Monday, December 30, 2019

RANGOON 8888BURMA : မြန်မာပြည်တွင်ဖြစ်ပျက်နေပြီဖြစ်‌ေသာတရားစီရင်‌ေရးအ‌...

RANGOON 8888BURMA : မြန်မာပြည်တွင်ဖြစ်ပျက်နေပြီဖြစ်‌ေသာတရားစီရင်‌ေရးအ‌...

NASA မှ့ မြန်မာအမျိုးသမ္မီး မမီမီအောင်

နာဆာက အင်္ဂါဂြိုဟ်ကို လွှတ်တင်မယ့် မားရဟတ်ယာဉ် ပရောဂျက်ကို မြန်မာအမျိုးသမီး မမီမီအောင်က ဦးဆောင်ပါမည်။


ဖွံဖြိုးပြီးနိုင်ငံတွေထက်စာရင် ကျွန်မတို့နိုင်ငံက သိပ်ထူးထူးထွေထွေ ဘာမှမရှိကြပေမယ့် ကျွန်မတို့မြင်တွေ့ရတဲ့ ကောင်းကင်ပြင်ကြီးကတော့ အတူတူပါပဲ။ ကောင်းကင်ပြင်ကြီးမှာ ဘာတွေများရှိနေမလဲ..နေစကြဝဠာ စသည်ဖြင့်ကဘာတွေရှိကြသလဲ..ဒီမေးခွန်းတွေဟာ ကနေ့အထိပါပဲ။ သဘာဝနဲ့ ပတ်သတ်လို့ သာမန်လူတွေမေးနေကြတဲ့ မေးခွန်းတွေပါ။ ကျွန်မတို့လူသားတွေ ဘယ်ကစခဲ့ကြသလဲ။ ကျွန်မတို့ကမ္ဘာဂြိုဟ်ကြီးတစ်ခုတည်း သက်ရှိတွေ ရှိတာလား။ ဒီမေးခွန်းတွေကို ကျွန်မအတွက် သိပ်ကိုသိလိုတဲ့ ဆန္ဒပြင်းပြလှပါတယ်။
ဒါကတော့ နာဆာခေါ် အမေရိကန်အာကာသစူးစမ်းလေ့လာရေးက JPL လို့အတိုကောက်ခေါ်တဲ့ Jet Propulsion Laboratory ဌာနမှာ အင်္ဂါဂြိုဟ်ကိုလွှတ်တင်ဖို့ စီစဉ်နေတဲ့ မားစ်ဟယ်လီကော်ပတာ ပရောဂျက်ကိုဦးဆောင်နေတဲ့ မြန်မာအမျိုးသမီး မမီမီအောင်ပဲ ဖြစ်ပါတယ်။ သူမဟာ JPL ဌာနမှာ အထူးချွန်ဆုံးအမျိုးသမီး ၁၄ဦးထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူမဟာ ၁၉၈၈ခုနှစ်မှာ အမေရိကန် အီလီနွိုက်တက္ကသိုလ်က သိပ္ပံဘွဲ့ရရှိပြီး ၁၉၉၀ခုနှစ်မှာတော့ လျှပ်စစ်အင်ဂျင်နီယာ မဟာသိပ္ပံဘွဲ့ကို ရရှိခဲ့တာဖြစ်ပါတယ်။၁၉၉၀ခုနှစ်မှာပဲ JPL ဌာနကို ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မမီမီအောင်ဟာ JPL Atomic System ဌာနမှာ လက်ထောက်ညွှန်ကြားရေးရာထူးကို ထမ်းဆောင်နေသလို မားစ်ဟယ်လီကော်ပရာစီမံကိန်းရဲ့ ဦးဆောင်သူ မန်နေဂျာရာထူးကိုလည်း ထမ်းဆောင်လျှက်ရှိပါတယ် မားစ်ဟယ်လီကော်ပတာ ပရောဂျက်မားစ်ဂြိုဟ်ကြီးအကြောင်းကို လူသားတို့ နားလည်မှုကို မြှင့်တင်ပေနိုင်မည့် အသေးစား ရဟတ်ယာဉ်တစ်စင်းကို၂၀၂၀ တွင် အင်္ဂါ ဂြိုဟ်ပေါ်သို့လွှတ်တင်မည်ဟု အမေရိကန် အာကာသအေဂျင်စီက မေ ၁၁ ရက်တွင်ပြောကြားခဲ့ပြီး လူလိုက်ပါခြင်း မရှိသေးသည့် ဒရုန်းပုံစံ ရဟတ်ယာဉ်သည် ၎င်းဂြိုဟ်ပေါ်သို့ပထမဦးဆုံး ပျံသန်းမည့် ရဟတ်ယာဉ် ဖြစ်လာမည်ဟု ဆိုသည်။

မားစ်ရဟတ်ယာဉ်ဟု ရိုးရိုးရှင်းရှင်း နာမည်ပေးထားသောယာဉ်ငယ်သည် အလေးချိန် လေးပေါင်(၁.၈ကီလိုဂရမ်)ပင် မရှိပေ။ ၎င်း၏ ကိုယ်ထည်ပိုင်းသည် ဘောလုံးပျော့ တစ်လုံး၏ အရွယ်အစားခန့်သာ ရှိသည်။ ၎င်းကို ၂၀၂၀ မားစ်ဂြိုဟ်စူးစမ်းရေးယာဉ်၏ ဝမ်းဗိုက်ပိုင်းနှင့် ချိတ်ပေးလိုက်မည်ဖြစ်သည်။ မားစ်ဂြိုဟ်စူးစမ်းရေးယာဉ်သည်ဘီးတပ်စက်ရုပ်ဖြစ်ပြီး အင်္ဂါဂြိုဟ် သဘာဝပတ်ဝန်းကျင်တွင် သက်ရှိနေထိုင်နိုင်မှုကိုဆုံးဖြတ်ရန်၊ ရှေးပဝေသဏီက သက်ရှိများ၏ လက္ခဏာများကိုရှာဖွေရန်၊ နောင်တချိန်လူသားတို့၏ စူးစမ်းလေ့လာမှုများအတွက် သဘာဝသံယံဇာတနှင့်ဘေးအန္တရာယ်များကိုတွက်ချက်ရန် ရည်ရွယ်သည်။မားစ် ၂၀၂၀ စူးစမ်းရေးယာဉ်ကို၂၀၂၀ ခုနှစ်ဇူလိုင်လတွင် လွှတ်တင်ရန်စီစဉ်ထားခြင်း ဖြစ်ပြီး၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် အင်္ဂါဂြိုဟ်မျက်နှာပြင်ကို ဆိုက်ရောက်မည်ဟု ရည်မှန်းထားသည်။ ‘နာဆာဟာ ပထမဦးဆုံး ဆိုတာတွေကို လုပ်ခဲ့တဲ့ ဂုဏ်ယူစရာ သမိုင်း ကြောင်းရှိပါတယ်။ အခြားဂြိုဟ်တစ်ခုရဲ့ ကောင်းကင်ယံမှာ ရဟတ်ယာဉ်ပျံသန်းစေတဲ့ စိတ်ကူးကတော့ ပိတီဖြစ်စရာပါပဲ ‘ဟု နာဆာအုပ်ချုပ်ရေးမှူး ဂျင်ဘရစ်ဒနန်စတိုင်းက ကြေညာချက်တွင်ပြောကြားခဲ့သည်။ ယခင်ကအင်္ဂါဂြိုဟ်ပေါ်တွင် မည်သည့်နိုင်ငံမျှ ရဟတ်ယာဉ် ပျံသန်းခဲ့ခြင်း မရှိသေးပေ။နာဆာ၏ ဂျက်တွန်းကန်အား ဓာတ်ခွဲခန်းတွင်နည်းပညာဖွံ့ဖြိုးရေး စီမံကိန်းတစ်ရပ်အဖြစ် အသေးစားရဟတ်ယာဉ်စီမံကိန်းအား ၂၀၁၃ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့သည်။

အင်္ဂါဂြိုဟ်၏ ပါးလွှာသောလေထုတွင် ပျံသန်းနိုင်ရန် အသေးစား ရဟတ်ယာဉ်သည် အလွန်ပေါ့ပါးရမည်ဖြစ်သကဲ့သို့အတတ်နိုင်ဆုံး အင်အားကောင်းရမည်ဖြစ်သည် ဒီကမ္ဘာပေါ်မှာ ရဟတ်ယာဉ်တစ်စင်း အမြင့်ဆုံး ပျံသန်းတဲ့ စံချိန်ကတော့ ပေ ၄၀၀၀၀ (၁၂၁၀၀မီတာ)’ ဟု နာဆာ ဂျက်တွန်းကန်အား ဓာတ်ခွဲခန်း၏ အင်္ဂါဂြိုဟ် ရဟတ်ယာဉ် စီမံကိန်းမန်နေဂျာ မြန်မာအမျိုးသမီး ဒေါ်မီမီအောင်က ပြောကြားခဲ့သည်။‘အင်္ဂါဂြိုဟ်ရဲ့ လေထုဟာ ကမ္ဘာ့ လေထုရဲ့ တစ်ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကျွန်မတို့ရဲ့ ရဟတ်ယာဉ်ဟာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်ကို ရောက်သွားတဲ့အခါ ကမ္ဘာပေါ်က အမြင့် ပေ ၁၀၀၀၀၀(၃၀၅၀၀မီတာ)နဲ့ညီမျှတဲ့ အမြင့်ကိုရောက်နေမှာဖြစ်ပါတယ်။’ဟု ‘ဒေါ်မီမီအောင်က ဖြည့်စွက်ပြောကြာ


းခဲ့သည်။

Tuesday, December 10, 2019

ICJ -အမူတရားရုံးကိုဒေါ်အောင်ဆန်းစုကြည်တက်ရောက်


လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို တရားစွဲထားတဲ့အမှု ပထမဆုံး ကြားနာတဲ့နေ့မှာ ဂမ်ဘီယာက လျှောက်ထားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ကြပါတယ်။
<Zawgyi>လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို တရားစွဲထားတဲ့အမှု ပထမဆုံး ကြားနာတဲ့နေ့မှာ ဂမ်ဘီယာက လျှောက်ထားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ကြပါတယ်။
#ဘီဘီစီမြန်မာပိုင်း

Monday, December 9, 2019

ICJ အမူကြားနာပုံများကို ဒီလင့်ကနေတိုက်ရိုက်ကြည့်ရှူနိင်ပါတယ်။

ICJ တရားရုံးမှာ အမှုကြားနေချိန်တလျှောက်လုံးကို ဒီလင့်ခ်ကနေ တိုက်ရိုက်ကြည့်ရှုလို့ ရပါမယ်..

www.icj-cij.org/en/multimedia-index

ဒါဟာ တရားရုံးကနေ တရားဝင် Live လွှင့်ပေးတာ ဖြစ်ပြီး UN Web TV နဲ့ the United Nations online television channel မှာလည်း တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်..

ဘာသာစကားအနေနဲ့ကတော့ အင်္ဂလိပ်၊ ပြင်သစ်နှစ်ဘာသာနဲ့ Live လွှင့်မှာ ပါ.. ဂမ်ဘီယာနိုင်ငံမှာ ပြင်သစ်စကား တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်..

အမှုရင်ဆိုင်မယ့်အချိန်တွေကတော့ မြန်မာစံတော်ချိန်နဲ့ဆိုရင် ဒီအတိုင်းပါ..

၁၀-၁၂-၂၀၁၉
ဂမ်ဘီယာနိုင်ငံမှ လျှောက်လဲချိန်
နေ့လယ် ၃:၃၀ မှ ၆:၃၀

၁၁-၁၂-၂၀၁၉
မြန်မာနိုင်ငံဘက်မှ လျှောက်လဲချိန်
နေ့လယ် ၃:၃၀ မှ ၆:၃၀

၁၂-၁၂-၂၀၁၉
ဂမ်ဘီယာနိုင်ငံမှ လျှောက်လဲချိန်
နေ့လယ် ၃:၃၀ မှ ၄:၃၀

မြန်မာနိုင်ငံဘက်မှ လျှောက်လဲချိန်
ည ၁၀:၀၀ မှ ၁၁:၃၀

တရားရုံးထဲ ဝင်ရောက်ကြားနာမယ့်သူများကတော့ သိထားရလောက် Video ရိုက်ကူးခွင့် မရှိဘဲ ကြိုတင်စာရင်းပေးထားတဲ့ မီဒီယာတွေကသာ Live လွှင့် ဗီဒီယိုရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်..

နောက်ဆုံးရသတင်းများအနေနဲ့ ဒီအမှုဟာ စိတ်ဝင်စားသူများပြားလွန်းတာကြောင့် တရားရုံးအပေါ်ထပ်မှာ အခါတိုင်းလို အများပြည်သူကို တိုက်ရိုက် ကြားနာခွင့်မပေးဘဲ နိုင်ငံတကာ သံများကို နေရာချထားပေးမယ်လို့ သိရှိရပါတယ်..

ဝင်ရောက်နားထောင်မယ့် အများပြည်သူဟာ သီးသန့်ခန်းမှာ ပရိုဂျက်တာသော်လည်းကောင်း၊ TV ကြီးနဲ့သော်လည်းကောင်း အဲ့ကနေတဆင့် အမှုကို အချိန်နဲ့တပြေးညီ ကြည့်ရှုနားထောင်ခွင့်ရမှာ ဖြစ်ပါတယ်..

အခြားသောသတင်းများကိုလည်း ဒီပေ့ခ်ျကနေ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားပါ့မယ်

UNICODE:

#ICJ တရားရုံးမှာ အမှုကြားနေချိန်တလျှောက်လုံးကို ဒီလင့်ခ်ကနေ တိုက်ရိုက်ကြည့်ရှုလို့ ရပါမယ်..

www.icj-cij.org/en/multimedia-index

ဒါဟာ တရားရုံးကနေ တရားဝင် Live လွှင့်ပေးတာ ဖြစ်ပြီး UN Web TV နဲ့ the United Nations online television channel မှာလည်း တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်..

ဘာသာစကားအနေနဲ့ကတော့ အင်္ဂလိပ်၊ ပြင်သစ်နှစ်ဘာသာနဲ့ Live လွှင့်မှာ ပါ.. ဂမ်ဘီယာနိုင်ငံမှာ ပြင်သစ်စကား တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်..

အမှုရင်ဆိုင်မယ့်အချိန်တွေကတော့ မြန်မာစံတော်ချိန်နဲ့ဆိုရင် ဒီအတိုင်းပါ..

၁၀-၁၂-၂၀၁၉
ဂမ်ဘီယာနိုင်ငံမှ လျှောက်လဲချိန်
နေ့လယ် ၃:၃၀ မှ ၆:၃၀

၁၁-၁၂-၂၀၁၉
မြန်မာနိုင်ငံဘက်မှ လျှောက်လဲချိန်
နေ့လယ် ၃:၃၀ မှ ၆:၃၀

၁၂-၁၂-၂၀၁၉
ဂမ်ဘီယာနိုင်ငံမှ လျှောက်လဲချိန်
နေ့လယ် ၃:၃၀ မှ ၄:၃၀

မြန်မာနိုင်ငံဘက်မှ လျှောက်လဲချိန်
ည ၁၀:၀၀ မှ ၁၁:၃၀

တရားရုံးထဲ ဝင်ရောက်ကြားနာမယ့်သူများကတော့ သိထားရလောက် Video ရိုက်ကူးခွင့် မရှိဘဲ ကြိုတင်စာရင်းပေးထားတဲ့ မီဒီယာတွေကသာ Live လွှင့် ဗီဒီယိုရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်..

နောက်ဆုံးရသတင်းများအနေနဲ့ ဒီအမှုဟာ စိတ်ဝင်စားသူများပြားလွန်းတာကြောင့် တရားရုံးအပေါ်ထပ်မှာ အခါတိုင်းလို အများပြည်သူကို တိုက်ရိုက် ကြားနာခွင့်မပေးဘဲ နိုင်ငံတကာ သံများကို နေရာချထားပေးမယ်လို့ သိရှိရပါတယ်..

ဝင်ရောက်နားထောင်မယ့် အများပြည်သူဟာ သီးသန့်ခန်းမှာ ပရိုဂျက်တာသော်လည်းကောင်း၊ TV ကြီးနဲ့သော်လည်းကောင်း အဲ့ကနေတဆင့် အမှုကို အချိန်နဲ့တပြေးညီ ကြည့်ရှုနားထောင်ခွင့်ရမှာ ဖြစ်ပါတယ်..

အခြားသောသတင်
းများကိုလည်း ဒီပေ့ခ်ျကနေ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားပါ့မယ်..

Sunday, November 24, 2019

ကယ်လိုရီပြည့်အောင်စားကြပါ။

အစားအသောက်ရွေးစားတဲ့အခါ cal ကိုတွက်ချက်စားပါ
ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်
ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။

စမူဆာ ၃ခုမှ 91 cal ရှိပေမယ့်
အီကြာကွေးကြတော့ 314 cal ပါ။

စားတော့မယ်ဆို ဒီ ဇယားလေး ကြည့်ကြည့်ပီး
cal တွက်ချက်စားပါ 😊😊😊

လူတယောက်က ပေါင် ၁၅၀ ရှိတယ်ဆိုရင်
သူစားဖို့ လိုအပ်တဲ့ cal က
3000 cal ပါ။

အဲ့ လိုအပ်တဲ့ 3000 cal အစား
1000 cal လျှော့ပီး
တရက် 2000 cal တွက်ချက်စားရင်
weight က တဖြေးဖြေး ကျကို ကျပါတယ်။

ကိုယ်စားတဲ့ အစားအသောက်ကို
cal တွက်ချက်စားခြင်းဖြင့်
ဝိတ်လျှော့ကြရအောင် 😍

ကယ်လိုရီတန်ဖိုးများ
----------------------

ကစီဓာတ်( carbohydrate)
ထမင်း(ပန်းကန်လုံးတလုံးစာ)- ၂၀၀ ကယ်လိုရီ
ခေါက်ဆွဲခြောက်တထုပ် - ၂၀၀ ကယ်လိုရီ
ပြောင်းဖူးတဖူး - ၁၃၀ ကယ်လိုရီ
အာလူးတလုံး - ၇၀ ကယ်လိုရီ
ပေါင်မုန့်တချပ် - ၃၀ ကယ်လိုရီ
ချပါတီတချပ် - ၈၀ ကယ်လိုရီ
နံပြားတချပ် - ၉၀ ကယ်လိုရီ
cracker - ၁၆ ကယ်လိုရီ
ကိတ်မုန့်တလုံး(အရှည်) - ၂၄၀ ကယ်လိုရီ
မုန့်တီတပွဲ - ၃၀၀ ကယ်လိုရီ
သကြား(လက်ဖက်ရည်တဇွန်း) - ၁၆ ကယ်လိုရီ
ပျားရည်(လက်ဖက်ရည်တဇွန်း)- ၂၁ ကယ်လိုရီ

အသားဓာတ် (protein)
ကြက်ပေါင် - ၁၃၅ ကယ်လ်ုရီ
ကြက်ရင်အုပ် - ၁၆၅ ကယ်လိုရီ
ဝက်သား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
အမဲသား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
ဘဲသား(လက်တဖဝါးစာ) - ၃၃၀ ကယ်လိုရီ
ဆိတ်သား(လက်တဖဝါးစာ) - ၂၁၀ ကယ်လိုရီ
ငါးကြင်းတကောင် - ၂၈၀ ကယ်လိုရီ
ငါးခူးတကောင် - ၁၁၀ ကယ်လိုရီ
ကြက်ဥတလုံး - ၈၀ ကယိလိုရီ
ငုံးဥတလုံး - ၁၅ ကယ်လိုရီ

အဆီဓာတ် (fat )
ဆီ(လက်ဖက်ရည်တဇွန်း) - ၄၀ ကယ်လိုရီ
ဆီ(ထမင်းစားဇွန်း တဇွန်း) - ၁၂၀ ကယ်လိုရီ
နေကြာစေ့(လက်ခုပ်တခုစာ) - ၁၈၀ ကယ်လိုရီ
သစ်ကြားသီးတလုံး - ၂၅ ကယ်လိုရီ

သစ်သီး
ပန်းသီး - ၉၀ ကယ်လိုရီ
လိမ္မော်သီး - ၆၀ ကယ်လိုရီ
ငှက်ပျောသီး - ၁၀၀ ကယ်လိုရီ
သစ်တော်သီး - ၁၀၀ ကယ်လိုရီ
သရက်သီး - ၁၃၀ ကယ်လိုရီ
သခွားသီး - ၄၅၀ ကယ်လိုရီ
နာနတ်သီး - ၄၅၀ ကယ်လိုရီ
စပျစ်သီး - ၃ ကယ်လိုရီ
စတော်ဘယ်ရီသီး - ၄ ကယ်လိုရီ
ကြက်မောက်သီး - ၇ ကယ်လိုရီ
ရှောက်သီး - ၂၅ ကယ်လိုရီ
သံပုရာသီး - ၂၀ ကယ်လိုရီ
ဖရဲသီး - ၁၃၇၀ ကယ်လိုရီ
ရွှေဖရုံသီး - ၃၀၀ ကယ်လိုရီ
ဂရိတ်ဖရု - ၁၀၀ ကယ်လိုရီ
သလဲသီး - ၇၀ ကယ်လိုရီ
မာလကာသီး - ၄၀ ကယ်လိုရီ
ထောပတ်သီး - ၂၄၀ ကယ်လိုရီ

(သစ်သီးတွေက အရွယ်အစားပေါ်မူတည်ပြီး ကယ်လိုရီတွေ မတူကြဘူး၊ ဥပမာ ခြောက်လက်မလောက်ပဲရ်ှတဲ့ ငှက်ပျော်သီးတလုံးဟာ ၇၀ ကယ်လိုရီလောက်ပဲရ်ှပြီး ကိုးလက်မကျော်အရွယ်စားရ်ှတဲ့ ငှက်ပျောသီးတလုံးဟာ ၁၃၀ ကယ်လိုရီလောက်ရှိတယ်။ ဖော်ပြထားတဲ့ ကယ်လိုရီတွေက ပျမ်းမျှအရွယ်အစားရှိတဲ့ သစ်သီးတွေရဲ့ ကယ်လိုရီပမာဏတွေ ဖြစ်ပါတယ်။ သစ်သီးတလုံးမြင်တာနဲ့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရင် လုံလောက်ပါပြီ)

ဟင်းသီးဟင်းရွက်
ခရမ်းချဉ်သီး - ၂၀ ကယ်လိုရီ
ကြက်သွန်ဖြူတစိတ် - ၄ ကယ်လိုရီ
ကြက်သွန်နီတလုံး - ၄၀ ကယ်လိုရီ
ခရမ်းသီး - ၃၅ ကယ်လိုရီ
မုန်လာဥနီတတောင့် - ၄၀ ကယ်လိုရီ
ပဲသီး၊ပဲတောင့်ရှည်(၁၀၀ဂရမ်) - ၈၀ ကယ်လိုရီ
ဟင်းနုနွယ်(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ပန်းမုံလာ(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ကိုက်လန်(၁၀၀ဂရမ်)- ၅၀ ကယ်လိုရီ
ကညွတ်တချောင်း - ၃ ကယ်လိုရီ

(၁၀၀ ဂရမ်က လက်သီးဆုပ် သို့မဟုတ် လက်ဆုပ်တခုစာ ပမာဏနဲ့ ညီမျှတယ်လို့ အလွယ်မှတ်ပါ)

ဖျော်ရည်နဲ့ ယမကာ
နွားနို့တခွက် - ၁၂၀ ကယ်လိုရီ
ဒိန်ချဉ်တခွက် - ၁၄၀ ကယ်လိုရီ
ကိုလာ(သံဗူး) - ၁၄၀ ကယ်လိုရီ
ကိုလာဗူးကြီး(1.25L) - ၅၄၀ ကယ်လိုရီ
ရေခဲမုန့်တခွက် - ၁၃၀ ကယ်လိုရီ
အုန်းရည်တခွက် - ၅၀ ကယ်လိုရီ
ကော်ဖီမှုန့် ( 1 teaspoon) - ၄ ကယ်လိုရီ
ကော်ဖီတခွက် - ၅၀ ကယ်လိုရီ
လက်ဖက်ရည် - ၇၀ ကယ်လိုရီ
ကျွဲရိုင်းတဗူး - ၁၁၀ ကယ်လိုရီ
အရက်တခွက်(45ml) - ၁၀၀ ကယ်လိုရီ
ဘီယာတခွက် - ၂၀၀ ကယ်လိုရီ
ဘီယာသံဗူး - ၁၅၀ ကယ်လိုရီ
ဝိုင်တခွက်(150ml) - ၁၂၀ ကယ်လိုရီ

(ဘီယာတခွက်ဟာ ထမင်းတပန်းကန်စာနဲ့ ကယ်လိုရီညီမျှတယ်ဆိုတာ အရင်မှတ်သားသင့်တယ်၊ ကော်ဖီ၊လက်ဖက်ရည်တွေကတော့ နို့ဆီ၊ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီတွေကွာခြားသွားတယ်။ ပြီးတော့ ရိုးရိုး နွားနို့နဲ့အဆီထုတ်ထားတဲ့ နွားနို့နဲ့ မတူပါဘူး၊ ကယ်လိုရီ ၃၀ လောက်ကွာတယ်။ ဟင်းတခွက်ရဲ့ ကယ်လိုရီတန်ဖိုးကို တွက်မယ်ဆ်ုရင် ပါဝင်ပစ္စည်းတွေကို တခုချင်းကြည့်ပြီး ပြန်ပေါင်းလိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်မှာဖြစ်ပါတယ်)

Crd

ကယ်လိုရီ အနည်းဆုံးအစားအစာကိုမှတ်ပီး
စားကြပါစို့ 😊

မူရင်း စာရေးသူအား credit ပေးပါသည် ▪
Yee King








Monday, November 18, 2019

ကမ္ဘာ့အောက်တန်းကျဆုံးတပ်မတော်

ဘယ် နိုင်ငံက တပ်မတော်မှ... သူပုန်ကို နိုင်‌အောင်မတိုက်နိုင်ဘူးဆိုတာ မရှိဘူး။ ဘယ် နိုင်ငံက တပ်မတော်မှ... စကားကို ဗလောင်းဗလဲ မပြောဘူး။ ဘယ် နိုင်ငံက တပ်မတော်မှ... ပြည်သူကို ကန့်လန့်တိုက်ပြီး စောက်ကျင့်မယုတ်ဘူး။ ဘယ် နိုင်ငံက တပ်မတော်မှ... လွှတ်တော်ထဲ သွားထိုင်ပြီး စောက်ခွက်မ‌ပြောင်ဘူး။ ဘယ် နိုင်ငံက တပ်မတော်မှ... မိန်းမလို မိန်းမယ စိတ်နဲ့ ပြည်သူကိုတရားလိုက်မစွဲဘူး။ ဘယ် နိုင်ငံက တပ်မတော်မှ... အမျိုးသမီးတစ်ယောက်ကို ‌ကြောက်ပီး စောက်ခွက်‌ပြောင်‌ပြောင် အောက်တန်းကျကျ ယုတ်မာကောက်ကျစ်ဖို့ မကြံစည် ဘူး။ ဘယ်နိုင်ငံက တပ်မ‌တော်မှ.... နိုင်ငံနဲ့ပြည်သူတွေ ဆင်းရဲသွားတဲ့အထိ မခိုးဘူး။ ဘယ်နိုင်ငံက တပ်မတော်မှ... ပြည်သူတင်ထားတဲ့အစိုးရနဲ့ စင်ပြိုင်မထောင်ဘူး။ ဘယ်နိုင်ငံက တပ်မတော် မှ... စောက် ဖင် မယားဘူး။ လေကြီး ဖင်ကျယ် မလုပ်ဘူး... မ‌ပြောဘူး.... မအာဘူး....။ ဘယ် နိုင် ငံ က တပ်မတော်မှ ... မလုပ်ခဲ့တဲ့‌နေရာ မလုပ်ခဲ့တဲ့အရာ အားလုံးကို‌。。 လုပ်နေတဲ့ တပ်မတော်ဂျီးကတော့。。。。 ဖွတ်ထွက်ထားမှတော့ တောင်ပို့ကြီးမှန်းသိနေပြီမို့ ‌ပြောစရာ လိုမည် မထင်။ Crd ( သံပါးစပ် ) …..................................

Tuesday, November 12, 2019

သွေးပေါင်းခတဲ့ည

သမ္မတ ဦးသိန်းစိန်လက်ထက်မှာ လက်ပန်းတောင်တွင်ဘုန်းကြီးများမီး‌ေလာင်ဗုံးဖြင့်အကြမ်းဖက်ခြင်းခံရ

Monday, November 11, 2019

တပ်မတော်သည်မိမိပုံရိပ်ကိုမိမိဖျက်စီးနေခြင်းဖြစ်သည်



အဆိုပါ ဆောင်းပါးအား အမေရိကန်ရှိ ဩဇာတက္ကိမ ကြီးမားသော Foreign Policy Magazine ကြီးမှ “Myanmar’s Military Is Only Hurting Itself ဆောင်းပါးမှ ဝေဖန်ထားချက်အား ကောက်နှုတ်ဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်။

ပြီးခဲ့သည့် နှစ်ပေါင်း သုံးဆယ် စလုံး မြန်မာသည် ကမ္ဘာအလယ်တွင် အပြစ်ပါယ်ခံနှင့် ချစ်ခင်ခံရသည့် အကြား ဟိုယိမ်းလိုက် ဒီယိမ်းလိုက် ဖြစ်နေခဲ့သည်။ ထိုသို့ ဖြစ်ရသည့် အဓိက အကြောင်းရင်းသည်ကား လူ့အခွင့်အရေး ချိုးဖေါက်မှု တခုတည်းကြောင့်ပင် ဖြစ်သည်။ ပို၍ တိတိကျကျ ဆိုရလျင် မြန်မာနိူင်ငံသားများ ကိုယ်တိုင် ၎င်းတို့ အစိုးရ လက်ဝယ် အဆိုပါ ဘေးဒုက္ခများ ခံစားခဲ့ရခြင်း ဖြစ်ပေသည်။ များသော အားဖြင့် နိူင်ငံတကာမှ ဝိုင်းကျဉ် ခံရမှုများသည် အကြမ်းဖက်ဝါဒ အား အားပေးအားမြှောက်ပြခဲ့ခြင်း၊ နျူကလီယား လက်နက်များ ထုတ်လုပ်လာခြင်း နှင့် စီးပွားရေး ကို ချယ်လှယ် နေခဲ့ကြခြင်း စသည့်အကြောင်းများကြောင့် ဖြစ်ခဲ့သော်လည်း မြန်မာ အရေးတွင် ထိုကိစ္စများ လုံးဝမပါဝင်ခဲ့ပေ။

အစိုးရအနေဖြင့် မိမိတို့ တိုင်းသူပြည်သားများအပေါ် အဘယ်ကြောင့် ထိုကဲ့သို့ ကျင့်ကြံနေရသနည်း ဆိုသည်အား မည်သူမျှ အသေအချာ မသိနိူင်ဖြစ်နေကြရသည်။ မြန်မာသည် နိူင်ငံသားများ၏ လူ့အခွင့်အရေး များကို နင်းခြေချိုးဖျက်နေကြခြင်းဖြင့် နိူင်ငံ၏ လုံခြုံရေးအား ၎င်းတို့က ကာကွယ်ပေးနေပါသည်ဟုသော ပြောဆိုနေသော်လည်း တကယ်တမ်းတွင် ပို၍ ထိခိုက်အောင် ပြုမူနေကြသည့် သဘောဖြစ်နေခြင်းက စိတ်မကောင်းစရာ ကောင်းလှသည့် အမှန်တရားပင် ဖြစ်ပေသည်။

နိူင်ငံတကာ ဆက်ဆံရေး သီအိုရီများနှင့် ကျင့်စဉ်များတွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများသည် ပြည်တွင်း၊ ဒေသတွင်းနှင့် နိူင်ငံတကာ ပဋိပက္ခများ သို့ ဦးတည်သွားနိူင်သည့် အခြေခံ အကြောင်းရင်းများ ဖြစ်သည်ဟု အတိအလင်း ဖွင့်ဆိုခဲ့ကြပြီးလည်း ဖြစ်ပေသည်။ ထိုသို့ စနစ်တကျ လူ့အခွင့်အရေးများ ကို ငြင်းပါယ်လာခဲ့ခြင်းများသည် စစ်ပွဲများ ဖြစ်ရခြင်း၏ ဇာစ်မြစ်အကြောင်းရင်းပင် ဖြစ်သည်ကို မကြာခဏ တွေ့ခဲ့ရသည်။ တောင်အာရှ၊ အရှေ့တောင်အာရှ အပါအဝင် ကမ္ဘတဝှမ်းလုံးတွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများကြောင့် အစိုးရ အဖွဲ့များ တရားဝင် ရပ်တည်နေခြင်းမှ ယုတ်လျော့လာရခြင်း၊ ပြိုလဲသွားခဲ့ရခြင်း နှင့် တော်လှန်ရေးများ ထိ ဖြစ်လာခဲ့ရခြင်းများ မြင်တွေ့လာရသည်မှာလည်း အကြိမ်ပေါင်း မရည်တွက်နိူင်တော့ပေ။ 

နိူင်ငံတခုမှ မိမိနိူင်ငံသားများ အပေါ် မည်သို့မည်ပုံ ဆက်ဆံနေသည် ဆိုသည့် အရေးသည် ထိုနိူင်ငံနှင့် နိူင်ငံတကာ အသိုက်အဝန်းအကြား သံတမန်ရေး အရ မည်သို့မည်ပုံ ဆက်ဆံရမည် ဆိုသည်အပေါ် အဓိကကျသော အခန်းကဏ္ကမှ ပါဝင်လာခဲ့သည်။ နိူင်ငံတွင်းရှိ “ရိုဟင်ဂျာ” များအား ယခုအခါ စနစ်တကျ နှင့် အလုံးစုံ ဖိနှိပ်ခဲ့ခြင်းများသည် နိူင်ငံ၏ အဓိက ကျသော လူ့အခွင့်အရေး ပြဿနာ ဖြစ်လာနေခဲ့သည်။ ယင်းကိုကြည့်၍ မြန်မာ၏ ဂုဏ်သိက္ခာ နှင့် ခေတ်သစ် ကုန်သွယ်ရေး နှင့် လုံခြုံရေး ကဏ္ကများတွင် အကျိုးတူ ပူးပေါင်းနိူင်သည့် ပါတ်တနာ ဖြစ်လာနိူင်မနိူင်ကို နိူင်ငံတကာ အသိုက်အဝန်းမှ အဓိပ္ပါယ် ဖွင့်ဆိုလာခဲ့ကြသည်။

“ရိုဟင်ဂျာ” များ ကိစ္စကို ခေတ္တလောက် ဖယ်ထုတ်ကြည့်မည်ဆိုလျင်ပင် မြန်မာတပ်မတော်အနေဖြင့် ၎င်းတို့၏ နယ်နမိတ်စည်းဝိုင်း အတွင်းတွင်ပင် ငြိမ်းချမ်းရေး နှင့် လုံခြုံမှု ရှိအောင် ထိမ်းသိမ်းနိူင်စွမ်း မရှိကြောင်း ပြဆိုခဲ့ပြီး ဖြစ်သည်။ မည်သည့်အချိန်ကြည့်ကြည့် နိူင်ငံမှ ခွဲထွက်ရေး အတွက် ဆိုကာ တက်ကြွစွာ လှုပ်ရှား တိုက်ခိုက်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဆယ်ခုနှစ်ဖွဲ့ခန့် ရှိနေပေသည်။ ထိုသို့ လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည်မှာလည်း ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီလည်း ဖြစ်သည်။ အဆိုပါ လူမျိုးစု ပဋိပက္ခများက နိူင်ငံ၏ ရပ်တည်ပိုင်ခွင့်နှင့် တည်ငြိမ်သော နိူင်ငံတနိူင်ငံ ဖြစ်လာရေးကို ဆက်လက်ခြိမ်းခြောက်လျက် ရှိနေပေသည်။

လူမျိုးစု များ၏ ပုန်ကန်မှုသည် တိုင်းပြည်အား အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ခြိမ်းခြောက်လာနေသော်လည်း မြန်မာတပ်မတော်သည် ၎င်းတို့အား တိုက်ခိုက်ရန် ကျွမ်းကျင်မှု နှင့် အရည်အချင်းလည်း မရှိပြန်ပေ။ ထိုသို့ ကျွမ်းကျင်မှု နှင့် စွမ်းဆောင်ရည်များ မရှိအောင် သိသိသာသာ ကန့်သတ်ပေးလိုက်သလို ဖြစ်ခဲ့ရသည်ကား နှစ်ပေါင်း သုံးဆယ် လုံးလုံး နိူင်ငံရပ်ခြား မှ စစ်တပ်များနှင့် ထိတွေ့ဆက်ဆံမှု မရှိခဲ့သောကြောင့်ပင် ဖြစ်သည်။ ဤသို့ ဖြစ်ခဲ့ရသည်မှာလည်း ၁၉၉၀ နှစ်များ ၏ အစောပိုင်း ကာလများတွင် မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ်ခဲ့ကြခြင်းကြောင့်ပင်ဖြစ်သည်။ ထို့အတွက် ဖြစ်ပေါ်လာသော တိုက်ရိုက် သက်ရောက်မှုသည်ကား မြန်မာ အနေဖြင့် ၎င်းတို့ စစ်တပ်အား ပရော်ဖက်ရှင်နယ် စစ်တပ်ကြီး ဖြစ်လာအောင် လုပ်နိူင်စွမ်းရှိမလာခဲ့မှုနှင့် ခေတ်မှီ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး နည်းနာနိဿရ များကို လေ့လာသင်ယူခွင့် မရရှိလာခဲ့သည့်အပြင် ခေတ်မှီ စစ်ရေး နည်းပညာ များ၏ အကျိုးကျေးဇူးများလည်း မခံစားခဲ့ကြရပေ။

မြန်မာ စစ်တပ်၏ အပြုအမူများကြောင့် တိုင်းပြည်လုံခြုံရေး ရာ များ တွင် အရည်အသွေး များ ကျဆင်းလာမှုသည် ၎င်းတို့၏ နယ်ခြားများတွင်ပင် ရပ်တန့်သွားမည့် ကိစ္စမျိုးမဟုတ်ပဲ ဒေသတခုလုံးတွင် မတည်ငြိမ်မှုများနှင့် လုံခြုံမှု ကင်းမဲ့ လာအောင် ဖန်တီးပေးသလိုမျိုး ဖြစ်လာနေပေသည်။ ဘင်္ဂလားဒေ့ရှ် ရှိ “ရိုဟင်ဂျာ” ဒုက္ခသည် စခန်းများ အတွင်း အစစအရာရာ အခြေအနေများ ဆိုးဝါးလာနေသည့်အပြင် ၎င်းတို့၏ အနာဂါတ်ရေးကို အဆုံးအဖြတ်ပေးနိူင်မည့် မဟာဗျုဟာတခုလည်း ချမှတ်နိူင်ခြင်း မရှိ ဖြစ်နေခဲ့ခြင်းများကြောင့် သူတို့၏ ဘဝများ မရေမရာ ဖြစ်လာနေသည်။ ထိုသို့သော အနေအထားများကြောင့် ပါတ်ဝန်းကျင် ဒေသတခုလုံး မတည်မငြိမ် ဖြစ်လာနေသည်။ ထိုမှ လွန်၍ အရှေ့တောင်အာရှနိူင်ငံအများအပြားသို့ ပျံ့နှံ့လာနိူင်သည်။ ထိုနိူင်ငံများတွင် “ရိုဟင်ဂျာ” လူမျိုးစုများ က အတော်များများ ရောက်ရှိနေကြပြီ ဖြစ်သည်။ ထိုသို့သော လူများက ပို၍ အစွန်းရောက် သူများ ဖြစ်လာနိူင်သည်။ ပြည်ပရောက် “ရိုဟင်ဂျာ” များက ၎င်းတို့အနေဖြင့် အကြမ်းဖက်ခံနေရမှုများအတွက် ဂျီဟတ် စစ်ပွဲသာ ဆင်နွှဲရန်သာ ရှိတော့သည်ဟု တခါက ပြောဆိုခဲ့ဖူးသဖြင့် ထိုသို့ဖြစ်လာပါက နိူင်ငံစုံ ပါဝင်ပါတ်သက်လာနိူင်သည့် အကြမ်းဖက်ဝါဒ ကြီး အသွင် ကူးပြောင်းသွားနိူင်ပေသည်။ နိူင်ငံ၏ လုံခြုံရေးအားလည်း အနှုတ် လက္ခဏာပြနေရာမှ နှစ်ဆတိုးပြီး ရိုက်ခတ်လာနိူင်ပေသည်။ 

နယ်မြေ လုံခြုံရေး ပိုင်းတွင်သာမက စီးပွားရေး ပိုင်းတွင်လည်း ထိခိုက်လာနိူင်ပြန်ပေသည်။ လူ့အခွင့်အရေး အလွဲသုံး ပြုကျင့်မှုများကို တုန့်ပြန်သည့် အနေဖြင့် စီးပွားရေးအရ ဒဏ်ခတ်မှုများ ရှိလာနေသဖြင့် စီးပွားရေး တိုးတက်မှုနှုန်းသည် မျှော်လင့်ထားခဲ့သည်ထက် လျော့နည်းကျဆင်းခဲ့ရသည်။ တသီးပုဂ္ဂုလိကများ၏ လေ့လာတွေ့ရှိချက်များအရ ၂၀၀၃ ခုနှစ်တွင် အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်မှုကြောင့် အထည်အလိပ်လုပ်ငန်းများ တိုးတက်မှုနှုန်းသည် အာရှရှိ အခြားသော ဖွံ့ဖြိုးဆဲ နိူင်ငံများနှင့် နှိုင်းစာလျင် နိမ့်ဆင်းသွားခဲ့ကြောင်း တွေ့ရှိလာခဲ့ရသည်။ ထို့အတွက် တိုင်းပြည်တွင် ဆင်းရဲမွဲတေမှုများ လျော့ပါးရေး ကြိုးပမ်းမှုများ အား ထိခိုက်လာခဲ့ရသည်။ ပို၍ သိသာထင်ရှားခဲ့ရသည်က မြန်မာပြည်တွင်းရှိ အမေရိကန်၏ ရင်းနှီးမြုပ်နှံမှုများ ထိခိုက်သွားခဲ့ရခြင်းပင် ဖြစ်သည်။ ရလာဒ်အဖြစ် နည်းပညာသစ်များ ရရှိရေး၊ ပိုမိုကောင်းမွန်သည့် လုပ်ငန်းခွင် အနေအထားများတွင် လုပ်ကိုင်ခွင့်ရရှိရေး နှင့် ကမ္ဘာဈေးကွက်များသို့ ဝင်ရောက်ခွင့် ရရှိရေးတို့ ဆုံးရှုံးသွားခဲ့ရသည်။

အခြားသော ထိခိုက်မှုများလည်း မရည်တွက်နိူင်အောင် ဖြစ်ပေါ်ခဲ့ရသည်၊ ပေါ်လွင်ထင်ရှားစွာ ဆက်ရှိနေသည့် အချက်သည်ကား မိမိတို့နိူင်ငံသားများအား ဆက်လက်ပြီး အန္တရာယ်ပြု တိုက်ခိုက်နေမည်ဆိုက မြန်မာတပ်မတော် အနေနှင့် မိမိတို့ နိူင်ငံလုံခြုံရေးအား ထိခိုက်နစ်နာအောင် ပြုလုပ်နေသည်နှင့် အတူတူ ဖြစ်သည် ဆိုခြင်းပင်။ 

မြန်မာ စစ်ခေါင်းဆောင်များ၏ အမျိုးသား လုံခြုံရေး ပိုင်းတွင် အမျှော်အမြင်နည်းမှု၊ ရေရှေကို မြင်နိူင်စွမ်း မရှိမှုများသည် ကမ္ဘာလုံခြုံရေး ၏ လားရာ အား ထင်ဟတ်လာနေပြီ ဖြစ်သည်။ မကြာခဏ ဆိုသလို စစ်ဖက် နှင့် အရပ်ဖက် မူဝါဒ ရေးဆွဲသူများ အကြား ကွဲပြားမှုများ ရှိလာနေသည်။ စစ်ဖက် ခေါင်းဆောင်များသည် နိူင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့် လေ့ကျင့်ခံခဲ့ရသူ ရှားပါးလှသည်။ ရေရှည်တန်ဖိုးထားရမည် အရာများဖြစ်သော နိူင်ငံရေး စနစ်တွင် လူအားလုံး ပါဝင်ခွင့် ရှိရေး၊ လူ့ဘောင်အဖွဲ့အစည်း အတွင်း အကြမ်းဖက်မှုများနှင့် လူမျိုး ဘာသာနှင့် လူနည်းစုများအပေါ် ခွဲခြား ဆက်ဆံမှုများ ဖြေရှင်းရေးတို့သည် အမျိုးသား လုံခြုံရေး အတွက် လွန်စွာ အရေးပါလှသည်။ သို့သော် ထိုအခွင့်အရေးများအား အကာအကွယ်ပေးရေးတို့အား လုံခြုံရေးပိုင်း တာဝန်ရှိသူများက တန်ဖိုးမထားခဲ့ကြသည့်အပြင် ဂရုပြုရမည်ကို လည်း မသိခဲ့ကြပေ။ ထို့အတွက်ကြောင့်လည်း အမျိုးသမီးများ၊ လူမျိုးစုများနှင့် လူနည်းစု ဘာသာခြားများ အရေးကို ၎င်းတို့၏ လုံခြုံရေး ဆိုင်ရာ ကိစ္စများ ဆွေးနွေးကြသည့်အခါ ထည့်သွင်း ပြောဆိုခဲ့မှု မျိုး မရှိခြင်းဖြစ်သည်။ ဤသို့ဖြင့် မဖြေရှင်းနိူင်သော ကိစ္စများ အဖြစ် ကာလကြာမြင့်စွာ ရှိလာနေခြင်းလည်း ဖြစ်သည်။

ထို့အပြင် နိူင်ငံတနိူင်ငံသည် စီးပွားရေး နှင့် လုံခြုံရေး ပိုင်းတို့တွင် တိုးတက်မှုရှိလာရေး ရုန်းကန်လှုပ်ရှားလာရသည့်အခါ ၎င်းတို့တွင် ရှိလာသော ချို့ယွင်းချက် အားနည်းချက်များ အတွက် တိုင်းရင်းသား လူနည်းစုများသည် အလွယ်တကူ လက်ညိုးထိုး ပြစ်တင်ခံရသည့် ဓါးစာခံများ ဖြစ်လာတတ်ကြသည်။

အမျိုးသား လုံခြုံရေး ရာ သဘောထားများ သည် လူ့အခွင့်အရေး များ အပေါ် အမြဲလိုကျော်လွှား သွားလေ့ ရှိခဲ့ပြန်သည်။ ထိုသို့ အမျှော်အမြင်နည်းမှုများကြောင့် ပြည်တွင်း မငြိမ်မသက်မှုများဆီ ဦးတည်သွားနိူင်ပြီး နောက်ဆုံးတွင် နိူင်ငံ လုံခြုံရေး ကို ထိခိုက်လာနိူင်ပေသည်။

Hla Soewai

Wednesday, November 6, 2019

ကိုယ်လုပ်မှ့ကိုစားရမယ်ဆိုတဲ့သူတွေအတွက် 2015 ခုနှစ်က

ဆန္ဒမဲပေးရန် စင်ကာပူမှလေယာဉ်စင်းလုံးငှါးဖြင့် ရောက်ရှိလာကြသည့် မြန်မာများ (ဓာတ်ပုံ - အောင်နိုင်စိုး ကစ္ဆပ)
Popular News Journa






l

ဒေါ်အောင်ဆန်းစုကြည်

TIME မဂ္ဂဇင်းမျက်နှာဖုံးမှာနာမည်ကောင်းနဲ့
ခြောက်ကြိမ်ပါဖို့ဆိုတာ  …

အမေရိကန်သမ္မတထဲမှာတောင်
လွယ်မယ်မထင်ဘူးနော် …

Monday, November 4, 2019

RIP ဦးထွန်းလွင်

"#အလွမ်းသတင်း_ကြေငြာချက်"

ကျန်းမာတော်မူကြပါစခင်ဗျာ

မုတ်သုံနှလုံးသားတိမ်ထုတစ်ခုဟာ
ချစ်သူခင်သူတို့အား ထာ၀ရ စွန့်ခွာ

အမည်မသိရပ်ဝန်းသို့ အပြီးတိုင်ပြန်လည်ထွက်ခွာသွားခဲ့ပြီ ဖြစ်
ပါတယ် ။

အဲဒီ မုတ်သုံနှလုံးသားပြန်လည်ထွက်ခွာသွားတဲ့အတွက်
ထိုနေရာတွင် လစ်ဟာနယ်ကြီးတစ်ခု
ဖြစ်ထွန်းလာနိုင်ပါတယ် ။

အဲဒီလစ်ဟာနယ်ကြောင့်
လေးစားသူ
အားကိုးအားထားပြုကြသူတို့ဒေသမှာ
ဝမ်းနည်းကြေကွဲမှုများ သည်းထန်စွာ ရွာသွန်းနိုင်ပါတယ်

နောက်နှစ်ရက်အဖို့
တပြည်လုံးမှာ မျက်ရည်မိုးများ နေရာစိတ်စိတ် မှ
‌နေရာအနှံ့အပြားရွာသွန်းနိုင်ပါတယ်
ရွာရန် ရာခိုင်နှုန်းပြည့် ဖြစ်ပါတယ် ။

ထူးခြားမျက်ရည်ချိန်များအနေဖြင့်ကတော့
တန်ဖိုးထားသူတို့ ရပ်ဝန်း တစ်ဝိုက်
နဲ့
အလေးထားချစ်ခင်သူတို့ဒေသများမှာ
ရွာသွန်းမြဲထက်များစွာ ပိုနိုင်ပါ‌ေကြာင်း လေးစားစွာဖြင့် အစီရင်ခံတင်ပြလိုက်ရပါတယ် ။

**************************
နောက်ဆုံးထွက်သက်အထိ မိုးလေဝသကြေညာပေးနေခဲ့တဲ့ ဆရာ့ကို ဂါရဝပြုလျက်

ချစ်ခြင်းများစွာဖြင့်

ထင်လင်းဦး(Wisdom Villa)
4.nov.2019
.
Credit : Htin Linoo WisdomVilla
.
ပြန်လည်မျှဝေပေ

းပါတယ်
လေးစားလျှက်
Martin Swe
05-11-2019

2020 NLDအောင်မည်။









Thursday, October 31, 2019

2015 ခုနစ်က အမျိုးသားဒီမိုကရေစီဥဏ္ကထဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့သုဝဏ္ဏကွင်းတွင်တရားဟောနေစဉ်

ရန်ကုန်မြို့ သုဝဏ္ဏမြို့ဦးစေတီကွင်းတွင် ဟောပြောနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
ဓာတ်ပုံ - National League for Democrac







y

Wednesday, October 30, 2019

မြန်မာပြည်က သူခိုးအကြီးစားများ

 ဘပြောင် က လူရိုးပါ ...

"' ဝန်ကြီးများရုံးကဲ့သို့ အပိုင်သိမ်းထားသော နေရာတစ်ခု "'
             °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
'လူရိုးကြီး' သိန်းစိန်ကသူ့လက်ထက်မှာ
ခေတ်အဆက်ဆက် က ဝန်ကြီးများရုံးကို
လက်သိပ်ထိုးငှားရမ်းခဲ့တဲ့ အပြင် ရန်ကုန်
အင်းယားကန်ဘေးက စိမ်းလဲ့ကန် သာ
နိုင်ငံတော်ဧည့်ဂေဟာအဝင်ဝက တိုက် နဲ့
မြေကွက်ကို သူ့ကိုယ်ပိုင်အဖြစ် ပိုင်းယူခဲ့ သတဲ့
K.tw

ZN.H 🇦🇺
ZN.H 🇦🇺

စိုးထွန်းရှိန်နောက်ကြောင်း Myanmar Now လိုက်ပြီ ..

ဦးစိုးထွန်းရှိန် DVB အား သိန်း ၁၀၀၀ ချေးဖူးပြီး ကမ္ဘောဇဘဏ်အား ဘီလျံချီအကြွေးတင်
==========================
ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း မြန်မာအစိုးရအရာရှိများက အတည်ပြုထားသည့် တရားခံပြေး ရွှေသူဌေး ဦးစိုးထွန်းရှိန်၏ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် လွန်ခဲ့သည့် သုံးနှစ်အတွင်း ပြည်တွင်း DVB သတင်းဌာနအား ကျပ်သိန်းထောင်ချီ ချေးငွေအပါအဝင် ငွေကြေးအကူအညီများ ပေးခဲ့ပြီး ကမ္ဘောဇဘဏ်နှင့်လည်း ကြွေးမြီပြဿနာများ ရှိနေသည်။

ဒီမိုကရက်တစ်မြန်မာ့အသံ (Democratic Voice of Burma/DVB) ကို အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက ၂၀၁၆ ဒီဇင်ဘာ ၁၂ ရက်တွင် ဘဏ်တိုးနှုန်းအတိုင်း တစ်နှစ် ၁၃ ရာခိုင်နှုန်းဖြင့် ကျပ်သိန်း ၁၀၀၀ကို စာချုပ်ချုပ်ဆို ငွေချေးခဲ့ခြင်းဖြစ်သည်။

Myanmar Now က DVB သတင်းဌာနထံမှ ရရှိခဲ့သည့် အမျိုးသားကြီးပွားတိုးတက်ရေး နှင့် DVB တို့၏ နှစ်မျက်နှာပါ စာချုပ်တွင် DVB Multimedia Company Ltd က “ ၎င်း၏လုပ်ငန်းတွင် ငွေကြေးများ လိုအပ်နေသည့်အတွက် ” ဘဏ်တိုးနှုန်းရယူပြီး ကျပ်သိန်း ၁,၀၀၀ တိတိ ခေတ္တခဏ ထုတ်ပေးရန် အကူအညီတောင်းခံရာ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီလီမိတက်ကလည်း “ မိမိတို့ကုမ္ပဏီ နှင့် လုပ်ငန်းဆက်စပ် လုပ်ကိုင်ဖူးသူ ဖြစ်သည့်အတွက် ကူညီရန် သဘောတူပါသည် ” ဟု ရေးသားထားသည်။

ငွေချေးတာ ခေါင်းဆောင်ပိုင်းမသိ

DVB ထိပ်ပိုင်းခေါင်းဆောင်များက ယင်းငွေကြေးချေးငှားမှုသည် ယခု အလုပ်ထွက်သွားပြီးဖြစ်သည့် DVB ကြော်ငြာအရောင်းဌာနကို ဦးဆောင်သည့် ဦးခင်မောင်ဝင်းက ချေးယူခဲ့ခြင်းဖြစ်ပြီး ငွေထုတ်ချေးသူမှာ ဦးစိုးထွန်းရှိန်၏ အမျိုးသားကြီးပွားတိုးတက်ရေး ဖြစ်ကြောင်း အချိန်လွန်မှ သိခဲ့ရသည်ဟု ဆိုသည်။

ငွေးချေးယူသည့် အချိန်သည် ယခု တရားမဝင်ကြေညာခံထားရသည့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) နှင့် ဦးစိုးထွန်းရှိန်တို့အကြား ဆက်နွှယ်မှုအကြောင်းကို လူသိထင်ရှားဖြစ်နေသည့် အချိန်ဖြစ်ပြီး ဦးစိုးထွန်းရှိန်ကဲ့သို့သောသူထံမှ ငွေချေးယူခဲ့ခြင်းသည် DVB ကဲ့သို့သော သတင်းဌာနအတွက် ရုပ်ဆိုးစရာကောင်းသည့် ဖြစ်ရပ်ဟုတ်မဟုတ် Myanmar Now က မေးသည့်အခါ

“စိုးထွန်းရှိန်ဆီက ယူမယ်လို့ ကြိုသိရင် ကျွန်တော်တို့လည်းတားမှာ။ ဒါပေမဲ့ သိတဲ့အချိန်မှာ ယူလည်းယူပြီးပြီ။ ကျွန်တော်တို့က တစ်လလောက်ကြာမှ သိတာ” ဟု

DVB ၏ အမှုဆောင်ဒါရိုက်တာ နှင့် အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က ရန်ကုန် DVB ရုံး၌ Myanmar Now နှင့် ဩဂုတ်လ ၃၀ ရက်က တွေ့ဆုံမေးမြန်းမှုအတွင်း ဖြေကြားခဲ့သည်။

အဆိုပါချေးငွေကို ရန်ကုန်မြို့လယ် အနော်ရထာလမ်း၊ ၃၉ နှင့် လမ်း ၄၀ ကြားရှိ ကွန်ဒိုအခန်းတစ်ခန်းတွင် DVB က ကြော်ငြာရုံးခန်းဖွင့်ရန် အခန်းငှားခအဖြစ် အသုံးပြုခဲ့ကြောင်း ၎င်းက ဆိုသည်။ အဆိုပါချေးငွေ ရယူခဲ့သည့် ၂၀၁၆ ဒီဇင်ဘာ ကာလများသည် DVB အနေဖြင့် ၎င်းကို ငွေကြေးထောက်ပံ့နေသည့် အဖွဲ့အစည်းများထံမှ ထောက်ပံ့ငွေအချို့ ထပ်မံမရသေးခင်စပ်ကြား ဘဏ္ဍာရေးအခက်အခဲရှိသည့် ကာလဖြစ်ကြောင်း၊ DVB ထိပ်ပိုင်းခေါင်းဆောင်များက ဆိုသည်။

ချေးငွေကြောင့် DVB ၏ဘက်မလိုက်ဘဲ မျှတစွာ သတင်းဖော်ပြမည်ဆိုသည့် စံနှုန်း ပြောင်းလဲခဲ့ခြင်း မရှိဟုလည်း ၎င်းတို့က ဆိုသည်။ သို့သော် ယင်းချေးငွေ ရယူခဲ့ပြီးနောက် DVB က ဦးစိုးထွန်းရှိန်နှင့် အနည်းဆုံးနှစ်ကြိမ် အထူးသီးသန့် တွေ့ဆုံမေးမြန်းများကို DVB သတင်းဌာနရုံးနှင့် လှည်းကူးမြို့ရှိ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဌာနချုပ်တို့တွင် ပြုလုပ်ခဲ့သည်။

ယင်းတွေ့ဆုံမေးမြန်းမှုတစ်ခုအတွင်း ဦးစိုးထွန်းရှိန်ဘက်က ၎င်းတို့မေးစေလိုသော မေးခွန်းများကို ကြိုပေးခဲ့သော်လည်း ပယ်ချခဲ့ပြီး မိမိတို့မေးလိုသည့် မေးခွန်းများကိုသာ မေးမြန်းခဲ့သည်ဟု ၎င်းမေးမြန်းခန်းကို ပြုလုပ်ခဲ့သူ DVB သတင်းဌာနမှ ကိုနေသွင်ညိဏ်းက ဆိုသည်။

DVB သည် ချေးငွေ အရင်းနှင့်အတိုး အားလုံးကို ပြန်လည်ပေးဆပ်ခဲ့ပြီး ယနေ့အချိန်တွင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီထံမှပင် ကျပ်သိန်း ၃၂၀ ရရန် ရှိသေးသည်ဟု DVB တာဝန်ရှိသူများက ဆိုသည်။ ယင်းငွေကြေးသည် DVB နှင့် အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီတို့အကြား ပြီးခဲ့သည့်နှစ် ဧပြီလက ချုပ်ဆိုထားသည့် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ သဘောတူစာချုပ်တစ်ခုမှ စခဲ့ခြင်းဟု DVB ဘက်က ဆိုသည်။

DVB ကထုတ်လွှင့်မည့် ‘တစ်ယောက်တစ်လက် (FIX IT)’ အမည်ရှိ ရုပ်သံအစီအစဉ်အတွက် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ထောက်ပံ့ရန် နှစ်ဖက်သဘောတူခဲ့ကြခြင်း ဖြစ်သည်။ Myanmar Now က DVB သတင်းဌာနထံမှ ရရှိခဲ့သည့် အဆိုပါ စပွန်ဆာသဘောတူညီချက်တွင် ခြောက်လကြာ ထုတ်လွှင့်မည့် ရုပ်သံအပိုင်း ၂၄ ပိုင်းအတွက် တစ်ပိုင်းလျှင် ကျပ်သိန်း ၂၀ နှုန်းဖြင့် သိန်း ၄၈၀ ထောက်ပံ့ရန် သဘောတူထားကြသည်။

သို့သော်လည်း ငွေကြေးအပြည့်အဝ မရရှိသေးဘဲ အမျိုးသားကြီးပွားတိုးတက်ရေးထံမှ ကျပ်သိန်း ၃၂၀ ရရန် ရှိသေးသည်ဟု DVB ဘက်က ဆိုသည်။ ၂၀၁၉ ဧပြီလတွင် ငွေပေးသွင်းရန် အမျိုးသားကြီးပွားတိုးတက်ရေးထံ စာပို့အကြောင်းကြားခဲ့ရာ “မိုးထိမိုးမိလုပ်ငန်းကြီး ပြန်လည်ဖွင့်သည့်အချိန်တွင် ပေးအပ်သွားမည်” ဟု ကြောင်းပြန်ခဲ့သည်ဟု ပြန်စာကို ကိုးကားပြီး DVB ဘက်က ဆိုသည်။

၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် DVB သတင်းဌာနသည် စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း အလေးပေး ဖော်ပြလေ့ရှိသည်။ မြန်မာနိုင်ငံအတွင်း တရားဝင်ရုံး မဖွင့်လှစ်နိုင်သည့် ကာလများတွင် နော်ဝေနိုင်ငံ အော်စလိုမြို့ နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့မှတစ်ဆင့် ရုပ်သံနှင့်ရေဒီယိုအစီအစဉ်များ ထုတ်လွှင့်ခဲ့သည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ နာဂစ်မုန်တိုင်းနှင့် မြန်မာ-မြောက်ကိုရီးယား စစ်ရေးဆက်နွယ်မှု စသည့် လျှို့ဝှက်စုံစမ်းဖော်ထုတ်သည့် သတင်းများကြောင့် DVB သည် စစ်အစိုးရလက်ထက်တွင် မြန်မာနှင့် နိုင်ငံတကာ ပရိတ်သတ်များအကြား ဩဇာကြီးမားသော သတင်းဌာနတစ်ခု ဖြစ်လာခဲ့သည်။

DVB သတင်းဌာနသည် ဝန်ထမ်း ရာနှင့်ချီ ရှိပြီး နှစ်စဉ် လည်ပတ်သုံးစွဲမှု ပမာဏမှာ ဒေါ်လာသန်းနှင့်ချီ ရှိသည်ဟု သိရှိရသည်။

ကမ္ဘောဇဘဏ်နှင့်ဖြစ်သည့်အမှု

တစ်ချိန်က မိုးထိမိုးမိတောင်ပေါ်တွင် အသေးစားဘဏ်ခွဲ ဖွင့်ရန်အထိ အမျိုးသားကြီးပွားတိုးတက်ရေးနှင့် ကမ္ဘောဇဘဏ်တို့အကြား ဆက်ဆံရေး ကောင်းမွန်ခဲ့သော်လည်း နှစ်ဖက်အကြား ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင် တရားမကြောင်းအရ တရားရင်ဆိုင်ရန် ရှိနေသည်။

ကမ္ဘောဇဘဏ်က အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီကို ရန်ကုန်တိုင်းတရားလွှတ်တော်တွင် တရားမကြောင်းအရ တရားစွဲရန် ကြိုးစားလျက်ရှိကြောင်း ယင်းအမှုအတွက် အမျိုးသားကြီးပွားတိုးတက်ရေးဘက်မှ ရှေ့နေလိုက်ရန် ပြင်ဆင်နေသည့် ဦးသိန်းသန်းဦးက မေလအတွင်းက ပြောသည်။

အမှုသည် ဘဏ်ချေးငွေနှင့် ပတ်သက်ဖွယ်ရှိသော်လည်း အမှုအသေးစိတ်နှင့် ငွေကြေးပမာဏကိုတော့ သီးခြား အတည်မပြုနိုင်ပါ။

Myanmar Now က ရရှိထားသော အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော်ရေးအုပ်စုလီမိတက်၏ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် ကမ္ဘောဇဘဏ်ထံမှ ကျပ် ၁၀ ဘီလျံ (ကျပ်သန်းတစ်သောင်း) ချေးယူထားကြောင်း ဖော်ပြထားသည်။

ကမ္ဘောဇဘဏ်ဘက်ကတော့ အဆိုပါအမှုအတွက် ထင်မြင်ချက်မပေးဘဲ တရားစွဲရန် ကြိုးစားနေခြင်း ဟုတ်မဟုတ်ကိုပင် ထုတ်ပြောရန် ငြင်းဆန်သည်။

Myanmar Now က မိုးထိမိုးမိရွှေတွင်းနှင့်ပတ်သက်ပြီး အမျိုးသားကြီးပွားတိုးတက်ရေးထံ ပြီးခဲ့သည့် လများအတွင်းက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါ။

ဦးစိုးထွန်းရှိန်၏ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ဧက ၆၀၀၀ ကျော်ရှိသော မိုးထိမိုးမိရွှေလုပ်ကွက်ကြီးတွင် နိုင်ငံတော်နှင့် စာချုပ်ချုပ်ပြီး လုပ်ကိုင်ခဲ့ရာ နိုင်ငံတော်အား သတ်မှတ်ရွှေပိဿာများ မပေးဆောင်မှု၊ တရားမဝင် ဆက်လက်ရွှေတူးဖော်မှု စသည့် စွပ်စွဲချက်များဖြင့် အစိုးရက ၎င်းနှင့် ၎င်း၏ကုမ္ပဏီ တာဝန်ရှိသူအချို့အား ရာဇဝတ်ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။

ထောင်ဒဏ် ၁၀ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်ထိုက်သော သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က)အပြင် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆(၁) တို့ဖြင့် အမှုဖွင့်ခံထားရသော ဦးစိုးထွန်းရှိန်သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၎င်းကို တရားခံပြေးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယခုနှစ်ဆန်းပိုင်းတွင် ကြေညာခဲ့သည်။

ထိုင်းနိုင်ငံတွင်နေထိုင်သည့် Myanmar Now ၏ သတင်းရင်းမြစ်တစ်ဦးက ဦးစိုးထွန်းရှိန်အား အောက်တိုဘာ ၁၄ နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။

ထိုသတင်း ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ဦးစိုးထွန်းရှိန်သည် မြန်မာ -ထိုင်း နယ်စပ် တာချီလိတ်မှတဆင့် ထိုင်းဘက်ခြမ်းသို့ ကားလမ်းဖြင့် ထွက်ပြေးသွားပြီဟု သမ္မတရုံး ပြောခွင့်ရအရာရှိက အောက်တိုဘာ ၂၅ တွင် အတည်ပြုခဲ့သည်။ ၎င်းအား ရှာဖွေရန် မြန်မာရဲအရာရှိများ ထိုင်းသို့ သွားမည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

ဦးစိုးထွန်းရှိန်ကို ရှာဖွေဖမ်းဆီးမှု နောက်ဆုံးအခြေအနေများကို သိရှိရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးအား ဖုန်းဖြင့်ဆက်သွယ်သော်လည်း ၎င်း၏ဖုန်းမှာ စက်ပိတ်ထားသည်

Source: Myanmar Now

ZN.H 🇦🇺၎င်း၏ဖုန်းမှာ စက်ပိတ်ထားသည်

Source: Myanmar Now

ZN.H 🇦🇺

Sunday, October 27, 2019

==============ငါသာဆိုရင်
=================
အမေရိကန်နိုင်ငံ အခြေစိုက် CBS သတင်းဌာနက သတင်းတင်ဆက်သူ Bill Whitaker မြန်မာနိုင်ငံကိုလာရောက်ပြီး မြန်မာ့အရေး သိရှိနိုင်ဘို့အတွက် ထင်ရှားသူများကို မေးမြန်းသွားခဲတာ 60 Minutes အစီစဉ်မှာ ကြည့်ရူခဲ့ရပါတယ်။ သူတွေ့ဆုံးမေးမြန်သူတွေထဲမှာ ဘာသာရေးဘက်ကပုဂ္ဂိုလ် တစ်ချို့ကိုလဲ မေးမြန်းသွားခဲ့လို့ ကြည့်လိုက် သိလိုက်ရပါတယ်။ ဆရာတော် ဦးဝီရသူ နှင့် မေးမြန်ခဲ့တာပါ။ ၂ ခါလောက်ကြည့်ဖြစ်ပါတယ်။ ဆရာတော် ဦးဝီရသူ ၏ ဖြေကြားချက်များ ဖြေကြားပုံများကို မိမိ သဘောမကျနိုင်ပါ။ လက်မခံနိုင်ပါ။ ဒါကြောင့် စဉ်းစားမိပါတယ် အကယ်၍ အမေးခံရသူဟာ မိမိသာ ဆိုလျှင်

………
Bill Whitaker: ဆရာတော်ရဲ့ ဗုဒ္ဓဝါဒပုံစံကို အစွန်းရောက်တယ်လို့ ဒလိုင်းလားမား က ဝေဖန် ထားပါတယ်။
ဦးဝီရသူ - အစွန်းရောက်ဆိုတဲ့ စကားလုံးကို ဂုဏ်ယူစွာ လက်ခံပါတယ်။ ဘုန်းကြီးက ဒလိုင်းလားမားကို မလေးစားပါဘူး။ သူက နိုင်ငံရေးအာဏာ ပွဲစားပါ။ ကျုပ်တို့ ဒလိုင်းလားမားက လေးစားစရာ မရှိပါဘူး။

==
(တကယ်လို့ မိမိသာ ဒီနေရာမှာ ဆိုရင် …… ကျနုပ်ဟာ အစွန်းရောက်မဟုတ်ပါဘူး လို့ ငြင်းရင် ငြင်းမယ်။ ဒါမှ မဟုတ် လူတိုင်းဟာ တနည်းမဟုတ် တနည်းနည်းနဲ့တော့ အစွန်းရောက်နေကြတာပါပဲ လို့ ဖြေရင် ဖြေမယ်။ ပြီးမှ……. ကျနုပ်လုပ်ဆောင်တာတွေဟာ ကျုပ်တို့ နိုင်ငံသူ နိုင်ငံသားတွေအတွက် ကောင်းမယ် ထင်တဲ့အရာ၊ အကျိုးရှိမယ် ထင်တာကို လုပ်နေတာသာဖြစ်ပါတယ် လို့ ဖြေမိမယ် ထင်တယ်။
ပြီးမှ………. ဒလိုင်းလားမားနဲ့ ပတ်သက်လို့ကတော့ ဒလိုင်းလားမားကို ဗုဒ္ဓဘာသာ ရဟန်းတပါးအနေနဲ့ရော၊ တိဘက် ဘာသာရေး ခေါင်းဆောင်တစ်ဦးအနေနဲ့ရော၊ လူသားတစ်ဦးအနေနဲ့ပါ လေးစားပါတယ်။ သူ့အနေနဲ့ ဦးဇင်းတို့ မြန်မာ ရဟန်းတော်တွေကို ဝေဘန်ပြစ်တင်တယ် ဆိုတာ မဖြစ်သင့်တာ မဖြစ်အောင် စေနာနှင့် ပြောတယ် လို့ပဲ ယူဆပါတယ်။

အဲဒီလို စေတနာနဲ့ ပြောဆိုတဲ့သူတွေကို လေးစားပါတယ်၊ ဒါပေမယ့် ပြဿနာ တစ်ခုကို စေတနာ တစ်ခုတည်းနဲ့တော့ ဖြေရှင်းနိုင်မယ်လို့ မထင်မိပါဘူး၊ မိမိ သိထားတာကတော့၊ ခင်ဗျားလဲ သိပါတယ် အဲဒါက ဒလိုင်းလားမားဟာ မိမိတို့ မြန်မာပြည်ကို တစ်ခါမှ အလည် မရောက်ဘူးပါဘူး။ အလည်ရောက်ဘူးတယ် လို့ မကြားမိပါဘူး။ ခင်ဗျားများ ကြားမိလား လို့သတင်းထောက်ကို ပြန်မေးလိုက်အုံးမယ်။

အဲဒီတော့ မြန်မာပြည်အကြောင်း ဘယ်လောက် သူသိထားသလဲ ဆိုတာကတော့ သူပဲ သိမှာပါ။ မြန်မာပြည် တစ်ခါမှ မရောက်ဘူးပဲနဲ့ မြန်မာပြည်က အကြောင်းတွေကို ဝေဘန်မယ် ပြောဆိုမယ် ဆိုရင် …..ဘာညာ ဘာညာပေါ ……ဒီလိုပြောဖြစ်မယ် ထင်တယ်။ ဖြေနည်းတွေ အများကြီးရှိမှာပါလေ။)

ခုတော့ ကမ္ဘာကျော် ဒလိုင်းလားမားကို မလေးစားဘူး ဆိုတော့ ဆရာတော် ဦးဝီရသူ အနေနဲ့ ပညာရှိများ ပီသလွန်းနေသလားလို့ စဉ်းစားနေမိပါတယ်။ ပညာရှင် ဆန်လိုက်ထာလို့ လူရယ်စရာ။)

………………………………
ပြီးတော့ ဒုတိယ မေးခွန်းက
BW - မွတ်ဆလင်တွေအတွက် မြန်မာနိုင်ငံမှာ နေရာရှိပါသလား။
ထိုမေးခွန်းအား ဦးဝီရသူ၏ အမှန်တကယ် တုံ့ပြန်ပုံမှာ လွန်စွာကြမ်းတမ်း သဖြင့် CBS သတင်းဌာနအနေဖြင့် ပြန်လည်ဖော်ပြခြင်း မပြုကြောင်း Bill Whitaker က ရေးသား ထားသည်။
သူက မွတ်ဆလင်များမှာ မြန်မာနိုင်ငံကို ညစ်ညမ်းစေသည်ဟု ဆိုပြီး ပြောကြား မှုကို အထင်အရှား တွေ့မြင် ရသည်။
ဦးဝီရသူ - ဘုန်းကြီးက သူတို့ကို လက်မခံပါဘူး။
====

(တကယ်လို့ မိမိသာ ဆရာတော် ဦးဝီရသူ နေရာမှာနေပြီး ဖြေခွင့်ရခဲ့မယ်ဆိုရင်…. ခင်ဗျားဘာကြောင့် အဲဒီ မေးခွန်း ကျုပ်ကို မေးတယ် ဆိုတာ ကျုပ်နားမလည်ဘူး လို့ ပြောမိမယ်။ တကယ်တော့ မြန်မာနိုင်ငံ ဟာ မြန်မာပြည်သူ/သားတွေ ပိုင်တာပေါ၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် မြန်မာနိုင်ငံမှာ နေရာတွေ အများကြီး ရှိပါတယ် အကျယ်ကြီးပါ လို့ ဖြေမိမယ်။ မြန်မာနိုင်ငံဟာ ဘာသာပေါင်းစုံ နေထိုင်နေတဲ့ တိုင်းပြည်ဖြစ်တယ်ဆိုတာ ခင်ဗျားသိလောက်ပါတယ် လို့ ပြောမိမယ်။ ခင်ဗျား မူစလင်အတွက် မစိုးရိမ်နဲ့ ခရစ်ယာန်အတွက်လဲ မစိုးရိမ်နဲ့ ဗုဒ္ဓဘာသာအတွက်လဲ မစိုးရိမ်နဲ့ အားလုံးအတွက် နေရာ အလုံအလောက်ရှိပါတယ် လို့ ဖြေမိမယ် ထင်တယ်။
ကျုပ်တို့ မြန်မာနိုင်ငံက လူဦးရေ သန်း ၅၀ လောက်ပဲ ရှိတယ်။

ခင်ဗျားသိမလားတော့ မပြောတတ်ဘူးဗျာ ကျုပ်တို့နိုင်ငံ့လူဦးရေထက် ၃ ဆကျော်ကျော် ၄ ဆ လောက်များတဲ့ ရခိုင်ပြည်နဲ့ကပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ အဲဒီက လူဦးရေ သန်း ၁၆၀ ဝန်းကျင် ရှိတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထက် မြန်မာနိုင်ငံက အကျယ်အဝန်းအားဖြင့် ၅ ဆလောက် ပိုကြီးတယ်ဗျ။ အဲဒီတော့ နေရာတွေ အများကြီးပါဗျာ လို့ ဖြေမိမယ်ထင်တယ်။ အဲဒီထက်မက ခနဲတဲ့တဲ့လေး ပြောချင်သေးတယ် ဆိုရင်တောင် ခင်ဗျား အမေရိကမှာ နေရာမရှိရင် မြန်မာပြည်လာနေလို့ရပါတယ် လို့ ဒါပေမယ့် ဟိုတိုင်းရင်းသားအဖြစ်ပေးပါ ဒီတိုင်းရင်းအဖြစ်ပေးပါလို့တော့ မတောင်းနဲ့ပေါဗျာ နေရာ ရရင်တော်ပေါဗျာလို့ ပြောကောင်းပြောမိမယ် ထင်တယ်)
ဒါပေမယ့် ဆရာတော် ဦးဝီရသူက ပညာရှင် ဆန်းလွန်းသွားတယ် ပညာသားပါပါပြောထဲလိုက်တယ် ထင်တယ် ။ ပညာရှင်တွေ လက်ခံနိုင်တဲ့အဖြေထင်လို့ နေမှာပေါလေ။
………………………………
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ မေးခွန်းတဲ့
BW - ဒေါ်အောင်ဆန်းစုကြည်ပေါ် ဘယ်လို မြင်ပါသလဲ။
ဦးဝီရသူ - အမျိုးသားရေးနဲ့ နိုင်ငံ လုံခြုံရေးအရဆိုရင် သူက လုံး၀ အသုံးမကျ ပါဘူး။

======

( မိမိကတော့ ထင်ထားတာ ဆရာတော်က ဒေါ်အောင်ဆန်းစုကြည်ကို သိပ်ချစ်တာ ၊ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲနေရာမှာ သူလောက်ချစ်တဲ့သူ ဘယ်သူရှိမလဲဗျာ လို့ မေးခွန်တွေ ထုပ်ထားတော့။ သြော် ဆရာတော်လဲ ပြည်သူတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တာပေါ ချစ်မှာပေါ လို့ ထင်ခဲ့တာ။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးဘက်မှာ သုံးစားမရဘူး အသုံးမကျဘူး useless လို့တောင် သုံးလိုက်တယ် ဆိုတော့ ….ဘယ်သူက useless ဖြစ်တာလဲ။ ဦးဝီရသူက useless ဖြစ်တာလား ဒေါ်အောင်ဆန်းစုကြည်လား။

Useless ဖြစ်တာ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘူး ဆိုတာတော့ လူတိုင်းသိနေလို့ သေချာတယ်) ဦးဝီရသူက ပညာရှင် ဆန်းလွန်းသွားပြန်ပြီနဲ့တူတယ် ခ်ခ်ခ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အတော် မေတ္တာဓာတ် သို့မဟတ်ု အမုန်းဓာတ် ဘယ်လောက်ရှိလဲ ဆိုတာ ထင်ရှားသွာတယ်။
ဒီလောက်ပညာရှင် ပီသတဲ့ ဆရာတော့် နောက်လိုက်တွေကလဲနော် ပညာရှင်တွေမို့ နေမှာပေါလေ ဟားဟား။)

https://www.facebook.com/News.The

Ladies/posts/485653228276318?pnref=story

Saturday, October 26, 2019

Wednesday, October 23, 2019

စစ်အာဏာရှင်များ အမြန်ဆုံးကျဆုံးပါစေ။

ပါးပါးလေးပုတ်တယ်လို့လဲမထင်ပါနဲ့ ..
ထူထူကြီးပစ်တယ်လို့လဲမမြင်ပါနဲ့ ....

ပီးခဲ့တဲ့အပတ်ကပဲ ကိုယ်တွေဆီမှာစစ်ပွဲတွေကြောင့်ရော၊ တပ်နဲ့ပြည်သူကွဲနေတာကြောင့်ရော၊ အာဏာရူးတွေကြောင့်ရောတိုင်းပြည်နောက်ကျကျန်နေခဲ့ပီဆိုတာရယ်၊ သူများတိုင်းပြည်တွေရှေ့ရောက်နေကြပြီး မြန်မာတွေအတော်များများ ပြည်ပတွေထွက်ဆေးကုတာ၊ စျေးဝယ်တာ၊ အပန်းဖြေတာတွေလုပ်နေကြလို့ ကိုယ်တွေတိုင်းပြည်ရဲ့ငွေတွေ သူများတိုင်းပြည်ထဲအများကြီးစိမ့်ဝင်နေတယ်ဆိုတာရေးခဲ့တယ် ....

ကိုယ်လဲ အခု အမျိုးသမီးရဲ့အမေ operation လေးတခုရှိလို့ ထိုင်းက Bumrumgrat ဆေးရုံရောက်နေတယ် ... Operation လုပ်ရမှာဆိုတော့ အနည်းဆုံးဒေါ်လာ ၃၀၀၀၀ လောက်ကုန်ကျမယ်လို့ဆိုတယ် ... ရောဂါထပ်တွေ့လို့ကုရရင်ပိုမယ်ပေါ့ ...
ဟိုအရင်တနှစ်တခါကိုယ်တိုင်ဆေးလာလာစစ်တုန်းကထဲက ဒီဆေးရုံရောက်တိုင်း မြန်မာလူနာတွေပိုပိုများလာတာတွေ့ရတော့ သူများဆီရောက်သွားတဲ့ ဒို့တိုင်းပြည်ပိုက်ဆံတွေကိုနှမြောမိတယ် ...
ဒီတခေါက်လဲ ကိုယ့်ဟာကို စိတ်ထဲမှာထင်သလို တရက်ကိုလူနာ ၁၀၀ လောက်လာပြရင်ဆိုတာနဲ့စိတ်ထဲမှာတွက်နေခဲ့မိတယ် ....

ဘယ်ဟုတ်မလဲ သေချာပြန်မေးကြည့်မှ တရက်ပျမ်းမျှ Outpatient လာကုတာ ၃၀၀ လောက်ရှိပြီး အတွင်းလူနာ ၁၅-၂၀ လောက်ရှိကြောင်းသိရတော့အံ့သြမိတယ် ...
တချို့ဆိုရင် ရောဂါပေါ်မူတည်ပြီးလချီကြာတာရှိသလို တနှစ်ကျော်တာတောင်ရှိတယ်ဆိုပါလား ...
မြန်မာဘာသာပြန်တွေ ၂၅ ယောက်လောက်ရှိတာမှာ တရက် ၂၀ လောက်အလုပ်ဆင်းပေမဲ့အခုမလောက်လို့ထပ်ခေါ်ရမယ်လို့သိရတယ်.,,
တနှစ်ထက်တနှစ်တိုးပြီးလာပြကြတယ်လို့ဆိုတယ် ..
အခုဆို မန္တလေး-ဘန်ကောက်လဲတိုက်ရိုက်ဖလိုက်တွေရှိတော့ မန္တလေးဘက်ကလဲသွားကုဖို့လွယ်နေပြီ ..

လက်ရှိဟာကိုပဲအကြမ်းဖျင်းပဲတွက်ကြည့်ရအောင် ..
Outpatient ၃၀၀ မှာ ဘာစစ် ညာစစ်ဆရာဝန်ပြဆိုတော့ အနည်းဆုံး ဘတ် ၈၀၀၀ လောက်ကနေ ၂-၃၀၀၀၀ ထိကုန်ကျတယ်.,,
ပျမ်းမျှ တယောက် ဘတ် ၁၀၀၀၀ ပဲကုန်တယ်လို့တွက်ကြည့်ရင် အယောက် ၃၀၀
၁၀၀၀၀ * ၃၀၀ = ၃၀၀၀၀၀၀ ဘတ်
၁ ဒေါ်လာ ကို ၃၀ ဘတ်နဲ့အကြမ်းဖျဉ်းလိုက်ရင် တရက်ကို $ ၁ သိန်း
တလဆိုတော့ ၃ မီလျံ
တနှစ် ၃၆ မီလျံ
အဲဒါ ဆေးရုံတက်အတွင်းလူနာဖိုးတွေမပါ.,
 နှစ်ရှည်ကုတဲ့လူနာတွေမပါသေးဘူး ...

လူနာလာပြတဲ့အချိန်တည်းတာကလဲ တရက် $ ၅၀ - ၁၀၀ ရှိတယ်ဆိုတော့ပျမ်းမျှ $ ၇၀ နဲ့ပဲတွက်
တရက္ကို $ ၇၀ * ၃၀၀ = ၂၁,၀၀၀ $
တလဆိုတော့ ၆ သိန်းကျော်
တနှစ်ကို 7.2 million USd

ဒါဟာကျန်းမာရေးဝန်ဆောင်တာလေးပဲတွက်ပြတာပါ ..
စျေးဝယ်ထွက်၊ အပန်းဖြေသွားတာတွေဆိုလဲတနှစ်ထက်တနှစ်တိုးလာကြတာဆိုတော့ တိုင်းပြည်ပိုက်ဆံတွေဘယ်လောက်တောင်ထွက်နေပြီလဲဆိုတာ စဉ်းစားကြစေလိုပါတယ် ...
ဒါဆိုဘာလို့သွားကုကြလဲလို့ဆိုရင်တော့ ကိုယ့်မိဘမောင်ဘွားတွေ ကျန်းမာရေးပြဿနာတွေရှိတဲ့အချိန်သိပါလိမ့်မယ် ...
သွားကုသူတွေမှာအပြစ်မရှိ ..
လက်ရှိကျန်းမာရေးဝန်ဆောင်နေကြတဲ့ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်စတဲ့သူတွေလဲ အပြစ်မရှိ ..
ခေတ်စနစ်ဆိုးကြီးတခုအောက်မှာ အရာရာပျက်ယွင်းလာကြတာပါ ...
တကယ့်ပြဿနာရဲ့ရင်းမြစ်ဘာလဲဆိုတာ အမှောင်မဖုံးပဲမြင်အောင်ကြည့်စေချင်ပါတယ်..,

ဦးနုလက်ထက် ၁၉၆၂ အထိအရှေ့တောင်အာရှမှာ အကောင်းဆုံးလေဆိပ်၊ ရေဆိပ်ရှိတာ၊ ရန်ကုန်ကတက္ကသိုလ်လာတက်ရတာ၊ ရန်ကုန်ဆေးရုံကြီးဆေးလာကုရတာ၊ Shopping လာလုပ်ရတာတွေဟာ ကျွန်တော်တို့ခေတ်နဲ့ဒီခေတ်ကလေးတွေအတွက်ပုံပြင်အလား ..

တပ်မတော်သိမ်းပီးနောက်ပိုင်းကျွန်တော်တို့နိုင်ငံကရပ်တန့်သွားပီး ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေးတွေဟာပိုလို့ဆုတ်ယုတ်လာပေမဲ့ အခြားအရှေ့တောင်အာရှတွေကတိုးတက်လာတဲ့အခါ အခုဘိတ်ဆုံးအခြေအနေရောက်ရှိလို့နေလေရဲ့ ...

ဒါတောင်အခုအချိန်ထိ အမှန်မြင်ပီးပြင်မယ်မရှိကြ၊ တိုင်းပြည်ကနေမသမာတဲ့ပိုက်ဆံတွေနဲ့ ချမ်းသာနေကြပြီး အာဏာရှင်အစိုးရကိုပြန်တည်ဆောက်ချင်နေသူတွေ၊ အားပေးနေသူတွေကိုတခုလောက်ပဲပြောချင်တယ်..,
ကိုယ့်မိဘ၊ သားသမီးမောင်ဖွါးတွေ ကျန်းမာရေးတခုခုဖြစ်ရင် ကျွန်တော်တို့လိုပဲအခြားတိုင်းပြည်ပြေးကြရတာပဲမဟုတ်ပါလား ?

အဲ့ဒီအချိန်မှာကော ငါတို့တိုင်းပြည်စုတ်ပြတ်သွားလို့ ငါတို့သူများဆီလာကုရတယ် .. ငါတို့ပိုက်ဆံဟာတိုင်းပြည်ပိုက်ဆံပဲ .,, ဒို့တိုင်းပြည်ရဲ့ငွေတွေသူတို့တိုင်းပြည်တွေရောက်ကုန်ပါလားလို့ တစက်ကလေးတောင်တွေးမိကြရဲ့လား ??
အဲ့လောက်လေးမှမတွေးမိရင်တော့ တိုင်းပြည်ချစ်တယ်၊ အမျိုးချစ်တယ်လို့မအော်စေချင်ပါ ...

ဒါဟာကျန်းမာရေးတခုပဲပြောတာပါ ...
တိုင်းပြည်သာဖွံ့ဖြိုးတိုးတက်ရင် ဟိုအရင်လိုသူများတိုင်းပြည်တွေက ကျောင်းလာမတက်၊ ဆေးလာမကု၊ စျေးလာမဝယ်ရင်တောင် ကိုယ့်ပြည်သူတွေအပြင်ထွက်စရာမလိုတော့ တိုင်းပြည်ပိုက်ဆံ တိုင်းပြည်တွင်းမှာပဲလည်ပတ်တာပေါ့ ..

ဦးနုခေတ်ကတိုးတက်မှု့ဟာ စစ်အာဏာရှင်လက်ထက်မှာသေခဲ့တယ် ....
စစ်အာဏာရှင်လက်ထက်ကဆုတ်ယုတ်ခဲ့မှု့ကို ကျွန်တော်တို့ကစစ်အာဏာရှင်ပြန်လည်အုပ်ချုပ်ခွင့်မရအောင်ပြုလုပ်ခြင်းအားဖြင့် ဆယ်ယူကြရမယ်...
စစ်အာဏာရှင်ခေတ်မှာ အောက်ခြေစစ်သား၊ စစ်ဗိုလ်တွေချမ်းသာသွားကြတာမရှိပါဘူး .. နီးစပ်ရာသာအဆင်ပြေကြတာပါ .....
စစ်အာဏာရှင်ရှည်လျားစွာအုပ်ချုပ်ခဲ့ပေမဲ့ စစ်လက်နက်ပစ္စည်းတွေ၊ စစ်ရေယာဉ်၊ စစ်လေယာဉ်တွေ အရမ်းကောင်းမွန်သာလွန်ပြီးတောင့်တင်းတဲ့ စစ်တပ်ကြီးရယ်လို့ဖြစ်မလာခဲ့ပဲ ထိပ်ပိုင်းအာဏာရှိသူတွေနဲ့အပေါင်းအပါတွေသာချမ်းသာခဲ့ကြတယ် ..

နိုင်ငံရေးအကြောင်းရေးချင်လို့တော့မဟုတ်ပါဘူး ..
ဒါပေမဲ့ လက်တကမ်းလေးပဲကြည့်တတ်ကြသူတွေ အမြင်လေးများတည့်လာမလားလို့ ဒီဘန်ကောက်ကဆေးရုံမှာထိုင်နေရင်းမြင်တာ သိတာလေးကိုအခြေခံပြီးရေးမိလိုက်တာပါ ..

ပါးပါးလေးပုတ်တယ်လို့လဲမထင်ပါနဲ့ ..
ထူ
ထူကြီးပစ်တယ်လို့လဲမမြင်ပါနဲ့ ....

ထွန်းထွန်းဝင်း
18.5.2018
ပုံတပုံမှာ သိန်းပေါင်းသိန်းချီပြီး
ဘဏ်မှအပ်ထားသော
ရွှေတိဂုံစေတီကြီးဖြစ်ပြီး
နောက်ထပ်ပုံတပုံမှာမူ
အလှူရှင်မရှိလို့ပဲပြုတ်နဲ့ထမင်း
နပ်မမှန်သော မိဘမဲ့သားသမီးများပုံဖြစ်သည်။

အလှူအတန်းရက်ရောမှု၌
ထိပ်ဆုံးကရှိနေသော်လည်း
လှူရာမယ့်နေရာ ၊လှူသင့်သောနေရာ
ခွဲခြားသိမြင်နိုင်ခြင်းမရှိ၍
အဆင်းရဲဆုံး ၁၀နိုင်ငံထဲတွင်
မှတ်တမ်းတင်နေသော မြန်မာ

ပြည်ဖြစ်သည်။

ယနေ့ထိနိုင်းစရာမမြင်သေး




.... နယူးယောက်မှာ ထိုင်း၀န်ကြီးချုပ် ဒေါ်ရင်လတ်
အင်္ဂလိပ်လို ပြောတော့့ တစ်နာရီမပြည့်ခင်
အချိန်တွင်း အင်္ဂလိပ်စာ အလုံး ၄၀ မှားလို့ ဆိုပြီး
FB မှာ ဝေဖန်ပြီး ပြောကြ ဆိုကြ....
ဒေါ်စုနဲ့ နှိုင်းယှဉ် ကဲ့ရဲ့ကြတယ်ဗျ။
တချို့ကလည်း ဒေါ်စုကို ချီးကျူးပါ..
သူများကိုတော့ မကဲ့ရဲ့ပါနဲ့
စသဖြင့့် ပြောကြပါတယ်။ ကျနော် စဉ်းစားမိတယ်။
ဒေါ်စုကို မနှစ်သက်တဲ့သူ ဘက်က
စိတ်ကူးယဉ်ပြီးတော့ပေါ့လေ။

ဘာဖြစ်လို့များ ဒေါ်စုကို လူတွေက
 (မြန်မာသာ မက တစ်ကမ္ဘာလုံး) သည်လောက်တောင် သဲသဲလှုပ် ချစ်ကြ လေးစားကြ ချီးကျူးကြ တသသ တရွရွ တမမ တဖွဖွ ဖြစ်နေရသလဲ။
ကဲကို ကဲလွန်းတယ်.။
ဒေါ်စုကို အောက်တန်းကျ မိုက်ရိုင်းစွာ
အပုပ်ချ ရေးသားနေတဲ့ ၀က်ဆိုက် တခုမှာလည်း
ဒေါ်စုရဲ့ မကောင်းကွက်တွေကို ရှာကြံပြီး လုပ်ကြံ
အပုပ်ချကြတယ် ။
သန်းပေါင်း ၆၀ လူဦးရေမှာ သူဦးဆောင်မှပဲ
တိုင်းပြည် တိုးတက် ပြောင်းလဲ တော့မှာလား..
သူတယောက်ပဲ ရှိသလားလို့ ။
ဒီလို ပြောင်းပြန် တမင် စဉ်းစားကြည့်ကာမှ
အဖြေတွေက ပေါ်လာပါတယ်။
~~~~
.
၁။ ဘာသာစကား
-------------------------
မြန်မာလူဦးရေ သန်း ၆၀ စလုံး အင်္ဂလိပ်စာ
ကျွမ်းကျင်နေဖို့ မလိုပါဘူး။
ဂျပန် ထိုင်း တရုတ် တို့မှာလည်း ပြည်သူတိုင်း
အင်္ဂလိပ်စာ မကျွမ်းကြပါဘူး ။
သို့သော် နိုင်ငံအုပ်ချုပ်သူ ခေါင်းဆောင်များ
လူကြီးများ ကတော့ vocabulary, pronunciation, intonation, tone, grammar, usage, က အစ
ကျွမ်းကျင်နေရမှာပါ။ ဒါမှ နိုင်ငံတကာနဲ့
ဆက်ဆံလို့ အဆင်ပြေမှာပါ။
ဒီအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။
.
၂။ ဗသုသုတ
---------------------
 .... something special, everything normal ဆိုတဲ့ စကားလို အရာရာသော ရှုတ်ထွေး ကျယ်၀န်းလှသော ပြသနာ ကိစ္စကြီးငယ်တွေကို အကြမ်းဖျဉ်း (မှန်ကန်စွာ) ခြုံငုံ ဆင်ခြင်နိုင်သော အထွေထွေ ဗဟုသုတနဲ့ အရေးကြီးသော အကြောင်းအရာတွေကို အဂတိတရား မပါ အမြင် ကြည်လင် မတိမ်း မစောင်း စေ့ငုသေချာ ဂဃနဏ သိဖို့လိုပါတယ်။ ဒီအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။
.
၃။ ရုပ်ရည်
-----------------
....လူတိုင်းဟာ ရုပ်ရှင်မင်းသား မင်းသမီးလို ချောမော လှပ နေစရာ မလိုပါဘူး။ သို့သော် နိုင်ငံခေါင်းဆောင် ဆိုတာ လူဘုံအလယ်မှာ တင့်တယ် ခန့်ငြား ကျက်သရေ ရှိသော မျက်နှာမြင် ချစ်ခင် လေးစား
လောက်သော (ဒီခေါင်းဆောင်ဟာ အတွင်းစိတ် ကောင်းပါ့မလား..ဟု သံသယ လုံး၀ မရှိနိုင်လောက်သော) မျက်လုံး နှုတ်ခမ်း နဲ့ မျက်နှာ သွင်ပြင်ရှိရပါမယ်။ အ၀တ်အစား အရောင် ဒီဇိုင်း ရွေးချယ်မှု ကိုယ်နေ လှုပ်ရှားဟန်များ ကလည်း ခန့်ငြား တည်ငြိမ် မ ဟော့ရမ်း မ ကလက်ပဲ အဆင့်အတန်း ရှိ နန်းဆန်ရပါမယ်။ ဒီအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။ ဒါတောင် အသက်ကြီးသွား လို့။
ခုနေများ ၅၀ ကျော်လောက်ဆို ကောင်းလေစွ။
.
၄။ ပညာ
--------------
......တက္ကသိုလ်က ရတဲ့ဘွဲ့မှ ပညာလို့မပြောနိုင်ပါဘူး။ လူမှာ အတတ်ပညာ အသိပညာ နှစ်မျိုး မျှတစွာ ရောစပ်နေဖို့လိုအပ်တဲ့ နေရာမှာ နာမည်ကျော် ကမ္ဘာ့တက္ကသိုလ်ကြီးက နိုင်ငံေ၇း ဆိုင်ရာ ဘာသာရပ်မှာ ရခဲ့တဲ့ ဘွဲ့အပြင် နိုင်ငံတကာမှာ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံများနဲ့ ရေးသားခဲ့တဲ့ စာအုပ်များစွာ၊ ရောက်လေရာမှာ လေ့လာ ဆည်းပူးတတ်တဲ့ အကျင့်၊ အိမ်မှာ အကျဉ်းကျနေစဉ် ဖတ်ရှုခဲ့တဲ စာအုပ်များစွာကြောင့် ဒီ အရည်အချင်းလည်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။
.
၅။ သီလ သမာဓိ
--------------------------
.နိုင့်ငံခေါင်းဆောင် ဆိုတာ သာမန်ပြည်သူလို သီလ မလုံ တရား မရှိ နေချင်သလို နေ မရပါ။ ကြံဖန်ပြောရရင် ဒေါ်စုဟာ လူမျိုးခြားကို လက်ထပ်ခဲ့ခြင်းက လွဲလို့ ဘာမှ အပြစ်ပြောစရာ မရှိအောင် ဘ၀တလျှောက်လုံး နေထိုင်ခဲ့သူ ဖြစ်ခြင်း ၊ (လူမျိုးခြား ဆိုပေမဲ့ ဒေါ်စုအား ချစ်ခင်လေးစား တန်ဘိုးထား နားလည်ပေးတတ်တဲ့ ပညာရှိတဲ့ မိမိနှင့် သားများ ကိုပါ ဗုဒဘာသာသို့ ပြောင်းလဲခဲ့နိုင်တဲ့ ခင်ပွန်းကောင်း ဖြစ်ပါတယ်။) အိမ်တွင်း အကျဉ်းကျစဉ် ဝိပသနာ တရားအားထုတ်မှုကို မပြတ် လေ့ကျင့်ပွားများခဲ့ခြင်း ဆရာတော်ကြီးများရဲ့ အဆုံးအမကို မပြတ်ခံယူခြင်း တို့ကြောင့် ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။
.

၆။ သတိ
---------------
...သာမန်လူတိုင်းဟာ မနော ၀စီ ကာယကံများကို
အချိန်နဲ့အမျှ ပြုနေကြရာမှာ အမှတ်တမဲ့
သတိ ကင်းမဲ့လျက်နဲ့ အမှားများစွာ ပြုပြော
တွေးနေမိတတ် ပါတယ်။
ဒေါ်စုရဲ့ အမူအရာ စကားလုံး ကိုယ်နေ ဟန်ပန် တို့ကို ကြည့်ပါ။
ထိုင်နေလျှင် ခါးစန့် ခါးမတ် ၊ ဦးခေါင်းကို မတ် ၊
ပျင်းပျင်း ရိရိ ကျောကို မမှီ ၊ ဒူးကို ဘယ်တော့မှ
မချိတ် ၊ မိန့်ခွန်းများ ပြောရာမှာ မည်သည့် ဘာသာစကားကို ပြော ပြော လေသံ
အတက်အကျက မမြင့်လွန်း မနိမ့်လွန်း မနှေးလွန်း မမြန်လွန်း ၊ ပျာယာမခတ် ။ ရှူးရှူး ရှဲရှဲ မရှိ ။
မှားလို့ပြန်ပြောရသည် ဆိုသည် မရှိသလောက်ရှား ။ ဒါက သတိကပ်နေခြင်းရဲ့ သက်သေ ။
အသံကလည်း ပီသ ၊ မျက်နှာ အမူအရာက
တည်သင့်လျှင် တည် ရီသင့်လျှင် ရီ ပြုံးတန်ပြုး
ထုံပေပေ ပေါတောတော စပ်ဖြဲဖြဲ ဘယ်ခါမှ မရှိ ။
သည်လောက် မအားသည့်ကြားက အ၀တ်အစား
ဘိုသီ ဘတ်သီ မရှိ။ ဒါကြောင့် သတိ ဟူသော...
ထိုအရည်အချင်း ဒေါ်စုမှာ
၁၀၀% ရှိပြန်ပါတယ်။
.
၇။ အသံ
-----------------
..... အဆိုတော်များ တမျိုးစီ အသံကောင်းကြပါတယ်။ သီချင်း မဆိုလည်း အသံကောင်းသူ များစွာ ရှိပါတယ်။ ဒါပေမဲ့ လူတိုင်းရဲ့ အသံများမှာ အရောင်လေးတွေ ပါကြပါတယ် ။ အားငယ်သံ မောက်မာသံ အထက်စီးသံ မာနသံ ကြွားဝါသံ ပညာရှိသံ ပညာမဲ့သံ ရိုးသားသံ မြို့ပြသံ ကျေးလက်သံ ဟန်ဆောင်သံ တရားသံ ဆရာကြီးသံ...ပွဲစားသံ ..ထုံထိုင်းသံ..ပျင်းရိသံ...စသဖြင့်။ နိုင်ငံခေါင်းဆောင်၏ အသံကတော့ ပညာရှိသံ ပြတ်သား တိကျသံ ရိုးသားဖြူစင်သံနဲ့ တိုင်းသားပြည်သူများ အပေါ် မေတ္တာ စေတနာငွေ့ လွှမ်းခြုံနေတဲ့ အသံဖြစ်ရပါမယ်။ ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။
.
၈။ မျိုးရိုး.
-------------
...ဘယ်လောကမှာမဆို အောင်မြင်လာမဲ့သူဟာ ရှေ့က မျိုးရိုးရှိချင်မှ ရှိမှာပါ။ မျိုးရိုးရှိတိုင်းလည်း ဆက်ခံတဲ့ သား သမီး မြေး မြစ် က အဖြစ် ရှိချင်မှ
ရှိမှာပါ။ ဗိုလ်မင်းရောင် ဗိုလ်ချုပ်အောင်ဆန်း စတဲ့ သတ္တိပြောင်တဲ့ မျိုးရိုးကို ထိန်းသိမ်းနိုင်တဲ့ သွေးနဲ့ မျိုးရိုး အရည်အချင်းမျိုး အကိုမှာတောင် မရှိဘဲ
ဒေါ်စုမှာသာလျှင် ၁၀၀% ရှိပြန်ပါတယ်။ အင်မတန် မြန်မာဆန်ပြီး အနေအထိုင် လိမ်မာ ကျစ်လျစ်တဲ့မိခင် ဒေါ်ခင်ကြည့်ရဲ့ သွန်သင် ဆုံးမမှု ဟာလည်း မြန်မာဆန်တဲ့ သတ္တိရှိ ရဲရင့်တဲ့ သမီးကောင်းလေးကို ပေါ်ထွန်းစေခဲ့တာဟာ ငြင်းမရပါဘူး။
.
၉။ စွန့်လွှတ်အနစ်နာခံသော စိတ်
------------------------------------------------
နေက္ခမ္မ ပါရမီ လို့ပြောရင် လွန်မလား မသိ။ တိုင်းပြည်ကို ခေါင်းဆောင်မဲ့သူဟာ ပုဂ္ဂိုလ်ရေးရာ family / personal ခံစားချက်တွေကို အတတ်နိုင်ဆုံး လျစ်လှူရှုနိုင်ရပါမယ်။ မိမိဘ၀နဲ့ အချိန်တွေ စိတ်အာရုံတွေကို နိုင်ငံနဲ့ ပြည်သူအတွက် ပေးဆပ်နိုင်ရပါမယ် ။ ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိကြောင်းကတော့ မိန်းမ တစ်သန်းမှာ တယောက် တွေ့ရနိုင်ခဲ့တဲ့ ခင်ပွန်းနဲ့ သားတွေရဲ့ ဘ၀ အဆင်ပြေမှုတွေကို လုံးလုံးလျားလျား လျစ်လျူရှုခဲ့တဲ့ ဒေါ်စုရဲ့ စိတ်ထားမျိုးကတော့ အထူးပြောစရာ မလိုတော့ပါဘူး။
.
၁၀။ မတ်တော
-----------------
..... သတ္တလောကကြီးကို ထိန်းချုပ်ပြောင်းလဲနိုင်စွမ်း ရှိသော အရာဟာ စစ်မှန်တဲ့ မေတ္တာပါပဲ။ မိမိ မိသားစု၀င် သုံးယောက် သန်းပေါင်း ၆၀ သော လူသားတွေ အတွက် မေတ္တာကြီးစွာ ထားခဲ့သူပါ။
မေတ္တာတရားနဲ့ ပြည့်၀လွှမ်းခြုံနေတဲ့ မျက်နှာမျိုး လူတိုင်းမှာ မတွေ့နိုင်ပါဘူး။ ထို အရည်အချင်း မေတ္တာဓါတ်မျိုး ဒေါ်စုမှာသာ ၁၀၀% ရှိကြောင်း ဦးနှောက်မှန်တဲ့ လူတိုင်းရဲ့နှလုံးသားက ခံစားလို့ရပါတယ်။

ပြောခဲ့တဲ့ အချက် (၁၀) ချက်အပြင်
အခြားများစွာသော ထူးခြား အရည်အချင်းများနဲ့
ပြည့်စုံတဲ့ ဒေါ်စုနဲ့ တူညီပြည့်မှီတဲ့
အခြား မြန်မာအမျိုးသမီး တဦးဦး မရှိနိုင်ပါဘူး။
တခုတူရင် တခု လိုနေမှာပါ။
.
ဒါ့ ေ ကြာင့်.....
မြန်မာနိုင်ငံ ရှေ့ရေးအတွက် ဦးဆောင်ရမဲ့
နှစ်တစ်ရာကိုတစ်ခါ ပေါ်ပေါက်ခဲတဲ့ ....
မရှိမဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်
သည်လောက်တောင်
သဲသဲလှုပ် ချစ်ကြ လေးစားကြ ချီးကျူးကြ
တသသ တရွရွ တမမ တဖွဖွ ဖြစ်နေကြတဲ့
လူတွေမှာ လုံးဝ (လုံး၀) မလွန်ပါဘူး ။
ကျနော်အခုလို ထင်မြင်ရေးသားမိတာလည်း
မလွန်ပါဘူး...
အမေစုကို ချစ်ရင် လေးစားရင်
ချစ်နေယုံနဲ့ မပြီးပဲ မိမိတို့ရောက်ရာနေရာတိုင်းမှာ
ပြတ်သားရဲရင့် ထက်မြတ် တည်ငြိမ်စွာ
မြန်မာလူမျိုး သိက္ခာ ထိန်းကြပါ လို့
ရဲရဲကြီးပြောရင်း..
News from : Wai Soe