Monday, February 12, 2024

စစ်ခွေးတွေကိုအမြစ်ပြတ်ချေမှူန်းကြ

‼️စစ်ကောင်စီကို အပြီးသတ်ချေမှုန်းတိုက်ခိုက်ရန် သင့်အား အလိုရှိသည် ‼️ စစ်ကောင်စီကတော့ သန်းရွှေခေတ်က ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်အသက်သွင်းလိုက်ပြီဗျို့။ ဥပဒေကို ဖတ်ကြည့်တော့လည်း အမျိုးသားဆို ၁၈-၃၅၊ အမျိုးသမီးဆို ၁၈-၂၇၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကြောင်းနေသူဆိုရင် အမျိုးသားဆို ၁၈-၄၅၊ အမျိုးသမီးဆို ၁၈-၃၅ အရွယ်တွေက မဖြစ်မနေ ၂၄ လ အနည်းဆုံးစစ်မှုထမ်းရမတဲ့။ သာသနာ့ဝန်ထမ်း၊ အိမ်ထောင်သည်အမျိုးသမီး၊ ကိုယ်လက်အင်္ဂါမသန်စွမ်းရင်တော့ ကင်းလွှတ်ခွင့်ရမယ်။ အိမ်ထောင်ရှိ အမျိုးသမီးတွေပဲ ကင်းလွှတ်ခွင့်ရမှာဖြစ်ပြီး အမျိုးသားတွေ မပါပါဘူး။ မထမ်းချင်ရင်လည်း ပြစ်မှုနဲ့ ပြစ်ဒဏ်အပိုင်းကို ကြည့်လိုက်တော့ အနည်းဆုံး ထောင်ဒဏ်က ၃ နှစ်ပဲ။ ဒီလိုစစ်မှုထမ်းဥပဒေကို ပြန်အသက်သွင်းတာကို ကြည့်မယ်ဆိုရင် 1. စစ်ကောင်စီက သူ့ရဲ့ ပေါ်တာဆွဲလုပ်ရပ်တွေကို တရားဝင်လုပ်ချင်ပုံပေါ်တယ်။ 2. ထပ်ပြီးလည်း ပေါ်တာတွေ ဆွဲလိမ့်ဦးမယ်။ 3. အရေးအကြီးဆုံးက သူအင်အားနည်းနေပြီ။ အာဏာရှင်တစ်စုအတွက် အသ-က်ေ-သပေးဖို့ ပြည်သူတွေကို အသုံးချချင်နေပြီ။ ကဲ.. မိတ်ဆွေတို့။ လူတစ်စုရဲ့ အာဏာတည်မြဲဖို့အတွက်နဲ့ ဘာကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ ထောက်တိုင်အဖြစ်ခံမလဲ။ အဲ့ဒီအစား ဒီဖက်ဆစ်စစ်တပ်ကြီးကို အမြစ်ဖြတ်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါ။ အသစ်ဖွဲ့မယ့် KNDF ရဲ့ ဗျူဟာ-၇ မှာပါဝင်ပါ။ ဒီလို အကြံပက်စက်ယုတ်မာတဲ့ အာဏာရှင်လက်ကိုင်တုတ်အဖြစ်မခံဘဲ အာဏာရှင်ကို အတူတွန်းလှန်ရအောင်ပါ။ KNDF ဗျူဟာအမှတ် ၇ မှာပါဝင်ချင်တယ်ဆိုရင် စည်းရိုး page ကို ဆက်သွယ်နိုင်ပါတယ်။

No comments:

Post a Comment