Sunday, March 28, 2021

စစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မူကြောင့် ဆရာဝန်နှစ်ဦးနှင့် သူနာပြုတစ်ဦးသေဆုံး

 


စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဆရာဝန် ၂ ဦးနှင့် သူနာပြု ၁ ဦးကျဆုံး
DVB
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့်  ကျဆုံးသွားခဲ့တဲ့ ပြည်သူတွေအထဲမှာ ဆရာဝန် ၂ ယောက်နဲ့ သူနာပြု  ၁ ယောက် ပါဝင်ပါတယ်။
မတ် ၂၇ ရက်  ဖက်ဆစ်တော်လှန်ရေးနေ့မှာ စစ်တပ်နဲ့ ရဲလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်း ဖက်ပစ်ခတ်မှုကြောင့် နိုင်ငံတဝန်း လူ ၁၀၀ ကျော်ကျဆုံးခဲ့ရတာဖြစ်ပြီး စစ်အာဏာသိမ်းမှု ၅၄ ရက်အကြာမှာ  အကျအဆုံး၊ အသေအပျောက်အများဆုံး နေ့တနေ့ ဖြစ်လာခဲ့တာပါ။
ဒီလို ကျဆုံးခဲ့ရတဲ့ ပြည်သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ၊ ကျောင်းသားလူငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် နိုင်ငံ့ဝန်ထမ်း ကျန်းမာရေးဝန်ထမ်း ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဘောလုံးအားကစားသမားတွေလည်း ပါဝင်နေပါတယ်။
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ဒေါက်တာ ဖြိုးသန့်ဝေဟာ မတ် ၂၇ ရက်က အ ကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် လည်ပင်းကျည်ထိမှန် ကျဆုံးခဲ့သလို ဒေါက်တာ သီဟတင်ထွန်းဟာလည်း မန္တလေးမြို့၊ ၄၂ လမ်းမှာ လက်မောင်းနဲ့ ဦးခေါင်းကို ပစ်ခတ်ခံ ရပြီး ကျဆုံးသွားတယ်လို့ သိရပါတယ်။ သူတို့ နှစ်ယောက်စလုံးဟာ မန္တလေးဆေးတက္ကသိုလ်မှ ကျောင်းသားဟောင်းတွေ ဖြစ်ပါတယ်။
ဒီကနေ့ မတ် ၂၈ ရက်နေ့မှာတော့ မုံရွာမြို့မှာ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သူနာပြုသင်တန်းကျောင်းမှ ဒုတိယနှစ်ကျောင်းသူ မသဉ္ဇာဟိန်း ဟာ ဦးခေါင်းကျည်ထိ ဒဏ်ရာနဲ့ ထပ်မံကျဆုံးသွားပါတယ်။

#DVB #ဆရာဝန် 
.

No comments:

Post a Comment