Wednesday, April 12, 2023

တောင်သာစစ်ဆေးဂိတ် PDF ဝင်တိုက် စစ်သား 12 ဦးသေ။

တောင်သာရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF အဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၂ ဦး သေဆုံး ရန်ကုန်၊ ဧပြီ ၁၂ မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ မကျီးရိုးစစ်ဆေးရေးဂိတ်ကို ဧပြီလ ၁၁ ရက်နေ့တွင် PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း Myingyan District Drone Strike က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ “၆ ကောင်က ပွဲချင်းပြီး ကျန် ၆ ကောင်က လမ်းမှာတင် သေတာ။ ၁၂ ကောင်က သေချာတယ်ဗျ။ ဝေဟင်နဲ့ လက်နက်ကြီးပဲ အဓိက သုံးသွားတာဗျ။ ဝေဟင်နဲ့ လက်နက်ကြီးပဲ အဓိကသုံးသွားတာဗျ။ မြို့နဲ့လည်းနီးတော့ သိမ်းဖို့ထိတော့ မလုပ်ခဲ့ရဘူး” ဟု Myingyan District Drone Strike အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ပြင်းအားမြင့် ဗုံးသီး ၄ လုံး၊ RPG ၂ လုံး၊ လက်နက်ကြီး လက်နက်ငယ်များနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံး စစ်ကောင်စီဝင်များကို နာရေးကား ၈ စီးဖြင့် အလောင်းများ သယ်ဆောင်သွားကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike နှင့် အတူ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁ ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ ၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၄ ၊ Natogy Regional Defense Force ၊ Burmese Guerrilla Force တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment