Tuesday, April 26, 2022

ပြည်သူ့အောင်ပွဲကသေချာနေပြီ

 #ပြည်သူ့အောင်ပွဲက_သေချာတယ်


ဧပြီလ ၂၆ ရက်


အင်အားကြီးတဲ့လက်နက်တွေနဲ့တိုက်ခိုက်၊ မြို့တွေရွာတွေကိုမီးရှို့၊ အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး နိုင်ပြီထင်သလား၊ နိုင်ငံကိုအုပ်ချုပ်လို့ရပြီထင်သလား။ စစ်ရေး၊ စီးပွါးရေး၊ လူမှုရေးအရ အကြမ်းဖက်စစ်ကောင်စီဟာရှုံးနိမ့်နေပါပြီ။ အဖက်ဖက်မှာဘယ်လိုမှ ကောင်းမွန်စွာအုပ်ချုပ်လို့မရတော့တဲ့စစ်ကောင်စီဟာ နိုင်ထက်စီးနင်းလေသံနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးဖို့ခေါ်ပါတယ်။တိုင်းရင်သားတွေဟာ အယုံအကြည်မရှိလို့ သူတို့ထပ်ပြီးရှုံးပြန်ပါတယ်။ အဖြေထွက်မှာမဟုတ်တဲ့ဆွေးနွေးပွဲတွေကို တိုင်းရင်းသာအဖွဲ့အစည်းတွေဘက်မှ အကောင်းမြင်ခြင်းမရှိပါ။ မတရားအာဏာသိမ်းပိုက်ထားတဲ့စစ်ကောင်စီဟာ အဖက်ဖက်မှာထိန်းသိမ်းအုပ်ချုပ်နိုင်ခြင်းမရှိလို့ တကယ်ကိုရှုံးနိမ့်နေပါပြီ။  


ပြည်သူတွေကိုမတရားအနိုင်ကျင့်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်အာဏာရှင်နဲ့အဖွဲ့ကို ပြန်လည်ခုခံတိုက်ခိုက်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ကိုဖွဲ့စည်းတည်ထောင်ခဲ့တာ တစ်နှစ်ခန့်ရှိလာပါပြီ။ တစ်နှစ်အတွင်း တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ PDF တွေဟာအကြမ်းဖက်စစ်တပ်ကိုခုခံစစ် ဆင်နွှဲလာတာဟာ ပွဲပေါင်း ၂,၆၇၃မျှရှိခဲ့ပါပြီ။ အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သားပေါင်း ၁၂,၄၃၇ဦးခန့်သေဆုံးခဲ့ပြီး ၄,၁၈၉ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့ပါပြီ။ သူတို့သဲကြီးမဲကြီးတိုက်ခိုက်နေတဲ့ ကရင်နီပြည်နယ်ဘက်မှာဆိုရင် ဖေဖော်ဝါရီနဲ့မတ်လ နှစ်လအတွင်းမှာ စစ်ကောင်စီဘက်က စစ်သား၆၀၀ကျော်ကျရှုံးခဲ့ပါတယ်။လက်နက်အင်အားမမျှစွာ ပြန်လည်ခုခံနေရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်၊ တိုင်းရင်းသားတပ်တွေဘက်မှလည်း ၁၀၀ကျော်လောက်ကျဆုံးခဲ့ပါတယ်။ ကိုယ့်ဖက်ကပေးခဲ့ရတဲ့ အသက်တွေဟာ စစ်ကောင်စီဖက်ကထက် ကိုးဆလောက်နည်းပေမယ့် ထိုက်တန်ခြင်းအလျင်းမရှိပါ။ အကြမ်းဖျဉ်းပြောရရင် အကြမ်းဖက်စစ်တပ်ဖက်က ငါးဆကနေ ၂ဝ ဆခန့်မျှပိုပြီးကျဆုံးခဲ့ပါတယ်။  


တကယ်တမ်းမြေပြင်ပေါ်မှာတိုက်ခိုက်ရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်ဖက်က အရာရှိတပ်သားအမြောက်အများအားလုံးဟာ အမှန်ကိုသိပြီး ပြည်သူ့ရင်ခွင်ဖက်ကို ကူးပြောင်းလာနေကြပါတယ်။ ဒါတွေဟာပြည်သူ့ဘက်က နိုင်ခြင်းဖြစ်တယ်ဆိုတဲ့ အမှန်တရားတွေပဲဖြစ်ပါတယ်။ လတ်တလောထွက်လာတဲ့မြေပုံကိုကြည့်ပါ။ စစ်အာဏာရှင်တွေဟာ နယ်မြေအတော်များများကို အုပ်ချုပ်နိုင်ခြင်းမရှိတော့ပါဘူး။ စစ်ကောင်စီဟာ သူရဲ့တပ်စခန်း အတော်များများလည်း ဆုံးရှုံးခဲ့ပါတယ်။ သူတို့တပ်တွေတစ်နေရာကနေ တစ်နေရာကိုရွှေ့တဲ့အခါ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေကြလွန်းတဲ့အတွက်လည်း တပ်အရွှေ့အပြောင်းလုပ်ခိုင်းတာ လျှော့ချလိုက်ကြပါတယ်။  


စစ်ကောင်စီရဲ့လက်နက်အတော်များများလည်း ပြည်သူ့တပ်တွေဆီမှာ ဆုံးရှုံးခဲ့ကြပါတယ်။ ကား၊သေနတ်၊လေယာဉ်၊ သင်္ဘောတွေဟာ တစ်နှစ်အတွင်း အဆုံးအရှုံးများခဲ့ကြပါပြီ။ ဒါတွေဟာ စစ်ကောင်စီရဲ့စစ်ကုန်ကျစရိတ်တွေပါ။ ပြည်သူတွေကိုဗုံးတစ်လုံး ပစ်ပြီးတိုက်ခိုက်လိုက်တိုင်း ဒေါ်လာ၁,ဝဝဝ ခန့်ကုန်ကျပါတယ်။ စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်ခြင်းကြိုးစားမှုတိုင်းဟာ ပြည်သူ့အခွန်ဘဏ္ဍာငွေသန်းပေါင်းများစွာကုန်ကျပါတယ်။ ဒီငွေတွေကိုပြန်ဖြည့်ဖို့အတွက်လည်း ဝင်ငွေရနိုင်တဲ့လမ်းတွေဟာလည်း အတော်ကိုပိတ်ဆို့မှုတွေဖြစ်နေပါတယ်။ မိုင်တဲ၊ မြန်မာဘီယာ၊ အက်ဒမန်ဘီယာတွေဟာလည်း အရောင်းအားအတော်ကျဆင်းလာပါပြီ။ ပြည်သူတွေအနေနဲ့ မိမိတို့တတ်နိုင်သမျှအားနဲ့ ပြည်သူ့ထောက်ပို့ရေးအနေအထားဖြင့် NUG နှင့် PDF များကို ထောက်ပံ့မှုတွေမရပ်မနားရှိနေပါတယ်။ နည်းလမ်းမျိုးစုံနဲ့ငွေရအောင်ဝိုင်းဝန်းကြိုးစားကြပါတယ်။ ဘယ်သူ့ဖက်ကအားသာပြီး ဘယ်သူတွေနိုင်နေလည်းဆိုတာ အထင်အရှားမြင်တွေနေရတာ ဖြစ်ပါတယ်။ 


အကြမ်းဖက်စစ်အာဏာရှင်လူတစ်စုနဲ့ သူတို့ကိုအထောက်အပံ့ပြုနေတဲ့လူတစ်စုကို ပေါင်းကြည့်လိုက်ရင် ဘယ်လောက်ရှိနိုင်ပါသလဲ။ လူဦးရေတစ်သန်းထက် များနိုင်ပါသလား။ ပြည်သူ့အင်အားစုကြီးနဲ့ယှဉ်လိုက်ရင် ပြည်သူတွေရဲ့ အင်အားဟာ အထင်အရှားကို အသာကြီးသာနေတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လူမဆန် နှိပ်စက်သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူတွေ၊ သူတို့ကြောင့်ဆင်းရဲဒုက္ခရောက်နေကြရတဲ့ ပြည်သူတွေ၊ မတရားချမှတ်တဲ့ အမိန့်တွေကြောင့် ရိုးသားစွာစီးပွားရှာဖို့ ခက်ခဲလာကြတဲ့ ပြည်သူတွေဟာလည်း ပြည်သူ့တာဝန်ကို ကိုယ်စီထမ်းဆောင်နေကြတာဖြစ်ပါတယ်။ အခွင့်အခါကြုံတိုင်း သူတို့ရဲ့အမိန့်ကို ဆန့်ကျင်နေကြတာလည်း တညီတညွတ်တည်းပါပဲ။ ပြည်သူတွေနိုင်နေပါတယ်။ ဖြတ်သန်းလာခဲ့ကြတဲ့ တော်လှန်ရေးတစ်နှစ်တာ ကာလရဲ့ အဆုံးအဖြတ်တွေဟာ ပြည်သူတွေရဲ့အောင်မြင်မှုတွေကို သက်သေ ထူနိုင်ခဲ့ပါတယ်။ 


ပြည်သူတွေဟာ အနစ်နာခံတော်လှန်ခဲ့ကြပြီး ကိုယ်ပိုင်အခွင့်အရေးတွေကို အများကြီး စွန့်လွှတ်ခဲ့ကြပါတယ်။ စွန့်လွှတ်ပြီးတိုက်ပွဲဝင်နေကြတဲ့ပြည်သူတွေရဲ့ အင်မတန်ပြင်းပြစွာလိုချင်ကြတဲ့ အရာကတော့ အကြမ်းဖက်စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းသွားပြီး အရင်ကလို လွတ်လပ်စွာ နေထိုင်ရှင်သန်ရဖို့ပဲဖြစ်ပါတယ်။ လူငယ်တွေရဲ့တောက်ပတဲ့အနာဂတ်ကို ပြန်ပေးလိုခြင်းပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် အသက်တွေဘဝတွေပေးပြီးတိုက်ပွဲဝင်နေကြတယ်၊ တတ်နိုင်တဲ့ဘက်မှကူညီကြတယ်။ လွတ်လပ်ခွင့်ကိုမြည်းစမ်းပြီးခဲ့ကြတဲ့သူတွေမို့လို့ သဘောထားမတိုက်ဆိုင်တာရှိရင် အငြင်းပွားကြပြီး၊ သဘောမတူနိုင်တဲ့အချက်အလက်တွေကို ထောက်ပြကြတယ်။ အောင်ပွဲတိုင်းကိုလည်း အားရဝမ်းသာ ပျော်ရွှင်ကြတယ်တယ်။ တော်လှန်ရေးတွက် အသက်ပေးခဲ့ရတဲ့ ရဲဘော်တစ်ယောက်ချင်းစီ အတွက်လည်း ရင်ဘတ်ချင်းထပ်တူခံစားဝမ်းနည်းကြရတယ်။ ဒီလိုညီညွတ်တဲ့ပြည်သူတွေဟာ လူနည်းစုဖြစ်တဲ့အကြမ်းဖက်စစ်အာဏာရှင်တွေကို ကာကွယ်ပေးနေကြတဲ့စစ်သားတွေနဲ့ ထောက်ခံပေးနေကြတဲ့သူတွေအားလုံးကို အမှန်တကယ်အနိုင်ရရှိတော့မယ်ဆိုတာ အသေအချာပါ


ပဲ။ 

.

Mizzima

Monday, April 25, 2022

မင်းအောင်လှိုင်လှုံနေတဲ့ ငရဲမီး



ဘယ်အချိန်ကတည်းက သမ္မတရူး စရူးတာလဲဆိုတာ သေချာမပြောနိုင်ပေမဲ့ ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့အချိန်မှာ အဲဒီအရူးစိတ်က ရေချိန်စကိုက်လာ ပုံပါပဲ။သိန်းစိန်ပြီးရင် ရွှေမန်း၊ရွှေမန်းပြီးရင်တော့ ငါပဲဆို တဲ့ ဒုတိယအာဏာရှင် သန်းရွှေကြီးရဲ့ တန်းစီဇယားအရ ခေါင်းပေါင်းစတလူလူနဲ့ အနာဂတ်ကာလမှာ သမ္မတကြီးမင်းအောင်လှိုင် အဖြစ် စပ်ဖြဲဖြဲ မျှော်လင့်ချက်ကြီးခဲ့တဲ့ပုံ။

မင်းအောင်လှိုင်ရဲ့ တစ်ဖက်သတ်ရူးခန်းကို ၂၀၁၅ခုနှစ်မှာပြည်သူတွေက NLD ကိုပုံအောမဲထည့်လို့ ချေဖျက်ပစ်ခဲ့တယ်။ဒါပေမဲ့ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေး ဉာဏ်ရည်ကနိမ့်ပြီး ဘဝင်ရူးစိတ်ကမြင့်လေတော့ ကိုယ့်ဘာသာ ထိန်းသိမ်း ရကောင်းမှန်းမသိ ကြိတ်မနိုင်ခဲမရဖြစ်တော့တယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ ထောက်ခံလွန်း တာ ကိုကြည့်ပြီး ဘာ့ ကြောင့် လူထုက ဒီလောက်တောင်ထောက် ခံနေရတာလဲ လို့ အမှန်အတိုင်း ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိ၊ မနာလို စိတ်ကြီးခြင်းနဲ့ တမြေ့မြေ့ တောက်လောင်ခဲ့ပုံရတယ်။အဲဒီမနာလိုစိတ်ကို ဘဝင်ရူးစိတ်နဲ့ ပေါင်းစပ်လိုက်တဲ့ အခါကျ တော့ ငါလည်းပဲ ဒီလိုနေရာရောက်ရင် ပြည်သူတွေက ဒါမျိုးထောက်ခံ မှာ ပဲလို့ စုံမှိတ်ဖြေရ တယ်။ စစ်သားတစ်ယောက်ရဲ့ နုံချာလွန်းလှတဲ့ဉာဏ်ရည် က အာဏာသာရှိခဲ့ရင် ဘာမဆိုရှိနိုင်ပြီး လူထု ထောက်ခံ မှုလည်း အလိုလိုရှိ လာ မယ်လို့သာ တွေးတတ်ခဲ့တယ်။

အရှိတရားတွေကို ဉာဏ်ရည်နဲ့ဘဝင်က ကာထားလေတော့ ၂၀၂၀ ရွေး ကောက်ပွဲအပြီးမှာ အခြေခံ ဥပဒေအရ အချောင်ရထားတဲ့ စစ်တပ်၂၅ရာခိုင် နှုန်းနဲ့ ကြံ့ဖွံ့+ကြံ့ဖွံ့အနွယ်ပါတီငယ်တွေရဲ့ စု ပေါင်းမဲနဲ့ အစိုး ရဖွဲ့။

စစ်တပ်ကအမည်စာရင်းတင်သွင်းလိုက်တဲ့ဒုသမ္မတမင်းအောင်လှိုင်ကို သမ္မတ အဖြစ်ထပ်မံ ရွေးချယ်ခံရ လိမ့်မယ်လို့ သမ္မတဖြစ်တော်မူခန်းကိုတစ်ကိုယ်တော် စိတ်ကူးယဉ်လေ့ကျင့်ခဲ့ပုံရတယ်။

ဒါ့ကြောင့် မီဒီယာတွေနဲ့တွေ့ဆုံခန်းမှာ သူဟာ နှစ်၄၀‌ေကျာ်ကြာ အုပ်ချုပ်ရေး အတွေ့ အကြုံများစွာရှိပြီးအဲဒီအတွေ့အကြုံတွေကို လက်တွေ့အသုံးချဖို့အသင့် ရှိ ကြောင်း ပြောကြားခဲ့သလိုလက်ရှိရာထူး ထက် ပိုမြင့်တဲ့ တာဝန်ကို ထမ်း ဆောင်ဖို့ဆန္ဒရှိကြောင်းပြောကြားခဲ့ကာ သူ့ရဲ့သမ္မတရူးအိပ်မက်ကို ထုတ်ပြခဲ့ တယ်။

၂၀၂၀ရွေးကောက်ပွဲရလဒ်ဟာ မင်းအောင်လှိုင်မျှော်လင့်ထားတာရဲ့ နှစ်ဖက် ကမ်းလောက်မှာ ပြည်သူတွေက ပြတ်ပြတ်သားသားအောင်ပွဲခံခဲ့လေတော့ မရှက်မကြောက် ကျနော့်ကိုသမ္မတခန့်ပါလို့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင် ဆန်းစု ကြည် ကိုသွားပြောလေတယ်။မခန့်မှာသေချာကြောင်းသိပေမဲ့ သမ္မတမခန့်ရင် အာဏာသိမ်း ပစ်လိုက် မယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးနဲ့ သွားပြောတာလို့ ထင် တယ်။

ဘယ်လိုမှ ဘာမှဖြစ်မလာတဲ့အဆုံး နောက်ဆုံးနည်းအဖြစ် အာဏာသိမ်းလိုက် တယ်။ မင်းအောင်လှိုင်ဟာ ဝန်ကြီးချုပ်အဖြစ်ရော ကာချုပ်အဖြစ်ပါ သူ့ ကိုယ် သူအားမနာတမ်း ရာထူးတွေပေးခဲ့တယ်။တစ်တိုင်းပြည် လုံးက ဆဲရေးတိုင်း ထွာပြီး ဆန့်ကျင်နေတာတောင် သမ္မတအိမ်တော်ပေါ်တက်၊သမ္မတအဆောင် အယောင် တွေ ဆင်လို့ သူ့ကိုယ်သူသမ္မတအဖြစ် ဇွတ်အတင်း ဖန်တီးယူခဲ့တယ်။
အခုလည်း သမ္မတရူးခန်းရဲ့အဆက် ဧပြီ၁၇ရက်နေ့ မြန်မာနှစ်ဆန်း၁ရက်နေ့) မှာ နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင် ဘွဲ့တွေကို ချီးမြှင့်ပြန်တယ်။အခုပေးအပ် တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေရဲ့ထူးခြားချက်က အစဉ် အလာအားဖြင့် နိုင်ငံတော် အကြီးအကဲနဲ့သမ္မတတွေကသာ ပေးအပ်ခဲ့ရာကနေ အခုအာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်က သူ့ကိုယ်သူ နိုင်ငံ့ခေါင်းဆောင်ကြီးအဖြစ် ပေးအပ်ချီးမြှင့်ခြင်း ပါပဲ။ပြီးတော့ အဲဒီဂုဏ်ထူး ဆောင်ဘွဲ့ချီးမြှင့်ခံရသူတွေဟာ နိုင်ငံတော်နဲ့နိုင်ငံ သားတွေရဲ့ကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ တာဝန် ထမ်းဆောင်ခဲ့သူ တွေလို့ ညွှန်းဆိုထားပြီး မင်းအောင်လှိုင်က မင်းအောင်လှိုင်ကို ဂုဏ်ထူး ဆောင် ဘွဲ့ နှစ်ဘွဲ့ချီး မြှင့်ခဲ့ပြန်ပါတယ်။

 
မင်းအောင်လှိုင်ဟာ နိုင်ငံသားတွေရဲ့ ကောင်းကျိုးကို ဘယ်လောက်ထိ ထူးချွန် ပြောင်မြောက်စွာ ထမ်းရွက်ခဲ့ပါသလဲ။နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း(AAPP)ရဲ့မှတ်တမ်းအရ အာဏာ သိမ်းကာလတစ်နှစ် ကျော်အတွင်း မင်းအောင်လှိုင်သတ်ခဲ့တဲ့ပြည်သူ ၁၇၈၀ ကျော်သွားပြီဖြစ်သလို မင်းအောင် လှိုင် တပ်က ပြည်သူ့နေအိမ်၉၀၀၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar စစ်တမ်းက ဖော်ပြ နေပါ တယ်။

မင်းအောင်လှိုင်ပေးတဲ့ဂုဏ်ထူးဆောင်ဘွဲ့တွေက သေလွန်ပြီးလူတွေပါသလို မသေသေးတဲ့လူတွေ ထဲက သူကြည်ဖြူတဲ့လူတွေကို ပေးတာလို့ထင်ရတယ်။သူဂုဏ်ထူးဆောင်ဘွဲ့ပေးတဲ့နိုင်ငံရေးဆိုင်ရာအကြီး အကဲတွေထဲမှာ ဦးနုက လွဲလို့ ကျန်တာစစ်တပ်ခေါင်းဆောင်နဲ့ အာဏာနဲ့အကျိုးစီးပွားရှာ ခဲ့တဲ့နေဝင်း တို့လို၊ သန်းရွှေတို့လို ရာဇဝတ်သားအာဏာရှင်တွေ ချည်းပါပဲ။

ဒါပေမဲ့ မောင်အေးတို့ခင်ညွန့်တို့ သိန်းစိန်အစိုးရအဖွဲ့ဝင်တွေနဲ့ သူရရွှေမန်း ကိုချန်ထားခဲ့တာကတော့ မင်းအောင်လှိုင်သာသက်ဆိုးရှည်ခဲ့ရင် အဲဒီလူတွေရဲ့ လုံခြုံရေးနဲ့စည်းစိမ်တွေကို ထိပါးခံရနိုင်ခြေရှိမလားလို့ အတွေးပွားဖွယ်ရာပါ။
တကယ်တော့ မင်းအောင်လှိုင်ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ဆိုတာ သူ့ရဲ့ သမ္မတရူးခန်း ကို သူ့ကိုယ်သူ ပြန်အ သုံးတော်ခံတာဖြစ်သလို ငါ့မှာလည်း ငါလူတွေရှိတယ်ဆို တာမျိုးနဲ့ သူ့ကိုယ်သူပြန်အားတင်းတာလည်းဖြစ် မယ်ထင်ပါတယ်။ဒါ့ကြောင့် မတ်လ၂၇ရက်နေ့တုန်းကလည်း ဆုတံဆိပ်တွေပေး၊နှစ်ဆန်း၁ရက်နေ့မှာလည်း ဂုဏ်ထူးဆောင်ဘွဲ့နဲ့တံဆိပ်တွေ နယ်ပယ်အသီးသီးက လူ၁၄၀ကျော်ကိုပေးလို့ သူ့ကိုယ်သူနိုင်ငံ့ခေါင်းဆောင် ဖြစ်ကြောင်း အရသာခံနေပုံရပါတယ်။

ပြီးတော့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ မေတ္တာစိတ်ကြီးမားပုံကို ဖော်ကျူးတဲ့အနေနဲ့ အခါကြီးရက်ကြီး တွေမှာ အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးတာမျိုးကို လည်း မင်းအောင်လှိုင်က စိတ်ပါလက်ပါလုပ်လေ့ ရှိပါတယ်။ဘယ်လောက်ထိ အောင်လွတ်ငြိမ်းခွင့်ပေးသလဲဆို အာဏာသိမ်းပြီးတဲ့ တစ်နှစ်ကျော်မှာ လွတ် ငြိမ်း ခွင့် ၇-ခါပေးပြီးပါပြီ။ အဲဒီ၇ခါမှာ လွတ်ငြိမ်းခွင့်ရလူဦးရေ ၅၇,၀၉၁ ဦးအထိရှိပါတယ်။ဒါပေမဲ့ အဲဒီလွတ်ငြိမ်းခွင့်ရ လူတွေ ထဲက နိုင်ငံရေးအကျဉ်း သား ၈ ရာခိုင်နှုန်းလောက်သာ ပါတာကြောင့် မင်းအောင်လှိုင်ရဲ့သမ္မတရူး ကွက်မှာ သူ့အာဏာကိုထိပါးလာနိုင်တာတွေ မပါဘူးဆိုတာ ပေါ်လွင်နေပါတယ်။
မင်းအောင်လှိုင်ဟာ အဲဒီလိုသမ္မတရူး ရူးနေသူဆိုပေမဲ့ အာဏာသိမ်းကာလ ၆လကျော်မှာတင် တိုင်း ပြည်စီးပွားရေး ဇောက်ထိုးဆင်းသွားတာ၊တတိယလှိုင်း ကိုဗစ်မှာ ပြည်သူတွေသောက်သောက်လဲသေခဲ့ရတာ၊ စီးပွားတွေပျက်တဲ့အထိ လျှပ်စစ်မီးမပေးနိုင်တော့တာနဲ့ လောင်စာဆီဈေးကမောက်ကမ ဖြစ်နေတာ တွေ ကို ကြည့်လိုက်ရင် မင်းအောင်လှိုင်ဘာလဲဆိုတာ သုံးချက်တွက်နည်းတောင် မလိုဘဲ အဖြေထွက်ပြီးသားပါပဲ။ လက်ညှိုးထောင်ခေါင်းညိတ်၊ရေဗူးပေါက်တာ မ လိုချင်ဘူး၊ရေပါတာပဲလိုချင်တယ်ဆိုတဲ့သူတို့စစ်တပ်လောက ထဲ မင်း အောင် လှိုင်ရဲ့ စီမံခန့်ခွဲမှုအတွေ့အကြုံ နှစ်ပေါင်း၄၀ကျော်ဆိုတာ ဘာမှသုံးစားလို့မရ မှန်း သူတို့စစ် သားတွေတောင် ကောင်းကောင်းကြီးမြင်တွေ့လို့ ဟားတိုက်နေ ကြ ပါပြီ။

ဘာပဲဖြစ်ဖြစ် မင်းအောင်လှိုင်ကတော့ သူ့အာဏာတည်မြဲရေးအတွက် ပြည် သူကို ဆက်လက်သတ် ဖြတ်ညှင်းပန်းနေဦးမှာပါပဲ။မင်းအောင်လှိုင် ကြောက် ကြောက်လန့်လန့်နဲ့ရှေ့ဆက်တိုးပါလိမ့်မယ်။ပြည်သူတွေကလည်း ရဲရင့်တဲ့ခြေ လှမ်းတွေနဲ့ အနာဂတ်အောင်မြေဆီ ဆက်လက်ချီတက်နေကြပါတယ်။

ထွန်းလင်း ( ကူးယူသည် )

Sunday, April 24, 2022

PDF ဆိုတာဘာလဲ မအလ ကောင်းကောင်းသိတယ်


 စကစက pdfကို ကြောက်လည်းကြောက်နေပြီ စောက်ဂရုမစိုက်ပါဘူးဆိုတဲ့ မာန်ကလည်း ရှိသေး ..


pdf တွေနဲ့လည်း တွေ့ဆုံညှိနိုင်းလို့က မရ

pdf တွေ ဘယ်မှာရှိလဲ 

ဘယ်ကလာလဲ 

ဘယ်မှာ သင်တန်းတက်မလဲ

ဘယ်သူက ခေါင်းဆောင်လဲ နဲ့ စဥ်းစားမှာပဲ....


pdfတွေ ဘယ်မှာ ရှိလဲ???


သူတို့ကလွဲရင်နီးစပ်ရာ အဖွဲ့အစည်းတွေမှာရှိမှာပဲ


ကလေးတောင်သိတယ်😂


အဲ့တော့ ခေါင်းမော့ရင်ကော့ချင်ယောင်ဆောင်ပြီး


pdfတွေကို ဂရုမစိုက်ဘူး

ကျန်တဲ့အဖွဲ့အစည်းတွေကို အကုန် လက်ခံတယ်ဆိုတာမျိုး လုပ်လိုက်တာ


အမှန်က

Pdf နဲ့ ညှိနှိုင်းချင်သော် လည်း

pdfခေါင်းဆောင်ဆိုတာကို ရှာလို့မရဘူးလေ


အာဏာနဲ့ ငွေနဲ့ တခုခုနဲ့ပေါ့

pdf ဆိုတာကြီးကို ကမ်းလှမ်းချင်သော်လည်း...

nugကိုလား

ဗိုလ်နဂါးကိုလား

ဗိုလ်ကျားကိုလား

ဗိုလ်မုတ်ဆိတ်ကို​လား

ဗိုလ်ဟိုဟာ ဒီဟာကိုလား

ဘယ်သူ့ကို ရှာရမှန်း မသိဘူး 😂😂😂😂


အဖွဲ့အစည်းတခုမှာ ခေါင်းဆောင်ရှိချင်ရှိနိုင်တယ်

pdf မှာ ခေါင်းဆောင်မှ မရှိတာ.....


သူ့နယ်မှာလေးစားစရာမို့ နာမည်ကြီးချင် ကြီးမယ်

ခေါင်းဆောင်ဆိုတဲ့ ကလေးအထာမျိုး က 88မှာပဲရှိလိမ့်မယ်

အခုက အကုန် ပြည်သူတွေပဲ

အကုန် ခေါင်းဆောင်တွေချည်းပဲ....


သူတို့ လုပ်လို့​​ရတဲ့ 

လုပ်ခဲ့တဲ့ 

အဖွဲ့တွေကို (အရင်လို ) ခေါ်ပြီး pdf ဆိုတာ ဘာညာသာရကာ ဟိုလိုဒီလိုနဲ့ လှည့်ပတ်ပြောပြီး ဂျင်းထည့်မလို့😂😂😂


အဲ့အဖွဲ့အစည်းတွေ အကုန်လုံးကလည်း pdf နဲ့ မကင်းဘူး ပြည်သူနဲ့မကင်းဘူးဆိုတာ

သူတို့ မသိပဲနေမလား😂


ရှင်းရှင်းပြောရရင်

သူတို့က တသက်လုံး အနိုင်ကျင့်ခဲ့တဲ့

တိုင်းရင်းသားလက်နက်ကိုင်တွေကို သိပ်ချစ် သိပ်ကြောက်နေတာမဟုတ်ဘူး..


သူတို့ လှန်လိုလှန် မှောက်လိုမှောက်လုပ်ခဲ့တာ

နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ


တကယ် ညှိနှိုင်းချင်တာမဟုတ်ဘူး

အရင်ကလည်း လိုအပ်တဲ့အချိန်မှာ ဒါမျိုးလုပ်နေကြပဲလေ


သူတို့သည်

ဘာ့ကြောင့်လဲ???

ဘာကို ကြောက်နေတာ လဲ ???

Ok!

ဦးနှောက်ရှိရင် သိကြမှာပါ😏


သူတို့ ဘဝတသက်တာ 

အနိုင်ကျင့်ခဲ့တဲ့ သူတွေကို ကြောက်နေလို့ခေါ်တာ ဟုတ် ပါ့မလား


pdf ဆိုတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ နဲ့ ပြည်သူ့အင်အားစုကိုပဲကြောက်တာ

အဲ့ဒါပဲ.....😏


Pdfဆိုတာ နာမည်သက်သက်ပါ

အားလုံး က ပြည်သူတွေပဲ


ဒင်းတို့လုပ်ရပ်ကို မကြိုက်လို့..

ဒင်းတို့ လက်အောက်မှာ မနေချင်လို့

ဒင်းတို့ မတော်မတရားလုပ်တာ မခံနိုင်လို့....

အဲ့လိုနဲ့ နာမည် တခုတပ်ပြီး pdf ဖြစ်ခဲ့ရတာ...


သူတို့ အကုန် သိပါတယ်

ဒါပေမယ့် သူတို့ လုပ်ရပ်က ညွန့်ဝင်းတို့ခေတ်ကအတိုင်း ဖြစ်နေတော့ ခက်သား😂🤣🤣


အခုက ညွန့်ဝင်းခေတ်မဟုတ်ပဲ

ပိုင်တံခွန် ခေတ်

မင်းမော်ကွန်းခေတ်ဆိုတာကို နားမလည်ကြတော့

လိတွေဖြစ်တာပေါ့😂😂


နောက်ဆုံး ပြောရရင်

PDF ဆိုတာ နာမည်သက်သက်ပါ...

အာဏာရှင်ကို မကြိုက်ရင် အဲ့ဒါ PDF ပဲ

ဘယ်ကို သွားနေမှမဟုတ်ဘူး

မိမိအိမ်မှာ နေရင်း အာဏာရှင်ကို မကြိုက်တာလည်း

PDFပဲ...


သူတို့ကတော့ ကိုယ်ပြောတာကို ခုထိ သဘောပေါက်မှာ မဟုတ်ပါဘူး😂

တွေ့ဆုံဆွေးနွေးဘို့လောက်ပဲ အကြံထုတ်တတ်မှာ😂😂


#Credit_ShweDarrYoee

မြန်မာ့တပ်မတော်၏နောင့်ဆုံးနေ့ရက်များ

 


***မြန်မာ့တပ်မတော်၏ နောက်ဆုံးနေ့ရက် များ***


စစ်သည်သိန်းချီရှိတဲ့ စစ်တပ်တစ်ခုပြိုကျသွားဖို့ဆိုတာ ရှိသမျှစစ်သားတွေ ကုန်သွားဖို့မလိုပါဘူ

ငွေကို ရေ‌လိုသုံးပြီး ခေတ်မီနည်းပညာလက်နက်တွေနဲ့ တည်ဆောက်ခဲ့တဲ့ အာဖဂန်စစ်တပ်ကြီးဟာ သုံးလအတွင်း သုညဘဝကို ရောက်သွားတာ ပူပူနွေးနွေးသင်ခန်းစာတစ်ခုပါ။ ဒီစစ်တပ် မလွဲမသွေ ရှုံးရတော့မယ်ဆိုတဲ့ အမြင်မှန်လေးဝင်သွားရုံပါပဲ။


လက်ရှိရှမ်းပြည်မှာ စစ်ရေးပြင်နေကြတာအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၅ခုမှာ ၁၂ခုရဲ့ စစ်ရေး၊ အုပ်ချုပ်ရေးပစ်မှတ်တွေ တိုက်ခိုက်ခံနေရချိန်၊ ကာချုပ်ရဲ့ TVပေါ်ကနေ EROတွေနဲ့ ဆုံတွေ့ကြဖို့ တိုင်းသိပြည်သိ တောင်းဆိုချက်ဟာ သေရေးရှင်ရေးအချိန်ကို ရောက်နေပြီလို့ ဆိုလိုပါတယ်


"စစ်သည်အင်အာ


တပ်မတော်တစ်ခုမှာ အကြမ်းဖျင်းဆိုရရင် တိုက်ခိုက်ရေးတပ်နဲ့ ပံ့ပိုးကူညီရေးတပ်သားအချိုးဟာ အမြင့်ဆုံး ၁ အချိုး ၃၊ ၁ အချိုး ၄ မျှရှိပါတယ်။ တနည်းအားဖြင့် ခြေလျင်ခြေမြန်စစ်သည်တစ်ယောက်ရှေ့တန်းမှာ တိုက်ခိုက်နိုင်ဖို့ နောက်ကွယ်က စစ်သည်သုံးဦး လေးဦး အနည်းဆုံးကူညီလှုပ်ရှားပေးရပါတယ်


အုပ်ချုပ်ရေး၊ စည်းကမ်းထိန်း၊ စာရင်းအင်း၊ ရိက္ခာစုဆောင်း၊ ထမင်းချက်၊ ဝါဒဖြန့်၊ ပြည်သူ့ဆက်ဆံရေး၊ လေ့ကျင့်သင်ကြား‌ရေး၊ ဆေးဘက်၊ အင်ဂျင်နီယာ၊ ယန္တယားထိန်းထိမ်းပြုပြင်၊ ယဉ်မောင်း၊ လောင်စာဆီ၊ ဆက်သွယ်ရေး၊ သုတေသန၊ လက်နက်ခဲယမ်းထုတ်လုပ်တပ်ဆင်၊ သိုလှောင်၊ ဖြန့်ဖြူး စတဲ့ ဘက်တွေမှာ တိုက်ခိုက်ရေးအင်အားထက် အနည်းဆုံး သုံးဆ၊ လေးဆထိ သုံးရပါတယ်


ဒါ့အပြင် အခုပြည်တွင်းစစ်တိုက်ခိုက်ရေးမှာ တိုက်ရိုက်မပါဝင်တဲ့ လေကြောင်းရန်ကာကွယ်ရေး၊ ကမ်းခြေစောင့်တပ်ဖွဲ့၊ ကိုယ်ရံတော်တပ်ဖွဲ့  နောက်ချန်အင်အား၊ ကိုယ်ရံတော်တပ် ဒါတွေလဲ ရှိကြပါသေးတယ်။ ဆိုလိုချင်တာက အဝင်မရှိပဲ အထွက်ပဲပြနေတဲ့ စကစ တပ်သားတွေအတွက် တနိုင်ငံလုံးမှာ ဖြန့်ကြဲရင်း ဝန်နဲ့ အားမမျှ ဖြစ်လာတဲ့ အရှိတရားပါ


ချင်း‌တော်လှန်ရေးကို အမှုန့်ခြေဖို့အတွက်၊ လက်ကျန်အင်အားထဲက အလွန်အကျွံထုတ်နှုတ်ပြီးလောင်းကြေးကြီးကြီးထပ်ထားတဲ့ အနော်ရထာစစ်ဆင်ရေးဟာ အရှုံးထွက်တဲ့ တွက်ကိန်းဖြစ်နေပါတယ်


တပ်မတော်ဟာ စစ်အင်အားကို တောင်ပိုင်းပို့ရင်း၊ မြောက်ပိုင်းမှာ ဟာ၊ အရှေ့မှာစုရင် အနောက်က ဗလာ။ ရှေ့နောက်တောင်မြောက် အလယ်ကို ကာဗာမိဖို့ ဇွတ်လုပ်ယူတော့ နေရာတိုင်းမှာ လုပ်တဲ့အလုပ်တိုင်းက ဖရိုဖရဲဖြစ်၊ တပ်တွင်းမကျေနပ်မှုများ။ ဒီလိုနဲ့ ပြည်နယ်အချို့လက်လွတ်ခံလိုက်မယ်ဆိုရင်လဲ စစ်တပ်ရဲ့ ပင်မဝါဒကျောရိုး ပြိုလဲပြီးသားဖြစ်သွားပါမယ်


တကယ်တမ်းတော့ အာဏာသိမ်းခါစက ကျနော်တို့ထင်မြင်နေတဲ့ တပ်ပျက်နေပြီတို့၊ တပ်တွင်းပုန်ကန်မှုတွေပေါ်တော့မယ်တို့ ဆိုတာ လုံးဝမဟုတ်ခဲ့ပါဘူး။  အဝေးကြီးပါ။ သို့သော်.... ကျနော်တို့ ယုံကြည်မှုထားခဲ့ကြတယ်။ ယုံကြည်မှုတန်ဖိုး အသက်တွေပေးကြရတယ်။ ရလဒ်အနေနဲ့  "မဖြစ်နိုင်ခဲ့တဲ့ပန်းတိုင်" ကို နေရာတစ်ခုမှာ လှမ်းမြင်နေရပါပြီ


"တပ်မတော် ထွက်ပေါက်ပိတ်မိခြင်


လက်နက်ငွေကြေးလူအင်အား၊ အတွေ့အကြုံ နည်းဗျူဟာအပြည့်နဲ့ နှစ်ခုနှစ်ဆယ်ကျော် ရပ်တည်ခဲ့တဲ့ အဖွဲ့ကြီးဟာ သူတို့ရဲ့ အမှားတစ်ခုကို နောက်ထပ်အမှားနှစ်ခုနဲ့ ပြင်ဖို့ကြိုးစားတယ်။ ဒီလိုနဲ့ အမှားပေါ် အမှားဖို့ရင်း ကိုယ့်ထွက်ပေါက်တွေ ပိတ်မိလာတယ်


- ရွှေရည်စိမ်ဒီမိုကရေစီနဲ့ စစ်တပ်ကိုထွက်ပေါက်ရှာပေးခဲ့တဲ့ ရွေးကောက်ခံအစိုးရကို အကျဉ်းချတယ်၊ ပြည်သူတွေ လမ်းပေါ်ထွက်လာတယ်

- ဆန္ဒပြပြည်သူကို အကြမ်းဖက်တယ်၊ PDFဆိုတာ ပေါ်ပေါက်လာတယ်

- PDFကို နှိမ်နင်းဖို့ ရွာမီးရှို့တယ်၊ မသေပဲကျန်နေသူတွေ PDFထဲကို စုပြုံပြီး ဝင်လာကြတယ်

- အားရှိတုန်းမှာ အားငယ်သူကို အနိုင်ကျင့်တယ်၊ သူတို့အားနည်းချိန်မှာ အကြွေးပြန်တောင်းလိုသူတွေ နိုင်ငံအနှံ့ဖြစ်လာတယ်


"အရေးမပါတာတွေ အရာလုပ်ရင်း လွဲလာခဲ့တဲ့လမ်


အသက်၈၀ကျော် ပင်စင်စား စစ်သားရဲ့

ဝေဖန်သံကိုတောင် အချင်းချင်း ဖမ်းဆီးထောင်ချခြင်းနဲ့ တုံ့ပြန်ရတဲ့အထိ တပ်မတော်ကြီးဟာ အထိရှဒါဏ်မခံနိုင်ဖြစ်လာတယ်


လက်ညှိုးထိုးမလွဲတဲ့ စစ်တပ်ဆန့်ကျင်သူတွေကို တစ်ဦးချင်းလိုက်နှိပ်ကွပ်တာ၊ ငွေညှစ်တာ၊ ဒုက္ခ‌လိုက်ပေးဖို့ တကူးတကအင်အားသုံးတာတွေဟာ သူတို့အတွက် လိုရင်းမရောက်ပဲ အာရုံထွေပြားမှုနဲ့ အချိန်ကုန်တာပါပဲ။ နိုင်ငံခြားထွက်မယ့် CDMသမားကို စောင့်ဖမ်းမယ်၊ လမ်းမှာဖုန်းယူစစ်ပြီး ရစ်မယ်။ ဒီလိုလုပ်ရပ်နဲ့ စစ်တပ်ကို မဆန့်ကျင်တော့အောင် လုပ်ဖို့ ကြံတာဟာ အနာနဲ့ ဆေး,လွဲခြင်းရဲ့ အစပါပဲ


ဆန္ဒပြဖြိုခွင်းရေး၊ အတိုက်အခံများကို ရှာဖွေနှိမ်နင်းရေးတွေမှာ အင်အားသုံးရတာအပြင် လုံခြုံရေးလိုက်ပေးရတဲ့ နေရာတွေက နည်းမသွားပဲ၊ တိုးလို့သာ လာပါတယ်


"‌နေရာပေါင်းစုံက စောင့်မျှော်နေတဲ့ အန္တရာယ်


စစ်တပ်ဟာ နိုင်ငံ့အာဏာသိမ်းခြင်းအားဖြင့် အစိုးရဘဏ္ဍာရေးအရင်းအမြစ်တွေကို မောင်ပိုင်စီးလိုက်ပြီးသားဖြစ်သွားသလို သူ့ရဲ့ငွေဝင်ပေါက်တွေနဲ့ အစိုးရယန္တရားကို ကာကွယ်ပေးဖို့ တာဝန်ပိုယူလိုက်ရတာနဲ့အတူတူပါပဲ


မြဝတီ၊ မြန်မာ့စီးပွားရေးစတဲ့ ဘဏ်လုပ်ငန်းတွေ၊ လျှပ်စစ်ရုံး၊ အကောက်ခွန်၊ စည်ပင်၊ ကညန စတဲ့ ငွေရှာပေးနေတဲ့ ဌာနတွေ၊ Mytel, Myanmar Beer စတဲ့ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်း၊ အုပ်ချုပ်ရေးရဲ့ အသက်သွေးကြော ထွေအုပ်၊ လဝက၊ ရပ်ကွက်ရုံး၊ တရားရုံး၊ အစိုးရအဖွဲ့ရုံး စတာတွေကို ဖြန့်ခွဲကာကွယ်နေရတဲ့အခါ လစ်ဟာမှုဟာ ဒိုးယိုပေါက်ဖြစ်လာပါတယ်


ယူနီဖောင်းဝတ်တွေကို ဟိုတစု သည်တစုတွေ့ရသမျှ ရုံး၊ အဖွဲ့စည်း၊ လုပ်ငန်းအားလုံးဟာ အတိုက်အခံအဖွဲ့တွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ မြို့ပေါ်တိုက်ခိုက်မှုက လျော့မသွားလို့ လုံခြုံရေးအင်အား တိုးပြီးလိုအပ်‌နေချိန်၊ တဖက်မှာလဲ နယ်စပ်+ပြည်မ, စစ်ဘောင်ကျယ်လာပုံနဲ့ ရှေ့ခရီးက ဘာဖြစ်မလဲ


ကရင်နီ၊ ကချင်၊ ကရင်၊ ချင်း၊ ဗမာ ဒေသစုံ တော်လှန်ရေးအစုအဖွဲ့တွေ အချိတ်အဆက်, အရင့်အကျက် တိုးတက်လာတာကို တန်ပြန်ဖို့ အဖြေမရှိခင် MNDAA, TNLA, SSPP, AA, UWSAတို့လို မဟာရန်ဘက်တွေရဲ့ ခုန်အုပ်ထိုးနှက်မယ့် အန္တရာယ်ကို လမ်းတဆစ်ချိုးက စောင့်မျှော်နေကြပါပြီ


အခုအချိန် ERO‌နဲ့ PDFတွေကို ရင်ဆိုင်ရင်း၊ ဦးပိုင်ရဲ့အကျိုးစီးပွားတွေ၊ စစ်တပ်ထောက်တိုင် ခရိုနီလုပ်ငန်းတွေ၊ အစိုးရအုပ်ချုပ်ရေးအဖွဲ့တွေကို လုံခြုံမှုပေးဖို့ မဆိုထားနဲ့ လက်နက်စက်ရုံနဲ့ ကုန်ကြမ်းပို့ဆောင်ရေးမှာတောင် ကိုယ့်တပ်ကို မကာကွယ်နိုင်တဲ့ အထိရုပ်ပျက်ဆင်းပျက် ကျဆင်းလာပါတယ်


တဆက်တည်းမှာပဲ.

ဒါဏ်ရ၊ ခွင့်မဲ့ပျက်/ပြေး၊ လက်နက်ချ/ခိုလှုံသူ စစ်သားတွေ၊ ပင်စင်နီး သက်ကြီးစစ်သည်၊ မူးယစ်/နာမကျန်းနဲ့ စွမ်းဆောင်ရည်ကျဆင်းတဲ့စစ်သည်တွေကို အစားထိုးဖို့ လူသစ်မရှိတာက စကစအတွက် အလွန်ပူပန်စရာကောင်းတဲ့ အချက်တွေပါ။


"အဆင့်နိမ့်ဆင်းခြင်း


အရေအတွက်အပြင် အရည်အချင်းကို ဖျက်တဲ့ကိစ္စတွေကတော့ အထက်အောက် အမိန့်လိုက်နာမှုအားနည်းလာတာ၊ စည်းကမ်းဖောက်ဖျက်တဲ့ စစ်သည်အရာရှိတွေကိုလဲ အပြစ်ပေးအရေးယူဖို့ မတတ်နိုင်တော့တာတွေ ‌အများကြီးဖြစ်လာပါတယ်

အရေးကြုံရင် သက်လုံကောင်းဖို့ဆိုတာ အစ,ကောင်းခဲ့ဖို့လိုပါတယ်။ ကိုယ့်တပ်ထဲက လူတော်တွေကို နေရာပေးတာ၊ ကိုယ့်အမှားကိုယ် ဝေဖန်ဆန်းစစ်တတ်တဲ့ အလေ့အထကို အားပေးတာ၊ ကိုယ်ကျိုးထက် အဖွဲ့အစည်းအပေါ် သစ္စာထားခဲ့တာတွေသာ လုပ်ခဲ့ရင် ဒီအချိန်မှာ မြန်မာစစ်တပ်ဟာ ကြောက်မက်ဖွယ် အင်အားတစ်ရပ်ဖြစ်နေမှာ သေချာပါတယ်

ဒါပေမယ့် ကိုယ့်တပ်ကိုယ် သင်းကိုယ်ကွပ်တတ်တဲ့ ခေါင်းဆောင်တွေရဲ့ အမိုက်အမှောင်အောက်မှာ လိမ်ညာမှုတွေကသာ ကိန်းဂဏန်း၊ လှည့်ဖျားမှုတွေကသာ ခွန်အား၊ ရက်စက်မှုကသာ အရည်အချင်းဖြစ်နေပါခဲ့တယ်


"ပြတ်တောက်လာသော အရင်းအမြစ်


ဘူးလေးရာ ဖရုံဆင့်တာကတော့ နိုင်ငံခြားငွေကြေးပြတ်တော့မယ့် ဘေးပ

အမှားကို ရှင်းဖို့ အမှားလုပ်မိတဲ့အခါ၊ ဒေါ်လာရှားနေလို့ ဒေါ်လာအဝင်အထွက်ကို တင်းကျပ်လိုက်တဲ့အခါ၊ ကိုယ့်လည်မျိုမှာ ညှစ်မိနေတဲ့ ကြိုးကွင်းအဝေး ပြေးဖို့ ကြိုးစားနေသလိုပါပဲ။ ပြည်ပဆန်ရှင်နဲ့ ဒါဏ်ခတ်မှုတွေကို အလူးအလဲရင်ဆိုင်နေရချိန်၊ ပြည်တွင်းခရိုနီတွေရဲ့ ခါးသီးရွံရှာခြင်းကို ထပ်ပိုးရလိုက်ပါတယ်။


ရှေ့တန်းတွေမှာလဲ လက်နက်ကြီး တစ်ခါပစ် သိန်းဘယ်နှဆယ်၊ တိုက်လေယာဉ်တစ်ခါတက် သိန်းဘယ်နှရာ၊ ရိက္ခာတစ်ခါထောက်၊ ဆွဲမိုင်းတစ်ခါထိ၊ စစ်ကြောင်းတစ်ခါချီ... နေ့စဉ် ဒေါ်လာသန်းဂဏန်းသုံးပြီး အသက်ဆက်နေရချိန် တော်လှန်သူတွေ ‌အင်အားလျော့မသွားတိုင်း စစ်တပ်အတွက် မျှော်လင့်ချက်မှုန်ဝါးရပါတယ်


"ထောက်ခံသူများ ဆုံးရှုံးခြင်


လျှပ်စစ်မီးမမှန် ကုန်ဈေးနှုန်းတက်လို့ စစ်တပ်ထောက်ခံသူတွေ နာကျည်းလာကြချိန်၊ ဦးပိုင်ဆီက အမြတ်မရပဲ အဖြတ်ပဲရှိလို့ စစ်သည်တွေလဲ ကျပ်တည်းနေကြပါတယ်။ ဗိုလ်ချုပ်‌ကြီးတွေလဲ နိုင်ငံရေးနွံထဲမှာ လှုပ်လေမြုပ်လေ။ ဒါတွေအားလုံးရဲ့ pressureက မင်းအောင်လှိုင်ရဲ့ ထိပ်ပေါ်တည့်တည့်ကျပါတယ်


ကိုယ့်တိုင်းပြည်ဂုတ်သွေး စုပ်ရဖို့ စောင့်နေတဲ့ လူ့ဗာလတွေရဲ့ အာသီသကို ဖြည့်ဆည်းမပေးနိုင်တော့တဲ့အခါ စစ်တပ်ဘက်က လက်ခုပ်သံတွေ တိုးတိုးလာပါတယ်။ ကိုယ့်အကျိုးမထွက်ပဲ အနာခံထောက်ခံပေးဖို့ မတန်ကြောင်း တဖြည်းဖြည်းနဲ့ ပေါ်လွင်လာပါတယ်


"Second wave of CDM


ပြည်သူတွေဘက်က သတိရှိရှိနဲ့ လမ်းတချို့ဖွင့်ပေးဖို့ပဲ လိုပါတယ်။ ကြိုတင်ဘွတ်ကင်နဲ့ သာရာ ကူးဖို့ လမ်းရှာထားတဲ့သူတွေ အခုကတည်းက ရှိကြပါတယ်။ စစ်ရေးဖိအားချိန်ခွင်လျှာစောင်းသွားတာနဲ့ တပြိုင်နက်၊ စကစရဲ့ အိပ်မက်ဆိုးတွေ စတင်ပါလိမ့်မယ်။  လက်ရှိအစိုးရအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရဲပြေးတွေ၊ အလင်းဝင်လာမယ့်သူတွေကြောင့် Second wave of CDMနဲ့အတူ လွတ်လပ်တဲ့ နယ်မြေတွေအလျိုလျိုပေါ်ပေါက်လာမှာကတော့ စစ်ကောင်စီ,တားဆီးလို့မရတဲ့ မြန်မာ့အနာဂါတ်ပဲဖြစ်ပါလိမ့်မယ်



Saturday, April 23, 2022

ပြေးနိင်မှ့လွတ်တော့မယ် မအေလိုးမင်းအောင်လှိုင်

 ... ပြေးနိုင်မှ လွတ်ကြတော့မယ် တဲ့ 🏃‍♀️🏃‍♂️🏃‍♀️


NLD အစိုးရလက်ထက် ဒေါ်စုဦးဆောင်တဲ့ 

ဒုတိယပင်လုံညီလာခံကို အောင်မြင်သွားမှာ၊

လက်နက်ကိုင်အဖွဲ့တွေ တညီတညွတ်တည်း  

သဘောတူညီသွားမှာ၊

ငြိမ်းချမ်းရေးကြီး 

အမှန်တကယ်ရသွားမှာ စိုးရိမ်ပြီး...


စင်ပေါ်တက်ကာ အလွန်တရာ အောက်တန်းကျသိမ်ဖျင်းယုတ်ညံ့တဲ့ စကားလုံးတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ရစရာမရှိအောင် စော်ကား ပြောဆိုတာ၊


အခွင့်အရေးတွေ တစ်ဖက်သတ် တောင်းဆိုတာမျိုး မလုပ်ရန် ၊ထိုသို့ လုပ်ဆောင်ပါက 

တပ်မတော်အနေနဲ့ လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း၊


ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ အလိမ်အညာတွေ ရပ်တန်းက ရပ်ဖို့ ဒေါသသံအပြည့်နဲ့ ငြိမ်းချမ်းရေး ပျက်စီးစေအောင် ယုတ်မာခဲ့သူက


ယခု သူတို့ဖက်က စစ်အင်အား အလွန်တရာချိနဲ့ လာချိန်....


တပ်တွေက်ို ထိန်းချုပ်နိုင်စွမ်း လျော့ကျလာချိန်....


စစ်ရေး စစ်မျက်နှာ ပေါင်းစုံကို ဖြန့်ကျက်ချနိုင်သော အင်အား ကင်းမဲ့လာချိန်....


အဖက်ဖက်က ထိုးနှက်မှုဒဏ်ကို တောင့်ခံနိုင်စွမ်း ယိုယွင်းလာချိန်...


အသေအပျောက်နှင့် ထွက်ပြေးစစ်သည်တွေ အလွန်အမင်း များပြားလာချိန်...


တပ်ပြို တပ်ပျက်ဖို့ တည်းတည်းသာ လိုတော့ချိန်မှာ


ရုတ်တရက် ထွက်ပေါ်လာပြီး


တိုင်းရင်းသား ခေါင်းဆောင်အားလုံးနဲ့ မိမိကိုယ်တိုင် တွေ့ဆုံပါမည့်အကြောင်း၊


တိုင်းရင်းသား ခေါင်းဆောင်များ၏လိုချင်သည့် တောင်းဆိုချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည့်အကြောင်း၊


လွတ်လပ်ရေး ရသည်မှာ ၇၅နှစ် နီးကပ်လာသော်လည်း လွတ်လပ်ရေးအရသာကို ပြည်သူများမှ မခံစား မရရှိသေးသည်မှာ ဝမ်းနည်းစရာကောင်းလှပါကြောင်း 


စသည်တို့ကို တစ်ချိန်က မောက်မာရိုင်းပြစွာ တိုင်းရင်းသားအဖွဲ့အပေါ် ပြောဆိုခဲ့သူက


ယခုအခါမတော့ မသာမယာ ညှိုးငယ်သော မျက်နှာဖြင့် အလွန်တရာ ဝမ်းနည်းကြေကွဲ တုန်ရီ မောဟိုက်စွာ တိုင်းရင်းသားအဖွဲ့တွေအပေါ် ဒူးခေါင်းမဖက်ရုံတမယ် အောက်ကျို့ မေတ္တာရပ်ခံနေခြင်းသည်


သူ့အတွက်


နောက်ဆုံးနေ့တွေက သိပ်မကျန်တော့၍သာ။

crd #

Friday, April 22, 2022

ကို့ကိုယ်ကိုဘွဲ့ပြန်ချီးမြှင့်ခဲ့သူ

 

ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဘွဲ့ချီးမြှင့်သူ

~~~

■ အာဏာသိမ်းပြီးနောက် အရပ်သား ၁၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့အတွက် နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေတဲ့ ကြားကပဲ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သတိုးသီရိသုဓမ္မနဲ့ သတိုးမဟာသရေစည်သူဆိုတဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ ပြန်ပြီး ပေးအပ်ခဲ့ပါတယ်။


ပါလီမန်ဒီမိုကရေစီခေတ် ၁၉၅၈ ခုနှစ်မှာ နိုင်ငံရေးအကျပ်အတည်းကြောင့် စစ်တပ်ကိုယာယီ အာဏာလွှဲပေးခဲ့တဲ့ ဝန်ကြီးချုပ်ဦးနုနဲ့တကွ ခေတ်အဆက်ဆက်က အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်ကြောင်း ကြေညာခဲ့တာပါ။


အလားတူပဲ ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်ကို အကြောင်းပြုပြီး စစ်တပ်ကိုယာယီ အာဏာလွှဲပေးခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဒု-သမ္မတဦးမြင့်ဆွေ၊ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ KNU အဖွဲ့က ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအပါအဝင် ပုဂ္ဂိုလ်တချို့ကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်ပြီး သူ့ကိုယ်သူလည်း ဘွဲ့နှစ်ခု ပေးခဲ့တာပါ။


Credit - Rebel Pepper/RFA 

___________

ငြိမ်းချမ်းရေးကိုသူကိုယ်တိုင်င်စင်ပေါ်တက်ပြီး ဖျက်စီးခဲ့တဲ့ကောင်က ငြိမ်းချမ်းရေးစကားပြောလာ။

 NLD အစိုးရလက်ထက် ဒေါ်စုဦးဆောင်တဲ့ ဒုတိယပင်လုံညီလာခံကို အောင်မြင်သွားမှာ၊

လက်နက်ကိုင်အဖွဲ့တွေ တညီတညွတ်တည်း သဘောတူညီသွားမှာ၊

ငြိမ်းချမ်းရေးကြီး အမှန်တကယ်ရသွားမှာကို စိုးရိမ်ပြီး


စင်ပေါ်တက်ကာ အလွန်တရာ အောက်တန်းကျ သိမ်ဖျင်းယုတ်ညံ့တဲ့ စကားလုံးတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ရစရာမရှိအောင် စော်ကား ပြောဆိုတာ၊

အခွင့်အရေးတွေ တစ်ဖက်သတ် တောင်းဆိုတာမျိုး မလုပ်ရန် ၊

ထိုသို့ လုပ်ဆောင်ပါက တပ်မတော်အနေနဲ့ လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း၊

ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ အလိမ်အညာတွေ ရပ်တန်းက ရပ်ဖို့ ဒေါသသံအပြည့်နဲ့ ငြိမ်းချမ်းရေး ပျက်စီးစေအောင် ယုတ်မာခဲ့သူက


ယခု သူတို့ဖက်က စစ်အင်အား အလွန်တရာချိနဲ့ လာချိန်


တပ်တွေက်ို ထိန်းချုပ်နိုင်စွမ်း လျော့ကျလာချိန်


စစ်ရေး စစ်မျက်နှာ ပေါင်းစုံကို ဖြန့်ကျက်ချနိုင်သော အင်အား ကင်းမဲ့လာချိန်


အဖက်ဖက်က ထိုးနှက်မှုဒဏ်ကို တောင့်ခံနိုင်စွမ်း ယိုယွင်းလာချိန်၊


အသေအပျောက်နှင့် ထွက်ပြေးစစ်သည်တွေ အလွန်အမင်း များပြားလာချိန်


တပ်ပြို တပ်ပျက်ဖို့ တည်းတည်းသာ လိုတော့ချိန်မှာ


ရုတ်တရက် ထွက်ပေါ်လာပြီး


တိုင်းရင်းသား ခေါင်းဆောင်အားလုံးနဲ့ မိမိကိုယ်တိုင် တွေ့ဆုံပါမည့်အကြောင်း၊


တိုင်းရင်းသား ခေါင်းဆောင်များ၏

လိုချင်သည့် တောင်းဆိုချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည့်အကြောင်း၊


လွတ်လပ်ရေး ရသည်မှာ ၇၅နှစ် နီးကပ်လာသော်လည်း လွတ်လပ်ရေးအရသာကို ပြည်သူများမှ မခံစား မရရှိသေးသည်မှာ ဝမ်းနည်းစရာကောင်းလှပါကြောင်း


စသည်တို့ကို တစ်ချိန်က မောက်မာရိုင်းပြစွာ တိုင်းရင်းသားအဖွဲ့အပေါ် ပြောဆိုခဲ့သူက

ယခုအခါမတော့

မသာမယာ ညှိုးငယ်သော မျက်နှာဖြင့် အလွန်တရာ ဝမ်းနည်းကြေကွဲ တုန်ရီ မောဟိုက်စွာ တိုင်းရင်းသားအဖွဲ့တွေအပေါ် ဒူးခေါင်းမဖက်ရုံတမယ်

အောက်ကျို့ မေတ္တာရပ်ခံနေခြင်းသည်


သူ့အတွက် နောက်ဆုံးနေ့တွေက

သိပ်


မကျန်တော့၍သာ။


credit original


MmDm

မအေလိုး မင်းအောင်လှိုင် စကားကို ဘယ်လိုပြေတတ်သလဲ ဆိုတာကြည့်ရအောင်

 #မအလသည်ရွှေကြာဖြစ်သည်


မအလ က သူပြောစကားကို ဘယ်လောက်ထိ

တန်ဖိုးထားစောင့်ထိမ်းသလဲဆိုတာ ကိုယ်တွေ

မှတ်မိသလောက်ပြောရရင် ...


( ၁ )

နိုင်ငံခြားက နံမည်ကြီးမီဒီယာတစ်ခုနဲ့

အင်တာဗျုးတုန်းက စရလိမ့်မယ် ... 


သူကဥပဒေကိုလေးစားလိုက်နာသူဖြစ်လို့

ဥပဒေနဲ့အညီ အသက် ၆၀ ပြည့်တာနဲ့

အငြိမ်းစားယူမယ်ဆိုပြီး ကမ္ဘာသိခပ်တည်

တည်နဲ့အင်တာဗျုးမှာပြောခဲ့တယ် ... 


တကယ်လဲအသက် ၆၀ ပြည့်ရော

တောင်ပြောမြောက်ပြောနဲ့ အငြိမ်းစားယူရင်

၆၅ နှစ်မှယူတော့မယ်ထလုပ်ရော... သူ့ကိုယ်

သူ ပင်စင် ၆၅ နှစ်မှယူခွင့်ရှိသူအဖြစ် သက်

မှတ်လိုက်ပြီး တပ်ချုပ်ရာထူးကိုကုက်ကက်

တွယ်နေပါပါလေရော ( ဒါတောင် သူ့အောက်

မှစီနီယာတွေက သူ့လိုတပ်ချုပ်လုပ်ရမဲ့အရည်

အချင်းမမှီလို့ သူကအနစ်နာခံပြီး သက်တမ်း

တိုးနေပေးရသလိုလိုပြောလိုက်သေး 😁 ) 


( ၂ ) 

၂၀၂၀ ရွေးကောက်ပွဲမှာ သူနဲ့အတူ စောက်

ခေါမကိုပါခေါ်လာပြီးမဲရုံ မဲလာထည့်ကြတယ်..

မဲ ထည့်အပြီးမီဒီယာတွေကမေးတော့ အနိုင်ရ

တဲ့ပါတီကိုချွင်းချက်မရှိလက်ခံပါတယ်လို့ 

ပြန်ဖြေသွားတယ် ... တကယ်လဲရွေးကောက်ပွဲ

ရလဒ်ထွက်လာရော သူမျှော်လင့်ထားတဲ့ ဖွတ်

ပါတီခွက်ခွက်လန်ရှုံးနေတော့ nld မဲလိမ်

ပါတယ်စွတ်စွဲပြီး အာဏာထသိမ်းပါလေရော...


မဲ လာထည့်တဲ့အချိန် မီဒီယာတွေကိုပြောခဲ့တဲ့

စကား လေထဲမှာပျောက်ကွယ်သွားခဲ့ရပြီ... အဲ့

ဒါနဲ့ဆက်စပ်ပြီးပြောရရင် အပေါ်နံပါတ် ( ၁ ) 

မှာပြောခဲ့တဲ့ ၆၅ နှစ်ကျော်ရင်တပ်ချုပ်ရာထူး

မှအနားယူရမယ်ဆိုတာပါမရှိတော့ဘူး အသက်

ကန့်သက်ချက်မရှိဖြစ်သွားပါတော့တယ် 😅


( ၃ )

အာဏာသိမ်းပြီးနောက် အားလုံးသိတဲ့အတိုင်း

အာဆီယံနိုင်ငံခေါင်းဆောင်တွေက အင်ဒိုနီးရှား

ဂျကာတာမှာ မအလ ကိုခေါ်တွေ့တယ်... အချက်

၅ ချက်လုပ်ပေးဖို့တောင်းဆိုတယ် ... မအလ က

လဲလုပ်ပေးပါမယ်ဆိုပြီး ဂတိပေးခဲ့တယ် ... အခု

တစ်နှစ်နီးနေပြီ တစ်ချက်မှမလုပ်ပေးသေး ... 


ဆိုတော့ ပြည်တွင်းမှာမပြောနဲ့ ဒေသတွင်း 

အိမ်နီးချင်း ၉ နိုင်ငံကိုတောင် တက်လိမ်ထားတဲ့

မအလ က EAOs တွေကိုသူကိုယ်တိုင်တွေ့ဆုံပြီး

ဆွေးနွေးမယ် ... EAOs တွေလိုချင်တာမှန်သမျှ

အတက်နိုင်ဆုံးလိုက်လျောပေးမယ်ဆိုတော့ကာ...


ဒီမှာ ... 

မအလ ပါးစပ်ထဲမှာချီးအပြည့်ငုံ ...မရသေးဘူး 

လက်နှစ်ဖက်မှာလဲ ချီးတွေကိုင်ထား... ဒါလဲမရ

သေးဘူး ချီးတွင်းထဲပါခုန်ဆင်းတယ်ကွာဆိုပြီး..


ပါးစပ်ထဲမှာချီးအပြည့်...

လက်နှစ်ဖက်မှာချီးအပြည့်ကိုင် ...

ချီတွင်းထဲခုန်ဆင်းပြီး ချီးတွင်ထဲကနေ 

အော်ပြောခဲ့ရင်တောင် မအလ စကားကို

EAOs တွေက ယုံကြမယ်တဲ့လား ... 


စဥ်းစားလေ ... 

တိုင်းရင်းသားတွေဆိုတာ အခု PDF NUG တို့လို

သက်တမ်းတစ်နှစ်သားတွေမဟုတ် ... မအလ ကို

ရင်ဆိုင်ခဲ့တာ ဆယ်စုနှစ်များစွာချီခဲ့ပြီးပြီ... 

အံတိုနေပြီ ... 


ဒါကိုဗျာ ခပ်တည်တည်နဲ့ ... 

တိုင်းရင်းသားလက်နက်ကိုင်တွေ နပတ ကိုလာ

ကြ ... သူကိုယ်တိုင်ငြိမ်းချမ်းရေးအတွက် စကား

ပြောမယ်ဆိုဘဲ ... အဲ့ဒိ " သူ " ဆိုတဲ့ကောင်က

ဘာကောင်လဲဆိုတော့ ... အထက်မှာ ကျနော်

တင်




ပြခဲ့တဲ့ အချက် ၃ ချက်ထဲကကောင်ပဲ....။


Sua Sponte...

.

via ဂျေလှသင်

22-04-2022