Monday, May 31, 2021

မအလ အကြမ်းဖက်တပ်မှ့ တပ်မ ၇၇ မော်ဒယ်တစ်ယောက်အားပစ်သတ်


မအလ လက်ထက်တွင် ကာကီရောင်စီးပွားရေးထွန်းကားမည်။


စစ်ကောင်စီအောက်တွင် "ကာကီရောင် စီးပွားရေး" ထွန်းကားမည်

Bertil Lintner

31 May 2021

ကာကီရောင်စီးပွားရေးသည် အာရှတွင် မရှားလှဘဲ ထိုင်းနှင့် အင်ဒိုနီးရှားတွင်ကဲ့သို့ စစ်တပ်နှင့် ပြည်တွင်းငွေရှင်ကြေးရှင်များ အဆင်ပြေသလို ပေါင်းစည်းကြခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံတွင် ကာကီစီးပွားရေးသည် ၁၉၅၀ ခုနှစ်များကပင် ရှိနေပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းလိုက်သော ၁၉၆၂ တွင် စစ်တပ်က ၎င်းတို့ကိုယ်၎င်းတို့ စီးပွားရေးလုပ်ငန်းစုသဖွယ် ထူထောင်ခဲ့သည်။


ဗိုလ်ချုပ်နေဝင်း အာဏာရှင်စနစ်ကို ၁၉၈၈ ခုနှစ်တွင် တနိုင်ငံလုံးအုံကြွ ဆန့်ကျင်ပြီးနောက် စတင်လုပ်ဆောင်လာသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ရှိသော်လည်း စီးပွားရေးနှင့်ပတ်သက်သည့် စစ်တပ်၏ ယေဘုယျအမြင်သည် ပြောင်းလဲခြင်း မရှိပေ။ ၁၉၆၂ မှ ၁၉၈၈ ခုနှစ်အထိ စစ်တပ်ကထိန်းချုပ်ထားသည့် မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ကို ထူးခြားသော စစ်စရိုက်လက္ခဏာများရှိသည့် မြန်မာ့နည်းမြန်မာ့ဟန် အရင်းရှင်စနစ်ဖြင့် အစားထိုးလိုက်သည်။ ၂၀၁၉ ခုနှစ် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့၏ အဆိုအရ စစ်တပ်ပိုင် ကုမ္ပဏီနှစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်(MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့က ရရှိသော ဝင်ငွေသည် အခြားမည်သည့် အရပ်သားပိုင် ကုမ္ပဏီထက်မဆို အဆပေါင်းများစွာ ပိုမိုများပြားသည်။


အဓိက အကျိုးခံစားရသူမှာ လက်ရှိ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှလွဲ၍ အခြားမည်သူမျှ မဟုတ်ပေ။ သူသည် စည်းရုံးဆွဲဆောင်နိုင်မှုနှင့် ခေါင်းဆောင်မှုအရည်အသွေး ကင်းမဲ့ကောင်းကင်းမဲ့မည် ဖြစ်သော်လည်း သူနှင့်သူ့မိသားစုအတွက် လွန်စွာများပြားသည့် ပုဂ္ဂလိက ကြွယ်ဝချမ်းသာမှုများကို ရယူထားနိုင်ခဲ့သည်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူ ၈၀၀ ကျော်ကို သတ်ဖြတ်ကာ ထောင်ပေါင်းများစွာသော အခြားသူများကို ဖမ်းဆီးနှိပ်စက်ပြီးနောက် သူနှင့်သူ့မိသားစုသည် အမေရိကန်အရေးယူပိတ်ဆို့မှုများ၏ ပထမဆုံးပစ်မှတ်များဖြစ်လာသည်မှာ အံ့သြဖွယ် မဟုတ်ပေ။


ယခုအခါ မည်သည့်အမေရိကန် နိုင်ငံသားမဆိုသည် MEHL ၏ စီးပွားဖက်များနှင့် ထိတွေ့ဆက်ဆံပါက ဥပဒေချိုးဖေါက်ရာရောက်သည်။ မင်းအောင်လှိုင်သည် ထိုလုပ်ငန်းမှ အဓိက ရှယ်ယာရှင်နှင့် နာယကအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သည်။ အမေရိကန် နိုင်ငံသားများ MEC နှင့် ၎င်း၏ လက်အောက်ခံလုပ်ငန်းများနှင့် စီးပွားရေး လုပ်ခြင်းကိုလည်း တားမြစ်ပိတ်ပင်ထားသည်။


မင်းအောင်လှိုင်ကိုယ်တိုင် ပိတ်ဆို့အရေးယူခံရသည့် စာရင်းတွင် ပါဝင်နေသလို အသက် ၃၀ ကျော်များဖြစ်ကြသော သူ၏သား အောင်ပြည့်စုံနှင့် သမီး ခင်သီရိသက်မွန်တို့လည်း ထိုစာရင်းတွင် ပါနေသည်။ မင်းအောင်လှိုင်က ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းရန် စကားဦးသန်းနေပြီး နောက်နှစ်ရက်အကြာ အမှန်တကယ်အာဏာမသိမ်းမီ ယခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လှုပ်ရှားမှုအဖွဲ့တခုဖြစ်သည့် Justice for Myanmar က စစ်တပ်က စီးပွားရေးတွင် မည်သို့ပါဝင်ပတ်သက်နေသည့်အကြောင်း အသေးစိတ်အစီရင်ခံစာတစောင်ကို ထုတ်ပြန်ပြီး ထိုဗိုလ်ချုပ်၏ ငွေကြေးအကျိုးစီးပွားသည် အာဏာသိမ်းရန် ခြိမ်းခြောက်ရသည့် အကြောင်းရင်းဟု သတ်မှတ်ရမည်ဖြစ်ကြောင်း ဖေါ်ပြသည်။ မင်းအောင်လှိုင်သည် သူ့မိသားစု အကျိုးရှိစေရေး အကြွင်းမဲ့ အာဏာရှိနေပြီး သူ့မိသားစုသည် နိုင်ငံပိုင် သယံဇာတရင်းမြစ်များနှင့် စစ်တပ်၏ အပြစ်ကင်းလွတ်ခွင့်ကြောင့် အကျိုးစီးပွား ခံစားနေရကြောင်းလည်း ထိုအစီရင်ခံစာက ဆိုသည်။


အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့သည် စီးပွားရေးလုပ်ငန်းအများအပြား ပိုင်ဆိုင်ထားပြီး ထိုလုပ်ငန်းများသည် ၎င်းတို့ဖခင်၏ ရာထူးနှင့် မကောင်းဆိုးရွားအာဏာမှ တိုက်ရိုက်အကျိုးခံစားရသည့် လုပ်ငန်းများ ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်ကဆိုသည်။


ထိုသားနှင့် သမီးပိုင်သည့် ကုမ္ပဏီ ၆ ခုကို အမေရိကန်ပြည်ထောင်စုက အမည်ပျက်စာရင်းသွင်းပြီး ထိုကုမ္ပဏီများတွင် နိုင်ငံခြားဆေးဝါးကုမ္ပဏီများ မြန်မာဈေးကွက်သို့ ဝင်ရောက်ခွင့်ရရေးအတွက် အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့ထောက်ခံရအောင်လုပ်ပေးနေသည့် A&M Mahar ပါဝင်သည်ဟု Justice for Myanmar ကဖေါ်ပြသည်။


မင်းအောင်လှိုင်၏ ကလေးများပိုင်သည့် အခြားကုမ္ပဏီ ၅ ခုမှာ လူသိများသည့် Sky One Construction ဆောက်လုပ်ရေးလုပ်ငန်း , The Yangon Restaurant စားသောက်ဆိုင် , The Yangon Gallery ပန်းချီပြခန်း၊ Everfit နှင့် 7th Sense Creation ဖျော်ဖြေရေး လုပ်ငန်းတို့ဖြစ်သည်။


အမေရိကန် ဘဏ္ဍာရေးဌာန၏ အဆိုအရ အောင်ပြည့်စုံသည် ၂၀၁၃ ခုနှစ်တွင် ရန်ကုန် စားသောက်ဆိုင်နှင့် ရန်ကုန် ပန်းချီပြခန်းအတွက်နေရာများကို ဈေးပြိုင်မရှိဘဲ နှစ် ၃၀ လုပ်ပိုင်ခွင့်ရကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အောင်ပြည့်စုံသည် ထိုမြို့နယ်များရှိ အခြားမြေငှားရန်းသူများပေးရသည့် မြေငှားခ၏ ၁ ရာခ်ိုင်နှုန်းသာ ပေးရသည်ဟုလည်း ဆိုသည်။


ခင်သီရိသက်မွန်သည် မီဒီယာထုတ်လုပ်ရေး လုပ်ငန်းတခုဖြစ်သော 7th Sense Creation ကို ပိုင်သည်။ အထက်ပါ အမေရိကန် ဘဏ္ဍာရေးဌာန သတင်းထုတ်ပြန်ချက်အရ မင်းအောင်လှိုင် ထူထောင်ထားသည့် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း Mytel ကို ကြော်ငြာရာတွင် သရုပ်ဆောင်သည့် မင်းသားနေတိုးနှင့် သီးသန့် စာချုပ်ချုပ်ဆိုထားသည်။ Mytel သည် မင်းအောင်လှိုင် ကွပ်ကဲမှုအောက် ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနအကြား ထူထောင်ခဲ့သည့် ဖက်စပ်လုပ်ငန်းဖြစ်သည်။


ဧပြီလ ၁၉ ရက်နေ့တွင် ဖေါ်ပြသည့် သတင်းတွင် ဂျာမန်သတင်းဌာန Deutsche Welle က အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့ ထိန်းချုပ်ထားသည့် နောက်ထပ် လုပ်ငန်း ၃ ခုကို ဖေါ်ပြခဲ့သည်။ Pinnacle Asia Company, Photo City Company နှင့် Attractive Myanmar Company တို့ဖြစ်သည်။ Attractive Myanmar Company Company, Photo City Company ကို အောင်ပြည့်စုံက ပိုင်ပြီး Mytel အတွက် မိုဘိုင်းဖုန်းတာဝါတိုင်များ တည်ဆောက်ပေးသည့် Pinnacle Asia ကို ခင်သီရိသက်မွန်က ပိုင်သည်။ အရေးပိတ်ဆို့မှုများ ချမှတ်လိုက်ပြီးနောက် ခင်သီရိသက်မွန်သည် Pinnacle Asia မှ နုတ်ထွက်လိုက်သော်လည်း သူသည် ထိုလုပ်ငန်းတွင် အဓိက ရှယ်ယာရှင်ဖြစ်နေကြောင်း Justice for Myanmar ၏ ဧပြီလ ၂၁ ရက်နေ့ကြေညာချက်တွင် ဖေါ်ပြထားသည်။


မိဘ၏ အဆင့်မြင့် စစ်အရာရှိရာထူးမှ အကျိုးခံစားနေရသူများမှာ အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်မျှသာ မကပေ။ အဂတိလိုက်စားမှုနှင့် ဆွေမျိုးညာတိ ကောင်းစားရေးဝါဒကြောင့် အကျိုးခံစားနေရသူများတွင် လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ သားများဖြစ်သော ကောင်းထက်နှင့် ဟိန်းထက်၊ ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၏ သမီး ယဉ်မင်းသူတို့ ပါဝင်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက ဖေါ်ပြသည်။ မောင်မောင်ကျော်နှင့် တင်အောင်စန်းတို့သည် ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည်။ တင်အောင်စန်းသည် စစ်ကောင်စီခန့် အစိုးရ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးလည်း ဖြစ်သည်။


သို့သော် မည်သည့် အဆင့်မြင့်စစ်အရာရှိမျှ မင်းအောင်လှိုင်လောက် လောဘမကြီးဘဲ သူသည် သူ့မိသားစု စီးပွားရေး အကျိုးစီးပွားကို ကာကွယ်ရန် အာဏာကို ဖက်တွယ်နေသည် ဆိုသည်ကို သံသယရှိစရာ မလိုလောက်အောင် ဖြစ်သည်။ ထို့အပြင် အာဏာဆက်လက်ချုပ်ကိုင်ရေး ပိုမိုအရေးကြီးသည်မှာ သူ့သားသမီးများပိုင် ကုမ္ပဏီအတွက်သာ မဟုတ်ဘဲ လွန်စွာကြီးမားသည့် လုပ်ငန်းဖြစ်သော MEHL အပေါ် သူ၏ ချုပ်ကိုင်မှုအတွက်လည်း ဖြစ်သည်။


ထိုစဉ်က စစ်အုပ်စုဖြစ်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ၁၉၉၀ MEHL ကို တည်ထောင်ပြီး နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းဟု ကနဦးတွင် သမုတ်သည်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သာမန်နိုင်ငံသားများသည် လုပ်ငန်းများ ထူထောင်ခွင့်ရှိလာသည်။ လိုရင်းကို အတိအကျဆိုရပါက ယခင် ဆိုရှယ်လစ်-စစ်တပ် ယန္တရားက ပိုင်ဆိုင်သည့် ကော်ပိုရေးရှင်းကြီးများကို စစ်တပ်ပိုင် MEHL နှင့် ၁၉၉၇ ခုနှစ်တွင် ထူထောင်သည့် MEC သို့ လွှဲပြောင်းပေးလိုက်ကြသည်။ ထိုလုပ်ငန်းနှစ်ခုသည် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် သမ္မတမဖြစ်မီနှင့် ဖြစ်ပြီးနောက် ပုဂ္ဂလိကပိုင်လုပ်ရေး လုပ်ငန်းများမှလည်း အကျိုးကျေးဇူးများကို ခံစားရသည်။


လေးနှစ်ကြာသောအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၆၀ ခုနှစ်နောက်ပိုင်း ပထမဆုံး အမှန်အကန် အရပ်သားအစိုးရကို ဖွဲ့စည်းလိုက်သောအခါ UMEHL သည် ၎င်း၏အမည်မှ ပြည်ထောင်စုဆိုသော စကားလုံးကို ဖယ်ရှားလိုက်ပြီး အများပိုင်လုပ်သည်။ သို့သော် လက်တွေ့တွင် ကုမ္ပဏီ၏ အမြတ်ငွေများကို နိုင်ငံတော်ဘတ်ဂျက်သို့ မသွင်းဘဲ အရပ်သားအစိုးရ ကြီးကြပ်မှုကို ရှောင်ရှားခြင်းသာ ဖြစ်သည်။


ယခုအခါ အရေးယူပိတ်ဆို့မှုများကို ပြန်လည်ချမှတ်ပြီးဖြစ်သော်လည်း ထိုလုပ်ငန်းများလည်ပတ်မှုနှင့် ပိုင်ဆိုင်မှုသည် ပွင့်လင်းမြင်သာမှု မရှိသောကြောင့် စစ်တပ်ပိုင်လုပ်ငန်းများ မည်မျှထိခိုက်သည်ကို မသိရပေ။ MEHL သည် ၎င်းပိုင် မြဝတီဘဏ်ရှိပြီး ကြယ်ငါးပွင့်သင်္ဘောကုမ္ပဏီကို ထိန်းချုပ်ထားကာ ရန်ကုန်မြောက်ပိုင်းရှိ ပျဉ်းမပင် စက်မှုဇုန်ကို ပိုင်သည်။ နိုင်ငံတွင် အကျိုးအမြတ်များလှသော ကျောက်မျက်လုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသည်။ အိမ်ခြံမြေလုပ်ငန်းများအပြင် သယ်ယူပို့ဆောင်ရေး၊ သတ္တုနှင့်ကျောက်မျက်တူးဖေါ်ရေး၊ ဆူပါမားကက်များ၊ ဆေးလိပ်နှင့် အဖျော်ယမကာ၊ ခရီးသွားလုပ်ငန်းများကိုလည် လုပ်ကိုင်သည်။ ၎င်းတို့သည် ၂၀၁၁ ခုနှစ်တွင် ကြယ်ငါးပွင့်သင်္ဘောလိုင်း၏ တရားဝင်ပိုင်ရှင်ဖြစ်လာသောအခါ ရန်ကုန်ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်းကိုလည်း အပိုင်ယူလိုက်သည်။


MEHL ၏ ပိုင်ဆိုင်မှုအားလုံးကို စစ်တပ်တခုတည်းကသာ ပိုင်သည်။ ထိုလုပ်ငန်း၏ ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို စစ်တပ်အတွက် လက်နက်ဝယ်သည့် ကာကွယ်ရေးပစ္စည်း ဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးက ပိုင်ပြီး ကျန်ရာခိုင်နှုန်းကို လက်ရှိနှင့် လက်ဟောင်း စစ်အရာရှိများပိုင်သည်ဟု ယူဆရသည်။ လေ့လာသိရှိရသမျှ MEHL ၏ ရှယ်ယာများကို အဖွဲ့အစည်းအဖြစ် ပိုင်သည့် အုပ်စု ၁၇၉၃ အုပ်စုမှာ ဒေသဆိုင်ရာ စစ်တိုင်းများ၊ လက်အောက်ခံတပ်ရင်း၊ တပ်မ၊ တပ်စိတ်၊ တပ်စု၊ လေယာဉ်အုပ်စုများနှင့် နယ်ခြားစောင့်တပ်များပင် ဖြစ်နေသည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏အဆိုအရ “ရှယ်ယာများကို ပြည်သူသို့ တာဝန်ခံခြင်းမရှိဘဲ လက်နက်ကိုင်တပ်များအကြား ခွဲဝေထားပြီး စစ်ဆင်ရေးအသုံးစရိတ် တိုးပွားစေရန် စစ်တပ်က သုံးသည့် တရားမဝင်ငွေကို ဖန်တီးထားသည်” ဟု သိရသည်။ MEHL နှင့် MEC သည် ဝင်ငွေခွန်နှင့် ကူးသန်းရောင်းဝယ်ရေး အခွန်များလည်း ကင်းလွတ်နေသည်။


မြန်မာနိုင်ငံတွင် စိုးမိုးနေသည့် ထိုသို့ထူးခြားသော စီးပွားရေးစနစ်ကို ၁၉၅၀ ခုနှစ်များကပင် ခြေရာကောက်နိုင်သည်။ ထိုစဉ်က စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်နေဝင်းသည် ကာကွယ်ရေးဌာန ကုန်စည်ဖြန့်ချိရေး – Defense Services Institute (DSI) ကို ထူထောင်ပြီး ထိုလုပ်ငန်းသည် ရန်ကုန်နှင့် အခြားနေရာများတွင် စတိုးဆိုင်များ ပိုင်ဆိုင်ကာ ရထားလမ်းများ၊ လျှပ်စစ်ဖြန့်ချိရေးနှင့် ပြည်တွင်းရေကြောင်းအတွက် အရေးပါသော ကျောက်မီးသွေးတင်သွင်းခြင်းကို ထိန်းချုပ်ထားသည်။ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းကို DSI က ထူထောင်သည်။ ဗြိတိသျှပိုင်ဘဏ်တခုကို သိမ်းယူပြီး အင်းဝဘဏ်ဟု အမည်ပြောင်းသည်။ ဂါးဒီယန်း သတင်းစာနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းတခုကိုလည်း DSI က ထိန်းချုပ်ထားသည်။


စစ်တပ်သည် အိမ်ကြီးပေါ် အိမ်ငယ် ဆောက်ထားခြင်း ဖြစ်သော်လည်း မည်သူမျှ အလေးမထားခဲ့ကြပေ။ ထိုစဉ်က ပြည်သူအများစုကလည်း ထိုစဉ်က ဒီမိုကရေစီစနစ်ဖြစ်သည့် ဖက်ဒရယ်ဖွဲ့စည်းပုံနှင့် တရားဥပဒေ စိုးမိုးရေးကို ယုံကြည်ကြသည်။ နိုင်ငံတကာ အသိုက်အဝန်းကလည်း အများအားဖြင့် ထိိုသို့သာ ယုံကြည်ကြသော်လည်း အမေရိကန်ဗဟိုထောက်လှမ်းရေးဌာန CIA မှ ခွဲခြမ်းစိတ်ဖြာလေ့လာသူတဦးက လွန်စွာရည်မှန်းချက် ကြီးမားသည့် ဗိုလ်နေဝင်းသည် တနေ့တွင် အာဏာသိမ်းနိုင်သည်၊ ရေရှည်စစ်ဖြစ်နိုင်သည်ဟု ၁၉၅၁ ခုနှစ်ကပင် ကောက်ချက်ချခဲ့သည်။ ၁၉၆၂ ခုနှစ်မတ်လ ၂ ရက်နေ့တွင် သူ ခန့်မှန်းသည့်အတိုင်းဖြစ်လာပြီး နေဝင်း၏ တင့်ကားများသည် ရန်ကုန်လမ်းများပေါ်တွင် မောင်းနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖက်ဒရယ်ဖွဲ့စည်းပုံ ပိုမိုပီသရေး ညှိနှိုင်းရန် ရန်ကုန်သို့ရောက်နေသည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် အစိုးရတဖွဲ့လုံးကို ဖမ်းဆီးလိုက်သည်။


ဗိုလ်ချုပ်နေဝင်းကျင့်သုံးခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်သည် ထိုစဉ်က အရှေ့ဥရောပ၊ ဆိုဗီယက်ယူနီယံနှင့် တရုတ်တွင် ကျင့်သုံးနေသည့် စီးပွားရေးစနစ်နှင့် အခြေခံအားဖြင့် ကွဲလွဲခဲ့သည်။ ထိုလမ်းစဉ်၏ အဓိပ္ပါယ်မှာ မြင်မြင်သမျှ ပြည်သူပိုင် သိမ်းကာ စစ်တပ်က အုပ်ချုပ်သည့် ကော်ပိုရေးရှင်း ၂၃ ခုသို့ လွှဲပြောင်းပေးရေးဖြစ်သည်။ ထိုစဉ်က အာရှတွင် အာဏာသိမ်းခြင်းသည် အထူးအဆန်းမဟုတ်သော်လည်း မြန်မာနိုင်ငံ၏ ထူးခြားချက်မှာ မြန်မာစစ်တပ်သည် နိုင်ငံရေးအာဏာသာမက စီးပွားရေးအာဏာကိုပါ သိမ်းခြင်းဖြစ်သည်။ ထိုင်းနှင့် အင်ဒိုနီးရှားတို့နှင့် မတူဘဲ အမျာအားဖြင့် တရုတ်နှင့် အိန္ဒိယ နွယ်ဖွားများပိုင်သော စီးပွားရေးအသိုက်အဝန်းမှာ ၎င်းတို့၏ ပိုင်ဆိုင်မှုများ သိမ်းယူခံရကာ သိန်းပေါင်းများစွာသော ထိုသူများသည် အိန္ဒိယ၊ ထိုင်ဝမ်နှင့် အရှေ့တောင်အာရှ အခြားနိုင်ငံများသို့ ထွက်ခွာသွားခဲ့ရသည်။ စစ်တပ်သည် စီးပွားရေးမကျွမ်းကျင်သောကြောင့် နိုင်ငံတွင် ဒုက္ခဘေးတွေ့ကာ ၁၉၈၈ အုံကြွှမှု အရေးတော်ပုံ ကိုဖြစ်စေခဲ့သည်။


လက်ရှိအာဏာသိမ်းစစ်ကောင်စီသည် ပုဂ္ဂလိက လုပ်ငန်းများကို နိုင်ငံပိုင် မလုပ်သေးသော်လည်း ၎င်းတို့၏ စီးပွားရေးအာဏာကို သက်ဆိုးရှည်အောင် လုပ်ချင်နေကြောင်း ထင်ရှားသည်။ အာဏာသိမ်းပြီးနောက် သာမန် နိုင်ငံသားများသည် စစ်တပ်ခွင့်ပြုချက်မလိုဘဲ ကိုယ်ပိုင်ကုမ္ပဏီထောင်ရန် ပို၍ပင် ဖြစ်နိုင်သကဲ့သို့ဖြစ်သည်။ သို့သော် အနာဂတ်သည် မရေရာတော့ပေ။ မင်းအောင်လှိုင်နှင့် သူ၏ မိသားစုသည် မြန်မာ့လူ့အဖွဲ့အစည်းတွင် အခွင့်ထူးများကို မည်မျှကြာအောင် ခံစားနိုင်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ သို့သော် သေချာသောအချက်မှာ သူသည် သူတို့၏အကျိုးစီးပွားများ၊ သူနှင့် အခြားစစ်တပ်မိသားစုများကို ချမ်းသာကြွယ်၀စေသည့် စနစ်ကို ကာကွယ်မည်ဆိုသည့် အချက်ဖြစ်သည်

အကြမ်းဖက်စစ်တပ် ပစ်ခတ်လုပ်ကြံမူကြောင့်သေးဆုံးသွားတဲ့ ကိုမိုးမြင့်အောင်နာရေး

 စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်ကြောင့် ပစ်သတ်ခံခဲ့ရတဲ့ကိုမိုးမြင့်အောင်နာ​ရေး ယနေ့ပြုလုပ်


မေ ၃၁ 


မေလ ၃၀ ရက်နေ့တွင်အကြမ်းဖက်လူသတ်စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရသူ ပုဂံမြို့သစ်၊ ပျူစောထီးတောင် ရုံးတန်းရပ်မှ ကိုမိုးမြင့်အောင် အသက်၂၇နှစ်ရဲ့ နောက်ဆုံးခရီး နာရေးကို ယ​နေ့ မေလ ၃၁ရက်နေ့ နံနက်တွင် မြို့လုံးကျွတ် လူပေါင်းထောင်ချီလိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။


#

Friday, May 28, 2021

ဂန့်ဂေါတွင်ကျောင်းဆရာအပါဝင်သုံးဦးပစ်သတ်ခံရ။


 ဂန့်ဂေါမြို့တွင် ကျောင်းဆရာအပါအဝင် သုံးဦး ပစ်သတ်ခံရ

------------------------------------------------

ယမန်နေ့ (မေ ၂၈) နေ့လယ်ပိုင်းက မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းကာ အမျိုးသားသုံးဦးကို ပစ်သတ်ခဲ့ပြီး လူနေအိမ်သုံးလုံးကို မီးရှို့လိုက်သည်။


မြို့နယ်အတွင်း ဖြတ်သန်းသွားသော စစ်တပ်ယာဉ်တန်းကို ဒေသခံတချို့က မိုင်းခွဲတိုက်ခိုက်၊ တူမီးဖြင့် ပစ်ခတ်ပြီးနောက် ထိုဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။


ပစ်သတ်ခံရသူတို့မှာ အသက် ၃၃ နှစ်အရွယ် CDM မူလတန်းပြကျောင်းဆရာ စောမင်းလှိုင်ဦး၊ အသက် ၅၀ နှင့် ၃၃ နှစ် အရွယ်ရှိကြသည့် တောင်သူနှစ်ဦး ဖြစ်သည်။ 


ကျောင်းဆရာသည် ခါးနှင့် ပေါင်တို့တွင် ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်တချို့ မီးရှို့ခံရသည့် အကြောင်းရင်းကို မသိရကြောင်း ရွာသားများက ပြောသည်။  


“ရွာထဲကို ကားလမ်းကနေ ပစ်တာ။ ရွာထဲက ဖြတ်တာဆိုတော့ ရွာထဲကိုတော့ ကျည်ဆန်တွေကျတယ်။ ပြေးတဲ့သူတွေလည်း တချို့လည်း ခေါင်းပေါ်တွေက ကျော်သွားတာမျိုးတွေ။ တစ်ရွာလုံးပြေးရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။


အမျိုးသမီးတစ်ဦး လက်မောင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦးမှာ တမ်းရှောင်ထွက်ပြေးစဉ် တောင်ကမ်းပါးမှ ပြုတ်ကျကာ ခြေကျိုးဒဏ်ရာရခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 


စစ်တပ်က ၎င်းရွာသုံးရွာကို ပစ်ခတ်ပြီးနောက် ပြန်လည်ထွက်ခွာသွားကြောင်း၊ ထွက်ပြေးတိမ်းရှောင်ကြရသော ဒေသခံများထဲမှ တချို့က ညနေပိုင်းတွင် ရွာသို့ ပြန်လာကြကြောင်း သိရသည်။


လက်နက်ကိုင်ခုခံမှုနှင့် ရင်ဆိုင်နေရသော စစ်တပ်သည် မေလဆန်းကတည်းက စစ်ကိုင်းတိုင်း၊ ကနီနှင့် ယင်းမာပင်မြို့နယ်များအတွင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းကာ ဒေသခံတို့ကို ပစ်ခတ်သတ်ဖြတ်နေသည်။ 


အကြမ်းဖက်သောင်းကျန်းသူကို ပစ်ခတ်ချေမှုန်းခြင်းဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်လေ့ရှိသည်။

ဒို့မြန်မာပြည်သူတွေရဲ့ဒုက္ခ


 ■ ဆယ်စုနှစ်နဲ့ချီပြီး ကြာနေပြီဖြစ်တဲ့ ပြည်တွင်းစစ်ဒဏ်ကြောင့် ဆင်းရဲမွဲတေတဲ့ ဘဝ ရောက်နေကြတဲ့ မြန်မာပြည်သူတွေအတွက် ၂၀၂၁ ခုနှစ်ဟာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ရိုက်ခတ်မှုနဲ့ စစ်အာဏာသိမ်းမှု ဒဏ်တွေကိုပါ ထပ်ဆင့်ခံစားရတဲ့ ကံဆိုးမိုးမှောင်ကျတဲ့နှစ် ဖြစ်ပါတယ်။


နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြားက မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဘဝကို RFA ကာတွန်းဆရာ Rebel Pepper က အခုလို သရုပ်ဖော်ရေးဆွဲထားပါတယ်။

WHO ညီလာခံကို စစ်ကောင်စီတက်ရောက်ခွင့် ဆိုင်းငံ့ခံရမှု NUG ကြိုဆို


 WHO ညီလာခံကို စစ်ကောင်စီတက်ရောက်ခွင့် ဆိုင်းငံ့ခံရမှု NUG ကြိုဆို


(Unicode)


မြန်မာစစ်ကောင်စီကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နှစ်စဉ်ညီလာခံ တက်ရောက်ခွင့် ဆိုင်းငံ့လိုက်ပြီး၊ နိုဝင်ဘာမှာလုပ်မဲ့ ကုလအထွေထွေညီလာခံရဲ့ တရားဝင်မူဆိုင်ရာဆုံးဖြတ်ရေးအဖွဲ့ကို ရွေ.ဆိုင်းလိုက်တဲ့အပေါ်၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ကြိုဆိုလိုက်ပါတယ်။


စစ်အာဏာသိမ်းအပြီးပေါ်လာတဲ့ ဒီ အစိုးရ ၂ ခုလုံးက၊ အခု တနင်္လာကနေ ဇွန်လ ၁ ရက်ထိကျင်းပနေတဲ့ ဒီညီလာခံကို နိုင်ငံကိုယ်စားပြုတက်ရောက်ခွင့် အပြိုင်တောင်းလာရာမှာ၊ ဘာကြောင့်ခုလို မနေ့က ဆုံးဖြတ်ခဲ့ရပြီး၊ ရှေ့ဆက်ဘယ်လိုဖြစ်လာနိုင်ပါလဲ။


NUG ရဲ့ လူအခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ မြန်မာနိုင်ငံထဲက အထွေထွေရောဂါကုဆရာဝန်ကြီး ဒေါက်တာမြင့်ဦးတို့ကို ကိုဝင်းမင်းက မေးထားပါတယ်။


ရွှေးကောက်ပွဲအနိုင်ရ ပါတီအမတ်အများစု ကိုယ်စားပြုပြီးတော့ တိုင်းရင်းသားတွေနဲ့ လူမှု့အဖွဲ့အစည်းခေါင်းဆောင်တွေပါ ထည့်သွင်းဖွဲ့စည်းထားတဲ့ (NUG) အမျိုးသားညီညွှတ်ရေးအစိုးရဝန်ကြီး ဦးအောင်မျိုးမင်းက


“ဒါကတော့ ကျနော်တို့ဘက်က အရမ်းကြိုဆိုတယ်။ အရမ်းကြီး ပြီးပြည့်စုံတဲ့ ကျနော်တို့ကို အသိအမှတ်ပြုတဲ့အနေနဲ့ မလုပ်သည့်တိုင်အောင် သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအရ ဒါဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာတွေဖြစ်တယ်။ အခုလိုမျိုး စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ကို လုံး၀ အသိအမှတ်မပြုဘူးဆိုတဲ့ ပုံစံတခုက ဒါအောင်မြင်မှုတခုလို့ ကျနော်တို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်မှာ De facto government လို့ခေါ်တဲ့ အာဏာသိမ်းထားတဲ့အရာရယ် နောက်တခါ ပြည်သူလူထုကနေ ရွေးချယ်ထားတဲ့ CRPH ကနေ ထပ်ပြီးတော့ တာဝန်ပေးထားတဲ့ NUG ဆိုတာရှိတယ်။ ဘယ်ကိုယ်စားလှယ်ကို အစိုးရရဲ့ ကိုယ်စားလှယ်အဖြစ် အတည်ပြုမလဲဆိုတာကို အခုဆိုရင် စိန်ခေါ်မှု နေရာတိုင်းမှာ တွေ့ပါတယ်။”


အခုလို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံအပေါ် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပုံကို အထွေထွေရောဂါကုဆရာဝန်ကြီး ဒေါက်တာမြင့်ဦးကလည်း


“နှစ်စဉ် နှစ်တိုင်းတော့ မြန်မာနိုင်ငံကနေပြီးတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးညီလာခံကြီးကို ကျန်းမာရေးဝန်ကြီးတွေ သွားတက်လေ့ရှိတယ်။ အခုဒီနှစ်ကျတော့ အစိုးရ ၂ ရပ်ပေါ့လေ ၂ ဖက်စလုံးက ကိုယ်စားလှယ်လွှတ်ပြီးတက်ရောက်ဖို့ လျှောက်တယ်၊ ဘယ်သူ့ကို တရားဝင်အသိအမှတ်ပြုရမလဲ။ အဲဒီတော့ စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကလည်း ICJ တို့ ICC တို့မှာ တင်ဖို့ လုပ်နေတဲ့အချိန် လူထုနဲ့လည်း တောက်လျှောက် ယနေ့အထိပေါ့နော် ၊ အာဏာသိမ်းမှုက ပီပီပြင်ပြင်နဲ့ အောက်ခြေအထိ အုပ်ချုပ်နိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေ ခန့်နိုင်တဲ့အဆင့်တို့ ကျောင်းတွေဖွင့်နိုင်တာတို့က မရနိုင်သေးဘူးပေါ့။ မရနိုင်သေးတော့ ဒီဘက် NUG ဘက်ကလည်း ကျန်းမာရေးဝန်ကြီးဌာန တခုဖွင့်ပြီးတော့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပြန်ပေးမယ်ဆိုတာတွေ သူတို့ ကြိုးစားလုပ်ဆောင်နေတာတွေ့ရတယ်။ တဖက်မှာလည်း NUG government က တနိုင်ငံလုံးက မလွှမ်းခြုံနိုင်ဘူးပေါေ့နာ်။ လွှတ်မြောက်ဒေသ၊ နယ်စပ်တွေ၊ အဲဒီတော့ သူတို့က ၂ ဖက်စလုံးကို WHO အဖွဲ့ကနေပြီးတော့ ဆိုင်းငံ့လိုက်တာပေါ့။”


အဲဒီတော့ WHO အနေနဲ့ ဒီအစိုးရ ၂ ဖက်ကို ဘယ်လိုချင့်ချိန်ခဲ့ရပုံကိုလည်း ကုလသမဂ္ဂအရေး ကျွမ်းကျင်သူလည်းဖြစ်တဲ့ ဦးအောင်မျိုးမင်းက


“WHO လို ကျန်းမာရေးအဖွဲ့အစည်းတခုက ဒါမျိုးလုပ်ဆောင်ခြင်းက ပထမဦးဆုံးလည်းဖြစ်သလို တော်တော်လည်း ထူးဆန်းတယ်။ ဒါပေမယ့် ဘာကိုကြည့်ကြသလဲဆိုရင် ဘယ်ကိုယ်စားပြုတဲ့ဘက်က ကုလသမဂ္ဂ ပဋိညာဉ် မှာ ပါတဲ့အချက်တွေ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို လေးစားလိုက်နာသလဲဆိုတာတော့ ထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။ အဲဒီတော့ ကုလသမဂ္ဂ Charter မှာ ပါဝင်ထားတဲ့ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ၊ လူ့အခွင့်အရေးတွေကို ဘယ်လောက်အထိ လေးစားလိုက်နာမလဲဆိုတာ စဉ်းစားမယ်။ နောက်တခါ WHO က ကျန်းမာရေး အဖွဲ့အစည်းဖြစ်တဲ့အခါမှာ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်ခတ်မှုတွေ သတ်ဖြတ်မှုတွေ နှိပ်စက်မှုတွေ စစ်ကောင်စီဘက်ကနေ လုပ်ဆောင်ချက်တွေက ကုလသမဂ္ဂ Charterတွေရော ၊ နောက် ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်ပြီးတော့ လုပ်ဆောင်ခွင့်ပေးရမယ်ဆိုတဲ့ အချက်တွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်။”


ဒီနေရာမှာ အခု WHO ဆုံးဖြတ်ချက်ကြောင့် ရှေ့ဆက်ဖြစ်လာနိုင်ပုံကိုလည်း ဒေါက်တာမြင့်ဦးက


“ တခြား UN agency တွေအများကြီးပဲ ရှိတယ်။ ကမ္ဘာ့အလုပ်သမားအဖွဲ့တွေ၊ ကလေးများ ရန်ပုံငွေအဖွဲ့တွေ UNICEF ၊ UNDP ၊ UNOPS နောက်တခါ WFO စားနပ်ရိက္ခာအဖွဲ့ FAO ဒါတွေကလည်း ဘယ်လိုမျိုး ဆုံးဖြတ်လာနိုင်မလဲဆိုတာ မသိနိုင်သေးဘူး။ စားနပ်ရိက္ခာတွေ ဘာပဲပြောပြော ကျနော်တို့ ငတ်မွတ်ခေါင်းပါးလာခဲ့ရင် ဘယ်သူ့ကို ပေးရမလဲပေါ့နော်။ စစ်အစိုးရဘက်ကနေ လုပ်ရမှာလား NUG အစိုးရဘက်ကနေ လုပ်ရမလားဆိုတာ သူတို့မှာ ဝေခွဲရစရာ မရှိတဲ့အခါမှာ လောလောဆည်တော့ တိုင်းပြည်အတွက်တော့ အများကြီး ထိခိုက်နစ်နာတာတော့ ကျနော်တွေ့ရတာပေ့ါ။”


NUG ရဲ့ လူအခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ကလည်း လာမယ့် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ညီလာခံနဲ့ နောက်ဆက်လာမယ့် လူ့အခွင့်အရေး ကောင်စီရဲ့ ၄ နှစ်တကြိမ် ပုံမှန် လူ့အခွင့်အရေးအခြေအနေ သုံးသပ် ဆွေးနွေးပွဲတွေမှာလည်း အလားတူ စစ်ကောင်စီကို ဆက် ဆိုင်းငံတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် အခု WHO မှာ NUG အစိုးရ တင်ပြခဲ့ပုံနဲ့ ရှေ့ဆက်တင်ပြဖို့ ဖြစ်လာနိုင်ပုံကိုလည်း ဦးအောင်မျိုးမင်း က


“ ကျနော်တို့က အာဏာသိမ်းတဲ့အဖွဲ့မဟုတ်ဘူး ပြည်သူကနေ ရွေးချယ်တင်မြောက်ထားတဲ့အဖွဲ့ဆိုတဲ့အချက်ကို ကျနော်တို့ တင်ပြပါတယ်။ နောက်ပြီးရင်တော့ လူအခွင့်အရေးလေးစားပြီး လိုက်နာနေတယ်၊ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေတယ်။ အခု WHO က ဒါမျိုးစပြီးတော့ ဒီစစ်ကောင်စီရဲ့ ကိုယ်စားပြုမှုကို အသိအမှတ်မပြုချင်းက ကျနော်တို့ လာမယ့် နိုဝင်ဘာမှာဆွေးနွေးမယ့် အကြောင်းအရာမှာဆိုရင်တော့ ဒါကျနော်တို့အတွက် ထောက်ပြစရာ၊ အားကိုးစရာ၊ ကိုးကားစရာ အချက် ၁ ချက် ဖြစ်သွားတဲ့ အနေအထားမျိုးလည်း ရှိပါတယ်ခင်ဗျ။”


တကယ်တော့ COVID ကမ္ဘာ့ကပ်ရောဂါ ပျံ့နှံ့နေချိန်နဲ့ မြန်မာစစ်အာဏာသိမ်း နောက်ဆက်တွဲ လူသားချင်းဆိုင်ရာနဲ့ အစာရေစာ ပြဿနာ ကြုံလာနေချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ထိရောက်အောင် ဘယ်လိုပေးနိုင်ဖို့ ကုလနဲ့ နိုင်ငံတကာမှာလည်း ဘေးကျပ်နံကျပ်ခက်ခက်ခဲခဲ စဉ်းစားနေရပြီလို့ သုံးသပ်သူတွေက ဆိုပါတယ်

နေ့မြင် ညပျောက်ဖြစ်သွားရတဲ့တောချစ်သူ

 စစ်ကြောရေးမှာ နေ့မြင်ညပျောက် ဖြစ်သွားရပြန်တဲ့ တောတောင်ချစ်သူ

ရွာလမ်းတွေခေါ်ရာနောက်ကို ဖွံ့ဖြိုးရေးအိပ်မက်တွေနဲ့အတူ သူသွားခဲ့


ဦးစိုးမိုးလှိုင်တစ်ယောက် မေလ ၂၂ ရက်နေ့ ညနေအစောပိုင်းလောက်က သူ ၅ နှစ်လောက် နေထိုင် အလုပ်လုပ်နေတဲ့ရွာဖြစ်တဲ့ ပဲခူးမြို့နယ်အတွင်းက တိုက်ကြီး ကျေးရွာ (ဇောင်းတူ အုပ်စု)ကို တောလမ်းလေးအတိုင်း သူ့ဆိုင်ကယ်ကို စီးလို့ ပြန်လာခဲ့ပါတယ်။


အဲဒီနေ့မတိုင်ခင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ သူ့မိသားစုရှိရာ ရန်ကုန်ကအိမ်ကို သူသွားခဲ့ပါတယ်။ ရန်ကုန်ကနေအပြန် အတူခေါ်လာတဲ့ သူ့သားငယ်ကို ဇနီးဖြစ်သူရဲ့ အမျိုးတွေရှိရာ (ပဲခူးကနေ မြောက်ဘက် အထွက် ဘုရားကြီး လမ်းဆုံနားက) ဝင်္ဂဘော်ရွာမှာ သွားထားပြီး ညအိပ်နားခဲ့ပါသေးတယ်။


အဲဒီနေ့က ရွာကိုပြန်နေတဲ့ လမ်းမှာပဲ သူနေတဲ့ တိုက်ကြီးရွာကို စစ်သားတွေ ကားတစ်စီးနဲ့ (အစောပိုင်းတုန်းက) သွားနေတယ်ဆိုတာလည်း သူသိခဲ့ပါတယ်။


အဲဒီ စစ်တပ်က သူ့ကို ဖမ်းမှာဆိုတာကို သူထင်ကို မထင်ထားခဲ့ပါဘူး။


ဒီအကြောင်းတွေကို ပြန်ပြောပြရင်း သူအဖမ်းခံနိုင်ရလောက်တဲ့ နိုင်ငံရေး လှုပ်ရှား ဆောင်ရွက်မှုမျိုး ဘာမှလုပ်ထားတာမရှိဘူးလို့ သူနဲ့ အတူ အလုပ်လုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက် ကိုအောင်တိုး (လုံခြုံရေးကြောင့် အမည် လွှဲထား)က ဘီဘီစီ ကို ပြောပြပါတယ်။


“သူက အရင်နိုင်ငံရေးလုပ်ဖူးတာကို သိထားကြတော့ ကျွန်တော်တို့က (စစ်အာဏာ သိမ်းပြီး တဲ့နောက်ပိုင်း) သပိတ်မလုပ်ဘူးလား၊ မေးကြတယ်၊ သူက ဘာမှမလုပ်ဘူး၊ ဒီလိုပဲ သူနေ နေတာ။”


တိုက်ကြီးရွာဟာ ဇောင်းတူ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စခန်းလည်းရှိတဲ့ရွာပါ။ အဲဒီရွာနဲ့ အနားကရွာ ၂ရွာပေါင်း ရွာစုမှာ အိမ်ခြေက ၄၀၀ လောက် ရှိပါတယ်။


အဲဒီရွာမှာ လူစုကြ၊ ဆန္ဒပြကြတဲ့ စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ လှုပ်ရှားမှုလေး တွေ အနည်းအကျဉ်းသာ ဖြစ်ခဲ့တာပါ။ အဲဒီလှုပ်ရှားမှုတွေနဲ့လည်း သူပတ်သက်ခဲ့တာ မဟုတ်ပါဘူး။


သူ အဲဒီ ဒေသဘက်မှာ လူထုအခြေပြု ခရီးသွားလုပ်ငန်းတွေ စည်ပင်တိုးပွားလာဖို့ ကြိုးစားနေသလို၊ ပညာရေးနဲ့ တခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာလို့ သူ့ မိသားစုဝင်တွေ၊ သူ့ မိတ်ဆွေတွေ၊ သူ့လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။


ကျေးလက်မှာ အခြေစိုက်နေတဲ့သူဟာ ရန်ကုန်က မိသားစုအိမ်ကို လအတော်ကြာမှ တစ်ခေါက်လောက်ပြန်တတ်တယ်လို့ ဇနီးသည်ကပြောပါတယ်။


သူဖမ်းဆီးခံရ၊ သေဆုံးခဲ့ရပုံ

သူရွာကို ဆိုင်ကယ်နဲ့ တောလမ်းအတိုင်း ပြန်လာတုန်း လမ်းမှာ စစ်သားတွေက သူ့ခေါင်းကို သေနတ်နဲ့ လွှဲရိုက်ချပြီး ဖမ်းခေါ်သွားတယ်၊ အဲဒီအချိန် ကတည်းက သူသတိမရတော့တာလို့ အစပိုင်းတုန်းက သတင်းကြားခဲ့ရပေမယ့် နောက်ပိုင်းမှာ အဲဒီ ရွာထဲက မျက်မြင်တွေရဲ့ အပြောအရ အသေအချာသိလိုက်ရတာကတော့ သူ့ကို ရိုက်နှက်တာမျိုးမရှိဘဲ လူတွေရှေ့မှာပဲ ဖမ်းဆီးခေါ်ယူသွားတာလို့ သူ့ဇနီးဖြစ်သူ ဒေါ်မြတ်မူယာဝင်းက ပြောပြပါတယ်။


“သူ့ကို ရွာထဲမှာပဲ လူတွေရှေ့မှာ ဖမ်းခေါ်သွားတာ၊ ဖမ်းခေါ်သွားတဲ့သူတွေက ၉၀၁ အမြောက်တပ်မမှူး ဗိုလ်မှူးကြီးနဲ့ စစ်သားတွေ၊ သူတို့က ကျွန်မယောက်ျားကို အကောင်းပကတိ ခေါ်သွားတာ။”


(သူ ပြောတဲ့ ၉၀၁ အမြောက်တပ်မ ဆိုတာ ပဲခူးမြို့နယ် ၊ ဘောနက်ကြီးရွာအနီး ရန်ကုန် - မန္တလေး အမြန်လမ်းမ မိုင်တိုင် ၄၁ နားမှာ အခြေစိုက်တဲ့ အမှတ် ၉၀၁ အမြောက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကို ဆိုလိုတာဖြစ်ပြီး၊ ဦးစိုးမိုးလှိုင်ကို လာဖမ်းစဉ်က အဲဒီတပ် ဟုတ်၊ မဟုတ်နဲ့၊ အဲဒီ ဗိုလ်မှူးကြီး ပါ၊ မပါဆိုတာကိုတော့ ဘီဘီစီ အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။)


သူနဲ့ အဲဒီ မေ ၂၂ ရက်နေ့က ဖုန်း ၃ ခါလောက် သူ့အမျိုးသားနဲ့ ပြောဖြစ်တယ်၊ ပြဿနာရှိနေတဲ့ အရိပ်အယောင်တွေ ဘာမှမရှိဘူး၊ ညနေ ၃ နာရီလောက်အထိ နောက်ဆုံးပြောဖြစ်ပြီး ညနေ ၆ နာရီ လောက်မှာတော့ ဦးစိုးမိုးလှိုင်ကို စစ်တပ်က ဖမ်းတယ်ဆိုတဲ့ သတင်းရခဲ့တယ်လို့ ဇနီးဖြစ်သူက ဆိုပါတယ်။


အဲဒါနဲ့ ဒေါ်မြတ်မူယာဝင်းဟာ သူ့ခင်ပွန်းသည်ရဲ့ မိုဘိုင်းဖုန်းကို အကြိမ်ကြိမ် ဆက်ကြည့်ရာမှာ နောက်ဆုံး “အခေါက် ၄၀၊ ၅၀ လောက်ဆက်ပြီးတဲ့ အချိန် ည ၇ နာရီလောက်မှာ ယောကျ်ား တစ်ယောက် (ဦးစိုးမိုးလှိုင် မဟုတ်)က ဖုန်းကိုင်ပြီး “စစ်တပ်ထဲမှာ” ရောက်နေတယ်”လို့ ပြောကာ ဖုန်းချသွားကြောင်း ပြောပါတယ်။


တိုက်ကြီးရွာမှာ ရဲစခန်းရှိပေမယ့် သူ့ကို စစ်တပ်ကဖမ်းတာ၊ စစ်တပ်က စစ်ဆေးတာ ဖြစ်ပြီး ရဲတွေကို ပါဝင်ပတ်သက်ခွင့်မပေးဘူးလို့ သိရပါတယ်။ သူနဲ့ အတူ အဲဒီရွာထဲက ကျောင်းဆရာ အပါအဝင် လူ ၅ ယောက်လည်း အဖမ်းခံခဲ့ရပါတယ်။


နောက် ၂ ရက်အကြာ မေလ ၂၄ ရက် ညပိုင်းမှာတော့ ဦးစိုးမိုးလှိုင် သေဆုံးသွားပြီ ဆိုတဲ့ သတင်းကို သူ့မိသားစုဝင်တွေ၊ သူ့အနီးအနားက မိတ်ဆွေတွေ တဆင့်စကား၊ တဆင့်နားနဲ့ ကြားသိ လိုက်ရပါပြီ။


ဦးစိုးမိုးလှိုင်အပါအဝင် ဒေသခံရပ်ရွာအသိုင်းအဝိုင်းနဲ့ သိကျွမ်းတဲ့ ရဲစခန်းမှူး တစ်ယောက်ဆီကို စစ်တပ်ကနေ သတင်းဖောက်ထုတ်ပေးပြီးတဲ့နောက်၊ အဲဒီ ရဲစခန်းမှူးကနေ တစ်ဆင့် လူတွေ သိကြရတာပါ။


မိသားစုက သူ့ရဲ့ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို စျာပနလုပ်ပေးဖို့ နောက်နေ့ မေလ ၂၅ ရက်နေ့ မနက်အစောကြီးကတည်းက ပြန်လိုက်လံ တောင်းရာမှာ သတင်းတွေ အမျိုးမျိုးရ၊ လိုက်ရတဲ့နေရာ အမျိုးမျိုးဖြစ်တာတွေ ကြုံခဲ့ရပြီးတဲ့နောက် နောက်ဆုံးမှာ တော့ ရန်ကုန်၊ မင်္ဂလာဒုံ စစ်ဆေးရုံကိုသွားပါ၊ အလောင်းပို့လိုက်ပြီ ဆိုလို့ သွားခဲ့ကြ ရပါတယ်။


အလောင်းကို စစ်တပ်ကပဲ အခေါင်းထဲမှာ ထည့်ပြီး ပြင်ထားပေးသလို၊ မျက်နှာက လွဲလို့ အလောင်းရဲ့ တခြား ကိုယ်ခန္ဓာနေရာတွေကို မိသားစုက ကြည့်ရှု စစ်ဆေးခွင့် မရခဲ့ပါဘူး။ စျာပနကို မိသားစုဝင်တွေ တက်ရောက်ခွင့်ရပေမယ့် စစ်တပ်က သင်္ဂြိုဟ် ပေးတဲ့ စစ်ဆေးရုံနားက သုသာန်မှာပဲ သင်္ဂြိုဟ်ခွင့်ရခဲ့တာပါ။


ဒီလိုအလောင်းပြန်ရဖို့၊ စျာပနတက်ခွင့်ရဖို့အတွက်တောင် ဦးစိုးမိုးလှိုင်ရဲ့ အစ်ကိုဖြစ်သူ စစ်ကောင်စီရဲ့ ပြည်ထဲရေးဌာန ဒုဝန်ကြီး၊ ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်က ဝင်ရောက် လုပ်ပေးတာကြောင့် ဖြစ်လာတာလို့ မိသားစုဝင်တွေက ယုံကြည်ကြပါတယ်။


ကျေးလက်လမ်းတွေရဲ့ ခေါ်ရာနောက်ကို

လုပ်ဖော်ကိုင်ဖက်တွေက ကိုစိုးမိုးလို့ ခေါ်ကြတဲ့ သူ၊ အသားမည်းမည်း၊ လူပုံတောင့်တောင့် တင်းတင်း၊ အရပ်က ထောင်ထောင်မောင်းမောင်းမို့ သူ့ အပေါင်းအသင်း နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေက ကိုမဲ ဒါမှမဟုတ် မဲကြီးလို့ ခေါ်ကြတဲ့သူဟာ ကျေးလက်ပျော် တစ်ယောက်ပါ။


ပဲခူးချောင်းဖျားက ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ရင်း သူနေထိုင်နေတဲ့ တိုက်ကြီးရွာဟာ တော်တော်သွားရခက်ပါတယ်။


ပဲခူးကနေ ထွက်လာ၊ ဘုရားကြီး လမ်းဆုံကျရင် ဘယ်ဘက်ကို ချိုး၊ အဲဒီကနေ (ရန်ကုန် - မန္တလေး)အမြန်လမ်းမကို ဖြတ်လာပြီး ဇောင်းတူရွာကိုရောက်အောင်က ပဲခူးကစတွက်ရင် ၃ နာရီကျော်ကျော် မောင်းရပါတယ်၊ အဲဒီနေရာမှာတော့ ကားလမ်းက ဆုံးသွားပါပြီ။ အဲဒီဇောင်းတူကနေ တောလမ်းအတိုင်း ၁ နာရီကျော် ၂ နာရီလောက် ခရီးနှင်ပါမှ တိုက်ကြီးရွာကို ရောက်တာလို့ ဆိုပါတယ်။ ဇောင်းတူ -တိုက်ကြီးလမ်းက မိုးတွင်းဆိုရင် ကားသွားလို့ မရအောင် ဆိုးပါတယ်။ (တရားမဝင်)သစ်တင်ကားတွေ သုံးတဲ့လမ်းမို့ ခဏ ခဏလည်း ပျက်တတ်ပါ သေးတယ်။


“သူက ကျောင်းလိုချင်တဲ့ ရွာဆိုရင် ရွာကလူတွေနဲ့ (ပဲခူးတိုင်း)အစိုးရပိုင်း လွှတ်တော်ပိုင်းက လူတွေနဲ့ ချိတ်ဆက်ပေးတယ်၊ အလှူရှင်တွေနဲ့ ချိတ်ပေးတယ်၊ ဒီအတောအတွင်း ကာလမှာ ထားဝယ်နဲ့ မဒေါ့မြောင် (တိုက်ကြီးရွာနားက ရွာ ၂ ရွာ)မှာ လျှပ်စစ်မီးသွယ်နိုင်အောင် သူက လုပ်ပေး နေတာ၊ မဒေါ့မြောင်မှာ ကျောင်းဖြစ်လာ တာဆိုရင် သူ့ ကြိုးစားမှုလည်း ပါတယ်၊ အဲဒီကျောင်းက ကလေးတွေကို သူက လွှတ်တော်ကို (လေ့လာရေးခရီး) ခေါ်သွားပြ ပေးသေးတာ” လို့ ကိုအောင်တိုးက ပြောပြပါတယ်။


မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှာပါဝင်ပြီး ၁နှစ်ကျော် တောထဲမှာ လက်နက်ကိုင်ကာ အဲဒီတုန်းက စစ်အစိုးရကို တိုက်ပွဲဝင်ခဲ့ ဖူးသူ၊ ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ်ငြိမ်းချမ်းရေးဆုရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနဲ့ ဒီမိုကရေစီရလိုကြောင်း ဒီဇင်ဘာ ၁၀ ရက် ၁၉၉၁ ခုနှစ်မှာ ဆန္ဒပြခဲ့တဲ့အတွက် အကျဉ်းထောင်ထဲမှာ ၁၃ နှစ်ကျခံခဲ့ရတဲ့သူဟာ ထောင်က လွတ်ပြီးနောက်ပိုင်း အထူးသဖြင့် ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ နှစ်ပေါင်း များစွာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်လာသူပါ။


စစ်ကိုင်းတိုင်း ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းမှာရှိတဲ့ ဇလုံတောင် အရပ်ဒေသဖက်မှာ လူထုအခြေပြု ခရီးသွားလုပ်ငန်း စတင်အကောင်အထည် ပေါ်လာအောင် လုပ်ဆောင်ခဲ့တဲ့သူလို့ သူ့ ရဲ့ နိုင်ငံရေး အပေါင်းအသင်းတွေက သိထားကြပါတယ်။


“ခရီးသွားလုပ်ငန်းတွေ(အဲဒီ ဇလုံတောင်ဘက်မှာ)ဖြစ်ထွန်းလာတော့ စီးပွားရေးသမားတွေက ဝင်လာ၊ သူက စီးပွားရေးလုပ်ငန်းထဲ ဝင်မလုပ်ဘဲ အဲဒီဒေသကနေ ပြန်ထွက်လာခဲ့တယ်၊ နောက်နေရာတွေကို သွားတယ်၊ သူ့ ဇနီးဘက်က အမျိုးတွေရှိရာ ပဲခူး၊ ဝင်္ဂဘာရွာဘက် မှာသွားပြီး ပညာရေး ကွန်ရက်လုပ်ငန်းတွေ သွားလုပ်ပေးဖူးသေးတယ်”လို့ သာယာဝတီ ထောင်ထဲမှာ သူနဲ့ အတူနေဖူးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသမားဟောင်းတစ်ယောက်က ပြောပြပါတယ်။


စစ်တပ်က လာဖမ်းခေါ်သွားတယ်၊ ကျန်းကျန်းမာမာကြီးနဲ့သူဟာ အဖမ်းခံရပြီး တရက်ကျော်ကြာအချိန်အတွင်းမှာပဲ သေဆုံးခဲ့ရတာမို့ မိသားစုဝင်တွေအပါအဝင် လူအများက နှိပ်စက်ခံရတာကြောင့် သူသေဆုံးခဲ့ရတာလို့ ယုံကြည်ထားကြပါတယ်။


သူနေသွားတဲ့ အရပ်ကနေလာတဲ့ သတင်းတွေအရ အဲဒီဒေသဘက်တွေမှာ သစ်ခိုးထုတ်သူ တွေရှိတယ်၊ ရေရှည်ဖွံ့ဖြိုးရေးအတွက် သစ်တောတွေ မပြုန်းရေး ဆန္ဒရှိတဲ့ သူ့ကို ရန်သူလို့ သတ်မှတ်ထားသူတွေက ဒီလို နိုင်ငံအနှံ့ မတည်ငြိမ်တဲ့ အချိန်ကာလမျိုး မှာ “ဖောက်ခွဲရေး သမား”လို့ လုပ်ကြံဇာတ်လမ်းခင်းကြတဲ့နောက် (ဒေသတွင်းမှာ အခြေစိုက်တဲ့ ) စစ်တပ်က အရာရှိကြီးကိုယ်တိုင် တက်လာဖမ်းတာလို့ သိရပါတယ်။


ဖမ်းထားချိန်မှာ သွေးပေါင်ကျပြီး သူကွယ်လွန်သွားတာလို့ စစ်တပ်က အကြောင်းပြချက် ပေးပေမယ့် ဒါကို ယုံမယ့်သူ အတော်ရှာရပါလိမ့်မယ်။


သစ်ခိုးသမားတွေ လုပ်ကြံဇာတ်လမ်းလွှင့်လိုက်တာလား၊ ဒါကို စစ်တပ်က ဘာလို့ ဝယ်လိုက်တာလဲ၊ ၂၄ နာရီ ကျော်ကျော် ကာလအတွင်း လူ့အသက်တစ်ချောင်း ပျောက်သွားအောင် စစ်တပ်က ဘာလို့ လုပ်လိုက်တာလဲ။ ဒါတွေက အမေးတွေ သာရှိပြီး အဖြေရနိုင်စရာ မမြင်သေးပါဘူး။


ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ တွေက သတ်ဖြတ်တာကို ခံခဲ့ရတဲ့ ပြည်သူ ၈၃၀ ကျော်ရှိပြီး ဖမ်းခေါ်သွားပြီး ရက်ပိုင်းအတွင်း သေဆုံးခဲ့ရသူပေါင်းက အယောက် ၂၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန် ထားပါတယ်။


“သစ်တောတွေက ပြုန်းတယ်၊ ခုတ်တဲ့သူတွေ မခုတ်ပါနဲ့လို့ ကိုယ်တွေက တားနိုင်သူမဟုတ်တော့ အဲဒီပြုန်းတဲ့တောတွေထဲ ကိုယ်နိုင်သလောက် အပင် လိုက်စိုက်မယ်ဗျာ”လို့ ကိုမဲက ပြောခဲ့တဲ့စကားကို သူ့ နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်တစ်ယောက်က ဒီရက်ပိုင်းမှာ အမှတ်တရ ပို့စ် ရေးတင် ပါတယ်။


သဘာဝတောတောင်ကို ချစ်ရင်း ကျေးလက်ကို ဖွံ့ဖြိုးစေချင်တဲ့သူ၊ ကျေးလက်မှာ ပျော်တဲ့သူ တစ်ယောက် ဒီကမ္ဘာမြေကနေ အချိန်မတိုင်မီ စွန့်ခွာလိုက်ရပါပြီ။


မြန်မာနိုင်ငံရဲ့ ဒီလိုခေတ် ဒီလိုကာလမှာ သူ့အတွက် တရားမျှတမှုကို ဘယ်လိုရှာဖွေ သွားကြမှာပါလဲ။


“ဥပဒေကြောင်းအရ ဆက်လုပ်သွားချင်ပါတယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာတော့ မသိဘူး” လို့ ကလေးငယ် ၅ ယောက်ကို လူတလုံး သူတလုံးဖြစ်အောင် ပြုစု ပျိုးထောင်ရမယ့် တာဝန်နဲ့ ကျန်ရစ်သူ သူ့ဇနီးသည်က ဆိုပါတယ်။

Monday, May 24, 2021

မင်းတို့အဘ ရှောတော့ ဘယ်လိုနေလဲ၊ မအေလိုးတွေ လက်နဲ့မဲ့ပြည်သူတွေကို သေ ွွးအေးအေးနဲ့ခေါင်းတွေကိုပစ်တာလောက်မဆိုးသေးဘူး


 

ပြည်သူရှိနေသ‌ရွေ့ NLD ရှိနေမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော ----------------------------------------------------- ရှေ့နေများနှင့် ယနေ့ တွေ့ခွင့်ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် လန်းလန်းဆန်းဆန်းရှိနေပြီး မည်သည့်နေရာတွင် ထိန်းသိမ်းခံထားရမှန်း မသိဟု ပြောသည် Myanmar Now အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD)ကို ပြည်သူ့အတွက် ထူထောင်ထားခြင်းဖြစ်၍ ပြည်သူရှိနေသမျှ ပါတီရှိနေမည်ဖြစ်ကြောင်း ၎င်း၏ ရှေ့နေအဖွဲ့မှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ (မေ ၂၄)တွင် သတင်းစကားပါးလိုက်သည်။ “အားလုံးကျန်းမာစေဖို့ ဆုတောင်းပေးနေပါတယ်။ ပါတီကိုထောင်ထားတာလည်း ပြည်သူတွေအတွက် ထောင်ထားတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေရှိနေသရွေ့ ပါတီရှိနေမှာပါလို့ အဲဒီလိုမှာပါတယ်ရှင့်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။ နေပြည်တော်ကောင်စီဝင်းအတွင်းရှိ ခြံတစ်ခုတွင် ပြုလုပ်သည့် သီးသန့်တရားခွင်မတိုင်မီ ရှေ့နေအဖွဲ့နှင့် နာရီဝက်ခန့် တွေ့ဆုံခွင့်ရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့မှတ်ချက်မပြုမီ သုံးရက်အလို မေ ၂၁ တွင် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို ဖျက်သိမ်း၍ ခေါင်းဆောင်များကို နိုင်ငံတော်သစ္စာဖောက်အဖြစ် သတ်မှတ် အရေးယူရန် စီစဉ်နေသည်ဟု ပြောထားသည်။ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးကတည်းက မည်သူနှင့်မျှ တွေ့ခွင့်မရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မခြောက်ခုဖြင့် တရားစွဲဆိုထားသည့် စစ်ကောင်စီက ပထမဆုံးအကြိမ် ရှေ့နေအဖွဲ့နှင့် တွေ့ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ “ဘယ်သူမှတော့ ဝင်မလာဘူး။ အမှုသည်နဲ့ ရှေ့နေတွေနဲ့ သီးသန့်တွေ့ရပါတယ်။ CCTV တော့ တပ်ထားတယ်”ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။ သို့သော် ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ သူ့ကို မည်သည့်နေရာတွင် ထားရှိသည်ကို မသိဟုပြောခဲ့ကြောင်း ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က တရားခွင်အပြီးပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောသည်။ ထို့အတူ ယခုတရားခွင်ပြုလုပ်ထားသည့် နေရာကို ဒေါ်အောင်ဆန်းစုကြည်ရော၊ ရှေ့နေအဖွဲ့ပါ တိတိကျကျမသိဘဲ နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ခြံတစ်ခြံဟုသာ အတည်ပြုနိုင်ကြောင်း ဒေါ်မင်းမင်းစိုးက ပြောသည်။ “အဲဒီခြံထဲမှာရှိတဲ့ အခန်းတစ်ခုမှာ တရားခွင်လုပ်ထားပါတယ်”ဟု ၎င်းက ပြောသည်။ ကျန်းမာဟန်ရှိပြီး ပေါ့ပေါ့ပါးပါးဖြစ်နေပုံရသည့် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေအဖွဲ့နှင့် နာရီဝက်သာ တွေ့ဆုံခွင့်ရသည့်အပေါ် မေးခွန်းထုတ်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ တုံ့ပြန်မှုမရှိဟု ရှေ့နေအဖွဲ့ထံမှ သိရသည်။ “အမှုတွေကများတဲ့အတွက် တွေ့ခွင့်ပေးတဲ့အချိန်ကတော့ နည်းပါတယ်။ အဲဒီဟာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောပါတယ်။ ဒီနာရီဝက်ဆိုတာတော့ မလောက်ဘူးလို့ ပြောပါတယ်” ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။ ယနေ့တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှုများကို စစ်ဆေးခဲ့ခြင်းမရှိဘဲ ဇွန် လ ၇ရက်သို့ ပြောင်းလဲချိန်းဆိုကာ အဆိုပါရုံးချိန်းတွင် မည်သည့်ကာလအတွင်း အမှုအပြီးစစ်မည်ကို ညှိနှိုင်းမည့် မှုခင်းစီမံခန့်ခွဲမှုအစီအမံ လုပ်ဆောင်မည်ဟု တရားသူကြီးက အသိပေးကြောင်း ရှေ့နေအဖွဲ့က ပြောသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြစ်ဒဏ်ကြီးလေးသည့် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်သည့် ပုဒ်မ ၅၀၅ - ခ၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေအပါအဝင် ရန်ကုန်နှင့် နေပြည်တော်၌ ပုဒ်မ ခြောက်ခုခွဲခြား၍ အမှုဖွင့်လှစ်ထားပြီးဖြစ်သည်။ နေပြည်တော်ကောင်စီဝန်းအတွင်း ယနေ့ပြုလုပ်သည့် သီးသန့်တရားခွင်တွင် ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ ပုဒ်မတစ်ခုဖြင့် အမှုဖွင့်ခံထားရသည့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ကိုလည်း ရုံးထုတ်စစ်ဆေးခဲ့သလို ရှေ့နေအဖွဲ့နှင့်လည်း တွေ့ဆုံခွင့်ပြုခဲ့သည်။


ရှေ့နေများနှင့် ယနေ့ တွေ့ခွင့်ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် လန်းလန်းဆန်းဆန်းရှိနေပြီး မည်သည့်နေရာတွင် ထိန်းသိမ်းခံထားရမှန်း မသိဟု ပြောသည် 


အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD)ကို ပြည်သူ့အတွက် ထူထောင်ထားခြင်းဖြစ်၍ ပြည်သူရှိနေသမျှ ပါတီရှိနေမည်ဖြစ်ကြောင်း ၎င်း၏ ရှေ့နေအဖွဲ့မှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ (မေ ၂၄)တွင် သတင်းစကားပါးလိုက်သည်။


“အားလုံးကျန်းမာစေဖို့ ဆုတောင်းပေးနေပါတယ်။ ပါတီကိုထောင်ထားတာလည်း ပြည်သူတွေအတွက် ထောင်ထားတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေရှိနေသရွေ့ ပါတီရှိနေမှာပါလို့ အဲဒီလိုမှာပါတယ်ရှင့်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။


နေပြည်တော်ကောင်စီဝင်းအတွင်းရှိ ခြံတစ်ခုတွင် ပြုလုပ်သည့် သီးသန့်တရားခွင်မတိုင်မီ ရှေ့နေအဖွဲ့နှင့် နာရီဝက်ခန့် တွေ့ဆုံခွင့်ရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။


NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့မှတ်ချက်မပြုမီ သုံးရက်အလို မေ ၂၁ တွင် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို ဖျက်သိမ်း၍ ခေါင်းဆောင်များကို နိုင်ငံတော်သစ္စာဖောက်အဖြစ် သတ်မှတ် အရေးယူရန် စီစဉ်နေသည်ဟု ပြောထားသည်။


ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးကတည်းက မည်သူနှင့်မျှ တွေ့ခွင့်မရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မခြောက်ခုဖြင့် တရားစွဲဆိုထားသည့် စစ်ကောင်စီက ပထမဆုံးအကြိမ် ရှေ့နေအဖွဲ့နှင့် တွေ့ခွင့်ပြုခဲ့ခြင်းဖြစ်သည်။


“ဘယ်သူမှတော့ ဝင်မလာဘူး။ အမှုသည်နဲ့ ရှေ့နေတွေနဲ့ သီးသန့်တွေ့ရပါတယ်။ CCTV တော့ တပ်ထားတယ်”ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။


သို့သော် ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ သူ့ကို မည်သည့်နေရာတွင် ထားရှိသည်ကို မသိဟုပြောခဲ့ကြောင်း ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က တရားခွင်အပြီးပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောသည်။


ထို့အတူ ယခုတရားခွင်ပြုလုပ်ထားသည့် နေရာကို ဒေါ်အောင်ဆန်းစုကြည်ရော၊ ရှေ့နေအဖွဲ့ပါ တိတိကျကျမသိဘဲ နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ခြံတစ်ခြံဟုသာ အတည်ပြုနိုင်ကြောင်း ဒေါ်မင်းမင်းစိုးက ပြောသည်။


“အဲဒီခြံထဲမှာရှိတဲ့ အခန်းတစ်ခုမှာ တရားခွင်လုပ်ထားပါတယ်”ဟု ၎င်းက ပြောသည်။


ကျန်းမာဟန်ရှိပြီး ပေါ့ပေါ့ပါးပါးဖြစ်နေပုံရသည့် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေအဖွဲ့နှင့် နာရီဝက်သာ တွေ့ဆုံခွင့်ရသည့်အပေါ် မေးခွန်းထုတ်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ တုံ့ပြန်မှုမရှိဟု ရှေ့နေအဖွဲ့ထံမှ သိရသည်။


“အမှုတွေကများတဲ့အတွက် တွေ့ခွင့်ပေးတဲ့အချိန်ကတော့ နည်းပါတယ်။ အဲဒီဟာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောပါတယ်။ ဒီနာရီဝက်ဆိုတာတော့ မလောက်ဘူးလို့ ပြောပါတယ်” ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။


ယနေ့တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှုများကို စစ်ဆေးခဲ့ခြင်းမရှိဘဲ ဇွန် လ ၇ရက်သို့ ပြောင်းလဲချိန်းဆိုကာ အဆိုပါရုံးချိန်းတွင် မည်သည့်ကာလအတွင်း အမှုအပြီးစစ်မည်ကို ညှိနှိုင်းမည့် မှုခင်းစီမံခန့်ခွဲမှုအစီအမံ လုပ်ဆောင်မည်ဟု တရားသူကြီးက အသိပေးကြောင်း ရှေ့နေအဖွဲ့က ပြောသည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြစ်ဒဏ်ကြီးလေးသည့် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်သည့် ပုဒ်မ ၅၀၅ - ခ၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေအပါအဝင် ရန်ကုန်နှင့် နေပြည်တော်၌ ပုဒ်မ ခြောက်ခုခွဲခြား၍ အမှုဖွင့်လှစ်ထားပြီးဖြစ်သည်။


နေပြည်တော်ကောင်စီဝန်းအတွင်း ယနေ့ပြုလုပ်သည့် သီးသန့်တရားခွင်တွင် ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ ပုဒ်မတစ်ခုဖြင့် အမှုဖွင့်ခံထားရသည့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ကိုလည်း ရုံးထုတ်စစ်ဆေးခဲ့သလို ရှေ့နေအဖွဲ့နှင့်လည်း တွေ့ဆုံခွင့်ပြုခဲ့သည်။

ပစ်မှတ်ဖြစ်လာသော စစ်အကြမ်းဖက်အုပ်စုရဲ့ ရပ်ကြေးအုပ်ချုပ်ရေးမူးများ



ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အသတ်ခံနေရခြင်းသည် အုပ်ချုပ်ရေး၏ အခြေခံအကျဆုံးယန္တရားကို ချိနဲ့နေစေသည်ဟု စစ်ကောင်စီက ဝန်ခံလိုက်သည်


Myanmar Now


ရန်ကုန်၊ တရုတ်တန်း ၈ လမ်းတွင် လူတစ်ဦး သွေးအိုင်ထဲ၌ လဲနေသည်။


မေ ၁၈ နံနက် ၆ နာရီ ခန့်က တွေ့ရသည့် မြင်ကွင်းဖြစ်ပြီး နဖူးကျည်ဆန်ဖောက်ဝင်ဒဏ်ရာဖြင့် လဲကျသေဆုံးနေသည့်သူမှာ အသက် ၄၅နှစ်အရွယ် လမ်းမတော် မြို့နယ်၊ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက အတည်ပြုသည်။


သူ၏ရုံးတွင် ပေါက်ကွဲမှုဖြစ်သဖြင့် သွားကြည့်ရာ လမ်းတွင် တစ်စုံတစ်ဦးက သေနတ်ဖြင့်ပစ်ခဲ့ကြောင်း၊ အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးစဉ် ပေါက်ကွဲမှုထပ်ဖြစ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရကြောင်း စစ်ကောင်စီကဆိုသည်။


အုပ်ကြီး ခေါ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ကို လုပ်ကြံတိုက်ခိုက်သည့် ဤဖြစ်ရပ်မျိုးကို ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် နှစ်လ‌ကျော်မှစ၍ မကြာခဏဖြစ်ပွားခဲ့ပြီး လက်သည်မပေါ်သည်က များသည်။ 


ဗုံး၊ သေနတ် သို့မဟုတ် ဓားအသုံးပြုမှုပေါ် မူတည်ပြီး “အုပ်ကြီး ဖောင်းဒိုင်း” သို့မဟုတ် “အုပ်ကြီး ဇွပ် ၊ ဇွပ်၊ ဇွပ်”ဟု အများက ပြောဆို ရည်ညွန်းလေ့ရှိသည်။ စစ်ကောင်စီကမူ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကို အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်” ဟု သတင်းထုတ်ပြန်လေ့ရှိသည်။  


အဆိုပါဖြစ်စဉ်များကြောင့် သေဆုံးသွားသူတို့မှာ စစ်ကောင်စီ၏ အလိုတော်ရိများ၊ ဒလံများဟု ပြည်သူတို့သတ်မှတ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြစ်သည်။


ထို့အတူ မီးလောင်မှု၊ ပေါက်ကွဲမှုများဖြစ်ပွားရာ အဆောက်အဦးများသည်လည်း ပြည်သူအပေါ် အခြေခံဖိနှိပ်မှုဖြစ်သည့် ဧည့်စာရင်းကဲ့သို့သော ကိစ္စများအခြေစိုက်ရာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးအခြေခံအုတ်မြစ် ရုံးဌာနများပါဝင်သည်။


အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၎င်း၏ ဦးဆုံးခြေလှမ်းအဖြစ် အာရုံစိုက်ထားသော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးယန္တရား ပြန်လည်တည်ဆောက်ရေးကိစ္စတွင် အကြီးအကျယ် စိန်ခေါ်ခံနေရသည့် အကြောင်းအရာများတွင် အထက်ပါကိစ္စအပြင် ကိုယ့်ရှုးကိုယ်ပတ်သည့် အဖြစ်အပျက်များကလည်း ရှိနေသည်။


၎င်းတို့အစားထိုးထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများတွင် ပြည်သူယုံကြည်လေးစားမှုရရန် မည်သို့မျှမဖြစ်နိုင်သူများပါဝင်နေခြင်းက စစ်ကောင်စီကို အကြီးအကျယ်ထိုးနှက်နေသည်။


စစ်ကောင်စီက ခန့်လိုက်သည့် ပန်းဘဲတန်းမြို့နယ် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးဆိုလျှင် ရပ်ကွက်အတွင်း အဂတိမှုဖြင့် အရေးယူခံထားရသူတစ်ဦး၏ တပည့်ဖြစ်ကြောင်း ရပ်ကွက်နေပြည်သူအချို့က အတည်ပြုသည်။


ရပ်ကွက်ထဲ သွားလာသည့်အခါ စစ်ကောင်စီ တပ်သားအချို့နှင့် အတူသွားလာရသည်အထိ ထိုအုပ်ချုပ်ရေးမှူးမှာ အိန္ဒြေပျက်နေရသည်ဟု ၎င်းတို့က ဆက်ပြောသည်။


အာဏာသိမ်းပြီး သုံးလခွဲကြာသည့်တိုင် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းခဲ့သည့် ရပ်ကွက်ရုံးများသည် ၎င်းတို့ အထူးတလည်အလိုရှိနေသည့် ဧည့်စာရင်းကိစ္စ၌ပင် ပြည်သူတို့အပေါ် လွှမ်းမိုးအုပ်ချုပ်နိုင်စွမ်း အပြည့်အဝမရသေးသည်ကို အဆိုပါရပ်ကွက်၏ အဖြစ်အပျက်ကပင် သက်သေပြနေသည်။


ဧည့်စာရင်းကို အသည်းအသန်တိုင်ခိုင်းနေသည့် ၎င်းတို့၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ အမှောင်ထုကြီးစိုးသည့် ညပိုင်းအချိန်တွင် ရုံးမဖွင့်ရဲသေးဘဲ နေ့လယ်ပိုင်း နာရီပိုင်းသာ ရုံးထိုင်နေသည်ဟု ရပ်ကွက်သားအချို့က ပြောသည်။


“ဒီမှာက ညတိုင်း၊ အိမ်တိုင်းက မီးအမှောင်ချပြီး သံပုံးတီးနေကြတုန်း”ဟု ရပ်ကွက်သားတစ်ဦးက ဆိုသည်။


အောက်ခြေအုပ်ချုပ်ရေးကိစ္စများ အဆင်ပြေချောမွေ့ရေးသည် ၎င်းတို့အတွက် အရေးကြီးကြောင်း သဘောပေါက်ထားသည့် စစ်ကောင်စီက ထိုအခြေအနေများကို လျစ်လျူရှုထားခြင်း မရှိပါ။


အာဏာသိမ်းပြီးချိန်မှစ၍ နှစ်လအတွင်း ၎င်းကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် ရန်ကုန်တိုင်းရှိ မြို့နယ်ခြောက်ခု၊ မန္တလေးတိုင်းရှိ မြို့နယ်ငါးခုအပြင် စစ်ကိုင်းတိုင်း မုံရွာမြို့တို့တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။


ထိုသို့ကြေညာထားသော တောင်ဒဂုံမြို့နယ် (၄၈)ရပ်ကွက်တွင် စစ်ကောင်စီက ခန့်ထားသည့် အုပ်ချုပ်ရေးမှူး ဦးတင်ဘိုဘိုဦးသည် ၎င်း၏လုံခြုံရေးကို စိုးရိမ်ရသဖြင့် ဧပြီလကုန်ပိုင်းအတွင်း ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒေသခံတချို့က Myanmar Now ကို အတည်ပြုသည်။


စစ်အုပ်ချုပ်ရေးကြေညာထားသည့် ၎င်းတို့ရပ်ကွက်တွင်ပင် စစ်ကောင်စီက ထုတ်ထားသည့် ဧည့်စာရင်းတိုင်ရန်အမိန့်ကို ပြည်သူတို့က လိုက်နာခြင်းမရှိသလို မေလအတွင်း‌ နေအိမ်များသို့ ရောက်လာသည့် မီတာခကောက်ခံသည့် စာရွက်များကိုလည်း လစ်လျူရှုထားသူ အများအပြားရှိကြောင်း တောင်ဒဂုံမြို့နယ် (၄၈)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။


“ဒီမတရားမှုကြီး(အာဏာသိမ်းမှု)ကို တစ်တိုင်းပြည်လုံးက သိတယ်။ အဲဒီအတွက် သူတို့အာဏာကို ရတဲ့နည်းနဲ့ ဖီဆန်ကြမှာပဲ…….။ သူတို့က လုပ်ဆိုရင် ကျွန်တော်တို့ကမလုပ်ဘူးပဲ။ အဲဒီလိုပဲ ဆန့်ကျင်သွားမယ်” ဟု ၎င်းက ပြောသည်။


ရန်ကုန်တွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များကို မတ်လလယ်ပိုင်းကတည်းက စစ်အုပ်ချုပ်ရေးကြေညာထားခြင်းဖြစ်သော်လည်း အုပ်ချုပ်ရခက်ခဲနေဆဲ၊ အံတုမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။


တရုတ်နိုင်ငံသားပိုင်စက်ရုံအများအပြားရှိပြီး စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ဒဂုံဆိပ်ကမ်းမြို့နယ် (၉၂) ရပ်ကွက်တွင်ဆိုလည်း ဧည့်စာရင်းတိုင်ရမည်ဆိုသော စည်းမျဉ်းစည်းကမ်းကို လိုက်နာသူ ထက်ဝက်ခန့်သာရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။


“မတိုင်ချင်ဘူးဆိုလည်း ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းစစ်လို့ မတိုင်လို့ ပြဿနာတက်ရင် ကိုယ့်ဟာကိုယ် ခံစားရမှာနော်လို့ ပြောရတယ်။ အဲဒီလိုပြောတော့ တချို့လူတွေက တိုင်ကြတယ်”ဟု ၎င်းက ဆိုသည်။


စစ်အုပ်ချုပ်ရေးကြေညာမခံရသည့် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင်ပင် စစ်တပ်ဘက်တော်သားဟု facebook တွင် ရေးသားပြီး မြို့နယ်အတွင်း ဆန္ဒပြသူတို့၏ သတင်းအချက်အလက်များကို ဖော်ပြနေသည့် အမျိုးသားနှစ်ဦး မေ ၁၄ရက်က သတ်ဖြတ်ခံရပြီးနောက်တွင် မြို့အဝင်အထွက်ကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေရသည်အထိ စစ်ကောင်စီက ဗျာများခဲ့ရသေးသည်။


မေ ၁၃ ရက်က စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့တွင်လည်း စစ်ကောင်စီကို ရိုးရာတူမီးသေနတ်ဖြင့် ခုခံနေသည့် တိုက်ပွဲများရပ်စဲနိုင်ခြင်းမရှိသေးသလို ပြည်နယ်အတွင်း အခြားဒေသများသို့ပါ ကူးစက်နေသဖြင့် စစ်ကောင်စီတပ်ဖွဲ့က အပြင်းအထန် နှိမ်နှင်းနေရသေးသည်။


ဤအတောအတွင်း အနယ်နယ်ရှိ ပြောက်ကျားဆန္ဒပြသူများက စစ်ကောင်စီ လုံးဝအုပ်ချုပ်၍ မရစေရဟု ကြွေးကြော်နေကြသည်။


မေလမှစ၍ မြို့ကြီးများအားလုံးနီးပါးတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နေ့စဉ်သတ်ဖြတ်ခံနေရသလို ကယားပြည်နယ်အတွင်း၌လည်း လက်နက်ကိုင်တော်လှန်ပုန်ကန်မှုများ အားကောင်းလာနေသည်။


မေ ၁၅ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အထက်ပါအကျပ်အတည်းများမှာ အုပ်ချုပ်ရေးယန္တရား၏အခြေခံအကျဆုံး ရပ်ကျေးအဆင့်တွင် ထင်ထင်ရှားရှားဖြစ်ပေါ်နေသည်မှာ မှန်ကန်ကြောင်း အတည်ပြုသည်။


ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ လုံခြုံရေးမှာ နံပါတ်တစ်လုပ်ဆောင်ပေးရမည့်အရာဖြစ်ပြီး ယင်းကို မဖြည့်ဆည်းပေးနိုင်သရွေ့ စစ်ကောင်စီကြုံတွေ့နေရသည့် အုပ်ချုပ်ရေးပြဿနာပြေလည်ရန် အားနည်းသည်ကို သိရှိထားပါကြောင်း ၎င်းက ဆက်ပြောသည်။


“ပြည့်ပြည့်ဝဝမဖြစ်ဘူးဆိုတာ ကျွန်တော်တို့ဝန်ခံပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။


သို့သော် ဗိုလ်ချုပ်ဇော်မင်းထွန်း ထိုသို့ပြောအပြီး တစ်ပတ်ကျော်အတွင်း ရပ်ကွက်နှင့် မြိုနယ်အုပ်ချုပ်ရေးမှူးရုံးတချို့ မီးလောင်မှု၊ ပေါက်ကွဲမှုတို့နှင့် ဆက်လက်ရင်ဆိုင်လာရသည်။


ယခင် ဆန္ဒပြပြည်သူတို့က စစ်ကောင်စီတပ်ဖွဲ့၀င်များ အလွယ်တကူ ဝင်ရောက်ဖြိုခွင်း၊ ဖမ်းဆီးခြင်း မပြုနိုင်ရန် လမ်းများပေါ်တွင် သဲအိတ်၊ သံပန်းများနှင့် အတားအဆီးလုပ်ထားသည်။ 


ယခုမူ ထိုကဲ့သို့သော အတားအဆီးများကို ရဲနှင့် စစ်သားတို့ လုံခြုံရေးပေးထားရသော ရပ်ကွက်နှင့် မြို့နယ် အုပ်ချုပ်ရေးရုံးများရှေ့တွင် တွေ့နိုင်သည်။


“အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ ရှေ့မှာ အခက်အခဲတွေက ပိုများလာမယ့်သဘောပဲ။ လျော့သွားမယ့် အကြောင်းတရားတွေ မတွေ့မိသေးဘူး”ဟု အမေရိကန်ပြည်ထောင်စု Cornell University မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဘာသာရပ်ဆိုင်ရာဘွဲရ ကိုမော်ထွန်းအောင်က သုံးသပ်သည်။


“စစ်ကောင်စီအုပ်ချုပ်တဲ့အပေါ် ပြည်သူ့ကြည်ဖြူမှုဆိုတာ လုံးဝပျောက်နေတယ်…..။ ယုံကြည်မှုပျက်သွားတော့ အုပ်ချုပ်လို့မရဘူးပေါ့။ ၁၈ ရာစုတုန်းကလို ဓားမိုးပြီး အုပ်ချုပ်လို့ရတဲ့ အနေအထားမျိုးမှ မဟုတ်တော့တာ”


ရဲနှင့် စစ်တပ်ကဲ့သို့သော လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများကို အကာအကွယ်ပေးသူ၊ တရားဥပဒေစိုးမိုးမှုကို ပေးစွမ်းသူဟု အတိုင်းအတာတစ်ခုအထိ လက်ခံထားရာမှ စည်းကမ်း၊ ကျင့်ဝတ် မလိုက်နာသည့် အကြမ်းဖက်လက်နက်ကိုင်အုပ်စုများအဖြစ် ပြည်သူ့အမြင်၌ ထိုးစိုက်ကျဆင်းသွားရခြင်းသည် လက်ရှိ စစ်ကောင်စီကြုံတွေ့နေရသည့် အခက်အခဲ၏ ဇစ်မြစ်ဖြစ်ကြောင်း ၎င်းက ပြောသည်။


အာဏာသိမ်းမှုအပေါ် စစ်ကောင်စီက မည်သို့အကြောင်းပြပြ နှစ်ပေါင်းများစွာ လက်နက်အားကိုးပြီး အာဏာလုယူတတ်သည့် အကျင့်စရိုက်ဆိုး နောက်တစ်ကြိမ်ပြန်ပေါ်လာပြန်ပြီဟုသာ ပြည်သူအများစုက သတ်မှတ်ထားသည့် အခြေအနေရှိတွင်ရှိကြောင်း ၎င်းက ဆက်ပြောသည်။


“ငါတို့သဘောမတူဘဲနဲ့ အုပ်ချုပ်လို့မရဘူးဆိုတာပြဖို့ လူတွေရဲ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းရှိသွားတယ်” ဟု ကိုမော်ထွန်းအောင်က မှတ်ချက်ပြုလိုက်သည်။

Sunday, May 23, 2021

မိုးဗြဲစခန်း PDF တို့မှ့တက်သိမ်း


 

စစ်ဗိုလ်ချုပ်များ၏ “ဒေါ်အောင်ဆန်းစုကြည်မပါသော အိပ်မက်”


အဆင်ခြင်မဲ့သည့်လုပ်ရပ်များကြောင့် စစ်တပ်ကြီးစိုးသည့်နိုင်ငံရေးစနစ် ပြန်လည်တည်ဆောက်ရေးအစီအစဉ်မှာ အောင်မြင်ရန် အလားအလာမရှိတော့ပေ။


Myanmar Now


စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက NLD ပါတီကို ဖျက်သိမ်းခြင်း၊ ထိပ်ပိုင်းခေါင်းဆောင်များကို အရေးယူခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မရှင်အစည်းအဝေးပွဲတွင် မေလ ၂၁ ရက်နေ့က ထုတ်ဖော်ပြောကြားသွားခဲ့သည်။ အဆိုပါထုတ်ပြန်ချက်မျိုးမှာ အများပြည်သူ ထင်မှတ်မထားသော ထုတ်ပြန်ချက်မျိုး မဟုတ်သည့်အပြင် အာဏာသိမ်းမှု၏ ဇာတ်ရှိန်အမြင့်ဆုံးသို့ ရောက်ရှိလာခြင်းမဟုတ်သေးပါ။ အာဏာသိမ်းမှု တနည်းအားဖြင့် စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍနှင့် ထာဝရအကျိုးစီးပွားအတွက် မဟာစီမံကိန်း၏ ဇာတ်လမ်းအစသာဖြစ်သည်ဟု ဆိုရပေမည်။ အဘယ့်ကြောင့်ဆိုသော် စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခြင်းသည် အစမျှသာဖြစ်ပြီး နဝတအစိုးရလက်ထက်ကတည်းက စစ်ဗိုလ်ချုပ်များ တစိုက်မတ်မတ်ကြိုးစားခဲ့သော “ဒေါ်အောင်ဆန်းစုကြည်မပါဝင်သော နိုင်ငံရေးပြုပြင်ပြောင်းလဲရေး” သာလျှင် အန္တိမရည်မှန်းချက်ဖြစ်သောကြောင့်ပင်ဖြစ်သည်။ 


၂၀၁၀ အခင်းအကျင်းအိပ်မက်


တပ်မတော်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ၁၉၈၈ စက်တင်ဘာလတွင် အပြီးတိုင်ဖျက်သိမ်းလိုက်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ဖွဲ့စည်းကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ ထို့နောက် ၁၉၉၇ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟု အမည်ပြောင်းလဲကာ တပ်မတော်ကပင် တိုင်းပြည်အာဏာကို ဆက်လက်ရယူခဲ့သည်မှာ ၂၀၁၁ ခုနှစ် မတ်လအထိဖြစ်သည်။ ၎င်းနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဦးဆောင်သော အရပ်သားတပိုင်း ယူနီဖောင်းချွတ် စစ်ခေါင်းဆောင်များကို အာဏာလွှဲပေးခဲ့သည်။ 


အဆိုပါပြုပြင်ပြောင်းလဲရေးမတိုင်မီ စစ်တပ်သည် နိုင်ငံတကာနှင့် ပြည်တွင်းဖိအားများစွာ ခံခဲ့ရသည်။ အဓိကအားဖြင့် ၁၉၉၇ ခုနှစ်ကစ၍ အနောက်နိုင်ငံများမှ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ၊ ၁၉၉၆-၁၉၉၈ ကျောင်းသားလှုပ်ရှားမှုများ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး စသည်တို့အပြင် နှစ်စဉ် ဆုတ်ယုတ်လာသည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အခြေအနေတို့သည် စစ်တပ်အတွက် အာဏာဆက်ထိန်းသိမ်းနိုင်ရေး များစွာအခက်အခဲဖြစ်လာခဲ့သည်။ ထို့ကြောင့် ပေါက်ကွဲတော့မည့် အခြေအနေတွင် ဖိအားလျော့ကျစေရန် ၂၀၀၈ အခြေခံဥပဒေဖြင့် စစ်တပ်အာဏာကို မထိပါးသည့် အရပ်သားတစ်ပိုင်း အစိုးရကို တင်သွင်းလာခြင်းဖြစ်သည်။ 


တပြိုင်နက်တည်းမှာပင် ၂၀၀၈ အစောပိုင်းကစပြီး ပြည်တွင်းပြည်ပ မီဒီယာတချို့ကပါ လိပ်ခဲတည်းလည်း အခြေအနေတွင် “ပေးထားချက်အတိုင်း ကစားရန်” တနည်းအားဖြင့် စစ်တပ်အလိုကျ ရေးဆွဲထားသည့် အခြေခံဥပဒေဘောင် အတွင်းမှပင် အတိုက်အခံအားလုံး လက်တွဲဆောင်ရွက်ကြရန် တွန်းတွန်းတိုက်တိုက် ပြောဆိုလာကြတော့သည်။ စစ်တပ်၏ အာဏာရေရှည်ထိန်းသိမ်းထားရေး မဟာစီမံကိန်းကို သိ၍ဖြစ်စေ မသိ၍ဖြစ်စေ ထိုအချိန်က ကဝိပညာရှိများပင်လျှင် တိုင်းပြည်ဆက်လက် မနစ်နာစေရေးဆိုသည့် ခံယူချက်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို ဝိုင်းဝန်းထောက်ခံပေးခဲ့ကြပေသည်။ ပြည်သူလူထုအနေနှင့်ကား ရွေးချယ်စရာ လုံးဝမရှိသည့်အလျောက် စစ်အာဏာရှင်တို့ ဖော်ဆောင်သော ရွေးကောက်ပွဲကို လက်ပိုက်ကြည့်နေခဲ့ရပေသည်။ 


၂၀၁၀ ရွေးကောက်ပွဲကျင်းပခြင်းသည် စစ်အာဏာရှင်များအတွက် အခြားရည်ရွယ်ချက်လည်း ရှိခဲ့ကြပေသည်။ နိုင်ငံရေးပါတီများအကြား အထူးသဖြင့် အဓိကအတိုက်ခံပါတီ NLD ခေါင်းဆောင်များအကြား ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး အငြင်းပွားစေရန်ဖြစ်သည်။ NLD ပါတီသည် ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်သောအခါတွင်လည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ပြုပြင်ပြောင်းလဲရေးကို ဆာလောင်နေသည့် ပြည်သူများ၊ ဆိုခဲ့သည့် ပေးထားချက်အတိုင်း ကစားလိုသည့် ပညာရှင်များအကူအညီဖြင့် အင်တိုက်အားတိုက် ပွဲထွက်လာခဲ့တော့သည်။ သို့သော် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD မပါဝင်သော ပြုပြင်ပြောင်းလဲရေးကို သံသယရှိခဲ့သည့်အတွက် ဦးသိန်းစိန်အစိုးရက သူ့ကို လွှတ်တော်အတွင်းသို့ ဖိတ်ခေါ်ခဲ့ရသည်။ အဆိုပါ ဆုံးဖြတ်ချက်အတွက် ကြံ့ခိုင်ရေးပါတီတွင်း ထိပ်ပိုင်းခေါင်းဆောင်များစွာ သဘောထားကွဲလွဲခဲ့သည်ကို ၎င်းတို့ကိုယ်တိုင် ရေးသားထုတ်ဝေသော စာအုပ်များတွင် ဖော်ပြခဲ့ကြသည်ကို တွေ့ရသည်။ 


၎င်းတို့ရေးသားချက်များမှ တူညီသောအချက်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် မထင်မှတ်ဘဲ လွှတ်တော်တွင်း ဝင်ရောက်ခဲ့ခြင်းက ၎င်းတို့အတွက် နောက်ပိုင်းတွင် များစွာ အကျပ်ရိုက်ခဲ့ကြကြောင်း ဖော်ပြချက်များပင်ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ သောင်ပြိုကမ်းပြို အနိုင်ရရှိသောအခါတွင် စစ်တပ်၏ “ဒေါ်အောင်ဆန်းစုကြည်မပါဝင်သော ပြုပြင်ပြောင်းလဲရေးဖော်ဆောင်ရန် (သို့) ဒေါ်အောင်ဆန်းစုကြည်၏ အာဏာကို အကန့်အသတ်ဖြင့်ထားကာ စစ်တပ်ဩဇာအာဏာ တည်ဆောက်ရေးလမ်းစဉ်” မှာ ဝေဝါးလာရတော့သည်။ 


၂၀၂၀ ရွေးကောက်ပွဲနှင့် လတ်တလောအခြေအနေများ


လတ်တလောအခြေအနေများနှင့် ပတ်သက်၍မူ အများပြည်သူသိရှိပြီးဖြစ်သည့်အတိုင်း စစ်တပ်က ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုစွပ်စွဲချက်ဖြင့် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်းဖြစ်သည်။ စစ်တပ်သည် ၂၀၁၅-၂၀၂၀ အတွင်း တဖြည်းဖြည်း ယုတ်လျော့လာသော ၎င်းတို့၏ စီးပွားရေး၊ နိုင်ငံရေး ခြယ်လှယ်နိုင်စွမ်းအပေါ် များစွာ စိတ်မသက်မသာဖြစ်လာကြတော့သည်။ သို့သော် စစ်ခေါင်းဆောင်များသည် NLD ပါတီ၏ အားနည်းချက်များကို အပြင်းအထန် ထောက်ပြဝေဖန်လာသည့် လုပ်ငန်းရှင်ကြီးများ၊ ပညာတတ်များ၊ တက်ကြွလှုပ်ရှားသူများကို မြင်တွေ့လာရသည့်အခါ မျှော်လင့်ချက်ဖြင့် ၂၀၂၀ ရွေးကောက်ပွဲကို စောင့်ကြည့်ခဲ့သည်။ သို့သော် မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်လာရသည့် စစ်ခေါင်းဆောင်များမှာ အာဏာကို မတရားထိန်းသိမ်းရန် ဆုံးဖြတ်လိုက်ကြတော့သည်။ 


စစ်ကောင်စီ၏ မျှော်လင့်ချက်


စစ်ကောင်စီသည် ယင်းတို့၏ စီနီယာများ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထားရှိခဲ့သော ၂၀၀၈ အခြေခံဥပဒေလမ်းစဉ်အပေါ်မှ သွေဖယ်ရန် လတ်တလော စဉ်းစားဦးမည်မဟုတ်ပေ။ ၁၉၈၈ မှ ၂၀၁၀ အတွင်း နှစ်ပေါင်း ၂၀ ကျော်အတွင်း ခံစားခဲ့ရသည့် ခြောက်အိပ်မက်ကို ပြန်သွားလိုစိတ်ရှိမည် မဟုတ်ပေ။ ထို့ကြောင့်လည်း ၂၀၀၈ ခြေဥကို ရေးဆွဲကာ ထာဝရ သက်တောင့်သက်သာ အာဏာကို ဆုပ်ကိုင်သွားရန် အထူးသတိပြုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်ရောက်လာခြင်းသည် ၎င်းတို့အတွက် မမျှော်လင့်ထားသော ဘေးထွက်ဆိုးကျိုး ဖြစ်ခဲ့သည်။ ထို့ကြောင့် ဤအမှားကို အမြန်ဆုံးပြင်ဆင်သည့်အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး၊ NLD ပါတီကို ဖျက်သိမ်းကာ ၎င်းတို့ ကြိုးပမ်းခဲ့သည့် ၂၀၁၀ အိပ်မက်ကို ပြန်မက်ရန် တာစူလာကြခြင်းဖြစ်သည်။ 


၂၀၂၁ သည် ၂၀၁၀ မဟုတ်တော့


၂၀၂၁ သည် ၂၀၁၀ ကဲ့သို့ စစ်အာဏာရှင်အလိုကျ ပြန်လည်အသက်သွင်းမည့် ပြုပြင်ပြောင်းလဲရေးကို လက်ခံမည့် ရေခံမြေခံ မရှိတော့သည်ကို စစ်ခေါင်းဆောင်များ တွက်ချက်ထားခြင်းမရှိပါ။ 


လူထု။ ။ ၂၀၂၁ လူထုသည် ၂၀၁၀ လူထုနှင့် မတူညီဘဲ ဒီမိုကရေစီ၏ အရသာတချို့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတကာအသိုင်းဝိုင်းကို ပြန်လည်ဝင်ဆံ့လာမှုတို့ကို ခံစားသိရှိပြီး ဖြစ်သည်။ ထို့အပြင် ၂၀၁၀ မှ ပြည်သူလူထုမှာ အကြွင်းမဲ့ စစ်အုပ်ချုပ်ရေးကို ရွေးမည်လား၊ အရပ်သားတစ်ပိုင်းအစိုးရကို ရွေးမည်လား ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။ အခု ပြည်သူကို ရွေးခိုင်းနေသည်မှာ ပြည်သူ့မဲနှင့် ရွေးကောက်တင်မြှောက်ရသည့်အစိုးရနှင့် စစ်အာဏာရှင်အလိုကျအစိုးရဖြစ်နေသည်။ 


နိုင်ငံတကာ။ ။ ၂၀၁၁ ဦးသိန်းစိန်အစိုးရအား နိုင်ငံအများစု ထောက်ခံခဲ့သည်ကို စစ်ကောင်စီအနေဖြင့် ပြန်ပြောင်း စိတ်ကူးမယဉ်ဖို့လိုသည်။ ထိုအခြေအနေက စစ်အာဏာရှင်စနစ်မှ ကူးပြောင်းလာခြင်းဖြစ်သည့်အတွက် တစိတ်တပိုင်း အရပ်သားအစိုးရအပေါ် ကြိုဆိုကြခြင်းဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ်တွင် လွှတ်တော်အတွင်း ပါဝင်လာခြင်းကြောင့် အပြည့်အဝ ထောက်ခံမှုရလာခဲ့သည်ကို သတိချပ်သင့်သည်။ အထူးသဖြင့် ပြည်သူထောက်ခံမှု မရရှိနိုင်သည့် စစ်အာဏာရှင်ပုံဖော်မည့် အစိုးရအနေဖြင့် ရိုဟင်ဂျာအရေးကိစ္စကဲ့သို့ နိုင်ငံတကာဖိအားများကို ရင်ဆိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပါ။ 


ဒီမိုကရေစီအင်အားစုများ။ ။ ဒီမိုကရေစီအင်အားစုများ ပြီးခဲ့သည့် ၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအပေါ် ဖိအားပေးခဲ့ခြင်းကို စစ်ဗိုလ်ချုပ်ကြီးများ မျှော်လင့်ချက်မကြီးဖို့လိုသည်။ ယခုစစ်ကောင်စီတွင် NLD ပါတီကို မကျေနပ်ခဲ့ကြသည့်၊ အတိုက်အခံပြုခဲ့ကြသည့် လူပုဂ္ဂိုလ်များ၊ ပါတီများ ထည့်သွင်းထားသည်ကို တွေ့ရှိရပေသည်။ သို့သော် အများစုသော ဒီမိုကရေစီအင်အားစုများမှာ NLD ၏ ဒီမိုကရေစီစံနှုန်းနှင့် မူဝါဒများအပေါ် ဝေဖန် ထောက်ပြခဲ့ကြခြင်းဖြစ်ပြီး စစ်တပ်၏လုပ်ရပ်များအပေါ် ထောက်ခံလာကြမည်မဟုတ်ပါ။


နိုင်ငံရေးပါတီများ။ ။ ၂၀၁၀ တုန်းကကဲ့သို့ပင် ရွေးကောက်ပွဲဝင်ရန် စစ်ကောင်စီက မကြာခင် စည်းရုံးကာ အင်အားကြီးပါတီများ အကွဲအပြဲကို မျှော်လင့်မည်ဖြစ်သည်။ ယခုပင် ANP, MUP နှင့် နောက်ဆုံး PP ပါတီတို့မှ ပါတီဝင် အများအပြား နုတ်ထွက်ကြသည်ကို တွေ့နေရပြီဖြစ်သည်။ အလားတူ မဲများသူအနိုင်ရစနစ်အစား အချိုးကျကိုယ်စားပြုစနစ် (Proportional Representation) ကို တင်သွင်းခြင်း၊ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ခြင်း စသည်တို့ဖြင့် လူမျိုးစုပါတီများကို စည်းရုံးလာနိုင်ခြေရှိသည်။ သို့သော် စစ်ကောင်စီ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလမ်းစဉ်တွင် ပါဝင်လာမည့်သူများ၊ ပါတီများပါ နိုင်ငံရေး ဆုံးခန်းတိုင်သွားသည်ထိ ပြည်သူက နာကျည်းသွားစရာရှိနေသည်။ ထို့အပြင် စစ်ကောင်စီအစီစဉ်တွင် ပါဝင်လာမည့် နိုင်ငံရေးပါတီများအနေဖြင့် အချို့မှာ NLD အစိုးရ မအောင်မြင်ခဲ့သည့် လွှတ်တော်တွင်းမှ စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍကို အဆုံးသတ်ရန်လမ်းစဉ်ကို ပြန်လည်ကြိုးစားလာကြမည်ဖြစ်၍ စစ်တပ်အနေဖြင့် ၂၀၁၀-၂၀၁၂ ထက် ပိုမိုသော ဖိအားများ ရင်ဆိုင်ရမည်သာဖြစ်သည်။ 


အချုပ်အားဖြင့်ဆိုသော် လက်ရှိ စစ်ခေါင်းဆောင်များသည် ၎င်းတို့၏ စီနီယာများ ချမှတ်ထားခဲ့သည့် ၂၀၀၈ ခြေဥလမ်းစဉ်ကို ပိုမိုကောင်းမွန်အောင် NLD ကို အပြီးတိုင်ရှင်းလင်းကာ ရှေ့ဆက်ကြလိုခြင်းသာဖြစ်သည်။ သို့သော် စစ်ခေါင်းဆောင်များ ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်မီ ရှိခဲ့သည့် နိုင်ငံရေးအခွင့်ထူးများပါ အကြီးအကျယ် ဆုံးရှုံးသွားမည့်လမ်းအား အဆင်ခြင်မဲ့စွာ ရွေးမိလျက်သားဖြစ်သည်။ ထိုသို့ ၂၀၁၀ အိပ်မက် မဖြစ်နိုင်သည့်အတွက် အာဏာကို ဆက်လက် ထိန်းသိမ်းထားမည်ဆိုပါကလည်း ယခင် ခက်ခဲစွာရရှိထားသော တပ်မတော်ကို ပြည်သူလက်ခံလာမှု၊ အကျိုးစီးပွား စသည်တို့ အပြင်းအထန်ထိခိုက်မည့်အပြင်၊ ရိုဟင်ဂျာအရေးကဲ့သို့သော နိုင်ငံတကာဖိအားများနှင့် အပြင်းအထန်ရင်ဆိုင်ရမည်သာ ဖြစ်သည်။ ၂၀၁၀ အိပ်မက်ကို ရသည့်နည်းနှင့် အကောင်အထည်ဖော်ရန် ကြိုးစားပါကလည်း ပြည်သူအနည်းငယ်၏ ထောက်ခံမှုသာ ရနိုင်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခဲ့သူတို့အပါအဝင် အများပြည်သူကျေနပ်မှုမရှိဘဲ စစ်ကောင်စီက ရွေးကောက်ပွဲနောက်တစ်ခု ထပ်လုပ်ပါက တသက်စာ နိုင်ငံရေးနလံမထူတော့မည့်ပါတီများနှင့် ၂၀၁၀ အိပ်မက်ကို ရှေ့ဆက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ပေ။

မိုးဗြဲ PDF အဖွဲ့ အကြမ်းဖက်စစ်အုပ်စု ရဲစခမ်းနှင့် စစ်စခန်းများကိုသိမ်းယူ


 

အကြမ်းဖက်စစ်ကောင်စီ ရန်ကုန်မြို့လူနေအိမ်များကို လိုက်လန်ဖျက်စီး