Saturday, February 11, 2023

က်ိဳက္ထိုတြင္းပုန္းဝတ္စစ္သားမ်ားအျပစ္ခံရ

[Unicode]ကျိုက်ထိုမှာ ကင်းပုန်းဝပ်နေတဲ့စစ်သားတွေ ပစ်ခတ်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် ၄ ဦး သေ ============= ဖေဖော်ဝါရီ ၁၁ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ကင်းပုန်းဝပ်နေတဲ့အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားကြောင်း သိရပါတယ်။ ဒီနေ့မနက် ၇ နာရီ ၂၅ မိနစ်လောက်က ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ခလွန်စုမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံး သွားသူတွေဟာ ခမရ ၂၀၇ တပ် ကဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်တွေဆီကနေ သိရတယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ KIT ကဖော်ပြပါတယ်။ “ကျနော်တို့ သိတာကတော့ စစ်သားတွေ ကင်းပုန်းဝပ်ဖို့လာတဲ့အချိန်မှာ PDF နဲ့ တိုးပြီး PDF တွေက လက်ဦးပြီး ပစ်တာ စစ်သားတွေ ခံလိုက်ရတာ။ သေတဲ့အထဲ ဗိုလ်ပါ၊ မပါတော့ မသိဘူး။ ပါရင်တော့ ပိုဝမ်းသာရတာပေါ့” လို့ အင်္ဂဘိုကျေးရွာနဲ့ နီးစပ်တဲ့ကျိုက်ထိုမြို့သားကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားပြီနောက် အကြမ်းဖက်စစ်တပ်ဘက်က လက်နက်ကြီးတွေ အဆက်မပြတ် ရမ်းသန်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း KIT က ဆိုပါတယ်။ သထုံခရိုင်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်အတွင်း စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့အကြား နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်နေတဲ့ အတွက် ပြည်သူတွေအနေနဲ့ ဂရုတစိုက် ခရီးသွားလာကြဖို့ KIT က ထုတ်ပြန်ထားပါတယ်။ ~~~~ ကိုငြိမ်း #ငွေမောင်းသံ မီဒီယာ [Zawgyi]က်ိဳက္ထိုမွာ ကင္းပုန္းဝပ္ေနတဲ့စစ္သားေတြ ပစ္ခတ္ခံရၿပီး ဗိုလ္တစ္ဦးအပါအဝင္ ၄ ဦး ေသ ============= ေဖေဖာ္ဝါရီ ၁၁ မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႔နယ္အတြင္း ကင္းပုန္းဝပ္ေနတဲ့အၾကမ္းဖက္စစ္တပ္ကို ျပည္သူ႔ကာကြယ္ေရးပူးေပါင္းအဖြဲ႔က သြားေရာက္တိုက္ခိုက္ခဲ့ရာ ဗိုလ္တစ္ဦးအပါအဝင္ စစ္သား ၄ ဦးေသဆံုးၿပီး ၃ ဦး ဒဏ္ရာရသြားေၾကာင္း သိရပါတယ္။ ဒီေန့မနက္ ၇ နာရီ ၂၅ မိနစ္ေလာက္က က်ိဳက္ထိုၿမိဳ႔နယ္၊ အဂၤဘိုေက်းရြာ၊ ခလြန္စုမွာ ကင္းပုန္းဝပ္ေနတဲ့ စစ္သားေတြကို ျပည္သူ႔ကာကြယ္ေရးပူးေပါင္းအဖြဲ႔က သြားေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ေသဆံုး သြားသူေတြဟာ ခမရ ၂၀၇ တပ္ ကျဖစ္ေၾကာင္း တပ္တြင္းသတင္းရင္းျမစ္ေတြဆီကေန သိရတယ္လို႔ ေဒသတြင္း ေနြဦးေတာ္လွန္ေရးစာမ်က္ႏွာ KIT ကေဖာ္ျပပါတယ္။ “က်ေနာ္တို႔ သိတာကေတာ့ စစ္သားေတြ ကင္းပုန္းဝပ္ဖို႔လာတဲ့အခ်ိန္မွာ PDF နဲ႔ တိုးၿပီး PDF ေတြက လက္ဦးၿပီး ပစ္တာ စစ္သားေတြ ခံလိုက္ရတာ။ ေသတဲ့အထဲ ဗိုလ္ပါ၊ မပါေတာ့ မသိဘူး။ ပါရင္ေတာ့ ပိုဝမ္းသာရတာေပါ့” လို႔ အဂၤဘိုေက်းရြာနဲ႔ နီးစပ္တဲ့က်ိဳက္ထိုၿမိဳ႔သားကေျပာပါတယ္။ တိုက္ပြဲျဖစ္ပြားၿပီေနာက္ အၾကမ္းဖက္စစ္တပ္ဘက္က လက္နက္ႀကီးေတြ အဆက္မျပတ္ ရမ္းသန္းပစ္ခတ္ခဲ့ေပမယ့္ ျပည္သူ႔ကာကြယ္ေရးပူးေပါင္းအဖြဲ႔က အထိအခိုက္မရိွ ျပန္ဆုတ္ႏိုင္ခဲ့ေၾကာင္း KIT က ဆိုပါတယ္။ သထံုခရိုင္အတြင္းရိွ က်ိဳက္ထို၊ ဘီးလင္းနဲ႔ သထံုၿမိဳ႔နယ္အတြင္း စစ္တပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးပူးေပါင္းအဖြဲ႔တို႔အၾကား ေန့စဉ္နီးပါး တိုက္ပြဲေတြ ျဖစ္ေနတဲ့ အတြက္ ျပည္သူေတြအေနနဲ႔ ဂရုတစိုက္ ခရီးသြားလာၾကဖို႔ KIT က ထုတ္ျပန္ထားပါတယ္။ ~~~~ ကိုၿငိမ္း #ေငြေမာင္းသံ မီဒီယာ

No comments:

Post a Comment