Saturday, March 20, 2021

မန္တလေးမှ့ ၉ တန်းကျောင်းသားကို အကြမ်းဖက်စစ်အုပ်စုမှ့ ပစ်ခတ်သတ်ဖြတ်ပြီး အကြောင်းကြား အလောင်းပြန်မရ

 မန္တလေးမြို့မှာ အကြမ်းဖက်ဖမ်းဆီးခံရသူ ကိုးတန်းကျောင်းသားသေဆုံးကြောင်းသာကြားရပြီး အလောင်းပြန်မရ


မတ်လ၁၄ရက်နေ့က မန္တလေးမြို့၈၄လမ်းနဲ့၄၁လမ်းမှာ အာဏာသိမ်းစစ်တပ်ကအကြမ်းဖက်ပစ်ခတ်ပြီး ဖမ်းဆီးခံခဲ့ရသူ ကိုးတန်းကျောင်းသား(နဝမတန်း)မောင်မင်းမင်းဦးကို သေဆုံးသွားပြီး မိဘများကိုအကြောင်းမကြားပဲ စစ်တပ်ကသဂြိုလ်လိုက်တယ်လို့ သိရပါတယ်။

၁၄ရက်နေ့က မြတောင်သပိတ်စစ်ကြောင်းကို ဖြိုခွင်းဖို့ကြိုးစားခဲ့တဲ့ စစ်တပ်ဟာ ၈၄လမ်း၄၁လမ်းက နေအိမ်တွေကိုပါပစ်ခတ်ခဲ့ရာမှာ စစ်ကြောင်းကိုဝန်းရံဖို့သွားတဲ့ မောင်မင်းမင်းဦးကို ခြေထောက်သေနတ်မှန်ဒဏ်ရာနဲ့ စစ်တပ်က ဖမ်းခေါ်သွားတာပါ။

မိသားစုက တွေ့ဆုံဖို့ကြိုးစားခဲ့ပေမယ့် မနေ့က(မတ်လ၁၉ရက်နေ့)ကပဲ အမှတ်(၇)စခန်းမှူးဟာ မောင်မင်းမင်းဦးသေဆုံးကြောင်း ဓာတ်ပုံတစ်ပုံကိုသာပြပြီး အတည်ပြုပြောကြားခဲ့ကြောင်းနဲ့ အလောင်းကို ပိုင်ရှင်မဲ့သဂြိုလ်လိုက်တယ်လို့ ပြောလိုက်ကြောင်း သေဆုံးသူ၏ ဖခင်ဖြစ်သူကဆိုပါတယ်။

"သားပျောက်သွားကတည်းက ရဲစခန်းလည်း ကျွန်တော်အခေါက်ခေါက်အခါခါသွားပြီးမေးပါတယ်။အဲ့တာကိုမပြောဘူးဗျာ။မနေ့ကမှ ခင်ဗျားသားကို ပိုင်ရှင်မဲ့သဂြိုလ်လိုက်ပြီ။ခင်ဗျားသားက အရက်တွေဆေးလိပ်တွေသောက်လို့အဆုတ်မကောင်းတော့ပဲသေတာလို့ပြောတယ်။ကျွန်တော်သားဆယ်တန်းတက်မယ့်ကလေးပါဗျာ။သူတို့နှိပ်စက်ပြီးသတ်ပစ်လိုက်ကြပြီ"ဟု ဖခင်ဖြစ်သူကဆိုပါတယ်။

မောင်မင်းမင်းဦးကို ရုပ်အလောင်းပြန်မရရှိပေမယ့် မိသားစုကတော့ မနက်ဖြန်နံနက်၁၀နာရီမှာ သဂြိုလ်သွားမယ်လို့သိရပါတယ်။

.

Mizzima - News in Burmese 

.

ပြန်လည်မျှဝေပေးပါတယ်

လေးစားလျှက်

Martin Swe


20-03-2021

No comments:

Post a Comment