်းအနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် KNLA တပ်မဟာ ၁ တပ်ရင်း ၂ တပ်ဖွဲ့နှင့် သထုံပြည်သူ့ပြောက်ကျားများ TPG၊ သထုံကာကွယ်ရေးတပ်ဖွဲ့ TDO၊ မွန်သထုံအထူးကာကွယ်ရေးတပ်ဖွဲဲ့ MTHSF၊ သထုံမြို့ပြအထူးစစ်ဆင်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာပြင်းထန်ကြောင်း သထုံပြည်သူ့ပြောက်ကျားများတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။


အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ KNLA နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရှိရသည်။


ဓာတ်ပုံ- KNU တပ်ဖွဲ့ဝင်များ။ Photo Credit - Getty Image

Sunday, December 12, 2021

မရှိခြင်း (မအလ)




ဦးခေါင်းတော့ရှိတယ်

ဦးနှောက်တော့မရှိဘူး။


အာဏာတော့ရှိတယ်

သြဇာမရှိဘူး ။


သေနတ်တော့ရှိတယ်

သိက္ခာမရှိဘူး။


ပိုက်ဆံတော့ရှိတယ်

အရှက်မရှိဘူး။ 


လူတွေတော့ ရှိတယ်

လူစိတ်မရှိဘူး။ 


ပါးစပ်တော့ရှိတယ်

ကတိမရှိဘူး ။


လက်ညှိုးတွေတော့ရှိတယ်

ဝန်ခံရဲတဲ့သတ္တိမရှိဘူး။


သားသမီးတော့ရှိတယ်

ကိုယ်ချင်းစာစိတ်မရှိဘူး


ပါတီတော့ရှိတယ်

သမိုင်းမရှိဘူး။


ရေဘူးအပေါက်တွေတော့ရှိတယ်

ရေမရှိဘူး။ 


ဘွဲ့တံဆိပ်တွေတော့ရှိတယ်

တရားမရှိဘူး။


ပလ္လင်မက်တဲ့စိတ်တော့ရှိတယ်

အရှင်ထွက်ဖို့သိပ်မရှိဘူး ။


သရဝဏ်(ပြည်)

Thursday, December 9, 2021

မအလ မင်းအောင်လှိုင်ကြည့်ထား

 ပြည်သူတွေက မကျေမနပ်ဖြစ်နေကြတာမဟုတ်ဘူး ...

နာကျည်းသွားတာ၊ စိတ်နာသွားတာ

မင်းတို့တွေ အမြစ်မပြုတ်သရွေ့ ပြီးသွားမယ်မထင်နဲ့ ... 

မအလနဲ့ လက်ပါးစေတို့ရေ

ဒီနေ့ Silent Strike ဟာ 

ပြည်သူတွေ ဘယ်လောက်ညီညွတ်တယ်

ပြည်သူတွေဟာ မင်းတို့ကို အမြစ်ဖြတ်ဖို့ကို 

ဘယ်လောက် စိတ်အားထက်သန်နေတယ်

ပြည်သူတွေဟာ တော်လှန်ရေးအတွက် 

ဘယ်လို စိတ်ပိုင်းဖြတ်ထားတယ် ဆိုတာကို

အထင်အရှားပြနေတဲ့ သက်သေတစ်ခုပဲ ... 

ပြည်သူလူထုရဲ့ တိတ်ဆိတ်သော မြည်ဟည်းသံမှာ

မင်းတို့တွေ တုန်လှုပ်နေပုံက ရယ်စရာ

ထပ်လာပါလိမ့်ဦးမယ် ... 

အပြစ်သားတွေ အပြစ်ဒဏ်ခံယူဖို့ ပြင်ထားကြပါ။


"စိုက်ခဲ့သမျှ ဒို့ရိပ်သိမ်းရတော့မယ် 

နီတဲ့သွေး ရဲရင့်လို့ ... ရန်သူ မင်းရှေိ့ကို ချီတက်ခဲ့ပြီ"


#SpringRevol



ution

#SilentStrike

December 10, 2021


via https://youtu.be/8rA7ir0Np_Y

စစ်တပ်က ကျူးလွန်ဟု ခြေမြန်တပ်ရင်း ၂၁၇ မှ တပ်သား ဆန်းကြယ်ဦးနှင့်တပ်သား ကျော်ဝင်းထွဋ်တို့ ဖော်ထုတ်ပြောဆို(ရုပ်/သံ)

 ပြည်သူများကို ညှဉ်းပန်း သတ်ဖြတ်ခြင်း၊ ရွာများကို အဓိပ္ပာယ်မဲ့ မီးရှို့ခြင်းများ စစ်တပ်က ကျူးလွန်ဟု ခြေမြန်တပ်ရင်း ၂၁၇ မှ တပ်သား ဆန်းကြယ်ဦးနှင့်တပ်သား ကျော်ဝင်းထွဋ်တို့ ဖော်ထုတ်ပြောဆို(ရုပ်/သံ)



ရန်ကုန်၊ ဒီဇင်ဘာ ၉ 


တပ်မ ၁၁ လက်အောက်ခံ ခြေမြတပ်ရင်း-ခမရ ၂၁၇ မှ တပ်သား ဆန်းကြယ်ဦး (ကိုယ်ပိုင်အမှတ်-တတ/ ၁၂၅ ၃၀၀) နှင့် တပ်သား ကျော်ဝင်းထွဋ် (ကိုယ်ပိုင်အမှတ် - တ/ ၅၆၀၁၄၃) တို့သည် ပြည်သူ့တော်လှန်ရေးတပ်မ တော် PRA ထံသို့ ခိုလှုံလာပြီး လက်ရှိ စစ်တပ်သည် ပြည်သူများကို ညှဉ်းပန်းနှိပ်စက် ပစ်သတ်ခြင်း၊ ကျေးရွာနှင့်နေအိမ်များကို မီးရှို့ခြင်း အပါအဝင် အဓိပ္ပာယ်မဲ့ လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြောင်း ဖွင့်ဟ ထုတ်ဖော်ပြောဆိုသည်။ 


အဆိုပါတပ်သား ၂ ဦးကို PRA က တွေ့ဆုံမေးမြန်းပြီး ၎င်းတို့၏ ထွက်ဆိုချက်များကို တရားဝင် သတင်းထုတ်ပြန်ထားသည်။ 


တပ်သား ဆန်းကြယ်ဦး 

ကိုယ်ပိုင်အမှတ် - တတ ၁၂၅၃၀၀ 

ပင်လောင်း လေ့ကျင့်ရေး ၄ ကျောင်း၊ အပတ်စဉ် ၃/၂၀၁၉

တပ်မ (၁၁)၊ခမရ -၂၁၇

===========================================


မေး။ ။ ဘာကြောင့် ဒီလိုမျိုးထွက်ပြေးလာတာလဲ။ 


ဖြေ။ ။ ကျွန်တော်တို့ ပြည်သူတွေကို ညှည်းပန်းနှိပ်စက်တာမျိုးတွေ သဘောမကျပါဘူး။ အိမ်တွေမီးရှို့ လူတွေကို အပြစ်မရှိဘဲလုပ် အဲတာမျိုးတွေကို သဘောမကျလို့ ကျွန်တော်တို့ ထွက်ပြေးချင်တာ ကြာပါပြီဗျ။ အခုမှ အခွင့်အရေးသာလို့ ထွက်ပြေးပြီး နားခို တိမ်းရှောင်ဖို့အတွက် တောင်းခံတာပါဗျ။ 


မေး။ ။ လက်ရှိ စစ်ကြောင်းက ကျောကနေဆင်းလာတာ ဘာလုပ်ဆောင်မှုတွေပါလဲ။


ဖြေ။ ။ လက်နက်တွေ မျိုးစုံပါပါတယ်။ ပြည်သူကို ဒုက္ခပေးမယ့် လက်နက်မျိုးစုံ ပါပါတယ်။ 


မေး။ ။ အဲဒီစစ်ကြောင်းရဲ့ လုပ်ရပ်တွေပြောပြပါလား။ 


ဖြေ။ ။ အိမ်တွေကို မီးရှို့ပါတယ်။ အဓိပ္ပာယ်မရှိဘဲ မီးရှို့တယ်။ လမ်းတွေ့တဲ့ သူတွေကို ခေါ်တယ်။ မသင်္ကာတဲ့ မျက်လုံးတွေနဲ့ ခေါ်သွားပါတယ်။ ခေါ်သွားပြီး တောထဲ ချင်းတွေဘာတွေကအစ ထမ်းခိုင်းတယ်။ တောနက်ကြီးတွေကို ရောက်ကာမှ ပြန်လွှတ်တဲ့သူကို ပြန်လွှတ်ပါတယ်။ ပြန်မလွှတ်တဲ့ သူတွေကို အစဖျောက်တာမျိုးတွေ လုပ်ခဲ့ပါတယ်။ သတ်ပစ်တာပေါ့။ ကျွန်တော်တို့က ရဲဘော်လေးတွေဆိုတော့ ကျွန်တော်တို့ သိသလောက် ၃ယောက်လောက်ရှိပါတယ်။ 


မေး။ ။ လေ့ကျင့်ရေးကကော ဘယ်ဆင်းလဲ။ 


ဖြေ။ ။ ပင်လောင်း။ အပတ်စဉ် အမှတ် ၃/၂၀၁၉ ။


တပ်သား ကျော်ဝင်းထွဋ် 

ကိုယ်ပိုင်အမှတ် - တ/၅၆၀၁၄၃ 

ရွှေဘိုလေ့ကျင့်ရေး (၈) ၅/ ၂၀၁၉ 

တပ်မ (၁၁)၊ခမရ -၂၁၇

======================================


မေး။ ။ ဘာကြောင့် ဒီလိုမျိုးထွက်ပြေးလာတာလဲ။ 


ဖြေ။ ။ ပင်ပန်းဆင်းရဲမှုတွေလည်း တအားများလည်း စိတ်ဆင်းရဲမှုတွေလည်း တအားများတယ်။ ကိုယ့်ဟာကိုပဲ အေးဆေးနဲ့ လုပ်ကိုင် စားချင်လို့ ။


မေး။ ။ စစ်ကြောင်းက ပြည်သူတွေကို ညှည်းပန်းနှိပ်စက်မှုတွေရှိတယ်လို့ သိရတယ်။ အဲတာတွေဖြေပါဦး။


ဖြေ။ ။ ကျွန်တော်မြင်တွေ့တာက လူသတ်တယ်။ ပြည်သူတွေလား ဘာတွေဆိုတာ ဝေခွဲလို့တော့ မရဘူး။ သတ်တော့သတ်တယ်။ လမ်းမှာ ယောကျာ်းသားတွေ တွေ့ရင်တော့ မသင်္ကာရင် သူတို့ခေါ်သွားပါတယ်။ ခေါ်သွားပြီး တောထဲရောက်တဲ့အထိ ချင်းတွေဘာတွေ သယ်ခိုင်းပြီးရင် သူတို့ခေါ်ခဲ့တဲ့ ရွာနဲ့ ဝေးရင် ပြန်လွှတ်ပါတယ်။ ငါတို့ စစ်ကြောင်းဆုံးမှ ခရီးဆုံးမှ ပြန်ပါလို့ မှာခဲ့ပြီး ဆက်သွားပါတယ်။ 


မေး။ ။ သတ်ပစ်ပြီးအလောင်းဖျောက်တာတွေရှိတယ်လို့ သိရတာ အဲဒါတွေရော။


ဖြေ။ ။ ကျွန်တော်အနေနဲ့ မြင်ခဲ့တာ တစ်လောင်းပဲရှိပါတယ်။

Tuesday, November 23, 2021

သူခိူတွေအကြောင်းရေးသားတဲ့ ကဗျာလေးတ၏်ပုဒ်

 မောင်ငယ်ရင်သွေး သေချာတွေးလော့

    ရှေးသရောအခါ မြန်မာပြည်ဝယ်

   လွန်စွာဆိုးယုတ် စစ်ဗိုလ်ချုပ်တို့    

   အုပ်ချုပ်ခဲ့စဉ် ကြက်ဆူပင်စိုက်    

    ရတနာသိုက်တူး လယ်မြေကျူးကျော်

    လွှတ်တော်ဝင်ရှုပ် ကျောက်စိမ်းထုတ်လျက်    

    ဂတ်စ်နှင့်တောတောင် အကုန်ဖျောင်ပြီး

    မှုးယစ်တွေ့လျင် ပိုင်ရှင်မဲ့လုပ်

    ကျွန်းသစ်ခုတ်၍ ဘိန်းထုတ်နိုင်ငံ

    ကမ္ဘာ့စံတင် ကိုယ်ကျိုးအမြင်နဲ့

    လစဉ်ကြေးယူ ပြည်သူမုန်းတီး

    စစ်ဗိုလ်ကြီးများ ချမ်သာသွားတယ်👌


    တိုင်းပြည်ကိုဖျက် ကျင့်ပျက်ခြစား

    ဝန်ကြီးများတို့. ခိုးစားဖို့ရန်

    နောက်ကြောင်းမပြန်ရ

    ရေးဆွဲကြဘိ ဥပဒေရှိတယ်


    ပြည်သူအများ ဆင်းရဲသားဖြစ်

    သူတို့ခေတ်အောက် ဒုက္ခရောက်၍

    အကြောက်တရားနဲ့. အုပ်ချုပ်သွားခဲ့👌


    ယခုခါသော် လွှတ်တော်ဝင်ရှုပ်

    စစ်ဗိုလ်ချုပ်တို့. အမြဲယုတ်မာ

   အာဏာရရန် စိတ်အကြံနဲ့

   အသဲအသန် မဲဆွယ်ပြန်ပေါ့

   မင်းတို့အထံ အလှူခံမည့်

  အသဲကြားက မဲတပြားတည်း


  ဒီမယ်လူလေး သေချာတွေးလော့

  မဲဆွယ်ခါနီး ထိုလူကြီးတိုင်း

  ဘာသာမှိုင်းတိုက် လူပိန်းကြိုက်ဆောင်

  မဲရအောင်ဟော ဟာသနှော၍

 သဘောမရိုး အမျိုးဘာသာ

 သာသနာကို စောင့်ရှောက်လိုသတဲ့


 အချုပ်အခြာ အာဏာရလို

 မုသားဆိုငှါး နေ့တိုင်းကြားတော့

 စဉ်းစားကြည့်ရာ မျိုးဘာသာကို

သာသနာဖျက် ရက်စက်လေတိုင်း

သမိုင်းနဲ့ချီ လယ်တီသိမ်ဖြို

 သံဃာကိုသတ် ပြည်သူသတ်တဲ့

တပ်ထွက်လူယုတ် တရုတ်နဲ့ပေါင်း

ုပြည်သူအပေါင်းလဲ ထောင်းထောင်းကြေခဲ့💔

မောင်ငယ်ရင်သွေး

သေချာတွေးတော ကိုလူချောတို့

ဘောင်းဘီကိုချွတ် ပုဆိုးဝတ်လျက်

တပ်ထွက်ယောင်္ကျား လူညံ့များက

အမိမြေတွင် တရုတ်ကိုသွင်း၍

သယံဇာတ. မွဲပြာကျအောင်

တူးဆွမြေလှန် ကိုယ်ကျိုးအကြံနဲ့

ဆန္ဒပြရန် ငွေကုန်ခံပြီး

နေ့စားခပေး ဒန်ပေါက်ကြွေးဆင့်

ကြံ့ခိုင်ဖွင့်ဖြိုး သခိုးပါတီ တည်ထောင်သည်ဟု

စစ်တပ်ကပြောင်း သူခိုးအပေါင်းနဲ့

ခြေဥမပြင် သူခိုးဘုရင်တို့

မဲဆွယ်မည့်လမ်း အလှူခံကြမ်းက

ဟော့ရမ်းမဆို ပါးနပ်လိုသည်

အတိတ်ကအကြောင်း မမေ့ကောင်းတည်း #crd

Tuesday, October 26, 2021

အလံသာမြင်ရ လူမတွေ့ရ

အာဆီယံ မှ မင်းအောင်လှိုင်အား ဖယ်ကျဉ် လိုက်မှုသည် စစ်ကောင်စီကို အကြီးအကျယ် ထိုးနှက်ခံလိုက်ရခြင်း ဖြစ်သည်မှာ တနေ့တခြား ထင်ရှားသည်ထက် ထင်ရှားလာနေပြီ ဖြစ်သည်။


၎င်းတို့၏ ရပ်တည်ရာ နှင့် လားရာကို ပထမဆုံး အကြိမ် သတိပြုမိလာသည်ဟု ယူဆ၍ရပေသည်။ ဤအချက် ကို မီးမောင်း ထိုးပြလာသည်မှာ နိုင်ငံတဝှမ်းရှိ ၎င်းတို့ စစ်တပ် အသိုက်အဝန်းများ ကြီးစိုးရာ မြို့ကြီးများဖြစ် သော နေပြည်တော်၊ ပြင်ဦးလွင် နှင့် မိတ္ထီလာ တို့တွင် စစ်တပ် ထောက်ခံပွဲများ ဆိုကာ ပြည်သူတရပ်လုံးက ၎င်းတို့ အား ထောက်ခံ နေကြလေဟန် လုပ်ကြံဖန်တီးလာမှုများက သက်သေခံနေပေသည်။


အဆိုပါ ပုဂ္ဂိုလ်များ၏ အမှားသည် စစ်တပ်ကို ထောက်ခံသည့် သဘော မသက်ရောက်တော့ဘဲ တနိုင်ငံလုံးက အမုန်းကြီး မုန်းနေပြီဟု သိထားကြသည့် အာဏာသိမ်း ခေါင်းဆောင် ၏ ဓါတ်ပုံကြီးအား စင်မြင့်ထက်တွင် ချိတ်ကာ ပူဇော်ပသ လာကြခြင်းဖြစ်၍ ၎င်းတို့၏ ထောက်ခံပွဲ ဆိုသည်ကို နိုင်ငံတကာမှ အယုံအကြည် မဲ့သွားခြင်းပင် ဖြစ်သည်။


သို့သော် ပြဿနာ က စစ်ကောင်စီသည် ၎င်းတို့ကဲ့သို့ ညံ့ဖျင်းသော အတွေးအခေါ်မျိုး လူတိုင်းတွင် ရှိနေ ကြသည်ဟု ယူဆနေကြဆဲ ဆိုသည်ပင် ဖြစ်သည်။ မည်သည့် အရာမဆို လုပ်ချင်ရာ လုပ်လာခဲ့ကြသည့် အဆင့်သာ ရှိနေသေးသည်။


အရှေ့တောင် အာရှ သို့ တရုတ်သည် စီးပွားရေး အရ တိုးမြှင့် ဆက်သွယ်လာသလို အမေရိကန်ကလည်း စစ်ရေး နိုင်ငံရေး အရ ထဲထဲဝင်ဝင် ပါဝင် ပတ်သက်လာခဲ့သည်။ ယခင် သမ္မတ ဒေါ်နယ်ထရန့် အနေနှင့် အာဆီယံ-အရှေ့အာရှ ထိပ်သီး အစည်းအဝေးကို လေးကြိမ်တိုင်တိုင် တက်ရောက်ရန် ရှောင်လွှဲသွားခဲ့သော်လည်း ဘိုင်ဒင် အစိုးရကမူ ဒုသမ္မတ၊ ကာကွယ်ရေး ဝန်ကြီး၊ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးများ အပါအဝင် အဆင့်မြင့် အရာရှိကြီးများကို အမြဲလို စေလွှတ်နေသည်ဟု ဂျပန် ၏ Nikkei Asia Review စာစောင်မှ ထောက်ပြသွား ခဲ့သည်။


အာဆီယံသည် အဖွဲ့၏ အဓိက ရည်မှန်းချက် ဖြစ်သော ဒေသတွင်း အလုံးစုံ စီးပွားရေး အကျိုးတူ ပူးပေါင်းမှု သဘောတူညီချက် Regional Comprehensive Economic Partnership Agreement (RECP) ကို အဖွဲ့ဝင် ဆယ်နိုင်ငံ နှင့် ဩစတေးလျှ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီယား၊ နယူးဇီလန် တို့နှင့် လက်မှတ်ရေးထိုးပြီး အကောင်အထည် ဖေါ်ဖို့ ရှိနေသည်။ 


ဤသည်ကပင် မြန်မာ စစ်ကောင်စီ အဖို့ ရေကြုံစီးကာ အချောင် ကြီးပွားနိုင်သည့် အခွင့်အရေး ဟူ၍ မြင်လာ နေသည်။ အာဆီယံ မှ စစ်ကောင်စီ ၏ ခေါင်းဆောင်ကြီးပင် အစည်းအဝေး ပေးမတက်ဟု ကမ္ဘာသိ ကြေညာ လိုက်ခြင်းကြောင့် ရှေ့လျောက် ထိုသို့ နောက်ကနေ အချောင်လိုက်၍ မရတော့ဟုလည်း သဘောပေါက်လာ သည်။ အာဆီယံ ကမူ အမေရိကန် ၏ စီးပွားရေး ပိတ်ဆို့မှု ကို တိုး၍ ခံလာရဖွယ် ရှိသော freeloader များ ဖြစ်သည့် စစ်ကောင်စီ နှင့် ဝေးဝေး နေမှသာ ဖြစ်ဖွယ် ရှိသည်ဟု ခံယူခဲ့ကြပြီး ဖြစ်သည်။


မိမိတို့ တိုင်းပြည်အား အလယ်အလတ် ဝင်ငွေ အဆင့် သို့ တိုးမြှင့်နိုင်ရေး အားယူနေကြသည့် ကမ္ဘောဒီယား၊ လာအို ကဲ့သို့ နိုင်ငံများက ထိတ်လန့်လာကြခြင်းလည်းဖြစ်မည်။


ထို့ကြောင့်လည်း စစ်ကောင်စီ၏ အစဉ်အလာ မဟာမိတ်ဟု ယူဆထားသော ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီယား တို့မှ မင်းအောင်လှိုင် အား ထုတ်ပယ်ရေး ကို တရားဝင် ကန့်ကွက် ပြောဆိုခဲ့ကြခြင်း မရှိဘဲ ရေငုံနှုတ်ပိတ် နေခဲ့ကြခြင်း ဖြစ်သည်။ စစ်ကောင်စီက ထိုသို့ မျှော်လင့်ထားခဲ့ခြင်း မရှိသည်ကို ပြောခွင့်ရ ဇော်မင်းထွန်းက ထိုသို့ စကားလမ်းကြောင်းလာသည့် မလေးရှားနိုင်ငံခြားရေး ဝန်ကြီးကို သူ၏ ပုဂ္ဂိုလ်ရေး အမြင်ဟု ဆိုကာ ပမာမခန့် ပြောသွားခဲ့ခြင်းက သက်သေခံနေပေသည်။


၎င်းတို့ နှင့် မည်သူမျှ လူသိရှင်ကြား ပတ်သက်လိုကြခြင်း မရှိကြ၍ စစ်ကောင်စီသည် ထိုအရေးကို ရှောင်လွှဲရန် သံတမန် ထိုးစစ် ဆင်ခွင့်မရသဖြင့် ပြည်တွင်းမှသာ ကြေညာချက် အမျိုးမျိုး ထုတ်ပြီး ရှက်ရမ်း ရမ်းနေရသည့် ဘဝ ဖြစ်လာခဲ့ရသည်။ ၎င်းတို့၏ အားကိုးရာ တရုတ် နှင့် ရုရှားမှ ထိုအရေးအပေါ် ဝေဖန်ချက် တစုံတရာမပေး ရေငုံနှုတ်ပိတ်နေဆဲပင် ဖြစ်သည်။


ယခု အာဆီယံ အစည်းအဝေးသို့ မကောင်းတတ်လွန်း၍ နိုင်ငံရေး နှင့် မပတ်သက်သော အစိုးရ အရာရှိ ထဲက တဦးဦး ကို ဖိတ်ခေါ်မည် ဆိုကာ စစ်ကောင်စီ၏ နိုင်ငံခြားရေး ရုံးမှ အမြဲတမ်း အတွင်းဝန် ချမ်းအေး ဆိုသူကို ဖိတ်ခေါ်မည်၊ ဖိတ်ခေါ်ခဲ့သည်ဟု ဇော်မင်းထွန်းက အတည်ပြုလာခဲ့သည်။ သို့သော် စစ်တပ်သည် အာဆီယံအား ၎င်းတို့ နိုင်ငံတကာ တွင် လူရာဝင်နေဆဲဟု ဝါဒ ဖြန့်ရန် အတွက် သုံးရန်သာ လိုလားနေ၍ မင်းအောင်လှိုင် တက်ခွင့် မရခြင်း အပေါ် အကြီးအကျယ် ထိခိုက်သွားခဲ့ရခြင်းလည်း ဖြစ်သည်။


သို့သော် ချမ်းအေး ဆိုသူ တက်မည် မတက်မည် ဆိုသည်က မသေချာသေးကြောင်း၊ အာဆီယံ၏ လုပ်ပေါက် သည် တိုင်းပြည်၏ အချုပ်အခြာ အာဏာ နှင့် မိမိတို့၏ပုံရိပ်ကို စော်ကားခြင်းဖြစ်သည်ဟု ပြောဆိုသွားခဲ့သည်။ တိုင်းပြည်၏ အချုပ်အခြာ အာဏာ ဆိုသည်ကလည်း ၎င်းတို့ လက်ထဲက အာဏာ ဟု နှစ်ပေါင်း ၆၀ လုံးလုံး ခံယူထားခဲ့ ကြပြီး ဖြစ်နေသည်။


တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ဆိုသည်ကိုလည်း ၎င်းတို့ လက်အောက်တွင် အနှောက်အယှက် မပေးဘဲ ပေးသမျှယူ ကျွေးသမျှစား ဘဝမျိုးဖြင့် နေထိုင်ကြရေးဟူ၍ ယူဆထားပြန်သည်။


မည်သို့ပင် ဖြစ်စေ မင်းအောင်လှိုင်၏ ကြီးမားလှသော ဘုန်းသမ္ဘာ အရှိန်ကြောင့် မင်းပရိသာတ် အလယ်တွင် အလံလေးသာ ထောင်ခွင့်ရခဲ့တော့သည်၊ တခါက ၎င်းအား ‌ခေါ်ယူတွေ့ဆုံခဲ့ခြင်းမှာလည်း ပြောစရာ ရှိ၍သာ ဖြစ်သည်ကိုလည်း နားလည် နိုင်လောက်သည်။


မင်းအောင်လှိုင်အား တက်ရောက်ခွင့် ပိတ်ပင်လိုက်ခြင်းကို စစ်ကောင်စီ က မခံမရပ်နိုင် ဖြစ်သွားသော်လည်း မြန်မာ ပြည်သူ သန်း ၅၀ ကျော် က တခဲနက် ထောက်ခံကြိုဆိုခဲ့ကြသည်ကို ဆိုရှယ်မီဒီယာများ မှတဆင့် အာဆီယံ ‌ခေါင်းဆောင်များက သိမြင်နားလည် နိုင်ခဲ့ကြပြီးဖြစ်သည်။


ဤသို့ဖြင့် သုံးရက်ကြာ ကျင်းပမည့် အာဆီယံ အစည်းအဝေး မှ မရှိ၍မဖြစ်သော မကောင်းဆိုးဝါး necessary evil ဟု သတ်မှတ်ခံထားရသည့် ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန် အား ၂၀၂၂ အတွက် ဥက္ကဌ ရာထူးကို လွှဲ ပြောင်းပေးတော့မည် ဖြစ်သည်။ ယခင် ဗိုလ်သန်းရွှေ စစ်ကောင်စီ ကိုလည်း အလားတူ necessary evil ဟု သတ်မှတ်ခံထားရာမှ မင်းအောင်လှိုင် ကိုတော့ unwanted evil မလိုလားအပ်သော မကောင်းဆိုးဝါး အဆင့်သို့ လျော့ချခံလိုက်ရပြီ ဖြစ်သည်။ ဟွန်ဆန် လက်အောက်တွင် မြန်မာအရေး အထူး သံတမန်၏ အနေအထား မည်သို့ ဖြစ်သွားမည်ကို မသဲကွဲသေးဟု စင်္ကာပူ သတင်းစာတွင် ရေးသားထားသည်။


သို့သော် အာဆီယံ အထူး သံတမန် ဖြစ်လာမည့် ကမ္ဘောဒီယား နိုင်ငံခြားရေး ဝန်ကြီး ပရပ် ဆော့ဟွန်း က မိမိတို့သည် ဘရူးနိုင် သံတမန် ၏ လမ်းကြောင်း အတိုင်း ချဥ်းကပ်သွားမည် ဖြစ်ပြီး မြန်မာ စစ်ကောင်စီ၏ ခေါင်းမာနေမှု ကို စိတ်ပျက်မိကြောင်း ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။


မြေပြင် အခြေအနေများကလည်း စစ်ကောင်စီ ကို မျက်နှာသာ ပေးလာကြခြင်း မရှိပေ။ နှစ်ပရိစ္ဆေဒ ကြာမြင့်စွာ နိုင်ငံသား တို့၏ လူနေမှု အဆင့်အတန်း အား တိုးမြင့်အောင် လုပ်ပေးနိုင်စွမ်း မရှိသည့်အပြင် အားမနာ လျှာမကျိုး အုပ်ချုပ်လာခဲ့ကြသူများ အပေါ် သည်းငြီး မခံနိုင်ကြတော့သည့် ပြည်သူ များက ခုခံ တွန်းလှန်ရေး စစ်ပွဲကို တိုးမြှင့် ဆင်နွှဲလာကြရာ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေး နှင့် ရန်ကုန်မြို့ကြီးများ တွင် ပြီးခဲ့သည့် သီတင်းပတ်ကုန် နှစ်ရက်အတွင်း အာဏာသိမ်း တပ်သား ၅၀ ခန့်ကို သုတ်သင်နိုင်ခဲ့ကြသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။


ရှုံးမဲ မဲလာနေသော စစ်တပ်မှ နိုင်ငံ အနောက်မြောက်ပိုင်းတွင် အနော်ရထာ စစ်ဆင်ရေး အမည်တပ်ကာ ပြည်သူများ အပေါ် မဲမဲမြင်ရာ အကြမ်းဖက်တော့မည့် အရေးအား ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များ နှင့် စတင် ဆွေးနွေးနေပြီ ဖြစ်သည်။ ဗြိတိသျှ တို့က ထိုအရေးသည် ဒေသအတွင်း မတည် ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ယူဆထားကြ၍ ဖြစ်ပေသည်။ ကုလသမဂ္ဂ တာဝန်ရှိသူများကလည်း အလားတူ စိုးရိမ် ပူပန်လာကြပြီ ဖြစ်၍ လှုံ့ဆော်လာခဲ့ကြသည်။


နောက်ဆုံး ရရှိသော သတင်းအရ သက်တမ်း ပြေ့ပြီ ဖြစ်၍ ရာထူးမှ နှုတ်ထွက်ရတော့မည့် ကုလအတွင်းရေးမှုးချုပ်၏ မြန်မာ အရေး အထူး သံတမန် ကက်သရင်း ဘာဂင်ဂါ၏ နေရာတွင် စင်္ကာပူ၏ ဝါရင့် သံတမန် ‌ဟောင်း တဦး ဖြစ်သူ အသက် ၇၃ နှစ် ရှိ အမျိုးသမီးကြီး ဒေါက်တာ နိုလင်း ဟေဇာ အား တရားဝင် ခန့်အပ်လိုက်ပြီ ဖြစ်သည်။ သူမသည် လူမှု ရေး သိပ္ပံပညာဖြင့် ကင်းဘရစ် တက္ကသိုလ် မှ ဒေါက်တာ ဘွဲ့ ရရှိခဲ့သူ လည်း ဖြစ်သည်။ ကုလ လက်ထောက် အတွင်းရေးမှုး ချုပ် နှင့် အာရှ-ပစိဖိတ်ရေးရာ စီးပွားရေး နှင့် လူမှုရေး ကော်မရှင်တွင် အမှုဆောင် အတွင်းရေး မှုး အဖြစ် တာဝန်ယူခဲ့ဖူးသည်။ ၂၀၀၅ တွင် နိုဘဲလ် ငြိမ်းချမ်းရေး ဆု အတွက် အမည်စာရင်း တင်သွင်းခံခဲ့ရသည်။


တော်လှန်ရေးကြီး မုချအောင်


ရမည်!!!


Photo - South China Morning Post

Saturday, October 23, 2021

ဒလန်သို့သွားရာလမ်း မချိမဆန့်


 

ဖြုတ်ပြန်ပြီ မီးရထား ဒလန်ကို အနီးကပ်


မြန်မာ့မီးရထားမှ စစ်ကောင်စီသတင်းပေး Non - CDM ဝန်ထမ်း ထိန်ဝင်း (ခ) ရန်ကင်းမောင်ကို ပစ်သတ်သွားသည့် ဗီဒီယိုထွက်ပေါ်(ရုပ်/သံ)


ရန်ကုန်၊ အောက်တိုဘာ ၂၄


မြန်မာ့မီးရထားမှ Non - CDM ဝန်ထမ်းဖြစ်သူ ထိန်ဝင်း (ခ) ရန်ကင်းမောင်အား အမည်မသိ သေနတ်သမားက အောက်တိုဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ပစ်သတ်သွားခဲ့သည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်တွင် ယနေ့နံနက်၌ ထွက်ပေါ်လာသည်။


အခင်းဖြစ်ရာနေရာသည် ရန်ကုန်၊ သိမ်ဖြူလမ်းနှင့် အထက်ပန်းဆိုးတန်းလမ်းကြား ဗိုလ်မင်းရောင်လမ်းမပေါ် သိမ်ဖြူမီးပွိင့်အနီးတွင်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် ကားနောက်ခန်းမှ အမျိုးသမီးတစ်ဦး ပြေးထွက်လာပြီး "ပစ်သွားပြီ လုပ်ဦး၊ ရန်ကင်းမောင် ကို ပစ်သွားပြီ" ဟု ပြောနေသည်ကို တွေ့မြင်ကြားသိရသည်။


ထိန်ဝင်းသည် မြန်မာ့မီးရထား၊ သတင်းနှင့် ပြန်ကြားရေးဌာနဖြစ်ပြီး ရန်ကင်းမောင် အမည်ဖြင့် လူမှုကွန်ရက်တွင် စာများရေးသားကြောင်း သိရှိရသည်။ 


"မီးရထား ဌာန ပြန်ကြားရေး သတင်းရေး သမား တစ်ယောက်ပါ။ Non-CDM ဝန်ထမ်းပါ။ အဓိက မီးရထားမှာ CDM တွေ အိမ်ရာတွေကနေ အတင်းအကျပ် ပြောင်းရွှေ့ခိုင်းတုန်းက CDM ဦးဆောင်သူတွေရဲ့ အမည်တွေကို စစ်တပ်ဘက်ကို သတင်းပေးတယ်ဆိုပြီး CDM ဝန်ထမ်းတွေဘက်က မှတ်ချက်ပြုထားတာရှိပါတယ်" ဟု မီးရထားဝန်ထမ်းတစ်ဦးက ဆိုသည်။

ဖြုတ်ပြီဟ မအေလိုးတွေကို ကြည့်ကောင်းလိုက်တာ

 ဗားကရာ ယာဉ်ထိန်းရဲကင်းရုံး ပစ်ခတ်မှု ရုပ်သံဖိုင်ထွက်ပေါ် 


----------------


စမ်းချောင်းမြို့နယ် ဗားကရာချောက်ရှိ ယာဉ်ထိန်းရဲကင်းရုံးကို ယနေ့ နေ့လည် ၂နာရီခန့်က ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရခဲ့သည်။ 


ထိုဖြစ်စဉ်ကို ကားပေါ်မှ သေနတ်ဖြင့် ချိန်ရွယ်ပစ်ခတ်ခဲ့သည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာထက်တွင် ယခုညပိုင်း ပျံ့နှံ့လာခဲ့သည်။ 


ပစ်ခတ်မှုနောက်ပိုင်း စစ်ကောင်စီတပ်သားများနှင့် ရဲများ အလုံးအရင်းလာရောက်ကာ လမ်းပိတ်ဆို့စစ်ဆေး


ခဲ့သည်။

Saturday, October 16, 2021

မအလ အား အာဆီယံ အစည်းဝေးတက်ရောက်ရန် ခွင့်မပြု ထုပ်ပယ်လိုက်သည်။

 မင်းအောင်လှိုင် အား အာဆီယံ ထိပ်သီး အစည်းအဝေး မှ ဖယ်ထုတ်လိုက်ပြီ

****************************************


အောက်တိုဘာ ၂၆-၂၈ တွင် ပြုလုပ်ရန် ရှိသည့် အာဆီယံ ထိပ်သီး စည်းဝေးပွဲသို့ တက်ရောက်ခွင့် မပြုရန် သဘောတူ လိုက်ကြခြင်းဖြင့် အာဆီယံ၏ သမိုင်းတွင် ရှားရှားပါးပါး တင်းမာစွာ ရပ်တည်ချက် အဖြစ် သမိုင်းတွင်သွားမည့် ဆုံးဖြတ်ချက်ကို သောကြာနေ့ အစည်းအဝေးတွင် ချမှတ်လိုက်ပြီ ဖြစ်သည်။ တရားဝင် ကြေညာချက်ကို စနေနေ့တွင် ထုတ်ပြန်သွားမည်ဟု အစည်းအဝေး နှင့် နီးစပ်သော သတင်းရပ်ကွက် များက ဆိုသည်ဟု သတင်းများ တွင် ပါရှိလာခဲ့ပြီး ဖြစ်သည်။ 


ယင်းသည် ၎င်းတို့ အားလုံး စိတ်တူကိုယ်တူ ချမှတ်ခဲ့သည့် အချက် ငါးချက်ကို ငါးလ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တခုတလေမျှပင် လိုလိုလားလား တုန့်ပြန်ခဲ့ခြင်း မရှိမှု အတွက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး များ အထူး အစည်းအဝေးခေါပြီး နှစ်နာရီကျော်ကြာ မာရသွန် ဆွေးနွေးခဲ့ကြပြီးနောက် ယခုလို ဆုံးဖြတ် လိုက်ခြင်းပင် ဖြစ်သည်။


အာဆီယံ နိုင်ငံများသည် မိမိတို့ နိုင်ငံသားများ တိုးတက်ဖွံ့ဖြိုးပြီး အများနှင့် တန်းတူ ရင်ဘောင် တန်းနိုင်ရေး အတွက် နိုင်ငံတကာ နှင့် ရှေ့လျှောက် ပူးပေါင်း ဆောင်ရွက်သွားရေး၊ ကိုဗစ် အလွန် စီးပွားရေး အစီအမံများ အကောင်အထည်ဖေါ်‌ရေး၊ တို့အား စိတ်အားထက်သန်နေကြချိန်တွင် မင်းအောင်လှိုင် ကဲ့သို့ အာဏာရူးများကို မျက်စိမှိတ် ဆွဲခေါ်သွားဖို့ အရေးသည် အဘယ်မှာလျှင် ဖြစ်နိုင်ခြေ ရှိအံပေမည်နည်း။ နောက်ထပ် လိမ်ညာ ပြောဆိုလာဦးမည့် အရေးကြောင့် အွန်လိုင်းမှပင် အတူတူ မျက်နှာခြင်းဆိုင် စကားပြောဆိုလိုကြဟန် မတွေ့ ရတော့ပေ။


ထို့ပြင် ၎င်းတို့မှ သန်းကောင်ယံ ကြေညာချက် ထုတ်ပြန်ပြီး ပြေရာပြေကြောင်း အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့သည့် လက္ခဏာများ တွေ့ခဲ့ရသော်လည်း ပြဿနာမှာ စစ်ကောင်စီ၏ စကားများကို မည်သူမျှ အလေးအနက် မထား ကြတော့ သည်ကို အာဆီယံ၏ ဆုံးဖြတ်ချက်က အထင်အရှား ပြဆိုနေပေသည်။


မင်းအောင်လှိုင် တက်ရောက်မည့် အရေးကို အပြင်းအထန် ဆန့်ကျင်ခဲ့သည့် နိုင်ငံများက မလေးရှား နှင့် ဖိလစ်ပိုင်တို့ပင် ဖြစ်သည်။ ဤသည်ကလည်း စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်း၏ မခန့်လေးစား ပြောဆိုခဲ့မှု သည်လည်း တကြောင်း အပါအဝင် ဖြစ်ဖွယ် ရှိနေသည်။


ဇော်မင်းထွန်းသည် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးမှ မင်းအောင်လှိုင်အား ခေါ်သင့် မခေါ်သင့်ကို မိမိတို့ ဆွေးနွေး ဆုံး ဖြတ်ဖွယ် ရှိသည်ဟု ပြောဆိုခဲ့ခြင်း အပေါ် ယင်းသည် သူ၏ ပုဂ္ဂိုလ်ရေး အမြင် ဟု မခန့် လေးစား ပြောဆိုသွားခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် အဖွဲ့ကြီးတွင် ဩဇာတက္ကိမ ရှိသည့် မလေးရှား မှ ဖြစ်အောင် လုပ်ခဲ့ခြင်းသာ ဖြစ်ပေမည်။


မင်းအောင်လှိုင်သာမက ယခုအခါ ဝဏ္ဏမောင်လွင်ပါ တက်ရောက်ရန် မသေချာတော့ပေ။ အာဆီယံ၏ ဆုံးဖြတ် ချက်ကို အတွင်းကျကျ သိရှိထားသော သတင်းရပ်ကွက်များ အဆိုအရ နိုင်ငံရေး နှင့် မပတ်သက်သော လူ တဦးဦး သာ တက်ခွင့်ပေးမည် ဆို၍ အတွင်းဝန်တဦးဦး တက်ရောက်ရဖို့ ရှိနေသည်။ ဤသည်ကို သဘော မတူ ပါက မြန်မာနေရာ အား ကွက်လပ် ထားမည်ဟုလည်း ဆိုသည်။ ထိုအနေအထား ကို အားလုံး ပါဝင်နိုင်သည့် ဆွေးနွေးပွဲများမှ တဆင့် ဒီမိုကရေစီ ပြန်လည် ထားရှိအောင် မလုပ်နိုင်မချင်း ထားရှိသွားမည့် အလားအလာ များကို အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး မှ အရိပ်အမြွက် ပြောဆိုသွားခဲ့သည်။


အမေရိကန်၊ ကနေဒါ၊ ဩစတေးလျှ၊ တောင်ကိုရီယား၊ ဗြိတိန် နှင့် အီးယူ နိုင်ငံများ မှ မြန်မာ နိုင်ငံ၏ အခြေ အနေ ဆိုးဝါးလာနေမှုများသည် သေရေးရှင်ရေး တမျှ အရေးကြီးလာနေပြီဖြစ်၍ အာဆီယံ အထူး သံတမန်၏ နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့မှ ဖြစ်မည် ဆိုသော ရပ်တည်ချက်ကို ထောက်ခံကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်လာခဲ့ကြသည်။


အာဆီယံ၏ ယခုလို ဆုံးဖြတ်လိုက်မှုသည် တွေဝေယိမ်းယိုင်နေဆဲ ဖြစ်သော ကုလသမဂ္ဂ ဆိုင်ရာ သံအမတ် ခန့်အပ်လွှာ အတည်ပြုရေး ကော်မတီ အား မီးမောင်းထိုးပြ ပေးလိုက်ခြင်းပင် ဖြစ်သည်။ 


အာဆီယံ ၏ လက်တွေ့ဖြစ်စဉ်များ နှင့် မနီးစပ်သည့် အဖွဲ့ဝင် နိုင်ငံတခု၏ ပြည်တွင်းရေးအား ဝင်‌ရောက် မစွက် ဖက်ရေး မူကို လှေနံဓါးထစ် စွဲကိုင်ထားခဲ့မှုကြောင့် အဖွဲ့ဝင် နှစ်နိုင်ငံ ဖြစ်သော မြန်မာမှ မင်းအောင်လှိုင် နှင့် ဖိလစ်ပိုင်မှ ဒူတာတေး တို့ နှစ်ဦးသည် အိုင်စီစီ၏ တရားစွဲဆိုခံရဖို့ အထိ ဖြစ်လာခဲ့ပေပြီ။


ယခုအခါ ကုလ လူ့အခွင့်အရေး ကောင်စီမှ ရိုဟင်ဂျာ များ အပေါ် အကြမ်းဖက် သတ်ဖြတ်ခဲ့မှုများ အတွက် ဖွဲ့စည်းပေးခဲ့သော လွတ်လပ်သည့် အထူး စုံစမ်း စစ်ဆေးရေး လုပ်ငန်းစဉ် အဖွဲ့ Independent Investigative Mechanism for Myanmar (IIMM) ၏ အကြီးအကဲ နီကိုလပ်စ် ကူဂျီယန် က မိမိတို့ အဖွဲ့ဝင် ၅၉ ဦးအနေနှင့် စနစ်တကျ ရှာဖွေ စုဆောင်းထားသော နှစ်သန်းနီးပါးရှိ သက်သေအထောက်အထားများ ပုပ်သိုးဆွေးမြေ့ မပျောက် ပျက်မီ ပြစ်မှု ကျူးလွန်ထားသူများ အား အချိန်မီ တရားစွဲဆိုရန် လိုအပ်နေပြီ ဖြစ်သည်ဟု ကုလသမဂ္ဂ သတင်း ပြန်ကြားရေး ဌာန နှင့် တွေ့ဆုံ မေးမြန်းခန်း တွင် တရားဝင် ဆော်‌သြ လိုက်ပြီ ဖြစ်သည်။


မင်းအောင်လှိုင် အဖို့က မင်း အဖြစ်သာ ရောက်ရှိနေခဲ့သော်လည်း တရာ့တပါးသော မင်းများက အဖက် မလုပ် သည့် မင်း ဘဝ ရောက်ရှိသွားခဲ့ရသည်။


မိမိနိုင်ငံသားများ အပေါ် အတင်းအဓမ္မ ဖမ်းဆီး သတ်ဖြတ် နှိပ်စက်နေသည့် ရိုင်းစိုင်း ကြမ်းကြုပ်သော လုပ်ရပ် များကို နှစ်ဆယ် တရာစု လူ့အသိုက်အဝန်း ကြီး က မည်သို့မျှ လက်မခံနိုင်တော့ ဆိုသည်ကို ပြတ်သားစွာ ပြဆိုလာခြင်း ဖြစ်သည်။


မနာလို ဝန်တိုမှုများ၊ မိမိကိုယ် မိမိ အထင်ကြီးမှု၊ မိုက်ရူးရဲမှုများ ဖြင့် မလုပ်သင့် မလုပ်ထိုက်သည်များကို ကျူးလွန်မိခဲ့သော မင်းအောင်လှိုင်သည် အသက်ကြီးကာမှ ရိပ်ကြီးခို၍ မရတော့သည့် ဘဝနိဂုံး နှင့် ရင်ဆိုင် ရပေတော့မည်။


အာဆီယံ၏ ဆုံးဖြတ်ချက်သည် ပြည်သူတို့ ဆင်နွှဲနေသော အာဏာရှင် အမြစ်ပြတ် တော်လှန်ရေးကြီး အတွက် စိတ်ဓါတ်ရေးရာ အရ ကြီးမားသော ပံ့ပိုးပေးခဲ့မှု အဖြစ် ကြိုဆိုကြရမည်သာ ဖြစ်သည်။


ယခုအခါ ဧရာဝတီ သတင်း အဆိုအရ အရည်အတွက် အားဖြင့် ၇၆၀ ခန့် ရှိသော စစ်ဖက် နှင့် ရဲဖက် မှ အမှုထမ်းများသည် ပြည်သူ ဘက်တော်သားများထံ ခိုလှုံရန် ဆက်သွယ်လာနေကြပြီ ဟု သိရသည်။


တော်လှန်ရေးကြီ


း မုချအောင်ရမည်!!!

.

Hla Soewai

Thursday, September 30, 2021

အိမ်မီးလောင်သည်ကိုကြည့်ပြီး တတွတ်တွတ်ပြောနေသူ။


အာဏာသိမ်း အဖွဲ့၏ ပြောခွင့်ရ ဇော်မင်းထွန်းသည် လက်ရှိ တိုင်းပြည် စီးပွားရေး အဖတ်ဆယ်မရအောင် ပျက်ယွင်းလာနေမှု ကို ကိုဗစ် ကြောင့် ဟု လွှဲချခဲ့ပြီ ဖြစ်သည်။ ထိုသို့ ပြောရန်မှ အပ အခြား မည်သို့မျှ ခုခံ ချေပ၍ မရနိုင် သည် ကို အားလုံးက မျှော်လင့်ထားပြီး ဖြစ်၍လည်း အံ့အားတသင့် တော့ မဖြစ်မိကြပေ။


ကိုဗစ် သည် မြန်မာ တနိုင်ငံတည်း ကွက်၍ ဖြစ်သည် မဟုတ်၊ အိမ်နီးချင်း နိုင်ငံများ အပြင် တကမ္ဘာလုံး ရိုက်ခတ် ခံခဲ့ရသည့် ကပ်ဆိုးကြီး ဖြစ်သည်။ သို့သော် စီးပွားရေး ဖက်တွင်ကား မြန်မာ လောက် အခြေ အနေ ဆိုးစွာ မခံစားခဲ့ရ၊ နာလံပြန်ထူ လာနိုင်ကြသည်ချည်း ဖြစ်သည်။ ဈေးများ အဆမတန် တက်၍ ငွေတန်ဖိုး ၆၀% ခန့် ဆုံးရှုံးသွားသည့် အထိ တော့ အခြေအနေ မဆိုးခဲ့ပေ။ ထိုသို့ ဖြစ်လာခဲ့လျှင်လည်း ထိုအစိုးရ အဖွဲ့ ပြုတ်ကျ သွားမည်မှာ ဗေဒင်မေးစရာ မလို၊ သူတို့၏ စီးပွားရေး စစ်တမ်းအား ပြန်လည် လှန်လှော ဆန်းစစ် စရာပင် မလိုပေ။


သို့သော် ခေါင်ချုပ်ကြီး မင်းအောင်လှိုင်ကတော့ စီးပွားရေး ကို မည်သို့ အဖတ်ဆယ်မည် အစရှိသည်တို့ တလုံး တပါဒ မျှ မပါ၊ မြေအောက်ရထား၊ မိုးပျံတံတား၊ လျှပ်စစ် ကား၊ ပြည်တွင်း ထုတ် ကိုဗစ် ကာကွယ်ဆေး အစ ရှိသည့် ပေါက်ပန်းဈေး စကားများဖြင့် လူရယ်စရာ ဖြစ်အောင် သာ လျှောက်ပြောလျှက် ရှိနေသည်။ မြန်မာသည် ငါးနှစ် အတွင်း ဝင်ငွေ အလယ်အလတ် အဆင့်အတန်းရှိ နိုင်ငံ အဆင့် ရောက်မည်ဟု ပြောနေသော်လည်း ထိုသို့ ပြောပြီး တပတ်အကြာတွင် ဇော်မင်းထွန်းကတော့ မိမိတို့ လက်ထက်တွင် တိုင်းပြည် စီးပွားရေး ယိုယွင်း ပျက်စီး လာသည်မို့ တာဝန်ယူ ဖြေရှင်းမည်ဟု ဝန်ခံသွားခဲ့သည်။ စကားအရာသာ ဖြစ်ပြီး လက်ရှိ အနေအထားကို မည်သို့သော တန်ခိုး ရှင်ကမျှ စွမ်းဆောင် နိုင်ချေ ရှိမည် မဟုတ်သဖြင့် ဒေါ်စိန်အေး အတန်းပညာ မျှသာ ရှိသူ များအဖို့ တွေးပင် မတွေးရဲလောက်အောင် အနေအထား ဖြစ်နေသော်လည်း ပါးစပ်က ပြောထွက်ရဲကြဆဲပင် ဖြစ်သည်။ ၎င်းတို့ ကျွမ်းကျင်ပါသည် ဆိုသော စစ်ရေး သေနင်္ဂဗျူဟာသည်ပင် ထိရောက်စွာ စွမ်းဆောင်နိုင်ခြင်း မရှိသည့်အဖြစ်ကိုလည်း တတိုင်းပြည်လုံး တအံ့တဩ ကြုံတွေ့နေကြရပြီး ဖြစ်သည်။


 Frontier Myanmar က မင်းအောင်လှိုင်၏ ရူးသွပ်မှုအား လက်လုပ်လက်စား တယောက်သည် သူပိုင် ခနော်နီ ခနော်နဲ့ သစ်သားအိမ်လေး မီးလောင်ကျွမ်း နေသည်ကို မရမက ငြိမ်းသတ်နိုင်ရန် အားထုတ်ရမည့်အစား ထိုင် ကြည့်ရင်းက ထိုနေရာတွင် ခန့်ညား ထယ်ဝါလှသော အိမ်တော်ကြီး တခု ပြန်ဆောက် ပြစ်မည်ဟု တတွတ်တွတ် ပြောဆိုနေပုံ နှင့် မခြား ဖြစ်နေသည်ဟု နှိုင်းယှဉ်သွားခဲ့သည်။


ထိုသို့သော လူမျိုးကို မြင်သူ အပေါင်းက သူရူးတယောက်ဟု မမှတ်ယူလျှင် အဘယ်မည်သော လူကို မှတ်ယူ နိုင်ပေတော့မည်နည်း။


Frontier Myanmar မှ ဆက်လက် ရေးသားရာတွင် ၎င်း ၏ အပြောအဆိုများကို ကြည့်က မာကရို စီးပွားရေး သဘောတရား ဆိုသည်ကို နကန်းတလုံးမျှ သိသူ မဟုတ်သည့်အပြင် စီးပွားရေး ကို ပြန်လည် အဖတ်ဆယ် နိုင်သည့် စီမံခန့်ခွဲမှု အရည်အသွေး မရှိသည်မှာ ထင်ရှားနေသည်ဟု ဆိုသည်။ 


မာကရို စီးပွားရေး သဘောတရားသည် ဘဏ်အတိုးနှုန်း၊ အလုပ်လက်မဲ့နှုန်း၊ အခွန် ရရှိမှု၊ တိုင်းပြည်ဝင်ငွေ၊ အစိုးရ အသုံးစရိတ်များကို ဟန်ချက်ညီညီ ထိန်းကာ စီးပွားရေး တည်ငြိမ် တိုးတက်ရန် ပေါင်းစပ်ဖေါ်ဆောင်ခြင်း မျိုး ဖြစ်သည်။


သို့သော် ၎င်း ၏ အနေအထား ကို အားလုံးက သိထားပြီး ဖြစ်၍ အဘယ်ကြောင့် ထိုသို့ ပြောလာသည်ကို ဆန်းစစ်ကြည့်ရမည်ဟု ဆိုသည်။


စစ်ကောင်စီ ၏ စီးပွားရေး မူဝါဒ များသည် ပြည်တွင်း ဖူလုံရေး၊ သွင်းကုန်အစားထိုးရေး၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ များ ဖြင့် ပြည်တွင်း ရှိ လက်ဝါးကြီးအုပ် စက်မှု လုပ်ငန်းများ အား အကာအကွယ် ပေးနိုင်ရေး တို့ အပေါ် အဓိက ထားခဲ့သည်။ 


ဤသည်မှာ ရိုက်ခတ်လာမည့် နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု များကို တန်ပြန်နိုင်ရန် ကြိုတင် စီမံလာ ခြင်းပင် ဖြစ်သည်။ ပြည်သူများ၏ ကောင်းကျိုးချမ်းသာ သည်ကား အဓိက မဟုတ်၊ ၎င်းတို့အနေနှင့် မည်သို့ မည်ပုံ လူထုအား နားလှည့်ပါးရိုက်လုပ်ခြင်းဖြင့် အာဏာကို စွဲကိုင်ထားနိုင်ရေး သာ ဖြစ်သည်။


၎င်းတို့၏ နားလှည့်ပါးရိုက်မည့် အကြံကို အဓိက ခြိမ်းချောက်လာနေသည်ကား ဘဏ်လုပ်ငန်းများ အကြပ် ရိုက်လာနေခြင်းနှင့် ကျပ်ငွေတန်ဖိုး တရဟော ကျဆင်းလာနေခြင်းတို့ပင် ဖြစ်သည်။


ထိုသို့သော အနေအထား တွင် တိုင်းပြည်စီးပွားရေးကို အသေးစား လယ်ယာ လုပ်ငန်း များ အပေါ် အထူး ဦးစားပေး လာခြင်းပင် ဖြစ်သည်။


ယခု နှစ် မိုးရာသီ အတွင်း လယ်သမားများ ဓါတ်မြေဩဇာ အသုံး ကျဆင်းလာမှုကြောင့် သီးနှံ အထွက်နှုန်း သိသိသာသာ ကျဆင်းလာမည်ဟု ခန့်မှန်းခဲ့သည်။ ဤသည်ကလည်း ကမ္ဘာအနှံ့ ဓါတ်မြေဩဇာဈေး မြင့်တက် လာမှု နှင့် ပြည်တွင်း စီးပွားရေး အကြပ်အတည်းများ ကြောင့် ဖြစ်သည်ဟု ဆိုသည်။ ကျပ်ငွေတန်ဖိုး ကျဆင်း လာနေမှုများ ကြောင့် မျိုးစေ့ နှင့် လယ်ယာသုံး စက် ပစ္စည်းများ ၏ သွင်းကုန် ဈေးနှုန်းများ မြင့်တက်လာနေခြင်း ဖြစ်သည်။


နိုင်ငံတကာ စားသောက်ကုန် မူဝါဒ နှင့် သုတေသန အဖွဲ့ ၏ စစ်တမ်းများအရ နိုင်ငံ တွင်း ဓါတ်မြေဩဇာ သုံးစွဲမှု သည် ယမန်နှစ် ကထက် တဝက်ခန့် ကျဆင်းသွားကြောင်း ဖေါ်ပြထားသည်။ ပြည်တွင်း ရှိ လက်လုပ်လက်စား ဘဝနှင့် အသက်ဆက်နေရသူ အဖို့ လယ်ယာ ကဏ္ဍ ထုတ်ကုန်များ ကို အမှီပြုနေရ သဖြင့် ထိုအပိုင်း တွင် အသုံး စရိတ်များ ကျဆင်းလာမှုသည် မာကရို စီးပွားရေး အား ပြင်းထန်စွာ ရိုက်ခတ်ခံရဖို့ ရှိလာသည်။


၂၀၂၀ အောက်တိုဘာ မှ ယခုအထိ လယ်ယာ သုံး အတွက် ပြည်ပမှ တင်သွင်းမှု ၃၄% ကျဆင်းသွားသည်ဟု စစ်ကောင်စီ ၏ ကူးသန်းရောင်းဝယ်ရေးဌာနမှ ထုတ်ပြန်သော စာရင်းဇယားများ အရ သိရသည်။


တိုင်းပြည် စီးပွားရေး ၏ ကဏ္ဍ အသီးသီး ရှိ ပြဒါး မှတ်တိုင်များသည် အနီရောင် အချက်ပြ မီးများ တလက်လက် ထွန်းလင်းလာနေသော်လည်း အဆိုပါ ပြဿနာများကို လတ်တလော ဖြေရှင်းရန် စီမံခန့်ခွဲမှု ဟူ၍ ထွက်မလာဘဲ အလယ်အလတ် နှင့် ရေရှည် စီမံချက်များသာ ပါရှိလာသည်။


လက်ရှိ အကြပ်အတည်းသည် တိုင်းပြည်စီးပွားရေး အထူးသဖြင့် ပုဂ္ဂလိက ဘဏ်များ အပေါ် အယုံအကြည် မရှိမှုကြောင့် ပင် ဖြစ်၍ အမျိုးသား ဒီမိုကရေစီ အစိုးရ အာဏာ ပြန်မရမချင်း ဖြေရှင်းနိုင်စွမ်း ရှိမည် မဟုတ်ပေ။


နောက်တနည်း ဖြေရှင်း၍ ရနိုင်သည်က နိုင်ငံတကာ မှ ဒေါ်လာ သန်း ထောင်ချီ ထောက်ပံ့၍ ဝင်ရောက် ကယ် တင်ပေးမှ ဖြစ်မည်။ သို့သော် ထိုသို့ ဖြစ်လာဖို့က ၎င်းတို့၏ လူမဆန်သော အပြုအမူများကြောင့် မည်သူကမျှ တုတ်တုတ်မှ လှုပ်မည် မဟုတ်ပေ။


ထို့အတွက် ပြည်တွင်း ပြည်ပမှ တရားဝင် အသိအမှတ် ပြုခံထားရသော အစိုးရ ပေါ်ပေါက်ပြီး ဒီမိုကရေစီ လမ်းကြောင်း ပေါ် ပြန်လည် တက်လှမ်းလာနိုင်မှသာ မျှော်လင့်၍ ရမည့် အရေးလည်း ဖြစ်သည်။


ထိုသို့ ဖြစ်လာဖို့ အခွင့်အလမ်း မရှိသလောက် ဖြစ်နေသည်။ အလိုတော်ရိများက မင်းအောင်လှိုင်၏ တိမ်ပေါ်တွင် ပြေးလွှားရင်း စိတ်ကူးယဉ် ပြောဆိုနေမှုများကို အမြော်အမြင် ကြီးလှပေသည်ဟု ဆက်ပြီး မြှောက်ပင့် ပေးနေ ကြဦးမည်သာ ဖြစ်ပြီး လူထုအဖို့က ဆင်းရဲတွင်း နက်သည်ထက် နက်လာဖို့ ရှိနေသည်ဟု ရေးသားထားသည်။


ကုလ အတွင်းရေးမှူးချုပ် အန်ထိုနီ ဂူတာရက်စ် က အထွေထွေ ညီလာခံသို့ တင်သွင်းသော အစီရင်ခံစာတွင် မြန်မာ နိုင်ငံအား ဒီမိုကရေစီ လမ်းကြောင်း ပေါ် ပြန်လည် ရောက်ရှိရန် နိုင်ငံတကာ နှင့် ဒေသတွင်း နိုင်ငံများ အတူ ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းသွားခဲ့သည်။ မြန်မာပြည်သူများ၏ ဒီမိုကရေစီ လိုလားသော ပြင်းပြသည့် ဆန္ဒကို ဝိုင်းဝန်း ထောက်ခံပေးကြရန်လည်း ပါရှိသည်။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် အစိုးရ အရာရှိကြီးများကို အမြန်ဆုံး ပြန်လွှတ်ပေးရေး ဝိုင်းဝန်း ကြိုး ပမ်းကြရန်လည်း တောင်းဆိုသွားခဲ့သည်။


သူ၏ အစီရင်ခံစာတွင် စစ်ကောင်စီ တပ်များ က စိတ်မထင်လျှင် မထင်သလို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ အစ ဖျောက်ပြစ်ခြင်း၊ ညအချိန် အိမ်များကို ဥပဒေမဲ့ ဝင်ရောက်စီးနင်းခြင်း၊ ခြိမ်းခြောက် အကြပ်ကိုင် နှိပ်စက်ခြင်း များ ကျုးလွန်နေကြောင်း လည်း တင်ပြသွားခဲ့သည်။ ထို့အပြင် လိင်ပိုင်း ဆိုင်ရာ ကျူးလွန်ခြင်း ခံခဲ့ရသည့် သတင်း အစီရင်ခံစာများလည်း ရရှိထားခဲ့ကြောင်း တင်ပြသွားခဲ့သည်။


ကုလ အတွင်းရေးမှူးချုပ်၏ မင်းပရိသတ် အလယ်တွင် တင်ပြလိုက်သော အစီရင်ခံစာသည် စစ်ကောင်စီ အဖို့ လူတော တိုး၍ မရလောက်အောင် အရှိုက်ထိသွားခဲ့ပြီ ဖြစ်သည်။ သို့သော် အကြမ်းဖက် ဖြေရှင်းရန် လောက်သာ အသိဉာဏ်ရှိသော စစ်ကောင်စီ သည် ကမ္ဘာအလည်တွင် နိုင်ငံများက မချစ်သော်လည်း အောင့်ကာနမ်း အဆင့် ဖြင့် ဆက်ဆံခံနေရသည့် ရုရှား နှင့် တရုတ်ကို မိုက်မဲစွာ အားကိုးပြုလျှက် အသက်ဆက်ရန် အကြံအစည်က ရှိနေပေသေးသည်။


တဖက်တွင်လည်း အာဏာရူး တယောက်ကြောင့် တတိုင်းပြည်လုံး ဒုက္ခရောက်ခြင်းမက ရောက်ရလုဆဲဆဲ ဖြစ်လာနေသည်ကို အချိန်မီ ဟန့်တား နိုင်ရန် မြန်မာ့ သားကောင်း များစွာ ဖြင့် ဖွဲ့စည်းထားသော ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကတော့ စစ်ကောင်စီ အကြမ်းဖက် တပ်များကို နိုင်ငံ တဝှမ်း ပြင်းပြင်းထန်ထန် တိုက်ခိုက်တွန်းလှန်နေပြီ ဖြစ်သည်။


လက်ရှိ စစ်ပွဲသည် နိုင်ငံရေး ကွဲပြားမှု ကို လက်နက်ကိုင် ဖြေရှင်းရန် ပေါ်ပေါက်လာသော စစ်ပွဲမျိုး မဟုတ်ဘဲ မိမိတို့၏ အသက်ရှင်နေထိုင်နိုင်ခွင့် ရရှိရေးနှင့် အနာဂတ် မျိုးဆက်များ ဆင်းရဲငတ်မွတ်စွာ နေထိုင်သွားကြရ တော့ မည့် အရေး မှ လွတ်မြောက်ပြီး အခြား နိုင်ငံသားများ နည်းတူ လူချင်းတူတူ သူချင်းမျှမျှ အသက်ရှူခွင့် ရနိုင်ရန် အတွက် အဓမ္မ ဝါဒီများကို ခုခံတော်လှန်နေသော စစ်ပွဲကြီးသာ ဖြစ်ပေသည်။


တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soewai

Monday, September 27, 2021

အဘထွက်ပွဲ


 အဘထွက်ပွဲ🇺🇲


ကချင်ကိုတိုက်မယ်ဆို ကရင်နဲ့အပစ်ရပ်တယ် ရှမ်းနဲ့တိုက်မယ်ဆို ကချင်နဲ့ကရင်ကို အပစ်ရပ်တယ်

ရခိုင်နဲ့ တိုက်မယ်ဆို ကျန်အဖွဲ့တွေကို ရပ်ထားတယ်


နှစ်ပေါင်း ၇၀ ကျော်လောက် စစ်တိုက်ပြီး လိမ်စား

လာတာ မဝသေးဘူးလား လို့စစ်အာဏာရူးတွေကို မေးချင်တယ် EAOs တွေကလဲဒီအရူးတွေ 

လုပ်သမျှနှစ်ပေါင်းများစွာ ဘာလို့ခံလာရတာလဲ


အခုချိန်ဟာ အားလုံးတညီတညွှတ်ထဲ တိုက်ရမယ့်

အချိန်ကို ရောက်ပါပြီ အဲ့လိုညီညွှတ်သွားမှာလဲ 

အဲ့အရူးတွေကသေအောင် ကြောက်ပါတယ်


သူတို့ဘာသာ ဘယ်လိုပဲကြေငြာကြေငြာ ကချင် ချင်း ကယားနဲ့ ကရင်ကတိုက်တာပဲ အခုဒင်းတို့အရူးမီးဝိုင်းနေပြီ တစ်နိုင်ငံလုံးလိုလို စစ်မျက်နှာဖွင့်

ထားရတော့ မပါသေးတဲ့ EAOs တွေဘက် လှည့်ပြီး ပါလာမှာစိုးလို့ ငါးလအပစ်ရပ်မယ်ဆိုပြီး ဘွာတေးလုပ်နေတာ အဲ့လိုလုပ်လို့ရပါသလား


ပြီးရင်ပြန်တိုက်မယ် ခုခဏရပ်မယ်ကွာ ရလား

အထက်မြန်မာပြည်မှာဆို ရွှေဘိုထိလောက်ပဲ ကောင်းကောင်းထိန်းထားလို့ရတယ် ရန်ကုန် မန္တလေးဆိုလဲ အုပ်ချုပ်လို့မရသလို မူံရွာ ပုလဲ ယင်းမာပင် ကနီ မင်းကင်းမှသည် ဂန့်ဂေါ ယော ကလေး

ချင်းပြည်နယ်တစ်ခုလုံးက စစ်မြေပြင်ဖြစ်နေတာ

မကွေးတစ်ဝက်ထိပါနေပြီ


အုပ်ချုပ်ရေးနဲ့ကာကွယ်ရေးကို မထိပါးသ၍ အပစ်

ရပ်မယ်ဆိုတော့ EAOs တွေနဲ့က အပျော်သဘော

ဒါမှမဟုတ် စီးပွားရေးအတွက် စစ်တိုက်နေတာလား

သူတို့ထိုင်ခုံ မပြုတ်တဲ့ စစ်ပွဲတွေတော့မတိုက်ဘူး

ငါတို့အုပ်ချုပ်လို့လဲမရ ငါတို့ကိုပြုတ်ကျအောင်လုပ်ရင်တိုက်မယ်ဆိုတဲ့ သဘောသက်ရောက်တော့ အခုထုတ်ပြန်ချက်က ရီစရာကြီးပေါ့


လုပ်စား စားဖား EAOsတွေက အကြိုက်ပဲ

ပေါက်ယူချမ်း ရွက်ဆစ် ခွန်ဥက္ကာ အောင်ခမ်းထီး

ထွန်းမြတ်နိုင် တို့ လုပ်စားလို့ ပိုကောင်းသွားတာပေါ့

စစ်ကို တစ်နှစ်မှာ ဘယ်ရက်တိုက် ဘယ်ရပ်နား

ဘယ်နှစ်ယောက်သေ ဘယ်ရွာတွေမီးရိူ့ ဘယ်ရွာတွေပြေး နှစ်ဖက် plan ဆွဲ လုပ်ပွဲကစားနေကြတာ

လုပ်စား EAOsတွေနဲ့ အာဏာရူးတွေပဲရှိတယ်


အခုလဲ မြေပြင်မှာ အရူံးကြီးရူံးနေသလို တပ်ထဲလဲ

မညီညွှတ်ကြတော့ဘူး အောက်ခြေကလဲ အသေခံ

ပေးနေရတော့ ကြာလာတဲ့အခါ သူတို့အသက်သူတို့

အစားပြန်ရလာတာမှ မဟုတ်တာ အမိန့်တွေကို ဖီဆန်လာကြပါပြီ 


နှစ်ပေါင်း ၇၀ လုံးလုံး မြို့ပြအတိုက်ခံခဲ့ရတာ မရှိခဲ့ဘူး အခုဆို မြို့ပြတွေမှာ နေ့စဥ် ဝှန်းဒိုင်းကြဲနေ

ပြီ အဓိကမြို့ကြီးတွေကို ဆက်ထိန်းနိုင်ဖို့မရှိတော့

ဘူး


တစ်ပြိုင်နက်ထဲ စုပေါင်းပြီးတိုက်လာမှာကို စကစ

သေ​အောင်ကို ကြောက်နေပါပြီ နိုင်ငံတကာဖိအား

ကလဲ ပိုမိုပြင်းထန်လာသလို အချိန်မရွေးဝင်ပါလာ

နိုင်ပါတယ် မြန်မာဟာ US နဲ့တရုတ်တို့ရဲ့ Proxy War ပုံစံဖြစ်လာမယ်ဆိုတာ အရင်ထဲကလဲ အကြိမ်

ကြိမ်ရေးသလိုပါပဲ အခုလဲ အဲ့နှစ်နိုင်ငံကစားရာ

ကစားကွင်းဖြစ်သွားတာပါပဲ


NUG ဟာ သံတမန်ရေးနဲ့ စစ်ရေးကို ချိန်ညှိကစား

နေပုံရပါတယ် အချိန်မရွေးလက်နက်တပ်ဆင်ပေး

န်ိင်တဲ့အင်အားရှိသလို မိတ်ဆွေနိုင်ငံတွေလဲ ရှိပါတယ် AA တောင် လက်နက်ကိုင်နိုင်သေးတာ NUG

က PDF ကိုလက်နက်တပ်မပေးနိုင်စရာ မရှိပါဘူး


သို့သော်လဲ

အမျှော်အမြင်ရှိပြီး တိုင်းပြည်အကျိုးရေရှည်ကြည့်

တဲ့အစိုးရပီပီ တိုင်းပြည်ကြေမွသွားမှာ ပြည်သူတွေ

အတုံးအရူန်းသေကြမှာကို မလိုလားလို့ အတတ်နိုင်

ဆုံး သံတမန်ရေး နိုင်ငံရေးနဲ့ Mind Gameတွေနဲ့သာ

စကစကို နောက်ဆုတ်မလားဆိုပြီး နိုင်ငံတကာဖိအားနဲ့ကျပ်နေတာပါ မရတော့ရင်တော့ လက်တွေ့

ပွဲတွေ လာပါတော့မယ်


စကစဘက်ကလဲ နောက်ဆုတ်လို့ မရတော့ပါဘူး

ပြန်လမ်းမဲ့ လမ်း ကိုရွေးထားတာပါ ဒီတော့ ဘယ်သူလက်ခံခံ မခံခံအဆုံးထိမိုက်မှာပါ ဒီနေရာမှာတစ်

ကွက်ကျန်နေတာက အာဏာရှင်ဟောင်းတစ်စုပါ

မင်းအောင်လိူင်ဟာ သူ့ဆရာသမားတစ်စုကို ဒီနေ့ထိ မလွန်ဆန်ရဲပါဘူး အခုအာဏာသိမ်းမူ့ ဖြစ်စဥ်

ဆိုတာလဲ မင်းအောင်လိူင်တစ်ယောက်ထဲ မလုပ်ရဲ

ပါဘူး


အာဏာရှင်ဟောင်းတစ်စုနဲ့ မင်းအောင်လိူင်တို့ ၂၀၁၅ မှာအရူံးကြီး ရူံးပြီးထဲက ကြိုတင်စီစဥ်ထား

ခဲ့ကြတာပါ မင်းအောင်လိူင်ဟာ ဘာအရည်အချင်း

မှမရှိတာ သူပြောတဲ့စကားတွေကြည့်ရင် သိသာပါ

တယ် သူဟာ ရှေ့ကျားသာသာပါပဲ 


၈၈ကလို အလွယ်တကူ အာဏာသိမ်းမယ် NLDအုပ်စုကိုဖမ်းမယ် ဆူပူတာနည်းနည်းရှိမယ် ထိန်းလိုက်မယ် လို့ စကစကလျှော့တွက်ခဲ့ပါတယ်

အခုလို လူထုအုံကြွမူ့ CDMတွေပါဝင်လာမူ့ PDF

တွေအားကောင်းလာမူ့ NUG ရဲ့ ပေါက်ရောက်မူ့

တွေ ဖြစ်လာလိမ့်မယ် ထင်ထားပုံမရပါဘူး


ကမ္ဘာမှာ အဝေးရောက် အစိုးရတွေရှိပါတယ် ဥပမာ

တိဘက်က ဒလိုင်းလာမားတို့လိုပါ ဒါပေမယ့် NUG

လောက် မပေါက်ရောက်သလို သူတို့ပြည်သူကလဲ

တော်လှန်ရေးထက်သန်မူ့အားမရှိပါဘူး မြန်မာမှာတော့ ပြည်သူနဲ့ NUG အစိုးရဟာ တစ်သားထဲရှိ

သလို စကစအုပ်ချုပ်မူ့ကို ပြည်သူက ဘယ်လိုမှလက်မခံတာပါပဲ


ဆိုတော့

စကစ ကျရူံးဖို့ကလဲ 90%သေခြာနေပါပြီ ဒီအတွက်

စစ်အာဏာရှင်ဟောင်းတွေ ဆုတ်ကွက်အတွက် ကြို

ပြင်ဆင်ထားပြီးလဲ ဖြစ်မှာပါ ဘယ်လိုရွေ့လာမလဲ

ဆိုတာတော့စောင့်ကြည့်ရပါမယ် မင်းအောင်လိူင်ကို

ထိုးကျွေးပြီး လွတ်လမ်းရှာလာဖို့ရှိပါတယ် လွယ်နေရင်သာ ညီညွှတ်ကြပေမယ့် ကျပ်တည်းလာတဲ့အခါ

ဘယ်အဖွဲ့အစည်းမဆို ပြိုကွဲလာတာပါပဲ


မင်းအောင်လိူင် ဦးဆောင်မူ့နဲ့ အာဏာလုခဲ့ကြပေ

မယ့် အခုလိုအကျပ်အတည်းဖြစ်လာချိန်မှာ မင်းအောင်လိူင်ကို ယုံကြည်မူ့လဲ နည်းလာကြပါပြီ 

မြန်မာ့နွေဦးတော်လှန်ရေးဟာ ရောင်နီတင်မကတော့ပါဘူး နေပါထွက်လာပါပြီ ဒီအတွက်လဲ ဆက်အရှိန်မြှင့်ဖို့လိုပါတယ်


နေဝင်းမှသည်စောမောင် သန်းရွှေ မင်းအောင်လိူင်

ထိ တိုင်းပြည်ကို သူတို့အပိုင်လိုလုပ်ခဲ့ကြပြီး ပြည်

သူကိုစစ်ဖိနပ်နဲ့နင်း စည်းစိမ်ခံလာတဲ့ အာဏာရူးတွေ ထွက်ပွဲကတော့ အလွယ်နဲ့တော့ ထွက်မှာမဟုတ်တာကြောင့် မကြာခင် ပွဲကြမ်းတွေ ဖြစ်လာ

တော့မယ်လို့တော့ ပြောချင်ပါတယ်


ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ နိုင်မယ်

အရေးတော်ပုံ အောင်ရမယ်


မုဆိုး လက် 🇺🇲

Monday, September 20, 2021

မအေလိုးအကြမ်းဖက်စစ်တပ် သတ်လိုက်ပြန်ပြီ။


 မကွေးတိုင်းမြို့သစ်မြို့နယ်မှ ကျောင်းဆရာ ကိုအောင်သန်းဇော်ကို စစ်ကောင်စီတပ်က လည်ပင်းကို တေ့၍ သေနတ်ဖြင့် ပစ်သတ်၊ ယနေ့ သဂြိုလ်ပြီးစီး(ရုပ်/သံ)


ရန်ကုန်၊ စက်တင်ဘာ ၁၉ 


မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မြို့လုလင်ကျေးရွာမှ ကျောင်းဆရာ ကိုအောင်သန်းဇော် အသက် ၃၃ နှစ်ကို စစ်ကောင်စီတပ်များက စက်တင်ဘာလ ၁၇ ရက်နေ့ည ၉ နာရီတွင် ပစ်သတ်လိုက်ပြီး ယနေ့ ဂူသွင်းသဂြိုလ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ 


မကွေးတိုင်း မြိုသစ်မြို့နယ် မြို့လုလင်ကျေးရွာမှ ဦးအောင်သန်းဇော်နှင့် မောင်ကုလားတို့ ၂ ဦးသည် စက်တင်ဘာလ ၁၇ ရက်နေ့ ည ၉ နာရီ ကျေးရွာထိပ် ဆီပန့်ဆိုင်တွင် ဆိုင်ကယ် ဆီ သွားထည့်ကြောင်း၊ ထိုအချိန် စစ်ကောင်စီ တပ်များက ကင်းပုန်းဝပ်နေသည့် အတွက်ဦးအောင်သန်းဇော်နှင့်မောင်ကုလားကို ခေါ်ယူ မေးမြန်း ရိုက်နှက်ပြီး ဦးအောင်သန်းဇော်ကို သေနတ်ဖြင့် လည်ပင်းကို တေ့၍ ပစ်ခတ်ကြောင်း၊ လည်ပင်းဒဏ်ရာဖြင့် ဦးအောင်သန်းဇော်ကို ဆေးရုံတင်ပို့နေစဉ် စက်တင် ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဆုံးပါးသွားပြီး ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် သဂြိုလ်ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ 


"ည ၉ နာရီ မှာ ရွာထိပ် ဆီပန့်ဆိုင်ကို ဆိုင်ကယ်ဆီထည့်သွားတဲ့ ကိုအောင်သန်းဇော် အသက် ၃၃ နှစ် ၊မောင်ကုလား အသက် ၁၅ နှစ် ကို မိုင်တဲတာဝါတိုင်စောင့်တဲ့ စစ်သားတွေက ဆိုင်ကယ်ကို ရပ်ခိုင်းပြီး ဒူးထောက်ထိုင်ခိုင်းတယ်။ လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ခိုင်းပြီး သေနတ်ဒင်နဲ့ ရိုက်တယ်။ မင်းတို့ ဒီအချိန် အပြင်မထွက်ရဘူး ဆိုတာမသိဘူးလားလို့ မေးပြီး စစ်ဖိနပ်နဲ့ ကန်တယ်။ ကိုအောင်သန်းဇော်က ကျနော်တို့မသိလို့ ထွက်လာမိတယ်လို့ ပြောပေမယ့် မကျေနပ်ဘဲထုရိုက်တယ်။ "ကြောက်ပါပြီ မလုပ်ကြပါနဲ့ တောင်းပန်ချိန်မှာပဲ" ကိုအောင်သန်းဇော်ရဲ့ လည်ပင်းကို တေ့ပြီး သေနတ်နဲ့ ပစ်လိုက်တယ်။ ပစ်ခတ်ပြီးတော့မှ မင်းတို့ဖြစ်တာ ငါတို့နဲ့မဆိုင်ဘူး ပြန်တော့ ဆိုပြီး ပြန်ခိုင်းပါတယ်" ဟု မိသားစုနှင့်နီးစပ်သူက အခင်းဖြစ်စဉ်ကို ပြောပြသည်။ 


ဦးအောင်သန်းဇော်သည် အိမ်ပြန်တော့ဘဲလည်ပင်းတွင် သွေးများပန်းထွက်လျက် မြို့သစ်ဆေးရုံသို့ သွားကြောင်း၊ မြို့သစ်ဆေးရုံမှတစ်ဆင့် နေပြည်တော်ဆေးရုံကြီးသို့ လွှဲပြောင်းစဉ် ကွယ်လွန်ခဲ့ရကြောင်း သိရှိရသည်။ 


"မောင်ကုလားကိုတော့ စစ်သားတွေက ပစ်မယ့်အချိန်မှာ စစ်သားတစ်ယောက်က ကလေးကို မပစ်နဲ့ လို့တားလိုက်တာကြောင့် အသက်ဘေးလွတ်ပါတယ်။ကိုအောင်သန်းဇော်ကတော့ မေးစေ့အောက် လည်စေ့နေရာ ပေါက်ထွက် သွေးတွေ ပန်းထွက်နေ‌တာကြောင့် ရွာပြန်မလာဘဲ မြို့သစ်ဆေးရုံသို့ ဆိုင်ကယ်လက်တစ်ဖက်ဖြင့်မောင်း၊ လက်တစ်ဖက်ကသွေးထွက်ဒဏ်ရာကို ဖိပြီး သွားခဲ့ပါတယ်။ ဆေးရုံရောက်တဲ့အခါမှာ ဆေးရုံက လုံလောက်သောကုသမှုမပေးဘဲ နေပြည်တော်ကိုလွှဲခဲ့ပါတယ် ။ ရွာမှဆွေမျိုးတွေကလည်း သိသိချင်း လိုက်သွားကာ နေပြည်တော်သို့ လူမှုကူညီရေးအသင်းကားဖြင့်သွားခဲ့သော်လည်း နေပြည်တော် ကုတင် ၁၀၀၀ အရောက်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ ကိုအောင်သန်းဇော်တွင် ၆ နှစ်အရွယ် သားလေးတစ်ယောက်ကျန်ခဲ့ပါတယ်" ဟု မိသားစုနှင့်နီးစပ်သူကရှင်းပြသည်။ 


အကြမ်းဖက်စစ်ကောင်စီတပ်များသည် မကွေးမြို့နှင့် မကွေးတိုင်းဒေသကြီးတွင် ပြည်သူများကို နှိပ်စက် သတ်ဖြတ် ဖမ်းဆီးမှုများကို အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိပြီး ကျေးရွာများမှ ပြည်သူများမှာ စစ်တပ်ကို ကြောက် လန့်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

.

Khit Thit Media

Saturday, September 18, 2021

စိတ်ကူး ယဉ်နေကြရသည့် အဆင့် ဖြစ်လာနေ


 စိတ်ကူး ယဉ်နေကြရသည့် အဆင့် ဖြစ်လာနေ

****************************************


စစ်တပ်သည် နေ့စဉ်နှင့်အမျှ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုပ်စွာဖြင့် အကြမ်းဖက် စစ်ပွဲကြီး ဆင်နွှဲလာ နေသည့် သတင်းများသည် နေ့စဉ်လို ထွက်ပေါ်လာနေပြီ ဖြစ်၍ ကမ္ဘာတဝှမ်း က အာရုံစိုက်လာနေကြသည်။ 


ကုလ သမဂ္ဂ အထွေထွေ ညီလာခံတွင်ပင် ယခင် နှင့် လက်ရှိ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများ အတွက် ဂျီနိုဆိုက် အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုလာကြသည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှာ လောလောဆယ် အနေအထား အရ ထိုသို့ ပြောဆိုနိုင်ခွင့် မရှိ ဖြစ်နေသည့်အတွက် ယခုလို အမေရိကန် နှင့် ဗြိတိန် တို့အား ရှေ့တန်း မှနေ၍ ဦးဆောင်ဦးရွက် ပြုပါရန် ပြောဆိုနေခြင်းလည်း ဖြစ်သည်။


စစ်အာဏာရှင်တို့၏ ဆရာသမား ဖြစ်သူ တရုတ်ကိုပင် အဆိုပါ နှစ်နိုင်ငံအနေဖြင့် ဝီဂါများ အပေါ် ဂျီနိုဆိုက် ကျူးလွန်နေပါသည်ဟု စွပ်စွဲ ရဲပါလျှက် မြန်မာ ကျမှ အဘယ်ကြောင့် ရေငုံနှုတ်ပိတ်နေရသနည်းဟု ဗြိတိသျှ ပါလီမန် အမတ်တဦးမှ The Atlantic ဂျာနယ်တွင် ထောက်ပြလာခဲ့သည်။


အမေရိကန် ပြည်ထောင်စုက လောလောဆယ်တွင် အစွမ်းကုန် လေ့လာနေသည်ဟု နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင် က ပြောဆိုထားသော်လည်း တိကျရေရာသည့် သဘောမျိုး မတွေ့ရသေးပေ။ အမေရိကန် အဖို့ ထိုသို့ လူသိရှင်ကြား သတ်မှတ်လိုက်ပြီ ဆိုလျှင် ထိုအရေး ကို ရပ်တန့်အောင် မဖြစ်မနေ တခုခု လုပ်ရတော့ မည်ကို သိနေ၍ လည်း စိတ်မပါ လက်မပါ ဖြစ်နေခြင်းပင်။


အနည်းဆုံး ထိုအမှုများ အပေါ် စုံစမ်း အရေးယူပေးရန် လုံခြုံရေး ကောင်စီမှတဆင့် အိုင်စီစီ သို့ လွှဲပြောင်းပေး နိုင်ပေသည်။


အာဏာရှင်တို့ မည်သည် ၎င်းတို့ အပေါ် ပြင်းပြင်းထန်ထန် ထိခိုက်လာနိုင်သည်ဟု မယူဆသရွေ့ ပမာမခန့် ဖြင့် ဆက်လက် ကျူးလွန်နေကြဦးမည်သာ ဖြစ်သည်။ သို့သော် စစ်ခေါင်းဆောင်များက ပို၍ ပါးရည်နပ်ရည် ရှိလာ ကြပြီ ဖြစ်သည်။ လူသတ်မှု ကျူးလွန်ပြီး လက်ဗွေရာ မကျန် အောင် ဖျောက်ဖျက် တတ်သော ရာဇဝတ်သား များကဲ့ ယခုအခါ ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့များ နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသော ဒေသများ တွင် အင်တာနက်ကို ဖြတ်တောက်ပြီး အမှောင်ချထားလိုက်လေသည်။


စစ်တပ် မှ ရှယ်ယာ အများ အပြား ပိုင်ဆိုင်ထားသော မိုင်တဲ တယ်လီဖုန်း တာဝါ များအား တွန်းလှန် ခုခံစစ် ကို ဆင်နွှဲနေကြသော တော်လှန်ရေး တပ်ဖွဲ့များ က ဖြိုလှဲနေကြသည်။ ထိုလုပ်ရပ်သည် တိုင်းပြည်၏ အပေါ်ထပ် အဆောက်အအုံများကို ဖျက်ဆီးနေခြင်းဟု ပြောဆိုလာသော်လည်း ၎င်းတို့ နှင့် တသဘောတည်း ရှိသူများက လက်တဆုပ်စာသာ ရှိနေသည့် အဖြစ်ကို တွေးကြည့်လျှင် ရှက်ဖို့ ကောင်းနေရပေသည်။ 


မင်းအောင်လှိုင်ကတော့ ရောက်လေရာ အရပ်တွင် သွားရင်းလာရင်း လိုအပ်သည်များကို လမ်းညွှန် မှာကြား နေသည်။ ဥပမာ ကော်ဖီ များ ထုတ်လုပ်သည့် နေရာ ရောက်လျှင် ကော်ဖီထုတ်များကို ကမ္ဘာဈေးကွက် ဝင်ရန် ကြိုးစားရမည် ဖြစ်ကြောင်း အစရှိသဖြင့် ကလေးပင် ပြောတတ်သည့် စကားများကို ပြောနေသော်လည်း မည်သို့မျှ တန်ဖိုး မရှိသည့် စကားများ ဖြစ်လေရာ ဘေးမှ လူများကလည်း ခေါင်းတငြိမ့်ငြိမ့် နှင့်ပင် အဖိုး ထိုက်တန်သော အကြံဉာဏ်များ ဖြစ်ပေသည် ဟူသော မျက်နှာပေးများ၊ ခေါင်းတငြိမ့်ငြိမ့် ဖြင့် ရှိနေကြပြီး အိမ်ပြန်ရောက်သည့် အခါတိုင်း ရယ်ပွဲဖွဲ့ နေကြမည်သာ ဖြစ်သည်။ သူ၏ စကားများကို အားလုံးက ဟိုဖက်နားက ဝင် ဒီဖက်နားကထွက် ပုံစံမျိုး ဖြစ်လာနေသည်။ 


ယခုပင်လျှင် တကမ္ဘာလုံးက လေးစားကြရသည့် နိုင်ငံတော် အတိုင်ပင်ခံ အား အကျင့်ပျက် ခြစားသည်ဟူသော အမှု ဖြင့် ရုံးတင် စစ်ဆေးနေကြလေသည်။ ဤသည်ကပင် ၎င်းတို့သည် ကမ္ဘာ၏ အမြင်ကို လုံးဝ ဂရုမစိုက် ကြောင်း သက်သေပြနေခြင်းလည်း ဖြစ်သည်။ 


တဖက်တွင် နိုင်ငံသားများ အပေါ် စစ်တပ်၏ ဥပဒေမဲ့ စိတ်ထင်တိုင်း ပြုကျင့်နေမှု များကြောင့် ဒေါ်အောင်ဆန်းစုကြည် အား တရားစွဲဆိုနေခြင်းသည် မည်သို့မျှ ကြောင်းကျိုး ခိုင်မာမှု ရှိမည် မဟုတ် နိုင်ငံရေး အရ လက်စားချေနေခြင်း သက် သက်သာ ဖြစ်သည်ကို မရည်ရွယ်ဘဲ အလိုလိုနေရင်း ကမ္ဘာသိအောင် အခမဲ့ ကြော်ငြာ ပေးသလို ဖြစ်လာရ ပြန်သည့်အပြင် မဲ မသမာမှုများ ဆိုသည့် စွပ်စွဲချက်များကိုလည်း စိတ်မနှံ့သူမှ လွဲပြီး မည်သူမျှ အယုံအကြည် ရှိမည် မဟုတ်သဖြင့် ၎င်းတို့ အတွက် ဘေးထွက် ဆိုးကျိုးများ အဖြစ် ထွက်ပေါ်လာခဲ့ရသည်။ ပို၍ ပမာမခန့် လုပ်လာနေသည်က အတိုင်ပင်ခံ ကို မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကို ကမ္ဘာကြီးက သိခွင့်မရတော့ခြင်းပင် ဖြစ်သည်ဟု ဧရာဝတီက ရေးသားလာသည်။


နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့်လည်း ဆွေးနွေး အဖြေရှာဖို့ ဆိုသည်က မည်မျှအထိ နီးစပ်မှု ရှိလာနိုင်သည်ကို အဖြေထုတ်ပြနေခြင်းပင် ဖြစ်သည်။


ထိုသို့သော် အနေအထား တွင် သူမအတွက် တရားမျှတမှု အား အမှောင်တကာ အမှောင်တိုက်ကြီးထဲတွင် ဖယောင်းတိုင် မီးလေး ဖြင့် ကြိုးစား ပမ်းစား ရှာဖွေနေရသလို မျိုးပင် ဖြစ်သည်ကိုလည်း သဘောပေါက်လာကြပြီ ဖြစ်သည်။


ပြင်သစ် နိုင်ငံ ပဲရစ် မြို့တော် တွင် အာဏာရှင် အဆက်ဆက် နှင့် လက်ပါးစေ များ ပူးပေါင်း၍ တိုင်းပြည်အား ဖျက်ဆီးခဲ့ကြပုံ နှင့် မြန်မာ ပြည်သူတို့၏ အနိုင်မခံ အရှုံးမပေး စိတ်ဓါတ် ဖြင့် နည်းမျိုးစုံ သုံး၍ တိုက်ပွဲဝင်နေသည်များကို သရုပ်ဖေါ်ထားသည့် မြန်မာ အနုပညာရှင် ၇ ဦး ၏ လက်ရာ ၁၄ ခု အား အကြောက်တရား ကို တိုက်ဖျက်ခြင်း (Fighting Fear) အမည် ဖြင့် ပြခန်း ဖွင့်၍ တလကြာ ပြသထားပြီး ဖြစ်သည်။ (ပုံတွင် တွေ့ရစဉ်)


နိုင်ငံတဝှမ်း ခုခံ တွန်းလှန်စစ် ကို ဆင်နွှဲနေသော ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့များသို့ ပူးပေါင်း ပါဝင်လာသူများမှာ တနေ့တခြား များပြားလာပြီး ပို၍ လည်း ကျစ်လစ်သိပ်သည်း စွာ လှုပ်ရှားလာနိုင် ကြလေသည်။ တီးတိန် ရဲစခန်း အား ချင်းတော်လှန်ရေး တပ်ပေါင်းစု က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြပြီ ဖြစ်သည်။


အချို့သော မြို့များတွင် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်မှု များလည်း ပြန်လည် လှုပ်ရှားလာကြပြီ ဖြစ်သည်။


မြန်မာ တမျိုးသားလုံး အတွက်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ဖယ်ရှား နိုင်မည့် နောက်ဆုံး အခွင့်အလမ်း ဖြစ်သည်ကို ရှင်းလင်း ပြတ်သားစွာ သဘောပေါက်လာကြသည်နှင့် အမျှ တဗိုလ်ကျ တဗိုလ်တက် စနစ် ဖြင့် ဆက်လက်တိုက်ပွဲ ဝင်သွားကြရန်လည်း သန္နိဋ္ဌာန် ချထားပြီး ဖြစ်၍ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်သွားဖို့ အရေးမှာ စိတ်ကူးယဉ် အဆင့်ကထက် ပိုလာဖွယ် မရှိနိုင်တော့ပေ။


တော်လှန်ရေးကြီး မုချ အောင်ရမည်!!!

Wednesday, September 15, 2021

Time မဂ္ဇင်းကဖေါ်ပြသော ကမ္ဘာ့ အြဇာအရှိဆုံး မြန်မာအမျိုးသမီး သုံးယောက်ပါဝင်


Congratulations

Congratulations
 

စက်ချို့ယွင်းနေသော လေယဉ်ပေါမှ့ မင်းအောင်လှိုင်( မအေလိုး)

 စက်ချို့ယွင်းလို့ ပျက်ကျကာနီးဖြစ်နေတဲ့

လေယာဉ်ပျံကြီးတစ်စီးပေါ်မှာ .... 

 ဒေါ်နယ် ထရန့်ရယ်

 ပူတင်ရယ်

 မအလရယ်

 ဒေါ်အောင်ဆန်းစုကြည်ရယ်

  ၁၂ နှစ် အရွယ် (၇) တန်းကျောင်းသူလေးရယ် 

လိုက်ပါလာခဲ့ပါတယ်။



လေယာဉ်က ပျက်ကျတော့မယ်

အသက်ကယ်လေထီးက (၄) စုံပဲပါတယ်။

လူက (၅)ယောက်ဖြစ်နေတယ်။ 

ဒုက္ခဖြစ်ပြီပေါ့။


ပထမဆုံး ဒေါ်နယ်ထရန့်က  

မြောက်ကိုရီးယားကိစ္စအရေးကြီးတယ်ဆိုပြီး

လေထီးတစ်လက်ဝတ်ကာ ခုန်ချသွားတယ်။


နောက် ပူတင်ကလည်း ရုရှားနိုင်ငံအတွက်

သူမရှိလို့မဖြစ်ဖူးဆိုပြီး လေထီးတစ်လက်ဝတ်ကာ ခုန်ချသွားတယ်။


နောက် မအလကလည်း မီယံမာနိုင်ငံ

ပြန်လည်မြှင့်တင်ဖို့သူမရှိလို့မဖြစ်ဖူးဆိုပြီး

လေထီးတစ်လက်ဝတ်ကာ ခုန်ချသွားတယ်။


နောက်ဆုံးတော့ .. 

ဒေါ်အောင်ဆန်းစုကြည်ရယ် ကလေးမလေး

ရယ်ပဲ ကျန်ခဲ့တော့တာပေါ့။


ဒီတော့ အမေစုက ..

သမီးလေး ကျန်တဲ့လေထီးတစ်လက်ကို သမီးလေးဝတ်ပြီးခုန်ချသွားပါတော့

အမေတို့တိုင်းပြည်မှာ လူငယ်မျိုးဆက်သစ်တွေလိုအပ်တယ်.. 

အမေကတော့အသက်ကြီးပါပြီ  

သမီးလေးသာဝတ်သွားပါတော့ ..လို့ပြောရှာပါတယ်။


ဒီအခါမှာ ကလေးမလေးက

အမေစု ဒီမှာလေထီးနှစ်လက်ကျန်သေးတယ်

အမေစုတစ်လက် သမီးတစ်လက်လေ ရော့ ..တဲ့။


ဒီအခါမှာ အမေစုကအံ့သြပြီး

ဟင် .. လေထီးက (၄) လက်ထဲမဟုတ်လားလို့မေးလိုက်တယ်။


ကလေးမလေးက.. 

ခုန ဘဘကြီးမအလ ဝတ်ပြီးခုန်ချသွားတာ

သမီးကျောပိုးအိတ်ကြီး .. တဲ့ 😁😜


#Credit_Photo_Writer

Tuesday, September 14, 2021

ခွေးဦးနှောက်နဲ့စစ်သားများ၊ ဖတ်ကြည့်ပါ။

 ထမင်းရှင် ဘယ်သူလဲ ဆိုတာ မသိကြဘူး 


ရွာဦးကျောင်း 

ကိုယ်တော်က ဆွမ်းစားပြီးတိုင်း 

ကပ္ပိယ ကိုခေါ်ပြီး ကျောင်းက ခွေးတွေကို

အစာကျွေးဖို့ တာ၀န်ပေးတယ်...


ကပ္ပိယက နေတိုင်း ဘုန်းကြီးဆွမ်းစားပြီး ကျန်တဲ့ 

ဆွမ်းကျန်တွေ ခွေးကို အစာကျွေးရတယ်

ခွေးတွေကတော့

ကပ္ပိယကို သူတို့ရဲ့ အရှင်သခင်ထင်နေတယ်...

ကပ်ပိယ က 

ဟဲ့ကောင်းကြီး

ဆင်းစမ်း.. တိတ်စမ်း.. ပြေးလာခဲ့.. စသဖြင့် 

ယဉ်ပါးနေတယ်...


တနေ့ 

ဒကာ တယောက်က ဆရာတော်ဖုန်းပေးဖို့

ဆိတ်စွပ်ပြုတ်တွေ လာပို့တယ်

ဆရာတော်က ဆွမ်းဖုန်းပေးပြီး ကျန်တဲ့

အရိုး အသားတွေကို 

ထမင်းနဲ့နယ်ကျွေးဖို့ ခွေးတွေ အားရှိအောင်ပေးလိုက်တယ်...


ဝေယျာ၀စ္စတွေ ဆောင်ရွက်အပြီး ကပ္ပိယက ခွေးစားကျွေးဖို့ သွားတဲ့ 

လမ်းမှာ 

ဆိတ် အရိုးတခုကို ကပ္ပိယ က

ကောက်စုပ်လိုက်တယ်..

ဘေးမှာလဲ ခွေးတအုပ်က အမှီး 

တနန့်နန့်နဲ့..


ဆရာတော်က တွေ့သွားတယ်.. ခွေးကျွေးခိုင်းတာကို ခိုးစားနေတဲ့ ကပ္ပိယ ရဲ့ ခေါင်း ပုတ်လိုက်တော့...


ခွေးတွေက ဆရာတော်ကို ကိုက်ပါလေရော..

သူတိုသိတာက ကပ်ပိယ ကို

ထိရင် ကိုက်မယ် ဆိုတာဘဲသိတယ်...


ဒီအစားက 

ဘယ်သူကျွေးခိုင်လဲ ဆိုတာ

သူတို့မသိဘူး..

တချို့တလေက ခွေးအတွေး..


ငါတို့ လစာ ရိက္ခာ မအလ က ပေးတာလို့ ထင်နေကြတယ်

ဘယ်သူပေးလဲဆိုတာ မစဉ်းစားနိုင်ရင် အဲဒီဦးနှောက်ဟာ ခွေးဦးနှောက်ပါဘဲ။




Credit to original.

TZM

Thursday, September 9, 2021

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစု ပိုင်ဆိုင်တဲ့ Mytel ဖုန်းတာဝါတိုင် ထပ်မံဖျက်ဆီးခံရ (ရုပ်/သံ)


ဒီမအလိုး မင်းအောင်လှိူင် မြန်မြန်သေမှ့ တိုင်းပြည်အးမယ်။

ရန်ကုန်၊ စက်တင်ဘာ ၁၀


စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစုပိုင်ဆိုင်သည့် MyTel ဖုန်းတာဝါတိုင်တစ်ခုကို စက်တင်ဘာလ ၇ ရက် ညပိုင်းတွင် ဖက်ဆစ်စစ်ကောင်စီဆန့်ကျင်သည့်အနေဖြင့် ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။


video - အလောင်းတော်ကဿပနယ်မြေသတင်း

.

Khit Thit Media

ရခိုင်မှာမီးရှို့တယ်ဆိုတာ အရင်ကမယုံခဲ့သူတွေ၊ ခုလက်တွေ့မြင်ရပြိ မြန်မာစစ်တပ်ဟာ မနိင်တော့ဘူးထင်ရင် မီးရှို့တတ်တဲ့အကျင့်ကစွဲနေပြီ။

 ဂန့်ဂေါနယ်ထဲကမြင်သားကျေးရွာမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားပစ်ခတ်မှုတွေဖြစ်


သေဆုံးသူ ၁၀ဦးဝန်းကျင်ရှိပြီး နေအိမ်၁၀လုံးလောက်မီးရှို့ဖျက်ဆီးခံရတယ်လို့ဒေသခံတွေပြောဆို


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ထဲက မြင်သာကျေးရွာမှာမနေ့ကစက်တင်ဘာ၉ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။


ဒီလိုပစ်ခတ်မှုတွေကြောင့် ဒေသကာကွယ်ရေးတပ်အဖွဲ့တွေအပါအဝင် ရွာသား၁၀ဦးဝန်းကျင်သေဆုံးခဲ့ပြီး နေအိမ် ၁၀လုံးလောက်မီးရှို့ဖျက်စီးခံခဲ့ရတယ်လို့ မြင်သားရွာဒေသခံတွေကပြောပါတယ်။


" မြင်သားရွာမှာအခုလိုပစ်ခတ်မှုဖြစ်တာပထမဆုံးပါပဲ၊ အခုလည်းရွာထဲကဒလန်က ရွာထဲမှာ PDF တွေရှိတယ်ဆိုပြီးခေါ်လာလို့စစ်သားတွေဝင်လာတာ။ရွာထဲမှာက ဒေသလုံခြုံရေးအတွက်ဖွဲ့ထားတဲ့ကလေးတွေပဲရှိတာပါ။

အများဆုံးအသက် ၁၉နှစ်၊၂၀ လေးတွေချည်းပဲ။အခုသေသွားတဲအထဲမှာ ကျွန်မမောင်လေးလည်းပါတယ်။အလောင်းကတော့ ရွာထဲရောအပြင်ရော ၁၁လောင်းလောက်ရှိတယ်။ဒီကနေ့မနက်(စက်တင်ဘာ၁၀ရက်)အထိရွာထဲမှာ မီးရှို့နေတုန်းပဲဆိုတော့ အလောင်းတွေလည်းမကောက်ရဲသေးဘူး။ဘယ်သူမှလည်းမပြန်ရဲသေးဘူး"လို့တိမ်းရှောင်နေရတဲ့မြင်သားရွာဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။


လက်ရှိမြင်သားကျေးရွာထဲမှာ စစ်ကောင်စီတပ်တွေတပ်စွဲထားဆဲဖြစ်ပြီး ဒီကနေ့မနက်ထိနေအိမ်တွေမီးလောင်နေဆဲဖြစ်တာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ကျန်းမာရေးမကောင်းသူတွေကလွဲရင်ရွာသားအားလုံးနီးပါးတိမ်းရှောင်နေရတယ်လို့ ဒေသခံရွာသားတွေကပြောပါတယ်။


ဒါ့အပြင် ပစ်ခတ်သံတွေကြောင့် မြင်သားကျေးရွာအပြင် အနီးအနားရွာတွေဖြစ်တဲ့သာလင်းရွာနဲ့ကျေးရွာတချို့ကပြည်သူတွေလည်းပြောင်းရွှေ့ ဖို့ပြင်ဆင်နေရတယ်လို့ရွာသားတွေကဆိုပါတယ်။


တိမ်းရှောင်နေရတဲ့ရွာသားတွေအနေနဲ့လယ်ယာစိုက်ရင်း ပစ်ခတ်သံတွေကြောင့် ရုတ်တရက်ဘေးလွတ်ရာပြေးခဲ့ရတဲ့အတွက် နေထိုင်ရေးနဲ့စားနပ်ရိက္ခာအခက်အခက်ခဲတွေလည်းရှိနေတယ်လို့ရွာသားတွေကပြောပါတယ်။


ဓါတ်ပုံ- ပေးပို့

ပုံစာ- စက်တင်ဘာ ၉ရက်နဲ့၁၀ရက်နေ့မှာ တွေ့ရတဲ့

မြင်သားရွာမြင်ကွင်း






Sunday, September 5, 2021

အဲ့ဒါ မအေလိုး အဖွဲ့ဟုခေါ်သည်။

 "ကြောင်သူတေ


ာ် ကြွက်သူခိုး" (Hypocrite) 


နိုင်ငံရေးသမား မဟုတ်ဘူးနော် ...

ဒါပေမယ့် လွှတ်တော်တက်တယ် ။ 


UEC မဟုတ်ဘူးနော် ...

ဒါပေမယ့် မဲစာရင်းစစ်တယ် ။ 


ရွေးကောက်ခံ မဟုတ်ဘူးနော် ...

ဒါပေမယ့် ရွေးကောက်ပွဲကို

ပြဿနာရှာတယ် ။ 


ဘယ်သူမှ မတောင်းဆိုဘူးနော် ...

ဒါပေမယ့် မကြာခဏ

သတင်းစာရှင်းလင်းပွဲ လုပ်တယ် ။ 


နိုင်ငံရေးပါတီ မဟုတ်ဘူးနော် ...

ဒါပေမယ့် နိုင်ငံရေးပါတီလိုပဲ

လူထုထောက်ခံပွဲ အမြဲလုပ်တယ် ။ 


ဘုန်းကြီး မဟုတ်ဘူးနော် ...

ဒါပေမယ့် အမျိုးဘာသာသနာကို

သူတို့ပဲ စောင့်ရှောက်တယ်လို့ ကြွေးကြော်တယ် ။ 


စီးပွားရေးသမား မဟုတ်ဘူးနော် ...

ဒါပေမယ့် 

ဆင်းကဒ် ရောင်းတယ်

ကုမ္ပဏီ ထောင်တယ် ။ 


လယ်သမား မဟုတ်ဘူးနော် ...

ဒါပေမယ့် လယ်သိမ်းတယ် ။ 


ပြည်သူ့ပိုက်ဆံနဲ့ ထမင်းစားနေရတဲ့

ပြည်သူ့ဝန်ထမ်းနော် ...

ဒါပေမယ့် ပြည်သူ့ကျေးဇူးရှင်လို့

ကိုယ့်ကိုကိုယ် ထင်တယ် ။ 


တိုင်းပြည်ကို တစ်သက်လုံး ဒုက္ခပေးလာတာနော် ...

ဒါပေမယ့် တိုင်းပြည်ကို ကယ်တယ်လို့ပဲ

တချိန်လုံး ပြောတယ် ။ 


အစိုးရ မဟုတ်ဘူးနော် ...

ဒါပေမယ့် အစိုးရလိုပဲ ပြုမူနေထိုင်တယ် ။ 


ဂဏန်း မဟုတ်ဘူးနော် ...

ဒါပေမယ့် ဂဏန်းလိုပဲ ဘေးတိုက်ပဲ သွားတယ် ။ 


အဲလိုဒေ ရေးတော့

ခညားတို့ညက်စိထဲ ဘယ်အဖွဲ့ကို

တန်းမြင်သလဲဟင် ? 


Crd _Chuu Pyae Sone

Saturday, August 21, 2021

စစ်အုပ်စုလက်ထက်များတွင်ဖ့စ်ပေါ်ခဲ့သော လုပ်ကြံမူများ

 ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် သို့မဟုတ် ထိခိုက်ဒဏ်ရာ ရအောင်ကြံစည်ခြင်းကို သြဂုတ်လ ပထမပတ်အတွင်းတွင် အမေရိကန် ဖက်ဒရယ်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဌာန (FBI) က သံသယရှိသူနှစ်ဦးအား ဖမ်းဆီးခြင်းဖြင့် ဖေါ်ထုတ်လိုက်သည်။ ထိုလုပ်ကြံမှုနောက်ကွယ်တွင် စစ်ကောင်စီရှိနေကြောင်း လူအများအပြားက ယုံကြည်ကြသည်။ သို့သော် စစ်ကောင်စီက ၎င်းတို့ပါဝင်ပတ်သက်ခြင်း မရှိကြောင်းပြောသည်။


နိုင်ငံရေးသဘောထားကွဲလွဲသူများ သွေးထွက်သံယို သုတ်သင်ရှင်းလင်းသော အစဉ်အလာသည် မြန်မာနိုင်ငံရေးတွင် အမြစ်တွယ်နေသေးကြောင်း ထိုကြံစည်မှုမှုက သက်သေပြနေသည်။


ကံမကောင်းအကြောင်းမလှသည်မှာ ထိုအစဉ်အလာသည် မြန်မာ့လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် လုပ်ဖေါ်ကိုင်ဘက်များအား မြန်မာနိုင်ငံ ကိုလိုနီအုပ်ချုပ်ရေးမှ မလွတ်မြောက်မီ တနှစ်အလို ၁၉၄၇ ခုနှစ်တွင် နိုင်ငံရေးပြိုင်ဘက်တဦးက လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးသောအခါ နောက်ထပ်လုပ်ကြံသတ်ဖြတ်မှု အများအပြားဖြစ်ပေါ်ခဲ့ပြီး ထိုအလေ့အထသည် ယနေ့တိုင် ရှင်သန်ကြီးထွားနေဆဲဖြစ်သည်။ အချို့သော မအောင်မြင်သည့် လုပ်ကြံသတ်ဖြတ်မှုများ အပါအဝင် ထိုလုပ်ကြံသတ်ဖြတ်မှုများကို အနီးကပ်လေ့လာကြည့်ရှုသောအခါ နိုင်ငံရေးပယောဂမကင်းသည့် သတ်ဖြတ်မှုများသည် မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သည့် ကာလအတွင်းဖြစ်ကြောင်း တုန်လှုပ်ဖွယ်ပြသနေသည်။ ထိုကိစ္စများကို တစေ့တစောင်းလေ့လာကြည့်ကြမည်။








၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် ပထမဦးဆုံးသော လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုသည် ၁၉၆၅ ခုနှစ်တွင် ဖြစ်ပွားသည်။ ပစ်မှတ်ထားခံရသူမှာ ဗိုလ်ချုပ်နေဝင်း၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ကျော်စွာမြင့်ဖြစ်သည်။ ထိုစစ်ဗိုလ်သည် အာဏာရှင်ထံမှ ထိုင်းသို့ ထွက်ပြေးသည်။ ဗိုလ်ချုပ်နေဝင်းသည် စမတ်ကျသော အသက် ၃၄ နှစ်အရွယ် ခရစ်ယာန် အင်္ဂလိပ်မြန်မာကပြား ထိုစစ်ဗိုလ်ကို လွန်စွာ သဘောကျခဲ့သည်ဟု ဆိုသည်။


စစ်အာဏာရှင်ထံမှ သူ ထွက်ပြေးရသည့်အကြောင်းရင်းကို အမျိုးမျိုးပြောနေကြသည်။ သူသည် ဦးနေဝင်း၏ ဇနီးဒေါ်ခင်မေသန်းနှင့် နီးစပ်လွန်းသောကြောင့်ဟုလည်းပြောကြသည်။ အချို့က သူသည် ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို မေးခွန်းထုတ်သောကြောင့်ဖြစ်သည်ဟုလည်း အချို့က ဆိုသည်။ (နောင်တွင် ထိုမြန်မာ့ဆိုရှယ်လစ် လမ်းစဉ်သည် နိုင်ငံစီးပွားရေးကို ဖျက်ဆီးလိုက်ကြောင်း သက်သေပြပြီး ဖြစ်သည်။) အချို့ကလည်း သူသည် မြန်မာစစ်ရေးလျှို့ဝှက်ချက်များအား ထိုင်းစစ်သံမှူးသို့ ဒေါ်လာ ၃၅၀၀၀ ဖြင့် ရောင်းချသောကြောင့် ဟုလည်း ဆိုသည်။ နိုင်ငံမှ ခရစ်ယာန်များကို အာဏာရှင်ကဖိနှိပ်သည့်အတွက် သူက ဦးနေဝင်းကို အဆိပ်ခပ်ရန် ကြိုးစားသောကြောင့်ဆိုသည့် ကောလာဟလများလည်း ရှိသည်။


ဗိုလ်ကြီးကျော်စွာမြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး သူ၏ဆရာသမားက သူ့ကို မည်သည့်နည်းဖြင့်မဆို တွေ့အောင်ရှာရမည်ဟု အမိန့်ထုတ်သည်။ သူထွက်ပြေးသောအခါ သူ့မိသားစုကို ဖမ်းသည်။ ဘန်ကောက်ရှိ စားသောက်ဆိုင်တခုတွင် ဝင်ရောက်စားသောက်နေစဉ် မြန်မာနိုင်ငံမှ စေလွှတ်လိုက်သည့် လူသတ်သမားက သူ့ကို ဓါးဖြင့်ထိုးသော်လည်း ဦးကျော်စွာမြင့်သည် လွတ်မြောက်သွားကြောင်း ဦးနေဝင်း၏ တပည့် စစ်အုပ်စု၏ စီးပွားရေးနှင့် ဥပဒေအတိုင်ပင်ခံ လုပ်ခဲ့သည့် ကြည်ဝင်းစိန်က သူ၏စာအုပ်ဖြစ်သော “ကျနော်နှင့်တော်လှန်ရေးကောင်စီ ဗိုလ်ချုပ်ကြီးများ” စာအုပ်တွင် ရေးသည်။ ဦးကျော်စွာမြင့်သည် နောင်တွင် သြစတြေးလျ၌ ခိုလှုံပြီး အသက် ၄၉ နှစ်အရွယ် ၁၉၈၁ ခုနှစ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်သည်။


၁၉၉၃ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) အမည်ရှိ အဝေးရောက်အစိုးရအဖွဲ့မှ ဦးဝင်းကိုနှင့် ဦးလှဖေတို့ ပြည်ပတွင် သတ်ဖြတ်ခံရသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သည့် စစ်အုပ်စုက ၎င်းတို့ ၂ ဦးကို ဝရမ်းပြေးများအဖြစ် ကြေညာထားသည်။


ဦးဝင်းကိုသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှဖြစ်ပြီး ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရေဦး မြို့နယ်မှ ရွေးကောက်ခံရသည်။ ထိုရွေးကောက်ပွဲ ရလဒ်များကို စစ်အုပ်စုက အသိအမှတ်မပြုပေ။ သူသည် ဒေါ်အောင်ဆန်းစုကြည်၏ မောင်နှမ ဝမ်းကွဲ ဒေါက်တာစိန်ဝင်းအစိုးရတွင် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ထမ်းဆောင်သည်။ သူသည် တရုတ်နိုင်ငံ ကူမင်းရှိ ဟိုတယ်တခုတွင် သတ်ဖြတ်ခံရသည်။ သေဆုံးစဉ်က အသက် ၅၈ နှစ်ရှိပြီဖြစ်သည်။


ဦးလှဖေသည်လည်း ဝန်ကြီးတဦးဖြစ်သည်။ NLD အဖွဲ့ဝင်ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ပျော်ဘွယ် မြို့နယ်မှ ရွေးကောက်ခံရသည်။ သူ့ကိုဘန်ကောက်တွင် လုပ်ကြံသတ်ဖြတ်သည်။ ထိုစဉ်က အသက် ၅၄ နှစ်ရှိပြီဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ၁၉၉၀ ရွေးကောက်ပွဲပြီး လအနည်းငယ်အကြာတွင် စစ်အုပ်စုက လွှတ်တော်ကိုယ်စားလှယ်များကို အာဏာလွှဲပေးရမည့်အစား လိုက်လံဖမ်းဆီး သောကြောင့် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။



ဒေါ်အောင်ဆန်းစုကြည်သည်လည်း စစ်အုပ်ချုပ်ရေးကို ထိပ်ဆုံးမှဆန့်ကျင်သည့် ခေါင်းဆောင်တဦး အဖြစ် လုပ်ကြံသတ်ဖြတ်မှု၏ ပစ်မှတ်ဖြစ်ခဲ့ဖူးသည်။ ဓါး၊ လှံနှင့် ဝါးချွန်များ ကိုင်ဆောင်ထားသည့် စစ်အုပ်စုကျောထောက်နောက်ခံပြု လူရမ်းကားများစွာက ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးတွင် တိုက်ခိုက်သည်။


ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့်ယာဉ် လွတ်မြောက်ခဲ့သော်လည်း လူ ၇၀ ခန့်သေဆုံးပြီး အများအပြား အပြင်းအထန်ဒဏ်ရာရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို မည်သည့်နည်းဖြင့်မဆို ရပ်တန့်စေရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ၏လက်ထောက် ဗိုလ်ချုပ်ကြီး စိုးဝင်း (နောင်တွင် စစ်အုပ်စု ဝန်ကြီးချုပ်ဖြစ်လာသူ) ကို အမိန့်ပေးကြောင်း စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းခင်ညွန့်က သူ၏ကိုယ်ရေးအတ္ထုပ္ပတ္တိတွင် ရေးသည်။



၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှားလားဖန်းကို ထိုင်းနယ်စပ် မဲဆောက်ရှိ သူ၏နေအိမ်တွင် သေနတ်သမားများက လုပ်ကြံသတ်ဖြတ်လိုက်သည်။ ထိုစဉ်က သူသည် အသက် ၆၅ နှစ်ရှိပြီဖြစ်သည်။


ထိုထင်ရှားသည့် KNU ခေါင်းဆောင်သည် ဒီမိုကရေစီလှုပ်ရှားမှုနှင့်ပတ်သက်ပြီး အမြင်ကျယ်သောကြောင့် ကရင်တိုင်းရင်းသားများကသာမက ဗမာနိုင်ငံရေးတက်ကြွလှုပ်ရှားသူများကလည်း လေးစားကြသည်။


လုပ်ကြံသတ်ဖြတ်မခံရမီ ၃ ရက်အလိုက ဧရာဝတီသတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတခုတွင် သူက “ စစ်မှန်တဲ့ ဒီမိုကရေစီရပြီး ပြည်ထောင်စုစနစ်ပေါ်ပေါက်လာဖို့ ကျနော်တို့အနေနဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ (ထိုစဉ်က စစ်အုပ်စုက ၎င်းတို့ကိုယ် ၎င်းတို့ ခေါ်သောအမည်) ကို အားကိုးနေလို့မရဘူး။ စစ်အာဏာရှင်စနစ်နဲ့ ဗမာလူမျိုးကြီးဝါဒကို အမြစ်ဖြတ်ရမယ်” ဟု ပြောသည်။


စစ်အုပ်စုနှင့် နီးစပ်သော ဆက်ဆံရေးရှိသည့် ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီတို့သည် ထိုလုပ်ကြံသတ်ဖြတ်မှုအတွက် စွပ်စွဲခံရသည်။ ဗိုလ်ချုပ်မြထွန်းဦး (ယခု ဗိုလ်ချုပ်ကြီးနှင့် ကာကွယ်ရေးဝန်ကြီး) သည် ထိုလုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်ကြောင်း စွပ်စွဲခံရသည်။


မြထွန်းဦးသည် အမှတ် ၁၀၁ ခြေလျှင်တပ်မမှူး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ အရှေ့အလယ်ပိုင်းတိုင်းမှူးစသည့် ရာထူးများတွင် လုပ်ကိုင်ခဲ့သည်။ သူသည် စစ်အုပ်စုနှင့် ကရင်တိုင်းရင်းသားလက်နက်က်ိုင်အဖွဲ့များကြား ဆက်ဆံရေးအဆင်ပြေအောင် လုပ်ကိုင်ပေးသူ ဖြစ်ပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ အတွက်လည်း ကိုယ်စားလှယ်ဖြစ်သည်။


NLD ၏ ထင်ရှားသော ဥပဒေအကြံပေး ဥပဒေပညာရှင် ဦးကိုနီကို ၂၀၁၇ ခုနှစ်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နေ့ခင်းကြောင်တောင် ပစ်သတ်သည်။ အသက် ၆၄ နှစ်ရှိပြီဖြစ်သော ထိုရှေ့နေကြီးသည် NLD က ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို နိိုုင်ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသောကြောင့် နိုင်ငံတော်အတိုင်ပင်ခံဆိုသည့် ရာထူးကို ဖန်တီးပေးခဲ့သူဖြစ်သည်။ သူသည် စစ်တပ်ကရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြင်းထန်ဆုံး ဝေဖန်သူလည်းဖြစ်သည်။


ထိုလုပ်ကြံသတ်ဖြတ်မှုကို စစ်တပ်မှ ဗိုလ်မှူးဟောင်းများက စီစဉ်ခြင်းဖြစ်သည်။ မြန်မာစစ်တပ်သည် ထိုလုပ်ကြံသတ်ဖြတ်မှုနောက်ကွယ်တွင် ရှိသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြသည်။ လူသတ်သမားအား ငှားရမ်းသူ ဗိုလ်မှူးဟောင်း အောင်ဝင်းခိုင်သည် လွတ်မြောက်နေဆဲဖြစ်သည်။


နောက်ဆုံးလုပ်ကြံသတ်ဖြတ်မှု သို့မဟုတ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုတွင် ဖြိုးဟိန်ထွဋ် (၂၈ နှစ်) နှင့် ရဲဟိန်းဇော် ( ၂၀ နှစ်) တို့က ကုလမသဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို အပြင်းအထန် နာကျင်စေရန် သို့မဟုတ် သတ်ဖြတ်ရန်ကြိုးစားသည်။ ထိုင်းနိုင်ငံမှ လက်နက်ပွဲစားတဦးက သူ့ကိုအွန်လိုင်းမှဆက်သွယ်ပြီး သံအမတ်ကို ထိခိုက်စေရန်နှင့် ရာထူးမှ နုတ်ထွက်စေရန် တိုက်ခိုက်သူများငှားရမ်းရေးအတွက် ငွေပေးကြောင်း ဖြိုးဟိန်းထွဋ်က FBI စုံစမ်းစစ်ဆေးရေးမှူးများကို ပြောသည်။


FBI နှင့် နယူးယောက်ရဲတပ်ဖွဲ့က သူ့အတွက် လုံခြုံရေးစီစဉ်ထားပေးကြောင်း ဦးကျော်မိုးထွန်းပြောသည်။ သူသည် မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးကို အာဏာသိမ်းသော ဖေဖေါ်ဝါရီလက ကုလသမဂ္ဂအစည်းအဝေးတွင် လူသိရှင်ကြား ဆန့်ကျင်သူဖြစ်သည်။ ထိုအချိန်မှစတင်ပြိး စစ်ကောင်စီသည် သူ့ရာထူးတွင်အစားထိုးရန် ကြိုးစားသော်လည်း စစ်ကောင်စီ၏ တောင်းဆိုမှုကို ကုလသမဂ္ဂက အရေးယူဆောင်ရွက်ခြင်းမရှိသောကြောင့် လက်ရှိအချိန်အထိ အချည်းနှီးသာဖြစ်နေသည်။ လက်ရှိအချိန်တွင် သူသည် ဖြုတ်ချခံအစိုးရမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်ထားသည့် အမျိုးသား ညီညွတ်ရေးအစိုးရကို ကိုယ်စားပြုနေသည်။



စံပြပုဂ္ဂိုလ်ဆရာ ဦးအောင်စိုး ကွယ်လွန် ( အဆိုတော် ထူးအိမ်သင်ဆရာ )

 အန်ကယ်က

တကယ့်စံပြပုဂ္ဂိုလ်တစ်ဦးပါ


အန်ကယ့်နောက်ဆုံးပုံကို

ကျနော်မမြင်ချင်ပါဘူး


အန်ကယ်အသက်(၉၉)နှစ်တုန်းက

လက်တန်းမှုတ်ပြခဲ့တဲ့ဗီဒီယိုလေးကို

အထပ်ထပ်ပြန်ကြည့်ပြီး

အန်ကယ့်အကြောင်းတွေတွေးလို့

အဝေးကနေနှုတ်ဆက်ကန်တော့ပါတယ်


ဦးအောင်စိုး@K. Francis

အသက်(၁၀၁)နှစ်

၂၀-၈-၂၀၂၁(သောကြာနေ့)

မွန်လွှဲ(၃:၄၅)တွင်ကွယ်လွန်သည်

ကောင်းရာသုဂတိလားပါစေ။


Rest In Peac


e

Uncle U Oung Soe

စစ်ခွေးဘောမ (ဟာသ)


 

Thursday, August 19, 2021

 မျက်ခုံး လှုပ်လာနေရပြီ ဖြစ်သော ဘဏ်များ နှင့် ကြံ့ဖွတ်


 မျက်ခုံး လှုပ်လာနေရပြီ ဖြစ်သော ဘဏ်များ နှင့် ကြံ့ဖွတ်

***************************************


မိမိသင်ကြား တတ်မြောက်ခဲ့သော အသိပညာ အတတ်ပညာများ ဖြင့် တိုင်းပြည်နှင့် လူမျိုးကို မည်သို့မျှ အလုပ်အကျွေးပြု၍ မဖြစ်နိုင်တော့သော အခြေအနေများကို မြင်တွေ့ သိရှိနေကြပါလျှက် ရာထူး ဂုဏ် အရှိန်အဝါကို မက်ကာ မိမိကိုယ် မိမိ ရောင်းစားနေကြသော ဗျူရိုကရက် အရာရှိဆိုးများက ကြံ့ကြံ့ခံလျှက် ရှိနေကြဆဲ ဖြစ်သည်။


သို့သော် ယခုအခါ လက်နက်နှင့် တကွ တပ်ကို စွန့်ခွာ ထွက်ပြေးပြီး ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့များထံ ခိုလှုံလာကြသည့် အမြင်မှန် ရလာကြသော အာဏာသိမ်း တပ်ဖွဲ့ဝင်များ၏ အရည်အတွက်မှာ များသည်ထက် များလာနေသဖြင့် ယခင်ကလို လံကြုပ်သတင်းများဟု မျက်စိမှိတ် ငြင်းလို့ မရတော့သည့် အခြေအနေ ဆိုက်လာ နေပြီ ဖြစ်ရာ မြန်မာနောင်း၏ သတင်းအရ ဆိုမူ ၁,၅၀၀ ထိ ရှိလာနေပြီ ဖြစ်သည်ဟု သိရသည်။


စီးပွားရေး ဖက်တွင်လည်း မာဖီယားတို့၏ စစ္စလီ ဟု သမုတ်ခြင်း ခံထားရသည့် စစ်တပ်၏ ဦးပိုင် လုပ်ငန်းများ သည်လည်း ဒေါ်လာဈေးများ တဟုန်ထိုး မြင့်တက်လာနေမှု နှင့် အတူ ထိခိုက်လာနေရသည်။


ဗဟိုဘဏ်သည် ဩဂုတ်လ ၃ ရက်နေ့တွင် အွန်လိုင်း မှ အစည်းအဝေး ခေါပြီး ဒေါ်လာ လဲလှယ်နှုန်းကို သတ်မှတ်ထားသော နှုန်းထက် ၀.၈% သာ အတက်အကျ ပြုမည်ဟု ဆိုကာ အခြေခံဈေး ၁,၆၅၀ ကျပ် ကို ဩဂုတ်လ ၁၃ ရက်နေ့တွင် သတ်မှတ်ပေးလိုက်သည်။ အဆိုပါ လုပ်ရပ်အတွက် နိုင်ငံခြား ဘဏ်များ အပါအဝင် ပုဂ္ဂလိက ဘဏ် ၄၄ ခု ၏ သဘောတူညီမှုကို ရရှိပြီး ဖြစ်သည်ဟု ဒုဥက္ကဋ္ဌ ဝင်းသော် ဆိုသူက ပြောလာသည်။


အာဏာသိမ်း အဖွဲ့သည် နိုင်ငံတော်အတိုင်ပင်ခံ လက်ထက်က စ၍ လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုထားသည့် နိုင်ငံခြားငွေ လဲလှယ်ရေး ဈေးကွက်ကို ဆရာ့ ဆရာသမားများ လုပ်ထုံးလုပ်နည်း အတိုင်း အကြံကုန် ဂဠုန် ဆားချက် ဝင်ရောက် ဖျက်ဆီးလာခြင်းပင် ဖြစ်သည်။ ၁,၆၅၀ ကျပ် သတ်မှတ်ပြီး နောက်တနေ့မှာပင် ဒေါ်လာ ဈေးသည် ၁,၇၂၀ မှ ၁,၇၆၀ အကြား ထိုးကျသွားခဲ့သည်။


ငွေလဲလှယ်သူများကလည်း ယခင်ကလို ပေါ်ပေါ်တင်တင် မလုပ်ကြတော့ဘဲ အချင်းချင်း လျို့ဝှက်ဆက်သွယ် ကာ အရောင်းအဝယ် လုပ်လာကြပြီး မှောင်ခိုဈေးကွက်ကြီး ပြန်လည် ပေါ်ထွန်းကာ အတားအဆီးမဲ့ ကျဆင်း လာဖို့ ရှိနေသည်။ ဘဏ်များ အဖို့က ထိုသို့ လုပ်၍ မရဘဲ သတ်မှတ်သော ဈေးဖြင့်သာ အရောင်းအဝယ် လုပ်ကြရဖို့ ရှိနေ၍ အကြီးအကျယ် ထိခိုက်လာနေရပြီ ဖြစ်သည်။


‌ဒေါ်လာ ဈေးများ ကျဆင်းလာမှုကြောင့် ဒေါ်လာကို လက်ဝယ် ကိုင်ထားသူများက လာရောက် ရောင်းချကြ တော့မည် မဟုတ်၍ သွင်းကုန်သမားများ ဘဏ်တွင် ကျပ်ငွေ နှင့် ဒေါ်လာ လဲလှယ်ပြီး ပြည်ပ သို့ ငွေပေးချေရန် အခက်တွေ့လာနေသဖြင့် နိုင်ငံခြား ကုမ္ပဏီ အချို့ကလည်း နိုင်ငံတွင်းမှ ထွက်ခွာရန် ခြေလှမ်းပြင်နေကြပြီ ဖြစ်သည်ဟု နိုင်ငံခြား ဘဏ်တွင် လုပ်ကိုင်နေသူ တဦးက ပြောကြောင်း Nikkei Asia Review တွင် ဖေါ်ပြထားသည်။


ဘဏ်များအကြား နေ့စဉ် ဒေါ်လာ အလဲအလှယ်သည် ဇန်နဝါရီ လထဲတွင် ၂၀.၃ သန်း ရှိခဲ့ရာမှ ယခုအခါ ၃.၆ သန်း အထိသာ ရှိတော့သည်ဟု ဆိုသည်။


မင်းအောင်လှိုင် သည် အသိဥာဏ် နည်းသူ ဖြစ်မှန်း တတိုင်းပြည်လုံးက လက်ခံထားကြပြီ ဖြစ်သော်လည်း တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍ အသီးသီးကို တတ်ယောင်ကား သမားများနှင့် ပေါင်း၍ ဗြောင်းဆန်အောင် မွှေနှောက်နေဆဲပင် ဖြစ်သည်။


နိုင်ငံရေး ဖက်တွင်လည်း ချမ်းသာမပေး၊ မင်းအောင်လှိုင်သည် ၎င်းအား ရုရှား ခရီးစဉ်အတွင်း စစ်ခေါင်းဆောင် တဦးအဖြစ် အပါ့ရိက ဆက်ဆံ ခံလိုက်ရသည့် အဖြစ်ကြောင့် အိမ်စောင့်အစိုးရ ဟု ကြံဖန်ခေါင်းစဉ်တပ်ကာ ဝန်ကြီးချုပ်အဖြစ် သူ့ကိုယ်သူ အမည်ပေးလာခဲ့သည်မှာ ထမင်းစား ကြီးသူတိုင်း ရိပ်စားမိပြီး ဖြစ်သည်။ ရောက်လေရာတွင် ၎င်းအား ကော်ဇော်နီ ခင်းကာ ကြိုဆိုဖို့ လိုအပ်လာပြီ ဟု နိုင်ငံတကာကိုလည်း လက်တို့ လိုက်ခြင်းဖြစ်သည်။


သို့သော် မင်းအောင်လှိုင်သည် အကြောက်တရားကြောင့် ရာသက်ပန် သမ္မတ အဖြစ်မှ လက်လွှတ်ခံ၍ မည်သို့မျှ မဖြစ်တော့သည်ကို ရိပ်စားမိနေသူလည်း ဖြစ်သည်။ အိမ်စောင့် အစိုးရ ဆိုသည်မှာ ယာယီသာဖြစ်ပြီး ရွေး ကောက်တင်မြှောက်ခံ သမ္မတ အဖြစ် တက်လှမ်းချင်လာသည်။


ထိုအရေး အတွက် အဓိက အတားအဆီး ဖြစ်နေသည့် NLD ကို အခြေအနေကောင်းလာသည်ဟု ထင်မြင်လာ သည့် အချိန်တွင် NUG, CRPH အကြမ်းဖက် အဖွဲ့အစည်းများ နှင့် ဆက်ဆံသည်ဟု ဆိုကာ နိုင်ငံရေး ပါတီ အဖြစ်မှ အချိန်မရွေး ဖျက်သိမ်းပစ်ရန် စီစဉ်ထားပြီး ဖြစ်သည်။


သို့သော် သူ့အတွက် အဓိက အဟန့်အတား ဖြစ်လာနေသည်မှာ ကြံ့ဖွတ် ပါတီပင် ဖြစ်သည်။ NLD အား မဲခိုးသည်ဟု အကြောင်းပြ၍ အာဏာသိမ်းခဲ့ရသော်လည်း ကြံ့ဖွတ် ပါတီသည် ရွေးကောက်ပွဲ နှစ်ကြိမ်တွင် ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့ ပြီး ဖြစ်သဖြင့် သူ့အနေနှင့် လက်မခံ၍ မရသည့် မြေပြင် အခြေအနေ ဆိုသည်ကို သိရှိနားလည် ထားလေသည်။


ထို့အပြင် လက်ရှိ ကြံ့ဖွတ်ပါတီကို ဦးဆောင်နေသူများက စစ်တပ် အတွင်း သူ့ထက် ဝါများစွာ ရင့်သည့် ဗိုလ်ချုပ်ကြီးများ လည်း ဖြစ်နေပြန်သည်။ ထို့အတွက် ဗိုလ်သန်းရွှေ မှ သူ၏ အာဏာသိမ်း တည်ဆောက် ရေးအတွက် အနှောက်အယှက် ဖြစ်လာနိုင်သည့် ကျော်ဘ၊ ထွန်းကြည် ကဲ့သို့ ဗိုလ်ချုပ်ကြီးများကို လာဘ်စားမှု ဖြင့် ဖမ်းဆီး ထောင်ချပြီး ဖယ်ရှားပစ်ခဲ့သည့် အစဉ်အလာကလည်း ရှေ့တွင် ရှိခဲ့ပြီး ဖြစ်သည်။


သို့သော် ကြံ့ဖွတ် ပါတီအား NLD ကဲ့သို့ ဆက်ဆံ၍ တော့မရ၊ ၎င်းတို့၏ အားနည်းချက် Achille’s Heel ဖြစ်သည့် ဘဏ္ဍာရေး ဆိုင်ရာ မှတ်တမ်း မှတ်ရာများ မှ တဆင့် ကိုင်တွယ်ကာ ပါတီမှတ်ပုံတင်ခြင်းကို ဖျက်သိမ်းပြီး နိုင်ငံရေး လောက မှ အပြီးအပိုင် ဖုတ်ကြည်း မီးသင်္ဂြိုလ် ပြစ်ပေတော့မည်။


၎င်း ဖွဲ့စည်းပေးထားသည့် ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေး ပါတီများ ၏ ရံပုံငွေများ နှင့် ပိုင်ဆိုင်မှုများ တင်သွင်းရမည်ဟု တောင်း ဆိုလာပေတော့သည်။ NLD က မင်းအောင်လှိုင်၏ အစေစားခံ ရွေးကောက်ပွဲ ကော်မရှင် ကို အသိအမှတ် ပြုမည် မဟုတ်၍ ၎င်းတို့ တောင်းဆိုသမျှ လိုက်လျောဖို့ အလားအလာ မရှိပေ။ ထို့အတွက် NLD ကို ဖျက်သိမ်းပစ်ဖို့က ပို၍ပင် လွယ်ကူသွားပေလိမ့်မည်။


ထိုဗိုလ်ချုပ်ကြီးများသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင်သာ ၎င်းတို့ ၂၅% ကျော် ရရှိပါက မင်းအောင်လှိုင် နှင့် သမ္မတ ရာထူး အတွက် အာဏာလွန်ဆွဲပွဲ သေချာပေါက် ဖြစ်လာပေတော့မည်။ မင်းအောင်လှိုင်ကို ဒုသမ္မတ ရာထူး လောက်သာ ပေးရန် ရည်မှန်းထားကြပြီးလည်း ဖြစ်သည်။


မင်းအောင်လှိုင်က ထိုအကြောင်းကို ရိပ်စားမိမှာ အမှန်ပင်။ ယခုတဖန် သူ ပြုလုပ်ပေးမည် ဆိုသော ရွေးကောက် ပွဲတွင် ကြံ့ဖွတ်သာ အနိုင်ရဖို့ ရှိနေသည်။ ထိုအခါ လူထုက သူ့အား လက်မခံတော့၊ မျက်နှာသစ်များ ဖြင့် သွေးသစ်လောင်းမှ ဖြစ်မည်ဟု အကြောင်းပြပြီး ကြံ့ဖွတ်က ချောင်ထိုး လာဖို့ ရှိနေသည်။ မင်းအောင်လှိုင်က လက်ရှိတွင် ကြံ့ဖွတ် ပါတီ‌ခေါင်းဆောင်ပိုင်းရှိ လူများကို ခွဲထုတ် နေရာပေးကာ စတင် သွေးခွဲနေပြီ ဖြစ်သည်။


 ကြံ့ဖွတ်ကို ဖယ်ရှားပြီး ခင်မောင်ဆွေ၊ သက်သက်ခိုင် ပါတီ လောက်နှင့် သမ္မတ ရာထူးကို တက်လှမ်းဖို့က သူ့အတွက် အသေချာဆုံးပင် ဖြစ်သည်။


ကြံ့ဖွတ်ပါတီကတော့ မည်သို့မျှ ထင်မြင်ချက် မပေးသေးပေ။ ထိုအနေအထား ရောက်လာသည်အထိ သက်ဆိုးရှည်လိမ့်မည် မဟုတ်ဟု ယူဆနေပုံရှိသည်။


အရေးတော်ပုံ အောင်ရမည်!!!

Thursday, August 12, 2021

အကြမ်းဖက်စစ်တပ်ကို ဘယ်လိုဖျက်သီမ်းမလဲ


 အကြမ်းဖက်လူသတ် ဖက်ဆစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာကို ၂၀၂၃ အထိ ယူထားမယ်လို့ အတိအလင်းပြောသွားတယ်။ ၂၀၂၂ အကုန်ရောက်ရင်လည်း ၂၀၂၅ အထိ ထပ်တိုးဖို့ ရှိမှာပဲ။ တပ်မတော်လို့ခေါ်တဲ့ အကြမ်းဖက်စစ်တပ်ဟာ မြန်မာပြည်သူတွေအားလုံးအပေါ်မှာ အစဉ်အမြဲ ရန်သူလို့ သတ်မှတ်ခဲ့တာ။ စစ်တပ်မှာ ဖက်ဆစ် သန္ဓေပါလာတယ်။ ဂျပန် train ဖြစ်တာလည်း ပါမယ်။ ၁၉၆၂ မှာ နေဝင်း အာဏာသိမ်းလိုက်ကတည်းကစလို့၊ စောမောင်၊ သန်းရွှေ၊ ခင်ညွန့်၊ အခု မင်းအောင်လှိုင်အထိ သူတို့တစ်ဦးချင်းစီရဲ့ စိတ်သဏ္ဍာန်မှာ ပြည်သူတွေဟာ လိုသလို ဖိနှိပ်နိုင်တဲ့ subject တွေလို့ မှတ်ယူကြသလို၊ စစ်တပ်ထဲက ဒုဗိုလ်အဆင့်ကစလို့၊ ကစထ မှူး၊ ညှိကွပ်အဆင့်အလယ်၊ ဒုချုပ်၊ ကာချုပ်အထိ ကလည်း ပြည်သူဟာ သူတို့ စစ်ခင်းချင်သလို ခင်းလို့ရတဲ့ ကျွန်တွေလို့ သတ်မှတ်ကြတာ။ ဒါတွေဟာ ရမ်းကာ သမ်းကာပြောနေတာမဟုတ်ဘူး၊ စစ်တပ်ထဲမှာ ကျွန်သဘောက်အဆင့်လောက် ဆက်ဆံခံရတဲ့ ဗိုလ်အဆင့်၊ ဗိုလ်ကြီးအဆင့်ကနေ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်ကြီးအဆင့်အထိတွေရဲ့ ပြောစကားတွေ၊ အမူအရာ၊ အပြုအမူတွေ၊ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေရဲ့ လမ်းမကြီးတွေပေါ်မှာ “မင်းတို့မိန်းမတွေ၊ သမီးတွေကို မုဒိန်းကျင့်ပစ်မယ်” “သေရဲတဲ့ကောင်ထွက်ခဲ့” လို့အော်ဟစ်ကြတဲ့ အကြပ်၊ စစ်သားတွေရဲ့ လုပ်ရပ်တွေ၊ တိုင်းရင်းသားဒေသတွေမှာ ခေတ်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေက သက်သေပဲ။

စစ်တပ်ဟာ ဖျက်ပစ်မှကို ရမယ့် အင်စတီကျူးရှင်းဆိုတာ အသေအချာပဲ။ တချို့က ပြောတယ်၊ စစ်တပ်ကို ဖျက်ဖို့ logistic အရ မဖြစ်နိုင်ဘူးဆိုတာ။ မဖြစ်နိုင်ဘူး၊ သိတာပဲ။ သိပ်ခက်ခက်ခဲခဲစဉ်းစားစရာတောင်မလိုဘူး။ မဖြစ်နိုင်လို့ မဖျက်ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ ပြီးခဲ့တဲ့ ၈ နှစ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်နဲ့ အပေးစားခံပြီး စစ်တပ်ကို တတ်နိုင် သမျှစည်းရုံးသိမ်းသွင်းတာပဲ။ ဖျက်လို့ မလွယ်ဘူးဆိုတာ သူလည်းသိတာပဲ။  ဒီလောက် ညင်ညင်သာသာနဲ့ သိက္ခာရှိရှိ၊ လူဆန်ဆန် ပြောင်းလဲဖို့ စည်းရုံးတာတောင်၊ နောက်ဆုံး ဒီဘူတာ ဆိုက်တာပဲ။

ဆက်စပ်လို့ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်နဲ့ပေးစားလွန်းမက ပေးစားတဲ့ CSO အသိုင်းအဝိုင်းထဲက လူတွေ (မှတ်ချက် - ထူးဆန်းတာက အဲဒီ CSO အသိုင်းအဝိုင်းထဲကလူတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်သားအစိုးအရအပေါ်မှာ အာကျယ်ပြီး စွာရဲသလောက် စစ်တပ်ကိုတော့ တို့ထိရမှာ အလွန်ရွံ့ကြတာဟာ အထူးစိတ်ဝင်စားဖွယ်ပါပဲ။ လက်သုံးစကားဖြစ်တဲ့ “စစ်တပ်ကတော့ ပြောစရာကိုမလိုအောင် ရိုင်းစိုင်းနေလို့” ဆိုတာကိုသုံးပြီး လက်တွေ့မှာ စစ်တပ်ကို တိုက်ရိုက်စိန်ခေါ်တာမျိုးလည်းမတွေ့ရသလို၊ ပြင်းပြင်းထန်ထန်ဝေဖန်တဲ့ ကြေညာချက်တစ်ခု တစ်လေတောင် မတွေ့ရ။)  အလွန်လေးစားကြည်ညိုကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း ဒီဖက်ဆစ် စစ်တပ်ကို ဖျက်လို့မရဘူးဆိုတာ သိတာပဲ။ ဒါကြောင့်လည်း သူတို့လည်း တစ်ဖွဲ့ချင်းစီနဲ့ ကိုက်ညီမယ့် ဗျူဟာနဲ့ သွားနေကြတာ။စစ်တပ်ကို ဖျက်လို့ရတယ်၊ မရဘူး ဘယ်လိုပဲ ငြင်းခုန်နေကြပါစေ၊ သဘောတရားအပိုင်းမှာတော့ ဖျက်ပစ်မှရမယ့် အင်စတီကျူးရှင်းဆိုတာ အရင်းဆုံး ရှင်းလင်းနေဖို့လိုတယ်။ ပြီးမှ လက်တွေ့ဘယ်လိုဖြစ်အောင်လုပ်မလဲ ဆိုတဲ့ အပိုင်းသွားရမှာ။  


လက်တွေ့အပိုင်းမှာတော့ သေချာတာက စစ်တပ်ကို ဖျက်ဖို့က foreign power မပါဘဲတော့ မလွယ်ဘူး။ foreign power ပါရင် အချိန်မြန်မယ်။ မပါရင် အချိန်ယူရလိမ့်မယ်။ မြန်မြန် ဖြစ်ချင်တဲ့ ဆန္ဒတွေရှိပေမယ့် လက်တွေ့ကျကျ တော့လည်း စဉ်းစားဖို့လိုပါတယ်။ အထူးသဖြင့် လက်တွေ့ကျကျ လုပ်နိုင်မယ့်လူတွေများများလိုပါတယ်။ အရမ်း abstract ဖြစ်တဲ့ (စိတ္တဇဆန်တဲ့) နိုင်ငံရေးအိုင်ဒီယိုလိုဂျီတွေ၊ နိုင်ငံရေးစနစ်တွေ (ဖက်ဒရယ်တို့၊ ဒီမိုကရေစီတို့) ကို ထိုင်ပြောနေပြီး၊ အချိန်တွေအရမ်းကုန်မှာမျိုးဟာ မဖြစ်သင့်ဘူး။ ပြောသင့်သလောက်ပြောရင် ရပြီထင်ပါတယ်။ နောက် ဝေဖန်ရေးနဲ့ လေကန်ရေးကိုပဲ နိုင်ငံရေးထင်နေသူတွေများနေရင်လည်း မဟုတ်သေးဘူး။ ဝေဖန်တယ်ဆိုတာ အရမ်းလွယ်ပြီး “လေ” ပဲစိုက်ရတာ။ ဘာမှလည်း အားထုတ်စရာမလိုဘူး။ ကိုယ်ထင်တာတွေကို လျှောက်ပြောနေရုံပဲ။ မြေပြင်မှာ ဖြစ်နေတာနဲ့ ကိုက်သော်ရှိ၊ မကိုက်သော်ရှိ ပါးစပ်ကနေ လျှောက်ပြောပြီး လေပေါ နိုင်ရင်ရပြီ။ အခုအချိန်က “လေ” သမားတွေ မလိုဘူး။ လက်တွေ့ operation သမားတွေလိုအပ်တာ။

ဘယ်လိုတိုက်မှာလဲ၊ ဘယ်ကပိုက်ဆံနဲ့တိုက်မှာလဲ၊ ပိုက်ဆံဘယ်လိုရှာမလဲ၊ (CRPH က အလှူခံထားတဲ့ ၉ သန်းဟာ တစ်ကယ်တိုက်ရပြီဆိုရင် အသေးသုံးပဲရမယ်။) ရှာထားတဲ့ ပိုက်ဆံကို မှန်ကန်မျှတစွာ စနစ်တကျ ဘယ်လိုခွဲဝေမလဲ။ Transaction တွေ ဘယ်လိုလုပ်မလဲ၊ လူသူလက်နက် ဘယ်လိုစုဆောင်းမလဲ၊ စုဆောင်းထားတဲ့ လူသူလက်နက်တွေရဲ့ အင်အားကို maximum value ရအောင် ဘယ်လိုစီမံမလဲ၊ စစ်ရေးမဟာဗျူဟာ/နည်းဗျူဟာတွေကို ဘယ်လိုဆွဲမလဲ၊ Command structure ဘယ်လိုတည်ဆောက်မလဲ၊  စစ်ရေးနဲ့ နိုင်ငံရေး ဘယ်လိုပေါင်းစပ်ပြီးသွားမလဲ၊ စသဖြင့်စသဖြင့်။ ဒါတွေက အခုရေးလိုက်ရတာ စာလေး ၄ ကြောင်းထက်မပိုပေမယ့် လက်တွေ့ကျကျ အဖြေပေးဖို့ကျတော့ အလွန်ခက်တယ်။ လက်တွေ့ကျကျ အလုပ်လုပ်မယ့် operation သမားတွေက လုပ်ရတာ။ logistic နဲ့ management မပိုင်ဘဲ စစ်တိုက်လို့မရဘူး။ မပိုင်ဘဲ တိုက်လည်း ရှုံးမှာပဲ။  


ဗီယက်နမ်စစ်ပွဲဟာ foreign power တွေပါတဲ့ proxy war တစ်ခု။ နှစ် ၂၀ ကြာတယ်။ စူပါပါဝါကို ဘာလို့ အနိုင်တိုက်နိုင်သလဲဆိုတာကို သေချာစေ့စေ့ငှငှ လေ့လာကြည့်ဖို့ကောင်းတယ်။ resource mobilization လုပ်သွားပုံ၊ logistic လမ်းကြောင်း (Ho Chi Minh Trail) တည်ဆောက်သွားပုံတွေဟာ အတုယူမယ်ဆိုရင် ယူလို့ရတယ်။ ကိုယ့် context နဲ့ကိုက်အောင် တော့ ပြောင်းသုံးနိုင်ရမှာပေါ့။  


မည်သို့ဆိုစေ၊ ဆက်ပြီးတော့ ချီတက်ကြရဦးမယ်။ သေချာတာတစ်ခုကတော့ ပြည်သူရယ်၊ CRPH ရယ်၊ NUG ရယ်၊ တော်လှန်ရေးသစ္စာတည်ကြည်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရယ် စုပေါင်းပြီး လုပ်ကြမှရမှာ။   မဟုတ်ရင် ဟိုတစ်စ၊ ဒီတစ်စနဲ့ စစ်တပ်အကြိုက်ပဲဖြစ်သွားမှာ။ ပြည်သူကိုယ်တိုင်ကလည်း ကြံ့ကြံ့ခံပြီး ရင်ဆိုင်ကြ ရလိမ့်ဦးမယ်။ ကမ္ဘာ့ဘယ်နေရာမှာ ရောက်သည်ဖြစ်စေ၊ ဒီတော်လှန်ရေးအတွက် လက်တွေ့ကျကျ အလုပ်ဖြစ်မယ့် ပံ့ပိုးမှုတွေလည်း လုပ်ကြဖို့လိုတယ်။


Monday, August 9, 2021

‌မအလ ကိုခွေးမောင်းသလိုမောင်းရမယ်။


 အမေရိကန်က ဟီရိုရှီးမားကို

     အနုမြူဗုံး ကြဲပစ်တယ်။ 


     ကြဲပေါ့

     သူ့နိုင်ငံနဲ့ ကိုယ့်နိုင်ငံ။ 


     ဗီယက်နမ်က အမေရိကန်ကို

     ပျောက်ကျားစနစ်နဲ့ချေမှုန်းတယ်။ 


     လုပ်ပေါ့

     သူ့နိုင်ငံနဲ့ ကိုယ့်နိုင်ငံ။ 


     ဗိုလ်မင်းရောင်က ဖက်ဆစ်ဂျပန်ကို

     တော်လှန်တယ်။ 


     ချပေါ့

     သူ့လူမျိုးနဲ့ ကိုယ့်လူမျိုး။ 


     ဦးအောင်ဆန်းက

     ကိုလိုနီကိုတိုက်ထုတ်တယ်။ 


      လုပ်ပေါ့

      သူ့လူမျိုးနဲ့ ကိုယ့်လူမျိုး။ 


      အခုတော့ဗျာ 

      ဂျပန်ကိုတိုက်ခဲ့တဲ့ အမျိုးအနွယ်ထဲက

      ဆင်းသက်ခဲ့တာလားဆိုတော့... 


      ဟင့်အင်း...

      တစ်ယောက်မှမပါဘူး။ 


      အင်္ဂလိပ်ကိုတိုက်ထုတ်ဖို့

      စစ်ပညာသင်တဲ့ရဲဘော်သုံးချိတ်ထဲမှာ

      ပါခဲ့လားဆိုတော့ ... 


      ဟင့်အင်း ...

      တ‌ယောက်မှပါသံမကြားခဲ့ပါဘူး။ 


      ကိုင်း... ဒါဆို

      ပြည်တွင်းစစ်ကိုရော

      နိုင်အောင်လုပ်ခဲ့လားဆိုတော့... 


      ဟင့်အင်း...

      အဖွဲ့တွေတောင်

      ထပ်ထပ်တိုးလာသေး။ 


      ဘယ်နိုင်ငံနဲ့မှလည်း

      စစ်မတိုက်ဖူးဘူး။ 


      ဘယ်သူ့ကိုမှလည်း

      လုံခြုံအောင်မကာကွယ်ဘူး။ 


      နိုင်ငံရေးသမားမဟုတ်ဘူးနော်

      သမ္မတလုပ်ချင်တယ်။ 


      ရွေးကောက်ပွဲဝင်မပြိုင်ဘူးနော်

      လွှတ်တော်ထဲဝင်ထိုင်တယ်။ 


      စီးပွားရေးသမားမဟုတ်ဘူးနော်

      ကုမ္ပဏီတွေတည်ထောင်တယ်။ 


      တောင်သူလယ်သမားမဟုတ်ဘူးနော်

      လယ်ယာမြေတွေသိမ်းပစ်တယ်။ 


      သမိုင်းသိသလားဆိုတော့

      သာသနာပြုဆရာတော်နဲ့                            

      တော်လှန်ရေးဆရာတော်မှားပြောတယ်။ 


      အင်္ဂလိပ်စာကျွမ်းသလားဆိုတော့

      နဂေးတစ်...တဲ့ ။ 


     ဟေ့...

     မြန်မာကွ မြန်မာ 


     လွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်း 

    (၇၀)ကျော်အတွင်းမှာ တော်တည့်မှန်ကန်တဲ့

     စစ်ဗိုလ်ချုပ်တွေ အခုထိတစ်ယောက်မှ

     မပေါ်သေးလို့ ဘက်ပေါင်းစုံပြိုလဲပျက်စီး

     တော့မယ်လို့ပြောတာ ဘာဆန်းတာမှတ်လို့ 


      တိုင်းပြည်နဲ့ ပြည်သူကသာ ပြိုလဲပျက်စီး

      သွားရတာ သူတို့ကျတော့ သားစဉ်မြေးဆက်

      စားမကုန်သောက်မကုန် ချမ်းသာသွားကြပြီ ။ 


       ဒါကို...

      သူတို့လုပ်တာ ဟုတ်ပါတယ် မှန်ပါတယ်လို့

      ထောက်ခံအားပေးနေရအောင် 


      မင်းတို့က (ချီး)စားနေတဲ့ 

ခွေးတွေလား 😅🤣


#သွေးသစ္စာ #RejectMilitaryCoup #WhatsHappeningInMyanmar


#crd