Sunday, March 28, 2021

ကုလသမ္မဂရုံးများတွင် မြန်မာပြည်သေဆုံးသွားသူများအတွက် အလံ တစ်ဝက်သာလွှင့်ထူ။

 မည်သူကမျှ လုယူသိမ်းပိုက်၍မရသည့် လူ့အခွင့်အရေးများဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ကို ကျင့်သုံးရင်း ဖေဖော်ဝါရီလ တစ်ရက်နေ့မှစပြီး မြန်မာနိုင်ငံတွင်အသက်ဆုံးရှုံးခဲ့ရသူများကို အောက်မေ့သတိရ ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံးများ၌ ယနေ့တွင် ကုလသမဂ္ဂအလံကို တိုင်ဝက်သာလွှင့်ထူကြပါသည်။ 


********


To honour and remember those who have lost their lives in Myanmar since 1st February, while exercising their inalienable human rights to the freedom of speech and peaceful assembly, today the United Nations in Myanmar flies the UN flag at half-m


ast.

တော်လှန််‌ေရးးစပြီ၊ ကလေးမြို့တာဟန်းခံတပ်တိုက်ပွဲ


 စစ်််ခွေေဘီးလူး‌ေမာင်းထုပ်ပွဲး

စစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မူကြောင့် ဆရာဝန်နှစ်ဦးနှင့် သူနာပြုတစ်ဦးသေဆုံး

 


စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဆရာဝန် ၂ ဦးနှင့် သူနာပြု ၁ ဦးကျဆုံး
DVB
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့်  ကျဆုံးသွားခဲ့တဲ့ ပြည်သူတွေအထဲမှာ ဆရာဝန် ၂ ယောက်နဲ့ သူနာပြု  ၁ ယောက် ပါဝင်ပါတယ်။
မတ် ၂၇ ရက်  ဖက်ဆစ်တော်လှန်ရေးနေ့မှာ စစ်တပ်နဲ့ ရဲလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်း ဖက်ပစ်ခတ်မှုကြောင့် နိုင်ငံတဝန်း လူ ၁၀၀ ကျော်ကျဆုံးခဲ့ရတာဖြစ်ပြီး စစ်အာဏာသိမ်းမှု ၅၄ ရက်အကြာမှာ  အကျအဆုံး၊ အသေအပျောက်အများဆုံး နေ့တနေ့ ဖြစ်လာခဲ့တာပါ။
ဒီလို ကျဆုံးခဲ့ရတဲ့ ပြည်သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ၊ ကျောင်းသားလူငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် နိုင်ငံ့ဝန်ထမ်း ကျန်းမာရေးဝန်ထမ်း ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဘောလုံးအားကစားသမားတွေလည်း ပါဝင်နေပါတယ်။
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ဒေါက်တာ ဖြိုးသန့်ဝေဟာ မတ် ၂၇ ရက်က အ ကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် လည်ပင်းကျည်ထိမှန် ကျဆုံးခဲ့သလို ဒေါက်တာ သီဟတင်ထွန်းဟာလည်း မန္တလေးမြို့၊ ၄၂ လမ်းမှာ လက်မောင်းနဲ့ ဦးခေါင်းကို ပစ်ခတ်ခံ ရပြီး ကျဆုံးသွားတယ်လို့ သိရပါတယ်။ သူတို့ နှစ်ယောက်စလုံးဟာ မန္တလေးဆေးတက္ကသိုလ်မှ ကျောင်းသားဟောင်းတွေ ဖြစ်ပါတယ်။
ဒီကနေ့ မတ် ၂၈ ရက်နေ့မှာတော့ မုံရွာမြို့မှာ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သူနာပြုသင်တန်းကျောင်းမှ ဒုတိယနှစ်ကျောင်းသူ မသဉ္ဇာဟိန်း ဟာ ဦးခေါင်းကျည်ထိ ဒဏ်ရာနဲ့ ထပ်မံကျဆုံးသွားပါတယ်။

#DVB #ဆရာဝန် 
.

အိမ်ထဲတွင် အေးအေးချမ်းချမ်းနေသူများကို အကြမ်းဖက်စစ်အုပ်စုမြှ့ပြစ်ခတ်မူကြောင့် အဆိုတော်ထူးအယ်လင်း အမ သေနပ်ထိမှန်သေဆုံး


 Credit:BBC

Twenty year old nurse was killed

 Twenty-year-old nurse Thinzar Hein was killed, along with an as of yet unidentified man, on Sunday in Monywa by the regime’s armed forces. Thinzar Hein was working with a rescue team & was shot in the head while attending to other people who had been shot by the junta's troops. https://t.co/NjHwI9dVpM



Saturday, March 27, 2021

ဆိုင်ကယ်စီးလာသောသူအား အကြမ်းဖက်မြန်မာစစ်တပ်မှ့ အနီးကပ်ပြစ်


 

သာကေတ၊ရန်ကုန်။ ၂၈/၃/၂၀၂၁ (၁၂:၄၅ AM)


 

The world is calling them now the WORST MURDERERS on earth.

 Myanmar military (terrorist) is the worst murderers in the world!

❌❌❌❌❌❌❌❌❌❌❌❌


🪖ကလေး 🚸 တွေလဲ 👉သတ် ❌တယ်

They killed children. 

🪖ဗိုက်ကြီးသယ်🤰လဲ 👉သတ် ❌တယ်

They killed pregnant women 

🪖ကလေးမအေ 🤱 တွေလဲ 👉သတ် ❌တယ်

They killed mothers 

🪖ကျောင်းသား🧑‍🎓တွေလဲ 👉သတ် ❌တယ်

They killed students 

🪖ဘုန်းကြီးတွေလဲ 👉သတ် ❌တယ်

They killed monks 

🪖အမျိုးသမီး👭တွေလဲ 👉သတ် ❌တယ်

They killed women 

🪖အမျိုးသား 👬တွေလဲ 👉သတ် ❌တယ်

They killed men 

🪖ကျောင်း ဆရာ/ဆရာမ 🧑‍🏫တွေလဲ👉သတ် ❌တယ်

They killed Teachers 

🪖နိုင်ငံ့ ဝန်ထမ်း 👷🧑‍🔧🧑‍⚖️တွေလဲ👉သတ်❌ တယ်

They killed civil servants 

🪖ဆရာဝန်🧑‍⚕️တွေလဲ 👉သတ် ❌တယ်

They killed doctors 

🪖မီးသတ်🧑‍🚒 သမားတွေကိုလဲ 👉သတ် ❌တယ်

They killed firefighters 

🪖 လှုမှု့/ပရဟိသသမားတွေ🧑‍🚒ကိုလဲ👉❌သတ် တယ်

They killed volunteers 

🪖ပညာရှင်တွေကို 🧑‍🔬🧑‍🔬လဲ 👉သတ် ❌တယ်

They killed scholars of any fields

🪖မသန်စွမ်း 🧑‍🦯🧑‍🦼တွေကိုလဲ 👉သတ် ❌တယ်

They killed disables 

🪖နိုင်ငံ့ ခေါ်င်ဆောင်တွေကိုလဲ 👉သတ် ❌တယ်

They killed leaders of the country 

🪖စစ်သား အချင်းချင်းလဲ 👉သတ် ❌တယ်

They killed soldiers (who don’t follow orders)

🪖ရဲ ဝန်ထမ်းတွေ ကိုလဲ 👉သတ် ❌တယ်

They killed police (who don’t follow orders)


🪖နောက်ဆုံး တိရိစ္တာန် 🦮🐕‍🦺တွေပါသတ်❌တယ်

Last but not least, They even killed animals 


🚫ဘာသာရေးလဲ နားမလည်ဘူး🙅

They don’t understand religion 

🚫ပညာရေးလဲ နားမလည် ဘူး🙅

They don’t understand education 

🚫လူမှု့ရေး လဲ မသိဘူး🙅

They don’t understand socialism 


🖕🖕မအလ တွေကို ကမ္ဘာမှာ အဆိုးဆုံး လို့ သတ်မှတ်လိုက်ပီ 🤬

Min Aung Hlaing (& his followers) are the worst Murderers of the world. 


✖️ဖက်ဆစ်ဂျပန် ကမ္ဘာမှာ အဆိုးဆုံးလို့ ပြောတယ်။

🚫သူ့လူမျိုးကို သူမထိဘူး။

Japan soldiers were called “worst murderers” (during the world wars) but they didn’t kill their own Japanese people. 


✖️နာဇီ ဟစ်တလာ ကမ္ဘာမှာ အဆိုးဆုံးလို့

ပြောတယ် 

🚫သူ့လူမျိုးကို သူမထိဘူး။

Hitler was called the worst murderer but he didn’t kill his own race. 


🖕🪖မြန်မာ အာဏာသိမ်းစစ်တပ် ကိုယ့်လူမျိုး ကိုယ် သတ်တယ်။ ဇာတ်တူသားစားတယ်။ 

ယုတ်မာတယ် ။

Myanmar Junta forcefully practiced the dictatorship in Myanmar and killed own people. They’re the worst evils of all kinds. 


ယနေ့အချိန် 🌐ကမ္ဘာမှာ ပြောနေတာက 

ကမ္ဘာမှာ အဆိုးဆုံး... တဲ့...


The world is calling them now the WORST MURDERERS on earth. 


Translated. 

#credit

#မရှယ်နဲ့ ကူးတင်ပါ


Saturday, March 20, 2021

မန္တလေးမှ့ ၉ တန်းကျောင်းသားကို အကြမ်းဖက်စစ်အုပ်စုမှ့ ပစ်ခတ်သတ်ဖြတ်ပြီး အကြောင်းကြား အလောင်းပြန်မရ

 မန္တလေးမြို့မှာ အကြမ်းဖက်ဖမ်းဆီးခံရသူ ကိုးတန်းကျောင်းသားသေဆုံးကြောင်းသာကြားရပြီး အလောင်းပြန်မရ


မတ်လ၁၄ရက်နေ့က မန္တလေးမြို့၈၄လမ်းနဲ့၄၁လမ်းမှာ အာဏာသိမ်းစစ်တပ်ကအကြမ်းဖက်ပစ်ခတ်ပြီး ဖမ်းဆီးခံခဲ့ရသူ ကိုးတန်းကျောင်းသား(နဝမတန်း)မောင်မင်းမင်းဦးကို သေဆုံးသွားပြီး မိဘများကိုအကြောင်းမကြားပဲ စစ်တပ်ကသဂြိုလ်လိုက်တယ်လို့ သိရပါတယ်။

၁၄ရက်နေ့က မြတောင်သပိတ်စစ်ကြောင်းကို ဖြိုခွင်းဖို့ကြိုးစားခဲ့တဲ့ စစ်တပ်ဟာ ၈၄လမ်း၄၁လမ်းက နေအိမ်တွေကိုပါပစ်ခတ်ခဲ့ရာမှာ စစ်ကြောင်းကိုဝန်းရံဖို့သွားတဲ့ မောင်မင်းမင်းဦးကို ခြေထောက်သေနတ်မှန်ဒဏ်ရာနဲ့ စစ်တပ်က ဖမ်းခေါ်သွားတာပါ။

မိသားစုက တွေ့ဆုံဖို့ကြိုးစားခဲ့ပေမယ့် မနေ့က(မတ်လ၁၉ရက်နေ့)ကပဲ အမှတ်(၇)စခန်းမှူးဟာ မောင်မင်းမင်းဦးသေဆုံးကြောင်း ဓာတ်ပုံတစ်ပုံကိုသာပြပြီး အတည်ပြုပြောကြားခဲ့ကြောင်းနဲ့ အလောင်းကို ပိုင်ရှင်မဲ့သဂြိုလ်လိုက်တယ်လို့ ပြောလိုက်ကြောင်း သေဆုံးသူ၏ ဖခင်ဖြစ်သူကဆိုပါတယ်။

"သားပျောက်သွားကတည်းက ရဲစခန်းလည်း ကျွန်တော်အခေါက်ခေါက်အခါခါသွားပြီးမေးပါတယ်။အဲ့တာကိုမပြောဘူးဗျာ။မနေ့ကမှ ခင်ဗျားသားကို ပိုင်ရှင်မဲ့သဂြိုလ်လိုက်ပြီ။ခင်ဗျားသားက အရက်တွေဆေးလိပ်တွေသောက်လို့အဆုတ်မကောင်းတော့ပဲသေတာလို့ပြောတယ်။ကျွန်တော်သားဆယ်တန်းတက်မယ့်ကလေးပါဗျာ။သူတို့နှိပ်စက်ပြီးသတ်ပစ်လိုက်ကြပြီ"ဟု ဖခင်ဖြစ်သူကဆိုပါတယ်။

မောင်မင်းမင်းဦးကို ရုပ်အလောင်းပြန်မရရှိပေမယ့် မိသားစုကတော့ မနက်ဖြန်နံနက်၁၀နာရီမှာ သဂြိုလ်သွားမယ်လို့သိရပါတယ်။

.

Mizzima - News in Burmese 

.

ပြန်လည်မျှဝေပေးပါတယ်

လေးစားလျှက်

Martin Swe


20-03-2021

ခလေးသုံးဦးရဲ့မိခင်ကို ရက်စက်စွာသတ်ခဲ့ စစ်အကြမ်းဖက်အုပ်စု

 "ဒူး​ထောက်တောင်းပန်​နေတာကို ပစ်လိုက်တာပါ"


သားသမီး ၃ ဦး၏မိခင် ​ဒေါ်မာလာဝင်းပစ်သတ်ခံရမှုအ​ပေါ် ရက်ကွက်​နေပြည်သူ တစ်ဦးနှင့်ဆက်သွယ်​မေးမြန်းချက်


By သာလွန်​ဇောင်းထက်/ ရန်ကုန်​ခေတ်သစ်


မ​ကွေးတိုင်း၊ ပခုက္ကူမြို့အမှတ်(၁)ရပ်ကွက်တွင် မတ်လ ၁၉ ရက်​နေ့ ညပိုင်းက က​​လေး ၃ ဦး၏ မိခင်ဖြစ်သူ ​ဒေါ်မာလာဝင်းကို စစ်​ကောင်စီတပ်များက ပစ်ခတ်ဖမ်းဆီးသွားပြီး မတ်လ ၂၀ ရက်​နေ့ နံနက်ပိုင်းတွင် အ​လောင်းလာယူရန် အ​ကြောင်းကြားလာ​ကြောင်း ​ဒေါ်မာလာဝင်းအတွက် လိုက်ပါ ကူညီ​ဆောင်ရွက်​ပေး​နေသူများထံမှ သိရှိရသည်။


သေဆုံးသူ ​ဒေါ်မာလာဝင်း (ခ) မမျိုးလွင်သည် အသက် ၃၉ နှစ် ရှိပြီဖြစ်ပြီး အဖ ဦးတင်လှိုင်+ဒေါ်တင်လှတို့၏ သမီးဖြစ်သည်။


ကွယ်လွန်ချိန်တွင် ခင်ပွန်းဖြစ်သူဦးမြင့်ဆွေ(ခ)ကိုရင်၊ 

သမီးဖြစ်သူ မနန်းခင်ဝင်း ၁၇ နှစ်၊ မခင်လေးနွယ် ၁၅ နှစ်နှင့် သားဖြစ်သူ‌မောင်ရာဇာကို ၉ နှစ်တို့ကျန်ရစ်သည်။


ရပ်ကွက်​နေပြည်သူတစ်ဦးကို ​ရန်ကုန်ခေတ်သစ်သတင်းဌာနမှ သာလွန်​ဇောင်းထက်က ဆက်သွယ်​မေးမြန်းထားပါသည်။


​မေး။ ။ ​ဒေါ်မာလာဝင်း ​ဘယ်လို ပစ်သတ်ခံရတာလဲ။


​ဖြေ။ ။ မ​နေ့ညက ပခုက္ကူမြို့ ၉ ရက်ကွက်မှာ ညသပိတ်လုပ်တယ်။ အဲဒါ​ကို စစ်တပ်နဲ့ရဲက ပစ်ခတ်နှိမ်နင်း​တော့ ၉ ရပ်ကွက်က ပြည်သူ​တွေ အဖိမခံရ​အောင် ၁ ရပ်ကွက်က ပြည်သူ​တွေ ညသပိတ် လုပ်ကြတယ်။ 


အဲဒါ စစ်တပ်နဲ့ရဲက ည ၁၀ နာရီ​လောက်မှာ ၉ ရပ်ကွက်ကို ဖိ​နေရာက​နေ ၁ ရပ်ကွက်ကို လှည့်လာတယ်။ အားလုံးက ထွက်​ပြေးကြတယ်။ လမ်း​ပေါ်မှာ ကျန်တဲ့သူ အားလုံးကို စစ်တပ်က ပစ်တယ်။


အဲဒီမှာ ​ဒေါ်မလာဝင်းက အမျိုးသမီးဖြစ်​တော့ မ​ပြေးနိုင်ဘူး။ သူ့ကို မိသွားတယ်။ မိသွား​တော့ သူက ဒူး​ထောက် ထိုင်ချလိုက်ပြီး သူ့ကို ဘာမှမလုပ်ဖို့ ​တောင်းပန်တယ်။ ဒူး​ထောက်​တောင်းပန်​ပေမယ့် ​သေနတ်သံတစ်ချက်ထွက်လာတယ်။ သူ့အမျိုးသား ကိုမြင့်​ဆွေကလည်း သူ့မိန်းမကို ပစ်​နေပါပြီဆိုပြီး ​အော်တယ်။


​မေး။ ။ ဘယ်ကိုပစ်လိုက်တာလဲ။ 


​ဖြေ။ ။ မသိဘူး​​။ အ​​မှောင်ထဲမှာ ဆို​တော့။ ဒူး​ထောက်တောင်းပန်​ပေမယ့် ပစ်လိုက်တယ်။ သူနဲ့အတူ ရွာသားရွာသူ ၆ ဦးက​နေ ၈ ဦး​လောက်အထိ အဖမ်းခံရတယ်။ မနက်ကျ​တော့ အ​လောင်းလာထုတ်ဖို့​ပြောလာတယ်။


​မေး။ ။ ဘာဖြည့်​ပြောချင်လဲ။


​ဖြေ။ ။ အာဇာနည် ​ဒေါ်မာလာဝင်းမှာ သားသမီး ၃ ဦးကျန်ရစ်ပါတယ်။ နွမ်းပါးပါတယ်။ အားလုံးကူညီ​စေချင်ပါတယ်





Wednesday, March 17, 2021

Myanmar Buddhist group signals break with authorities after bloody crackdown

 (Reuters) - Myanmar's most powerful Buddhist monks' association called on the junta to end violence against protesters and accused an "armed minority" of torture and killing innocent civilians since last month's coup, media said on Wednesday. In its most forthright condemnation of the military's bloody crackdown on pro-democracy demonstrations, the government-appointed organisation also said in a draft statement its members intended to halt activities in an apparent protest. The State Sangha Maha Nayaka Committee planned to release a final statement after consulting the religious affairs minister on Thursday, the Myanmar Now news portal said, citing a monk who attended a meeting of the committee. ADVERTISEMENT Monks have a long history of activism in Myanmar and were at the forefront of a 2007 "Saffron Revolution" against military rule, an uprising which, though suppressed, helped usher in democratic reforms. Mahana members could not immediately be reached for comment but their reported stance would signal a significant rift between authorities and a group that usually works closely with the government. Myanmar has been in turmoil since the military ousted Aung San Suu Kyi's elected government on Feb. 1, detaining her and members of her party, drawing wide international condemnation. More than 180 protesters have been killed as security forces try to crush a wave of demonstrations, says activist group the Assistance Association for Political Prisoners. Security forces killed a man was at a demonstration in Yangon overnight, the victim's brother said. In the morning, protesters in one neighbourhood left rows of coconuts on a road, representing people, with a sign saying: "Give back our future!" While the security forces have focused on stamping out dissent in the main city of Yangon, small demonstrations erupt elsewhere. ADVERTISEMENT Several hundred people gathered with protest signs in Demoso in the east, Pathein in the Irrawaddy river delta and Dawei in the south on Wednesday, pictures on social media showed. Residents of the second city of Mandalay and the central town of Monywa also reported protests. A total mobile internet shutdown made it difficult for protesters to communicate and to verify information. Very few people in Myanmar have access to Wi-Fi. "We have to use old ways to communicate," Chit Chit Win, a member of a women's protest group, told Reuters from Dawei. "We use a guerrilla protest system. We tell people to disperse if security forces come...We're avoiding confrontation, but doing what we can." A junta spokesman did not answer telephone calls seeking comment.


Saturday, March 13, 2021

မန္တလေးဆန္ဒပြဖွဲခွဲခံရ ၁၃/၃/၂၀၂၁



 မန္တလေးဆန္ဒပြမှု ဖြိုခွဲခံရ၊ ၈ ဦးထက်မနည်း သေဆုံး


စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မြန်မာနိုင်ငံအနှံ့ ဆက်ဖြစ်ပွားနေရာမှာ မန္တလေးမှာ သပိတ်ပေါင်းစုံ ထိုင်သပိတ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီကနေ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် ၈ ဦးထက်မနည်း သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် ပေးပို့ထားတာကို ကိုသားညွန့်ဦး ပြောပြပါမယ်။


မန္တလေးမှာ ဒီကနေ့ သေဆုံးတဲ့ စာရင်းတွေနဲ့ ပတ်သက်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေး လုပ်ပေးသူတဦးက ဗွီအိုအေကို အခုလို အတည်ပြုပါတယ်။


“၈ ဦးက ကျေနာ်တို့ပို့တာချည်းပဲ ၅ ဦး။ တခြား ပရဟိတအသင်းတွေကလည်း ပို့တာ အကြောင်းကြားတာတွေ ရှိတယ်။ ဒီအတိုင်း ၈ ဦးဆိုပြီး အတည်ပြုထားတာ။ ကျနော်တို့မသိတဲ့ ဖြစ်စဉ်တွေ တချို့နေရာတွေမှာ ဖြစ်သွားတဲ့ဟာတွေက သတင်းတွေ ပျောက်နေတယ်လေ။ အဲ့ဟာတွေက လူနာတောင် ဘယ်တွေရောက်နေမှန်း မသိဘူး။ တချို့ဆို ဘယ်တွေပါသွားမှန်းတောင် မသိဘူး။”


မန္တလေးမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ ကယ်ဆယ်ရေး အရေးပေါ်ဆေးအဖွဲ့က လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းကို အတည်ပြုခဲ့တာပါ။ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်မြင်ကွင်းမှာတော့ သေဆုံးသူတဦးရဲ့ ရုပ်အလောင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သယ်ဆောင်သွားတာကိုလည်း တွေ့ရသလို သေဆုံးသူ တင်ဆောင်ထားတဲ့ ပရဟိတ ကားတစီးကိုလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မောင်းနှင်ယူဆောင်သွားပါသေးတယ်။ ဒါကြောင့် သေဆုံးသူစာရင်းတွေ ထပ်တိုးနိုင်ပါသေးတယ်။


SEE ALSO: နိုင်ငံတဝန်း ဆန္ဒပြပွဲများ အကြမ်းဖက်ဖြိုခွဲခံရ၊ လူ ၁၁ ဦးထက်မနည်းသေဆုံး

မန္တလေးမြို့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ်ပေါင်းစုံ ထိုင်သပိတ် ပြုလုပ်နေချိန်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မျက်မြင်တွေ့ရှိသူတဦးကလည်း ဗွီအိုအေကို အခုလိုပြောပါတယ်။


“၄၁ စိန်ပန်းလမ်းထောင့် အဲ့မှာ အထိုင်သပိတ်လုပ်တာ။ အဲ့မှာ ထိုင်သပိတ်လုပ်ရင်း ဟောပြောပွဲတွေလုပ်ကြ၊ ဆန္ဒတွေပြကြတော့ ကျနော်တို့ ၄၁ ထိပ်ကနေ ပိတ်တယ်။ စိန်ပန်းလမ်းမကနေ တက်လာတယ်။ ၄၁ အနောက်ထိပ် ညဈေးခေါ်မှာပေါ့ အဲ့ကနေစပြီးတော့ သူတို့ဖြိုခွဲတာပေါ့။ ပစ်ခတ်တာကတော့ မျက်ရည်ယိုဗုံးတွေ ခွဲတယ်၊ အသံဗုံးတွေ ခွဲတယ်၊ ကျည်အစစ်တွေနဲ့ ပစ်တယ်။ အဲ့မှာ တယောက်က လိုင်းပေါ်မှာလည်း တွေ့မှာပါ ခေါင်းပွင့်သွားတယ်ပြောတယ်။ ကျနော်တို့ အနောက်ဘက်လမ်းက ကောင်မလေးတယောက်ဆိုရင် အိမ်ထဲမှာပဲ နေတာ။ အနောက်ထိပ်ကနေ လှမ်းပစ်လိုက်တာ ဗိုက်ကို ရှပ်မှန်တယ်လို့ ကြားတယ်။”


အခု မတ်လ ၇ ရက်နေ့ကလည်း သပိတ်ပေါင်းစုံ ငြိမ်းချမ်းစွာ စုဝေးပြီး ထိုင်သပိတ် ပြုလုပ်နေတာကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့တာကြောင့် လူ ၃၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ မန္တလေးမှာ စစ်အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ စတင်တဲ့ အချိန်ကစလို့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတာကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၂၀ ဦးထက်မနည်းရှိပြီး ဒီကနေ့ သေဆုံးတာကတော့ အများဆုံးသေဆုံးတာ ဖြစ်ပါတယ်။


အကြမ်းဖက် ဖြိုခွင်းပစ်ခတ် ဖမ်းဆီးတာတွေ ရှိနေပေမယ့် မြို့အနှံ့ နေရာတော်တော်များများမှာ ဆန္ဒပြမှုတွေ ဆက်ရှိခဲ့သလို ညဘက်မှလည်း ဖယောင်းတိုင်မီးတွေ ထွန်းပြီး ညသပိတ် ပြုလုပ်နေကြပါတယ်။

Monday, March 8, 2021

One voice can make a difference.


 

မအလ တွေငတ်နေတာတော့ သေချာတယ်။


 

Burmese Military coup detained to minor kids and innocent citizens with violation in human rights.

 ကလေးတွေကိုပါ အကြမ်းဖက်ဖမ်းတာပါ


ရေကျော်၁၆ယောက်ပါသွား

Orientဆိုင်ထဲကဝန်ထမ်းကောင်မလေးတွေရော

ထိုင်သောက်နေသူဆိုင်ပိုင်ရှင်အကုန်ဖမ်းသွား

ဆိုင်ကပစ္စည်းတွေပါယူသွား

သူ့ဖာသာရပ်နေတဲ့ခလေးတွေကော

အကုန်ဖမ်းတယ်။ 

၈-၃-၂၁


Burmese Military coup detained to minor kids and innocent citizens with violation in human rights.





မြစ်ကြီးနား 8/3/2021

 မြစ်ကြီးနားမှာ အထိနာနေပြီး။ သေချာတာကတော့ တစ်ယောက် က တော့ ဗိုက်ကိုထိပြီး ထုတ်ချင်းပေါက်သွားတာပါ။ တိုက် အမြင့်ပေါ်ကနေပစ်လိုက်တာပါ။


နောက်ဆက်တွဲ နှစ်ယောက် ခေါင်း



ပွင့်ထွက်။


မြစ်ကြီးနား 


https://www.facebook.com/693251920848463/posts/1771255153048129/

Sunday, March 7, 2021

မင်္ဂလာတောင်ညွှန့် ၁၀၈ လမ်း၌ စစ်တပ်အိမ်အား မှားယွင်းပစ်ခတ်


 

ပေါင်ကိုသေနပ်မှန်ပေမဲ့ ဦးခေါာင်းကို အသေရိုက်သတ်ခဲ့တဲ့စစ်ခွေးများ

 ပေါင်ကိုသေနတ်မှန်တာ ခေါင်းကိုအသေရိုက်သတ်လိုက်ကြတယ် စစ်ခွေးတွေ

တကယ်အရမ်းစိတ်မကောင်းဘူး RIP 😭😓😭

သေတာတောင် ပိုင်ရှင်မဲ့ အလောင်းအနေနဲ့ 

မြောက်ဥက္ကလာပ ဆေးရုံမှာ ရှိနေခဲ့တာ၊ 


အမည် - Mang Suan Khai (ခ) ဝေယံမောင်မောင် 

အသက် - 27 နှစ် (ချင်း၊ခရစ်ယာန်) 

ဖခင် - ဦးမောင်မောင်

မိခင် - ဒေါ် နဲလ်ခန့်ကျိန်


ဖြစ်စဉ်ကတော့ဒီလိုပါ

နွေဦးတော်လှန်ရေးအတွက် 3.3.2021 ၌

မြောက်ဥက္ကလာပ အဝိုင်းတွင် သူ့ပေါင်မှာ

သေနပ်ထိမှန်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး

သူ့အကိုကိုဖုန်းဆက်တုန်းက သူပြောတယ်၊

အကိုရေ ကျွန်နော့် ပေါင်ကိုသေနပ်မှန်သွားပြီ၊  

ခုကားနှင့်ခေါ်သွားကြတယ်၊ ဒီလောက်ဘဲ...

အာ့လို ဖုန်းပြောပြီးတော့မိသားစုဝင်တွေက 

လိုက်စုံစမ်းတယ်၊ အင်းစိန်ထောင်မှာလဲမတွေ့ဘူး၊ 

ဘယ်မှာမှ ရှာမတွေ့ဘူး၊ ဒီနေ့ 6.3.2021 မှာ

မဥက္ကလာပဆေးရုံမှာ ပိုင်ရှင်မဲ့အလောင်းဆိုလို့သွားကြည့်တော့ သူဖြစ်နေတာ 😭😓၊ မိဘတွေ ရင်ကွဲရပြီပေါ့၊ သူပြောတုန်းက ပေါင်မှာ သေနပ်မှန်တာ၊ ခု အလောင်းက ဦးခေါင်းမှာ ဒဏ်ရာတွေနဲ့၊ အရိုက်ခံရတဲ့ သဘောရှိတယ်။


မိသားစု က အိမ်ငှားဖြင့် ခက်ခဲနေသူမို့ ဝိုင်းဝန် ကူညီပေးကြပါရန် မေတ္တာ ရပ်ခံအပ်၏။ 🙏


ဒီသတင်း ကို သေဆုံးသူနှင့် ရင်းနှီးသိကျွမ်းသူ

ကျွန်တော့် မိတ်ဆွေ Rebecca Lunbawi ထံမှ ရရှိထားပါသည်။


ထပ်ဖြည့်စွပ်ချက်။ ဒီမနက် 7.3.2021 ၌ မိဘတွေ 

မြောက်ဥက္ကလာပဆေးရုံ ရင်ခွဲရုံသို့ သွားရောက်ပြီး ရုပ်ကလပ် သွားထုတ်သော်လည်း တွေ့ခွင့်တောင်

မရရှာဘူး။ အလွန် ကြေကွဲရပါတယ် 😭😭


ဆက်သွယ်ရန်

အမှတ် 1169၊ ဗိုလိပျိုလမ်း၊ ၄ ရပ်ကွက်၊ 

အရှေ့ဒဂုံ

ဖုန်း၊ 09756107110၊ 

09763825760


ဝိုင်းဝန်း ကူညီပေးကြပါအုံး။ 



Thanks!

God bless you all! 


Crd #Jc