Saturday, October 23, 2021

ဖြုတ်ပြန်ပြီ မီးရထား ဒလန်ကို အနီးကပ်


မြန်မာ့မီးရထားမှ စစ်ကောင်စီသတင်းပေး Non - CDM ဝန်ထမ်း ထိန်ဝင်း (ခ) ရန်ကင်းမောင်ကို ပစ်သတ်သွားသည့် ဗီဒီယိုထွက်ပေါ်(ရုပ်/သံ)


ရန်ကုန်၊ အောက်တိုဘာ ၂၄


မြန်မာ့မီးရထားမှ Non - CDM ဝန်ထမ်းဖြစ်သူ ထိန်ဝင်း (ခ) ရန်ကင်းမောင်အား အမည်မသိ သေနတ်သမားက အောက်တိုဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ပစ်သတ်သွားခဲ့သည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်တွင် ယနေ့နံနက်၌ ထွက်ပေါ်လာသည်။


အခင်းဖြစ်ရာနေရာသည် ရန်ကုန်၊ သိမ်ဖြူလမ်းနှင့် အထက်ပန်းဆိုးတန်းလမ်းကြား ဗိုလ်မင်းရောင်လမ်းမပေါ် သိမ်ဖြူမီးပွိင့်အနီးတွင်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် ကားနောက်ခန်းမှ အမျိုးသမီးတစ်ဦး ပြေးထွက်လာပြီး "ပစ်သွားပြီ လုပ်ဦး၊ ရန်ကင်းမောင် ကို ပစ်သွားပြီ" ဟု ပြောနေသည်ကို တွေ့မြင်ကြားသိရသည်။


ထိန်ဝင်းသည် မြန်မာ့မီးရထား၊ သတင်းနှင့် ပြန်ကြားရေးဌာနဖြစ်ပြီး ရန်ကင်းမောင် အမည်ဖြင့် လူမှုကွန်ရက်တွင် စာများရေးသားကြောင်း သိရှိရသည်။ 


"မီးရထား ဌာန ပြန်ကြားရေး သတင်းရေး သမား တစ်ယောက်ပါ။ Non-CDM ဝန်ထမ်းပါ။ အဓိက မီးရထားမှာ CDM တွေ အိမ်ရာတွေကနေ အတင်းအကျပ် ပြောင်းရွှေ့ခိုင်းတုန်းက CDM ဦးဆောင်သူတွေရဲ့ အမည်တွေကို စစ်တပ်ဘက်ကို သတင်းပေးတယ်ဆိုပြီး CDM ဝန်ထမ်းတွေဘက်က မှတ်ချက်ပြုထားတာရှိပါတယ်" ဟု မီးရထားဝန်ထမ်းတစ်ဦးက ဆိုသည်။

No comments:

Post a Comment