Tuesday, May 9, 2023

မတူပီစစ်ဗျူဟာစခန်းဠာနချုပ်တိုက်ခိုက်ခံရမူ ဗိုလ်မူးကြီးစီုးမင်းလတ်သေဆုံး

ရန်ကုန်၊ မေ ၈ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ စစ်ဗျူဟာ ဌာနချုပ်စခန်း တိုက်ခိုက်ခံရမှုတွင် သေဆုံးသော စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ စစ်သင်္ချိုင်းတွင် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်ကိုယ်တိုင် အမိန့်ပြန် သဂြိုလ်လိုက်ကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။ မေလ ၅ ရက်နေ့ ညနေပိုင်း ချင်းပြည်နယ်၊ မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများတွင် စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၄၂ ကျောင်းဆင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် သေဆုံးခဲ့ကြောင်း၊ ယင်းနောက် အလောင်းကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ ရဟတ်ယာဉ်ဖြင့် ပြန်လည် သယ်ယူပြီး မေလ ၇ ရက်နေ့တွင် စစ်အခမ်းအနားဖြင့် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်ကိုယ်တိုင် အမိန့် ပြန်သဂြိုလ်ကြောင်း သိရှိရသည်။ ” နာရေးရှင် မိသားစုတွေကိုတော့ အသုဘအခမ်းအနား တက်ခွင့်ပေးတယ်။ အသုဘကတော့ စစ်အခမ်းအနားနဲ့ စစ်တပ်က ဦးစီးလုပ်တာပါ။ နာရေး ရက်လည်ကတော့ မိသားစုတွေရဲ့နေအိမ်မှာ လုပ်မှာဖြစ်သလို သူ့တပ်မှာလည်းလုပ်မယ်။ တိုင်းမှူး အမိန့်ပြန် သဂြိုလ်တယ်ဆိုတာ မှန်ပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။ မေလ ၅ ရက်နေ့ ညနေပိုင်း CDF တပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော စစ်တပ်ဘက်မှ ၃ ဦးတွင် စစ်ဗျူဟာမှူး ဗိုလ်မှူး ကြီး စိုးမင်းလတ်၊ ဗိုလ်မှူး ၁ ဦးနှင့် စစ်သားယာဉ်မောင်း ၁ ဦး တို့ပါဝင်သေဆုံးကြခြင်းဖြစ်သည်။

No comments:

Post a Comment