Saturday, February 14, 2026
Saturday, December 20, 2025
Sunday, August 11, 2024
သတင်းအမှား စစ်ကောင်စီဝါဒဖြန့်
ကွတ်ခိုင် ဗုံးကြဲခံရမှုကို TNLA ဆက်ဆံရေးရုံးကို ဗုံးကြဲခဲ့ခြင်းဟု လော်ဘီများ သတင်းမှားဖြန့်
JC
မဇ္ဈိမ။ ။ တအာင်းအမျိုသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး လော်ဘီတွေက TNLA ဆက်ဆံရေးရုံးယာယီဌာနချုပ်ကို ဗုံးကြဲခဲ့တယ်လို့ ဝါဒဖြန့်ထားကြပါတယ်။
စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိတဲ့ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်ကနေ ဩဂုတ်လ ၇ ရက်နေ့မှာ “ကွတ်ခိုင်မှာရှိတဲ့ အကြမ်းဖက် ပလောင်ခွေးမိစ္ဆာ TNLA ရဲ့ ဆက်ဆံရေးရုံးယာယီဌာနချုပ်အား တပ်မတော်မှ ဗုံးကြဲရှင်းလင်း” ဆိုပြီး ရုပ်သံဖိုင်တခုနဲ့အတူ ဖြန့်ဝေထားပါတယ်။ ဒါ့အပြင် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ့်စန် နဲ့ မန်တုံ ဒေသတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ လှုံ့ဆော်ထားတာကိုပါ တွေ့ရပါတယ်။
ဒီဖိုင်ဟာ ကြည့်ရှုသူ ငါးသောင်းကျော်ရှိနေတဲ့အပြင် တယ်လီဂရမ်ချန်နယ်နဲ့ ဂရု ၃၅ ခု အပါအဝင် ဖေ့ဘုတ်မှာလည်း ပျံ့နှံ့နေတာပါ။
မဇ္ဈိမကနေ ဒီအကြောင်းကို အချက်အလက်စစ်ဆေးခဲ့ရာမှာ ကွတ်ခိုင်လေကြောင်းတိုက်ခိုက်ခံရမှုမှာ TNLA ရဲ့ ဆက်ဆံရေးရုံးမဟုတ်ဘဲ အရပ်သားတွေနေထိုင်ရာ နေရာနဲ့ ဈေးဖြစ်နေတာကို တွေ့ရပါတယ်။
ဩဂုတ်လ ၅ ရက်နေ့မှာ စစ်ကောင်စီက TNLA ထိန်းချုပ်ရာ ကွတ်ခိုင်မြို့ကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီနေ့မှာ မဇ္ဈိမက ရရှိထားတဲ့ ရုပ်သံဖိုင်အချက်အလက်တွေအရ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လမ်းမှာ သွားလာနေတဲ့ အရပ်သားအချို့ သေဆုံးနေတာကို တွေ့ရှိရပါတယ်။
PSLF/TNLA ကလည်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့၊ ရပ်ကွက် (၅) နဲ့ (၈) မှာရှိတဲ့ အရပ်သား ခြောက်ယောက်သေဆုံးခဲ့ရပြီး ကွတ်ခိုင်မြို့မဈေးလည်း မီးလောင်ခဲ့ရတာကြောင့် ဆိုင်ခန်းပေါင်း ၄၀၁ ခု မီးလောင်ပျက်ဆီးခဲ့ကာ အရပ်သား နေအိမ် ၁၀ လုံးထက်မနည်း ပျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ လင့် https://t.me/taangtv2023/3251
မဇ္ဈိမအပါအဝင် လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းဌာနတွေမှာလည်း ကွတ်ခိုင်မြို့ ဗုံးကြဲခံရတဲ့အကြောင်းကို သတင်းဖော်ပြထားကြပေမယ့် TNLA ဆက်ဆံရေးရုံးမဟုတ်ဘဲ မြို့မဈေးပျက်စီးသွားပြီး သေဆုံးသူတွေက အရပ်သားတွေဖြစ်တဲ့အကြောင်း သတင်းဖော်ပြထားကြပါတယ်။ လင့် - t.ly/0aTuJ , လင့် - t.ly/RyT5x
Myanmar Now ရဲ့သတင်းဖော်ပြမှုမှာတော့ ကွတ်ခိုင်အခြေစိုက် ပရဟိတအသင်း တာဝန်ခံအမျိုးသားတစ်ဦးကို မေးမြန်းထားပြီး '“ဈေးထောင့်မှာ ၁ လုံး ကျတယ်။ ပြီးတော့ အဲဒီနားက ပြည်ထောင်စုလမ်းမပေါ်မှာ ၁ လုံး၊ နောက်ပြီးတော့ ဈေးထဲမှာ ၂ လုံး ကျတယ်” ဟု အထက်ပါ တာဝန်ခံ အမျိုးသားက ပြောသည်။' လို့ သတင်းဖော်ပြထားပါတယ်။ လင့် - t.ly/SN-Jb
ဒါ့အပြင် ဩဂုတ်လ ၇ ရက်နေ့မှာလည်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်လုပ်ခဲ့တာကြောင့် အဆောက်အဦး တချို့ ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိခိုက်သေဆုံးမှု မရှိဘူးလို့ TNLA က ထုတ်ပြန်ထားပါတယ်။ ၇ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကို ဖော်ပြထားတဲ့ ပုံတွေထဲမှာတော့ ဓမ္မာရုံလို ဘာသာရေးအဆောက်အအုံပုံစံနဲ့ တူတဲ့ အဆောက်အအုံတွေ ဗုံးဒဏ်ကြောင့် ထိခိုက်ပျက်စီးနေတာကို တွေ့ရပါတယ်။ လင့် https://t.me/taangtv2023/3261
သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက်စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးစေချင်တဲ့အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။
ဒါကြောင့် ကွတ်ခိုင်မြို့ ဗုံးကြဲတိုက်ခိုက်မှုမှာ TNLA ဆက်ဆံရေးရုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတာ စစ်ကောင်စီတပ်လော်ဘီတွေက သတင်းမှားဖြန့်ဝေနေကြတာဖြစ်ပြီး TNLA ထိန်းချုပ်ရာ မြို့တွေက အရပ်သားတွေနေထိုင်ရာဒေသတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။
#Misinformation_Buster
#Fake_News
#TNLA
#ကွတ်ခိုင်
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
Sunday, August 4, 2024
ဗိုလ်မူးကြီး အောင်ကျော်မိုး ကို့ကိုယ် သေကြောင်းကြံသွားသည်၊၊
လားရှိုးသို့ စစ်ကူလာသော စကခ ၁၂ စစ်ကြောင်းမှ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး မသေဆုံးမီ ဒုစစ်ခေါင်းဆောင်စိုးဝင်းနှင့် စစ်ရုံးက အတင်းအကျပ် ဖိအားပေးခဲ့သဖြင့် မိမိကိုယ် မိမိအဆုံးစီရင် သွားခြင်းဖြစ်ကြောင်း သိရပါတယ်။
Thursday, March 14, 2024
Wednesday, February 21, 2024
စစ်တွေကို AA စတင်တိုက်ခိုက်နေပြီ
စစ်တွေ ဒကစနှင့် လေးမိုင်သာကွာဝေးသည့် စစ်ကောင်စီတပ်ရင်းကို AAထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွား
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ရက်
ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေနှင့်လေးမိုင်သာကွာသည့် စစ်ကောင်စီ၏ ခလရ ၂၃၂ကို ရက္ခိုင့်တပ်တော် (AA)ကထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၁ရက် မနက်အစောပိုင်းအချိန်က စစ်တွေမြို့၊ ပါဒလိတ်ရွာအစွန်ရှိ စစ်ကောင်စီ၏ ခလရ ၂၃၂ တပ်ရင်းကို AAက ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ယနေ့ဖေဖော်ဝါရီ ၂၂ရက်မနက်ပိုင်းအထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
"မနေ့က မနက်ပိုင်းကစပြီး လက်နက်ကြီးသံတွေကြားရတယ်။ ပါဒလိတ်ရွာအစွန်မှာ တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ မြို့ထဲလည်း အကုန်လှုပ်လှုပ်ရွရွဖြစ်ကုန်ပြီ။ စစ်တွေကိုတော့ စစ်ကရောက်လာပြီပေါ့" ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့်ပါဒလိတ်ကျေးရွာတွင် ခြေမြန်တပ်ရင်း ၂ရင်း၊ ပညာရေးကျောင်း တစ်ကျောင်းနှင့် စစ်တွေ ဒကစ၏ ပင်မလက်နက်တိုက် CODတို့ရှိပြီး လက်နက်ခဲယမ်းများကို ဇန်နဝါရီလ အစောပိုင်းကတည်းက လွှတ်တော်ထဲသို့ ရွှေ့ပြောင်းထားကြောင်း သိရသည်။
ခလရ (၂၃၂)ထဲတွင်(၁၂၀)မမ အမြှောက်နှစ်လက်တပ်ဆင်ထားပြီး ယမန်နေ့က တိုက်ပွဲဖြစ်ပွားစဉ်တွင် AAဘက်ကလည်း ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ခလရ(၂၃၂)တပ်ရင်းအတွင်း ပစ်ခတ်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခလရ(၂၃၂) ကို ပါရမီရင်းစုအဖြစ် စုဖွဲ့ထားပြီး ရင်းစုမှူးကို ကျားမသောက်ရွာရှိ BE တပ်ရင်းက ကွပ်ကဲလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ရက်နေ့က ရက္ခိုင့်တပ်တော် AAက စစ်တွေ ဒကစတစ်ခုလုံး လက်နက်ချ အညံ့ခံကြရန်နှင့် အညံ့မခံပါက ဝင်ရောက်တိုက်ခိုက်မည်ဖြစ်ပြီး အညံ့ခံပါက ပြောင်းရွှေ့ရန်အတွက် ယခုဖေဖော်ဝါရီအထိ အချိန်ပေးမည်ဖြစ်ကြောင်း စာပို့ထားပြီး စစ်ကောင်စီက လက်နက်မချသည့်အတွက် စစ်တွေမြို့၊ ပါဒလိတ်ကျေးရွာကို စတင် ဝင်ရောက် တိုက်ခိုက်လာခြင်းဖြစ်သည်။
စစ်ကောင်စီကလည်း မြို့တော်စစ်တွေကို အမျိုးမျိုးသော စီမံချက်များဆွဲ၍ စစ်ရေးပြင်ဆင်ထားပြီး ယခုနောက်ဆုံး ရမ္မာဝတီ ရမ်းဗြဲနှင့် စစ်တွေကို မကျစေရေးစီမံချက်အရ မြို့အတွင်း ကင်းစခန်းကအစ သဲအိတ်ဘန်ကာများထူထပ်အောင်ကာပြီး ကတုတ်ကျင်းများ နက်နက်တူးကာ ရဲမေများကိုပါ သေနတ်ပစ် သင်ကြားပြီး အသေခံကာကွယ်ကြရန် ညွှန်ကြားထားကြောင်း သိရသည်။
ထို့အပြင် စစ်တွေမြို့အတွင်းရှိ အရပ်ဘက်ဆိုင်ရာ ဝန်ကြီးများ အရာရှိများသည်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ပထမပတ်အတွင်းကပင် ရန်ကုန်နှင့်နေပြည်တော်သို့ ပြောင်းရွှေ့သွားကြပြီး စစ်ကောင်စီအရာရှိများ၏ အိမ်စီးကားများနှင့် ဌာနဆိုင်ရာမှကားများကိုလည်း ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြသည်။
စစ်တွေမြို့အတွင်းသို့ ရက္ခိုင့်တပ်တော် AAဝင်ရောက်မလာနိုင်စေရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ရက်ကလည်း ပုဏ္ဏားကျွန်း -စစ်တွေဆက်သွယ်ထားသည့် မင်းချောင်းတံတားကို စစ်ကောင်စီက မိုင်းခွဲ၍ ချိုးချခဲ့ကြောင်း သိရသည်။
#စစ်တွေမြို့ #ပါဒလိတ်ကျေးရွာ #စစ်ကောင်စီ #ခလရ၂၃၂ #AA #Ayeyarwaddy_Times
၂၀၂၄ ဖေဖေါ်ဝါရီလ ၂၁ရက် ကရင်နီပြည်၊ ရှားတောမြို့အဝင် စေတီကုန်းစစ်ခွေးစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်.. အရှင်မိစစ်ခွေးများ၏ လက်နက်ချအညံ့ခံသည့် ဗီဒီယိုရုပ်သံဖိုင်ကို ရှုစားနိုင်ပါသည်။ https://t.me/AATruthNews/5593
၂၀၂၄ ဖေဖေါ်ဝါရီလ ၂၁ရက်
ကရင်နီပြည်၊ ရှားတောမြို့အဝင်
စေတီကုန်းစစ်ခွေးစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်.. အရှင်မိစစ်ခွေးများ၏ လက်နက်ချအညံ့ခံသည့်
ဗီဒီယိုရုပ်သံဖိုင်ကို ရှုစားနိုင်ပါသည်။
https://t.me/AATruthNews/5593
Friday, February 16, 2024
အင်းစိန်ထောင်ပို့လိုက်ပြီဖြစ်သော လက်နက်ချအညံခံဗိုလ်ချုပ်များ
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ထံ လက်နက်ချအညံ့ခဲ့ကြသည့် ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ဗိုလ်မှူးချုပ်အောင်ဇော်လင်းနှင့် ဗိုလ်မှူးကြီးသိန်းအောင်စိုးတို့ကို စစ်ခုံရုံးဖြင့် သေဒဏ်ချပြီးနောက် နာမည်ကျော် အင်းစိန်ထောင်ပို့လိုက်သည်။
စထွန်းအောင်February 16, 2024
Thursday, February 15, 2024
RANGOON 8888BURMA : AA (Rakhine Army) saved Myanmar Military Junta troops
RANGOON 8888BURMA : AA (Rakhine Army) saved Myanmar Military Junta troops: Drowning regime solidiers rescued by AA A video surfaced online on Thursday ay morning showing members of the Arakan Army pulling junta t...
AA (Rakhine Army) saved Myanmar Military Junta troops
Drowning regime solidiers rescued by AA
A video surfaced online on Thursday ay morning showing members of the Arakan Army pulling junta troops from a river in Rakhine State.
In the undated video, four men in a boat one of them carrying a rifle routinely used by the AA _ can be seen responding to calls of help from six regime soldiers.
It is believed that the incident occurred sometime in the pass week. The AA sank a total of five military boasts _three in Kyautaw Township and two in Minbya Township _between February 7 and 13. It was unclear where the video, which was first shared by a social media user who has been regularly posting news about the ongoing conflict in Rakhine State, was filmed.
Monday, February 12, 2024
စစ်ခွေးတွေကိုအမြစ်ပြတ်ချေမှူန်းကြ
‼️စစ်ကောင်စီကို အပြီးသတ်ချေမှုန်းတိုက်ခိုက်ရန် သင့်အား အလိုရှိသည် ‼️
စစ်ကောင်စီကတော့ သန်းရွှေခေတ်က ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်အသက်သွင်းလိုက်ပြီဗျို့။ ဥပဒေကို ဖတ်ကြည့်တော့လည်း အမျိုးသားဆို ၁၈-၃၅၊ အမျိုးသမီးဆို ၁၈-၂၇၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကြောင်းနေသူဆိုရင် အမျိုးသားဆို ၁၈-၄၅၊ အမျိုးသမီးဆို ၁၈-၃၅ အရွယ်တွေက မဖြစ်မနေ ၂၄ လ အနည်းဆုံးစစ်မှုထမ်းရမတဲ့။ သာသနာ့ဝန်ထမ်း၊ အိမ်ထောင်သည်အမျိုးသမီး၊ ကိုယ်လက်အင်္ဂါမသန်စွမ်းရင်တော့ ကင်းလွှတ်ခွင့်ရမယ်။ အိမ်ထောင်ရှိ အမျိုးသမီးတွေပဲ ကင်းလွှတ်ခွင့်ရမှာဖြစ်ပြီး အမျိုးသားတွေ မပါပါဘူး။ မထမ်းချင်ရင်လည်း ပြစ်မှုနဲ့ ပြစ်ဒဏ်အပိုင်းကို ကြည့်လိုက်တော့ အနည်းဆုံး ထောင်ဒဏ်က ၃ နှစ်ပဲ။
ဒီလိုစစ်မှုထမ်းဥပဒေကို ပြန်အသက်သွင်းတာကို ကြည့်မယ်ဆိုရင်
1. စစ်ကောင်စီက သူ့ရဲ့ ပေါ်တာဆွဲလုပ်ရပ်တွေကို တရားဝင်လုပ်ချင်ပုံပေါ်တယ်။
2. ထပ်ပြီးလည်း ပေါ်တာတွေ ဆွဲလိမ့်ဦးမယ်။
3. အရေးအကြီးဆုံးက သူအင်အားနည်းနေပြီ။ အာဏာရှင်တစ်စုအတွက် အသ-က်ေ-သပေးဖို့ ပြည်သူတွေကို အသုံးချချင်နေပြီ။
ကဲ.. မိတ်ဆွေတို့။ လူတစ်စုရဲ့ အာဏာတည်မြဲဖို့အတွက်နဲ့ ဘာကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ ထောက်တိုင်အဖြစ်ခံမလဲ။ အဲ့ဒီအစား ဒီဖက်ဆစ်စစ်တပ်ကြီးကို အမြစ်ဖြတ်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါ။ အသစ်ဖွဲ့မယ့် KNDF ရဲ့ ဗျူဟာ-၇ မှာပါဝင်ပါ။ ဒီလို အကြံပက်စက်ယုတ်မာတဲ့ အာဏာရှင်လက်ကိုင်တုတ်အဖြစ်မခံဘဲ အာဏာရှင်ကို အတူတွန်းလှန်ရအောင်ပါ။
KNDF ဗျူဟာအမှတ် ၇ မှာပါဝင်ချင်တယ်ဆိုရင် စည်းရိုး page ကို ဆက်သွယ်နိုင်ပါတယ်။
Friday, February 9, 2024
Tuesday, February 6, 2024
Subscribe to:
Posts (Atom)




