Monday, September 20, 2021

မအေလိုးအကြမ်းဖက်စစ်တပ် သတ်လိုက်ပြန်ပြီ။


 မကွေးတိုင်းမြို့သစ်မြို့နယ်မှ ကျောင်းဆရာ ကိုအောင်သန်းဇော်ကို စစ်ကောင်စီတပ်က လည်ပင်းကို တေ့၍ သေနတ်ဖြင့် ပစ်သတ်၊ ယနေ့ သဂြိုလ်ပြီးစီး(ရုပ်/သံ)


ရန်ကုန်၊ စက်တင်ဘာ ၁၉ 


မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မြို့လုလင်ကျေးရွာမှ ကျောင်းဆရာ ကိုအောင်သန်းဇော် အသက် ၃၃ နှစ်ကို စစ်ကောင်စီတပ်များက စက်တင်ဘာလ ၁၇ ရက်နေ့ည ၉ နာရီတွင် ပစ်သတ်လိုက်ပြီး ယနေ့ ဂူသွင်းသဂြိုလ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ 


မကွေးတိုင်း မြိုသစ်မြို့နယ် မြို့လုလင်ကျေးရွာမှ ဦးအောင်သန်းဇော်နှင့် မောင်ကုလားတို့ ၂ ဦးသည် စက်တင်ဘာလ ၁၇ ရက်နေ့ ည ၉ နာရီ ကျေးရွာထိပ် ဆီပန့်ဆိုင်တွင် ဆိုင်ကယ် ဆီ သွားထည့်ကြောင်း၊ ထိုအချိန် စစ်ကောင်စီ တပ်များက ကင်းပုန်းဝပ်နေသည့် အတွက်ဦးအောင်သန်းဇော်နှင့်မောင်ကုလားကို ခေါ်ယူ မေးမြန်း ရိုက်နှက်ပြီး ဦးအောင်သန်းဇော်ကို သေနတ်ဖြင့် လည်ပင်းကို တေ့၍ ပစ်ခတ်ကြောင်း၊ လည်ပင်းဒဏ်ရာဖြင့် ဦးအောင်သန်းဇော်ကို ဆေးရုံတင်ပို့နေစဉ် စက်တင် ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဆုံးပါးသွားပြီး ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် သဂြိုလ်ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ 


"ည ၉ နာရီ မှာ ရွာထိပ် ဆီပန့်ဆိုင်ကို ဆိုင်ကယ်ဆီထည့်သွားတဲ့ ကိုအောင်သန်းဇော် အသက် ၃၃ နှစ် ၊မောင်ကုလား အသက် ၁၅ နှစ် ကို မိုင်တဲတာဝါတိုင်စောင့်တဲ့ စစ်သားတွေက ဆိုင်ကယ်ကို ရပ်ခိုင်းပြီး ဒူးထောက်ထိုင်ခိုင်းတယ်။ လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ခိုင်းပြီး သေနတ်ဒင်နဲ့ ရိုက်တယ်။ မင်းတို့ ဒီအချိန် အပြင်မထွက်ရဘူး ဆိုတာမသိဘူးလားလို့ မေးပြီး စစ်ဖိနပ်နဲ့ ကန်တယ်။ ကိုအောင်သန်းဇော်က ကျနော်တို့မသိလို့ ထွက်လာမိတယ်လို့ ပြောပေမယ့် မကျေနပ်ဘဲထုရိုက်တယ်။ "ကြောက်ပါပြီ မလုပ်ကြပါနဲ့ တောင်းပန်ချိန်မှာပဲ" ကိုအောင်သန်းဇော်ရဲ့ လည်ပင်းကို တေ့ပြီး သေနတ်နဲ့ ပစ်လိုက်တယ်။ ပစ်ခတ်ပြီးတော့မှ မင်းတို့ဖြစ်တာ ငါတို့နဲ့မဆိုင်ဘူး ပြန်တော့ ဆိုပြီး ပြန်ခိုင်းပါတယ်" ဟု မိသားစုနှင့်နီးစပ်သူက အခင်းဖြစ်စဉ်ကို ပြောပြသည်။ 


ဦးအောင်သန်းဇော်သည် အိမ်ပြန်တော့ဘဲလည်ပင်းတွင် သွေးများပန်းထွက်လျက် မြို့သစ်ဆေးရုံသို့ သွားကြောင်း၊ မြို့သစ်ဆေးရုံမှတစ်ဆင့် နေပြည်တော်ဆေးရုံကြီးသို့ လွှဲပြောင်းစဉ် ကွယ်လွန်ခဲ့ရကြောင်း သိရှိရသည်။ 


"မောင်ကုလားကိုတော့ စစ်သားတွေက ပစ်မယ့်အချိန်မှာ စစ်သားတစ်ယောက်က ကလေးကို မပစ်နဲ့ လို့တားလိုက်တာကြောင့် အသက်ဘေးလွတ်ပါတယ်။ကိုအောင်သန်းဇော်ကတော့ မေးစေ့အောက် လည်စေ့နေရာ ပေါက်ထွက် သွေးတွေ ပန်းထွက်နေ‌တာကြောင့် ရွာပြန်မလာဘဲ မြို့သစ်ဆေးရုံသို့ ဆိုင်ကယ်လက်တစ်ဖက်ဖြင့်မောင်း၊ လက်တစ်ဖက်ကသွေးထွက်ဒဏ်ရာကို ဖိပြီး သွားခဲ့ပါတယ်။ ဆေးရုံရောက်တဲ့အခါမှာ ဆေးရုံက လုံလောက်သောကုသမှုမပေးဘဲ နေပြည်တော်ကိုလွှဲခဲ့ပါတယ် ။ ရွာမှဆွေမျိုးတွေကလည်း သိသိချင်း လိုက်သွားကာ နေပြည်တော်သို့ လူမှုကူညီရေးအသင်းကားဖြင့်သွားခဲ့သော်လည်း နေပြည်တော် ကုတင် ၁၀၀၀ အရောက်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ ကိုအောင်သန်းဇော်တွင် ၆ နှစ်အရွယ် သားလေးတစ်ယောက်ကျန်ခဲ့ပါတယ်" ဟု မိသားစုနှင့်နီးစပ်သူကရှင်းပြသည်။ 


အကြမ်းဖက်စစ်ကောင်စီတပ်များသည် မကွေးမြို့နှင့် မကွေးတိုင်းဒေသကြီးတွင် ပြည်သူများကို နှိပ်စက် သတ်ဖြတ် ဖမ်းဆီးမှုများကို အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိပြီး ကျေးရွာများမှ ပြည်သူများမှာ စစ်တပ်ကို ကြောက် လန့်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

.

Khit Thit Media

No comments:

Post a Comment