Friday, September 15, 2023

ထိုင်းနယ်စပ်ရှိ စစ်ကောင်စီစခန်းကို KNU သိမ်းယူပြီးနောက် ရရှိခဲ့သည့် လက်နက်များ

ထိုင်းနယ်စပ်ရှိ စစ်ကောင်စီစခန်းကို KNU သိမ်းယူပြီးနောက် ရရှိခဲ့သည့် လက်နက်များ
----------------- ထိုင်း-မြန်မာနယ်စပ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ရေတံလျှောက်စခန်းကုန်းကို ယမန်နေ့ (စက်တင်ဘာ ၁၄ ရက်) တွင် သိမ်းယူခဲ့ပြီးနောက် ရရှိခဲ့သည့် လက်နက်ခဲယမ်းများကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ဖော်ပြသခဲ့သည်။ KNU နှင့် တော်လှန်ရေးတပ်ဖွဲ့များပါဝင်သည့် ထိုစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သည်ဟုလည်း KNU ဘက်က ဆိုသည်။ စစ်ကောင်စီဘက်က အထိနာခဲ့သည့် ရေတံလျှောက်စခန်းကုန်းတိုက်ပွဲအကြောင်း သတင်းအပြည့်အစုံဖတ်ရန် >>> https://myanmar-now.org/mm/news/42027/ ဓာတ်ပုံများ - ဒူးပလာခရိုင် သတင်းနှင့်ပြန်ကြားရေး #MyanmarNow #MyanmarNews #myanmarnewstoday #KNU #ကြာအင်းဆိပ်ကြီး

Thursday, September 14, 2023

ရန်ကုန်မြို့မှ့စားအုန်းဆီတိုးစားနေသူများ

ရန်ကုန်မြို့မှ ဆီတိုးသူများ ----------------- စီးပွားရေးမြို့တော် ရန်ကုန်တစ်နေရာတွင် စားသုံးဆီဝယ်ဖို့အရေး တန်းစီစောင့်ဆိုင်းနေသူများကို ယနေ့ (စက်တင်ဘာ ၁၄) တွေ့မြင်ရခြင်းဖြစ်သည်။ အာဏာသိမ်းစစ်တပ်လက်အောက်တွင် ပြည်သူ လူထုအနေဖြင့် အကျပ်အတည်းမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရပြီး ယခုအခါ နေ့စဉ်မရှိမဖြစ် လိုအပ် သည့် ဆန်နှင့်ဆီကိုပင် အလွယ်တကူ ဝယ်မရဖြစ်နေကာ လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော် အနေအ ထားကို ဆိုက်ရောက်နေသည်။ စစ်ကောင်စီ၏ နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ခြယ်ခြင်းများကြောင့် အခြေအနေယိုယွင်းပျက်စီးနေ နေသည်။ အာဏာသိမ်းဗိုလ်ချုပ်ကြီးများကို အခက်တွေ့စေသော အခြေအနေများတွင် ကျပ်ငွေတန် ဖိုးကျဆင်းခြင်း၊ အထွေထွေကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းနည်းပါးခြင်းတို့ လည်း ပါဝင်သည်။ မြန်မာနိုင်ငံတွင် စစ်တပ်က တကျော့ပြန် အာဏာသိမ်းထားသည်မှာ နှစ်နှစ်ကျော်ရှိလာပြီဖြစ်သည်။ အရပ်သားအစိုးရကိုဖြုတ်ချကာ အာဏာလုယူထားသည့် စစ်ကောင်စီအနေဖြင့် နိုင်ငံတကာ၏ ပိတ် ဆို့အရေးယူများ၊ ဖိအားပေးမှုများအပြင် ပြည်တွင်း၌လည်း အကျပ်အတည်းပေါင်းများစွာ ရင်ဆိုင်နေရသည်။

Monday, September 11, 2023

Junta base seized, burned in Bago

Junta base seized, burned in Bago Tharyarwaddy District PDF Battalion 3802, the armed wing of the National Unity Government, said it managed to occupy and burn down a military base on the Bago Yoma mountain range in Minhla Township, Bago Region during a raid on Saturday night.

Tuesday, June 13, 2023

မော်လမြိုင်-မြိတ် အာရှလမ်းမကြီးတစ်လျှောက် သွားလာမည့် ယာဉ်များ ဇွန်လ ၁၅ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များအတူ မသွားလာရန် KNLA ထုတ်ပြန်

မော်လမြိုင်-မြိတ် အာရှလမ်းမကြီးတစ်လျှောက် သွားလာမည့် ယာဉ်များ ဇွန်လ ၁၅ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များအတူ မသွားလာရန် KNLA ထုတ်ပြန်
ဧရာဝတီတိုင်းမ် ဇွန်လ ၁၃ ရက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှစတင်ပြီး တနင်္သာရီတိုင်း မြိတ်မြို့နယ်ကို ဆက်သွယ်ထားသည့် အမှတ်(၈) ဟိုင်းဝေးလမ်းမကြီးတစ်လျှောက် သွားလာမည့် ယာဉ်များအား ဇွန်လ ၁၅ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူမသွားကြရန်နှင့် လိုက်နာရန် အချက် လေးချက်ကို ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) အမှတ်(၂၇)တပ်ရင်း၊ တပ်မဟာ (၆) က ထုတ်ပြန်ထားသည်။ မော်လမြိုင်-မုဒုံ-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ်အား ဆက်သွယ်ထားသည့် အာရှ လမ်းမကြီး တစ်လျှောက်တွင် ခရီးသွားလာမည့်ယာဉ်များမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့် ယာဉ်ပေါ်တွင် အတူတကွစီးနင်းခြင်း မပြုရန်၊ စစ်ကောင်စီနှင့်ပတ်သက်သည့် လူဖြစ်စေ၊ ပစ္စည်းဖြစ်စေ တင်ဆောင်ခြင်းမပြုကြရန်၊ KNLAတပ်ဖွဲ့များမှ စစ်ဆေးရန်ခေါ်ယူသည့်အခါတွင် ကြည်ဖြူစွာစစ်ဆေးခံရန်နှင့် အခြားတော်လှန်ရေး တပ်ဖွဲ့များမှ စစ်ဆေးပါကလည်း ကြည်ဖြူစွာစစ်ဆေးခံရန် KNLAက ထုတ်ပြန်ထားသည်။ "မော်လမြိုင်-ရေး-ထားဝယ်-ဘိတ် လမ်းတောက်လျှောက်ကို တပ်ရင်း (၂၇) က တပ်ဖွဲ့ဝင်တွေကို တောက်လျှောက်ဖြန့်ကျက်ထားပြီးပါပြီ။ ဒီအတွက်ကို တရားဝင် အသိပေးတဲ့အနေနဲ့ရော ပြည်သူလူထုကို မေတ္တာရပ်ခံတဲ့ အနေနဲ့ပါ ထုတ်ပြန်ခြင်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တူတူမသွားလာနဲ့ဆိုတာကလည်း ပြည်သူတွေ ရဲ့လုံခြုံရေးကြောင့်ပါ" ဟု KNLA တပ်ရင်း (၂၇) နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ KNLA တပ်ဖွဲ့များအနေဖြင့် အမှတ်(၈) လမ်းမကြီးတစ်လျှောက်ကို ထိန်းချုပ် လှုပ်ရှား နေပြီဖြစ်သည့်အတွက် ခရီးသွားပြည်သူများနစ်နာဆုံးရှုံးမှုမဖြစ်ရန်နှင့် စစ်ကောင်စီ တပ်များသည် ခရီးသွားပြည်သူများအား အကာအကွယ်ယူ၍ သွားလာနေသည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။ မော်လမြိုင်မြို့နယ်မှ မြိတ်မြို့နယ်သို့ ဆက်သွယ်ထားသည့် အမှတ် (၈) အဝေးပြေး လမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီယာဉ်တန်းများမိုင်းဆွဲတိုက်ခိုက်ခံရခြင်း၊ ကြားဖြတ်တိုက်ခိုက်ခံရခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိပြီး နှစ်ဖက်တိုက်ခိုက်မှုများ အတွင်း အရပ်သားထိခိုက်မှုများလည်း ရံဖန်ရံခါ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများထံက သိရသည်။ ဓာတ်ပုံ - ရေးမြို့နယ် အာရှလမ်းမတစ်နေရာမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)။ #မော်လမြိုင် #မြိတ် #အာရှလမ်းမ #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #မသွားလာရန် #KNLA #Ayeyarwaddy_Times

Friday, June 9, 2023

စစ်ဘောမကတုံးဘုန်းကြီးမှ့ဒေါ်အောင်ဆန်းစုကြည် နိင်ငံရေးမလုပ်ရန်ပြောကြားခြင်း

ဒေါ်အောင်ဆန်းစုကြည်က ထပ်တိုက်ရင်ဆိုင်ရေး လုပ်နေလို့ စစ်တပ်နဲ့ ညှိနှိုင်း မရတာပါ ( ၁၉၈၈ ဗားရှင်း) ဒေါ်အောင်ဆန်းစုကြည်က ပါတီထဲ ပါဝင်နေလို့ ပါတီကို ဖျက်သိမ်းရပါတော့မယ် (၁၉၉၀ ဗားရှင်း) ဒေါ်အောင်ဆန်းစုကြည်က လက်ဆုပ်ဖြေ မပြ လို့ စစ်တပ်က ဆုတ်စစ် ဆင်နေတာပါ (၂၀၁၀ ဗားရှင်း) ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲ မဝင်သေးလို့ ရင်ကြားစေ့မရတာပါ ( ၂၀၁၂ ဗားရှင်း) ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်ရေးပိုင်း နားမလည်သေးလို့ စစ်တပ်က အုပ်ချုပ်ရေးထဲ ပါနေရတာပါ (၂၀၁၅ ဗားရှင်း) ဒေါ်အောင်ဆန်းစုကြည်က ဥပဒေအတိုင်း လုပ်နေလို့ စစ်တပ်နဲ့ ညှိမရတာပါ ( ၂၀၂၀ ဗားရှင်း) ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးတွေမှာ ဝေါ်ကီတော်ကီတွေ့လို့ ဖမ်းဆီးတာပါ မဲခိုးလို့ အဂတိလိုက်လို့ အာဏာသိမ်းတာပါ (၂၀၂၁ ဗားရှင်း) ဒေါ်အောင်ဆန်းစုကြည်က PDF တွေကို မထိန်းလို့ ပြည်တွင်းစစ် ဖြစ်နေတာပါ ( ၂၀၂၂ ဗားရှင်း) ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး လုပ်နေလို့ စစ်တပ်က အာဏာယူထားတာပါ ( ၂၀၂၃ ဗားရှင်း) ဒေါ်အောင်ဆန်းစုကြည်က ဘွားသီလရှင် မလုပ်လို့ မအလ စစ်အာဏာရှင် ဖြစ်နေတာပါ ( သဘာဝ ရိပ်သာ ဘုန်းကြီး ဗားရှင်း) မင်းသစ်

Tuesday, May 9, 2023

မတ္တရာမြို့တွင်လှေမှောက်ပြီး အကြမ်းဖက်စစ်သား ခြောက်ဦးသေဆုံး

ရန်ကုန်၊ မေ ၉ မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်၊ မြွေပုံကန်ရွာ အရှေ့ဘက်ရှိ ညောင်မြစ်ကို မေ ၇ ရက်နေ့ နံနက် ၂ နာရီခန့်တွင် စစ်သား ၇ ဦးက လှေနှင့် ဖြတ်ကူးစဉ် လှေမှောက်ပြီး စစ်သား ၆ ဦး ရေနစ်သေဆုံးခဲ့ရာ သေဆုံးသူ စစ်သား ၃ ဦး၏ အလောင်းများ ပုတ်ပွပေါ်လာကြောင်း တောကြီးမြွေပွေးမှ ဗိုလ်တီမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။ ရေနစ်သေခဲ့သည့် စစ်သားများသည် မေလ ၄ ရက်နေ့တွင် ကြက်တူရွေးကျေးရွာကို ရောက်လာပြီး ကျေးရွာကို မီးရှို့ ဖျက်ဆီး ခဲ့သော စစ်သားများ ဖြစ်ကြောင်း၊ မီးရှို့ပြီးနောက် ကြက်တူးရွေးကျေးရွာနှင့် သဲအင်းကျေးရွာကို နှစ်ဖွဲ့ခွဲ၍ နေခဲ့ကြောင်း ၊ မေလ ၆ ရက်နေ့တွင် စဉ့်ကူးမြို့နယ် ကြက်တူးရွေးကျေးရွာမှ မတ္တရာမြို့နယ်ကို ညတွင်းချင်း ခြေလျင် စစ်ကြောင်းထိုးသွားခဲ့ပြီး မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကိုဖြတ်ကူး၍ တိတ်တဆိတ်ပြန်လာချိန်တွင် လှေမှောက်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။ ညောင်မြစ်အတွင်း ရေနစ်သေသွားသည် စစ်သား ၆ ဦးထဲမှ စစ်သား ၃ ဦး၏ အလောင်း ၃ လောင်းသည် မေလ ၈ ရက်နေ့တွင် ပုတ်ပွ၍ ပြန်ပေါ်လာကြောင်း တောကြီးမြွေပွေးအဖွဲ့မှ ဗိုလ်တီမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။ “၃ လောင်းတော့ တွေ့တယ်ဗျ။ တစ်ဦးကတော့ ဗျူဟာမှူးလို့ပြောတယ်။ မနေ့က ပေါ်တာပါ” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

မတူပီစစ်ဗျူဟာစခန်းဠာနချုပ်တိုက်ခိုက်ခံရမူ ဗိုလ်မူးကြီးစီုးမင်းလတ်သေဆုံး

ရန်ကုန်၊ မေ ၈ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ စစ်ဗျူဟာ ဌာနချုပ်စခန်း တိုက်ခိုက်ခံရမှုတွင် သေဆုံးသော စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ စစ်သင်္ချိုင်းတွင် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်ကိုယ်တိုင် အမိန့်ပြန် သဂြိုလ်လိုက်ကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။ မေလ ၅ ရက်နေ့ ညနေပိုင်း ချင်းပြည်နယ်၊ မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများတွင် စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၄၂ ကျောင်းဆင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် သေဆုံးခဲ့ကြောင်း၊ ယင်းနောက် အလောင်းကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ ရဟတ်ယာဉ်ဖြင့် ပြန်လည် သယ်ယူပြီး မေလ ၇ ရက်နေ့တွင် စစ်အခမ်းအနားဖြင့် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်ကိုယ်တိုင် အမိန့် ပြန်သဂြိုလ်ကြောင်း သိရှိရသည်။ ” နာရေးရှင် မိသားစုတွေကိုတော့ အသုဘအခမ်းအနား တက်ခွင့်ပေးတယ်။ အသုဘကတော့ စစ်အခမ်းအနားနဲ့ စစ်တပ်က ဦးစီးလုပ်တာပါ။ နာရေး ရက်လည်ကတော့ မိသားစုတွေရဲ့နေအိမ်မှာ လုပ်မှာဖြစ်သလို သူ့တပ်မှာလည်းလုပ်မယ်။ တိုင်းမှူး အမိန့်ပြန် သဂြိုလ်တယ်ဆိုတာ မှန်ပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။ မေလ ၅ ရက်နေ့ ညနေပိုင်း CDF တပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော စစ်တပ်ဘက်မှ ၃ ဦးတွင် စစ်ဗျူဟာမှူး ဗိုလ်မှူး ကြီး စိုးမင်းလတ်၊ ဗိုလ်မှူး ၁ ဦးနှင့် စစ်သားယာဉ်မောင်း ၁ ဦး တို့ပါဝင်သေဆုံးကြခြင်းဖြစ်သည်။

Thursday, May 4, 2023

ခရီးသည်

တင်ကားဖြင့် လိုက်ပါလာသော ဗိုလ်ကြီး ၁ ဦးနဲ့ ဒုအရာခံဗိုလ် ၁ ဦး သေဆုံး ရွှေဘိုမြို့နယ်တွင် ခရီးသည်တင်ကားဖြင့် လိုက်ပါလာသော ဗိုလ်ကြီး ၁ ဦးနဲ့ ဒုအရာခံဗိုလ် ၁ ဦး အပါအဝင် စစ်သား ၄ ဦးသေဆုံး (ရုပ်/သံ) +++++++++++++ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ခရီးသည်တင်ကားဖြင့် လိုက်ပါလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး ၁ ဦးနဲ့ ဒုအရာခံဗိုလ် ၁ ဦး အပါအဝင် စစ်သား ၄ ဦး တိုက်ပွဲဖြစ်ပွားပြီးသေဆုံးခဲ့တယ်လို့ ဗိုလ်ကျားရိုင်း - ရွှေဘို LPDF အဖွဲ့ဆီက သိရပါတယ်။ ဧပြီ ၂၆ ရက်နေ့မှာ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာ ရဲစခန်းကနေ ရွှေဘိုမြို့သို့ ခရီးသည်တင်ကားဖြင့် လိုက်ပါလာသော ဗိုလ်ကြီး ၁ ဦး၊ ဒုအရာခံဗိုလ် ၁ ဦးနဲ့ တပ်သား ၂ ဦးကို လမ်းပိုင်း တစ်နေရာမှာ ဗိုလ်ကျားရိုင်း - ရွှေဘို (LPDF) အဖွဲ့ နဲ့ ရွှေဘို တိုက်နယ် ၂ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၄ ဦးလုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ သေဆုံးသွားတဲ့ စစ်သား ၄ ဦးဆီက MA 1 ၁ လက်၊ MA 3 ၁ လက်၊ MA 4 ၁ လက်၊ MA 5 ၁ လက်၊ MA 13 ၁ လက်၊ Jammer စက်အသေး ၁ လုံးနဲ့အတူ အခြားပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Wednesday, April 26, 2023

ကူရာကယ်ရာမဲ့သွားတဲ့ မင်းအောင်လှိုင်

အိုင်စီဂျေက အသနားခံစာ ပယ်ချတယ်။ နောက်လိုက်စစ်သားတွေက လိုတာထက်ပိုပြီး ရက်စက်ယုတ်မာပြကြတော့ ပြည်သူတွေက ပိုပြီး နာကြည်းမုန်းတီးသွားကြပြီ။ မင်းအောင်လှိုင် စစ်တပ် လမ်းဆုံးသွားပြီ။ ကောက်ရိုးတမျှင်အဖြစ်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းကို ကူပါအုံး ကယ်ပါဦးဆိုပြီး အားကိုးတကြီး တိတ်တိတ်လေး လှမ်းခေါ်တယ်။ ဧပြီလ ၂၃ ရက်နေ့မှာ တိတ်တိတ်လေး ရောက်လာခဲ့တယ်။ ဘန်ကီမွန်း ဆိုတာ ၂၀၁၅ ခုနှစ် ဦးသိန်းအစိုးရလက်ထက်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA သဘောတူလက်မှတ် ရေးထိုးရာမှာ သက်‌သေအဖြစ် ပါဝင်တက်ရောက်ခဲ့သူတဦး ဖြစ်တယ်။ ဒီနေ့ မြန်မာနိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့ စစ်မီးတောက်တွေက ဘယ်သူမှ လာကူငြှိမ်းလို့ မရတော့ဘူး။ မင်းအောင်လှိုင် နောက်လိုက်နောက်ပါတွေကို နိုင်ငံတကာစစ်ခုံရုံးက အပြစ်ပေး အရေးယူရင်တောင် ပြည်သူတွေက ကျေနပ်လက်ခံနိုင်ကြမှာ မဟုတ်တော့ဘူး။ မတရားအာဏာသိမ်း မင်းအောင်လှိုင်နဲ့ နောက်လိုက်နောက်ပါ အကြမ်းဖက်စစ်တပ်ကို ပြာပုံထဲကနေ ဝိညာဉ်တွေအဖြစ်နဲ့ တိုက်ခိုက်နေကြအုံးမှာ မလွဲဧကန်ပဲ ဖြစ်တယ်။ မတရားဖမ်းဆီး အကျဉ်းချထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့၊ တွေ့ခွင့်ပေးဖို့ နိုင်ငံတကာက တောင်းဆိုခဲ့တယ်။ မင်းအောင်လှိုင်က ခေါင်းမာစွာ ရာဇဝတ်သားတွေမို့ ဆိုပြီး ပြည်ပနိုင်ငံတွေနဲ့ တွေ့ဆုံခွင့်မပေးသလို အမှုအတွက် ဆောင်ရွက်နေတဲ့ ဥပဒေပညာရှင်တွေကိုပါ အကန့်အသတ်တွေနဲ့ တွေ့ဆုံခွင့် ပြောဆိုခွင့်တွေ ပိတ်ပင်ခဲ့တယ်။ စစ်တပ်က ပြည်သူလူထုနဲ့ တိုင်းပြည်အပေါ် မဟုတ်မမှန် မရိုးမသား လုပ်ထားကြသူတွေ ဆိုတော့ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် စေတနာမှန်နဲ့ ဖွံ့ဖြိုးတိုးတက်လိုသူ ခေါင်းဆောင်ပိုင်းတွေကို အင်မတန်ကြောက်ကြတယ်။ အမှန်ကိုသာ ပြောသူ၊ အမှန်တရားကို လက်ကိုင်ထားသူတွေက ဘာအကြောက်တရားမှ မရှိတော့ဘူး။ သေရမှာလည်း မကြောက်ဘူး။ ထောင်ထဲနေရမှာလည်း မကြောက်ဘူး။ ဘယ်လိုလူနဲ့ဖြစ်ဖြစ် တွေ့ရမှာ မကြောက်သလို ဘယ်အခြေအနေ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် ခေါင်းမော့ ရင်ကော့ကာ ရင်ဆိုင်ရဲတဲ့ သတ္တိရှိကြတယ်။ စစ်အာဏာရှင်တွေ တိုင်းပြည်နဲ့ ပြည်သူအပေါ် မတရားအနိုင်ကျင့် အတင်းအုပ်ချုပ်မှာကို တော်လှန်နေကြတဲ့ ပြည်သူတွေက သေရမှာလည်း မကြောက်သလို အမှန်တရားအတွက် ရင်ဆိုင်ရမှာ ဝန်မလေးကြတော့ဘူး။ အဓမ္မကို ဓမ္မတရားနဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်တော်လှန် တိုက်ပွဲဝင်နေကြတယ်။ မကြာခင်မှာ နိုင်ငံတကာတရားရုံးတွေက မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်တပ်ကို အပြစ်ပေး အရေးယူဖို့ စတင်လုပ်ဆောင်ကြတော့မယ်။ အိုင်စီဂျေကို ရက်ထပ်တိုးပေးဖို့ အသနားခံတယ်။ နိုး ဆိုပြီး ပယ်ချလိုက်တယ်။ တရုတ်က မင်းအောင်လှိုင်ရဲ့ ခေါင်းကိုင်ဖခင်ကြီးတွေကို တွေ့ပြီးနောက် မရှေးမနှောင်းမှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း မြန်မာနိုင်ငံကို လာရောက်ဖို့ မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်တယ်။ ဘန်ကီမွန်းဆီက ထူးခြားတဲ့ သတင်းစကားတွေ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်။ ကျေနပ်အားရလောက်တဲ့ သတင်းစကားတော့ မဖြစ်နိုင်ဘူး။ မြန်မာပြည်သူလူထုနဲ့ နိုင်ငံ့ခေါင်းဆောင်တွေကလည်း ပြည်သူ့ဆန္ဒကို ဦးစားပေး ပြောဆိုပါလိမ့်မယ်။ မင်းအောင်လှိုင်နဲ့ သူ့ရဲ့စစ်တပ်ဟာ မကြာခင် သူတို့စိုက်ခဲ့တဲ့အပင်ကို သူတို့ ရိတ်သိမ်းရတော့မယ်။ တရုတ်က ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့ ဗိုလ်သိန်းစိန်တို့ကို တွေ့ဆုံသွားတာဟာ မင်းအောင်လှိုင်အတွက် မကောင်းတဲ့ အတိတ်စိမ်းတွေပဲ ဖြစ်ပါလိမ့်မယ်။ မင်းအောင်လှိုင်နဲ့ နောက်လိုက်နောက်ပါတွေ ဒီနေ့ ဒီအချိန်ကစပြီး ကူကယ်ရာမဲ့နေပါပြီ။ ပြည်တွင်းကလည်း လက်မခံ၊ ပြည်ပထွက်ရင်လည်း ကြိုးစင်၊ ဒုတိယ ဆက်ဒမ်ဖြစ်မလား၊ ဒုတိယ ကဒါဖီလို နိဂုံးချုပ် အဆုံးသတ်ရမလားဆိုတာ သူ့အနေနဲ့ ရွေးချယ်ရပါတော့မယ်။ ပြည်သူတွေကတော့ အကြမ်းဖက်စစ်တပ်အပေါ် မပြေတဲ့အငြိုးနဲ့ သွေးကလဲ့စား ပြန်ယူကြတော့မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ ဘယ်လိုလူ ဘယ်လိုအနေအထားမျိုးကမှ မင်းအောင်လှိုင်ကို ကယ်ကူလို့ မရတော့ပါဘူး။

Sunday, April 23, 2023

ငရဲပွက်နေသော ပဇီကြီးရွာနှင့် နှုတ်ဖြင့်ကူနေသည့် နိုင်ငံတကာ

၂၀၂၃ခုနှစ်၊ကမ္ဘာ့အဆင့် နာမည်ဆိုးနှင့်ကျော်ကြားသူအဖြစ် တိုင်းမ်မဂ္ဂဇင်း၏ ရွေးချယ်မှု မှန်ကန်ကြောင်း အာ ဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကန့်ဘလူမြို့နယ်၊ပဇီကြီးရွာပေါ် ဗုံးကြဲပစ်ခတ်ပြခြင်းဖြင့် သက်သေပြလိုက်သည်။ ဧပြီ၁၁ရက်နေ့၊နံနက်၇နာရီခွဲဝန်းကျင်တွင် ပဇီကြီးရွာပေါ် Yak-130 တိုက်လေယာဉ်တစ်စီး ရောက် လာကာ ပေါင်၅၀၀ ဗုံး၂လုံးကြဲချခဲ့သည်။သူ့အရွေ့နှင့်သူ ပုံမှန်အတိုင်းဖြတ်သန်းနေသောရွာမှာ ရုတ်ချည်းဆို သ လို သေမင်းတမန် လူသတ်ဗုံးဆန်ကြောင့် ပွက်ပွက်ဆူ၊အလောတကြီး ဆွဲခေါ်နေသောသေမင်း ကို ငြင်း ဆန်ဖို့ရာ အသက်လုပြေးကြရ။ ဆက်တိုက်ဆိုသလို ရောက်ရှိလာသော Mi-35 ရဟတ်ယာဉ်က ကလေးငယ်၊အမျိုးသမီးနှင့် သက် ကြီး ရွယ်အိုလည်းမရှောင်၊ ပြန်လည်ခုခံစရာ အပ်တိုတစ်ချောင်းတောင် မပါမှန်းသိလျက် ဝုန်းဒိုင်းကြဲ ထပ်မံ ပစ် ခတ်။ လူ့ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်သည်အထိ ကြောက်မက်ဖွယ် ကမ်းကုန်ခြင်း၏ဟိုဘက် ရက်ရက်စက်စက်။ အသက်၆လမှ ၇၆နှစ်အရွယ်ထိ စုစုပေါင်း၁၆၈ဦးကို သေမင်းက ရုပ်ပျက်ဆင်းပျက် ဆွဲခေါ်သွားခဲ့ သည်။ထို၁၆၈ဦးထဲတွင် အမျိုးသမီး၄၆ဦးနှင့် ကလေးငယ်၃၅ဦးပါဝင်သည်။ရက်ရက်စက်စက် သူရဲဘော ကြောင်သည့် လူသတ်ပွဲကြီးဖြစ်လေတော့ နာရီပိုင်းအတွင်းမှာပင် မြန်မာ့ပထဝီနယ်နိမိတ်ကိုကျော်လွန်ကာ ကမ္ဘာအနှံ့ လီဗာကုန်နင်း ပျံ့နှံ့ခဲ့သည်။ ဒီမိုကရေစီနှုန်းစံအပြည့်ဖြင့် ယဉ်ကျေးသောလူ့အဖွဲ့အစည်းက လူယဉ်ကျေးတို့၏ အစဉ်အလာအ တိုင်းပဇီကြီးရွာ တစ်ဖက်သတ်လူသတ်ပွဲကြီးကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်များ အားမနာတမ်း ထွက်လာသည်။ဂုဏ်သရေရှိ ဒီပလိုမေစီသုခမိန်တို့၏ ရင်ပြင် နယူးယောက်မြို့ရှိ၊ကုလသ မဂ္ဂဌာန ချုပ် ကလည်း ကန့်ကွက်ရှုတ်ချကြောင်းထုတ်ပြန်ကာအစဉ်အလာမပျက် မြန်မာပြည်သူတို့ဘက်က လျှာဖျား လေးဖြင့်ရပ် တည်ပြခဲ့သည်။ ပဇီကြီးရွာအစုလိုက်အပြုံလိုက် လူသတ်ပွဲသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုပင် စေ့စေ့ကြည့်လာ သဖြင့် ဧပြီ၁၃ရက်နေ့တွင် လုံခြုံရေးကောင်စီက တံခါးပိတ်စည်းဝေးရတော့သည်။ကုလလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ထဲတွင် အကြမ်းဖက်မှုများချက်ချင်းရပ်ရန် တောင်းဆိုထားသော်လည်း ယခု မင်းအောင်လှိုင်က အစုလိုက်အပြုံလိုက် လူသတ်ပြသည့်တိုင် ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်နိုင် သည့် အဆင့် သဘောတူညီချက်မရ။ စစ်ကောင်စီ ထင်သလို သတ်သမျှ နှုတ်ဖြင့် ဟန့်တားခြင်းပင်ပြုမည်မ ဟုတ်ကြောင်း သက်သေပြလိုက်သည့်သဘောဖြစ်သည်။ မအောင်မြင်သောအာဏာသိမ်းမှုအတွက် အမျက်ကြီးနေသည့် စစ်ကောင်စီကတော့ အမြင်ရှင်းပြီး သားဖြစ်သည်။ပန်းနှင့်ပေါက်သလို ကန့်ကွက်ရှုတ်ချမှုကြောင့် နောက်တွန့်သွားစရာအကြောင်းမရှိကြောင်း ဧပြီ ၁၁ ရက်ညနေပိုင်း၌ ပဇီကြီးရွာသို့ နောက်တစ်ကြိမ် ဂျက်ဖိုက်တာတစ်စီးလွှတ်လိုက်ကာ ပစ်ခတ်ခိုင်းခြင်းဖြင့် သက်သေပြခဲ့သည်။ ထို့အပြင် ဧပြီ ၁၁ ရက်မှ၁၇ရက်နေ့အထိ ပဇီကြီးရွာပေါ်နေ့စဉ် ၃ကြိမ်ထက်မနည်း လေ ယာဉ် ဝဲပျံပြနေခြင်းကြောင့် ဒေသခံများ ရွာထဲတွင်မနေရဲ။မြန်မာနှစ်ဆန်း၁ရက်နေ့၊သေဆုံးသွား သူများအ တွက် ရက်လည် အမျှဝေခြင်းကိုပင် လေကြောင်းတိုက်ခိုက်ခံရမည်စိုး၍လူစုလူဝေးဖြင့် မလုပ်ရဲသည့်ဘဝ များ။ ထိုသို့ ပဇီကြီးရွာပြင်ပတွင် သောကနှင့်လောကဓံခြံရံလျက် ထိတ်ပြာနေကြရသည့်ဘဝများစွာကိုပင် စစ်ကောင်စီ လက်မရွံ့တပ်က ဆက်လက်ဒုက္ခပေးပြန်သည်။ဧပြီ၂၀ရက်နေ့နံနက်ပိုင်းတွင် ပဇီကြီးရွာအနီးသို့ လက်မရွံ့တပ်ရောက်လာကာသက်ကြီးရွယ်အို၂ဦးကို သတ်ဖြတ်ခဲ့သလို မွန်းလွဲ၂နာရီခွဲခန့်တွင် ဂျက်ဖိုက်တာ တစ်စီးဖြင့် ပဇီကြီးရွာထဲ ဗုံး၂လုံးကြဲချကာ ရွာပတ်လည် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြန်သည်။ပဇီကြီးရွာနှင့်အနီး ဝန်းကျင်ကဒေသခံများခမျာ ကိုယ့်အသက်ကိုယ် တင်းတင်းဆုပ်ကာ သေမင်းနှင့်ဝေးရာသို့ ဆက်ပြေးကြရ သည်။ စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်ဖြစ်နေသော ပဇီကြီးရွာတွင် ဧပြီ၁၁ရက်နေ့ လူသတ်ပွဲကြီးအပြီး တော် လှန်ရေးတပ်ဖွဲ့များ မပြောနှင့်၊ဒေသခံအရပ်သားများပင် ခြေမချရဲတော့မှန်း အားလုံးအသိဖြစ်သည်။သို့သော်၊ စစ်ကောင်စီတပ်က ပဇီကြီးရွာနှင့် ဒေသခံစစ်ရှောင်များအား အဘယ့်ကြောင့် အငြိုးတကြီးတိုက်ခိုက်နေ ရသ နည်း။ ပဇီကြီးရွာလူသတ်ပွဲကြီးကို နိုင်ငံတကာသိရှိအောင် အထောက်အထားအခိုင်အမာဖြင့် တင်ပြနိုင်ခဲ့ ခြင်း၊ပြည်တွင်း၊ပြည်ပမှ ပြည်သူများက ပဇီကြီးရွာဝန်းကျင်ဒေသခံများအပေါ် စာနာစိတ်ကြီးစွာဖြင့် ပံ့ပိုးကြ ခြင်းနှင့်နိုင်ငံတကာအသိုင်းအဝိုင်း၏ ကန့်ကွက်ရှုတ်ချမှုများကို ပြတ်ပြတ်သားသား ပယ်ချကြောင်း ထပ်မံ သတ်ဖြတ်ချေမွပစ်ခြင်းနည်းဖြင့် မိုက်ဂုဏ်မောက်ပြလိုခြင်းကြောင့်ပင်ဖြစ်သည်။ ကန့်ကွက်ကြောင်းကြေညာချက်ထုတ်ရုံဖြင့် တာဝန်ကျေပြီဟု ထင်နေသော နိုင်ငံတကာအသိုင်းအ ဝိုင်းအပေါ် သေဆုံးသွားသူ၁၆၈ဦးနှင့် ငရဲမီးဝိုင်းနေသော ပဇီကြီးဝန်းကျင်ဒေသခံများက အသက်များ ဖြန့်ခင်း ကာ လက်မရွံ့စစ်ကောင်စီကို မည် သို့ တုံ့ပြန်မည်နည်းဟုမေးခွန်းထုတ်လိုက်ပြီလည်းဖြစ်သည်။ မြန်မာပြည်သူတို့ မည်မျှ ဆက်လက်စတေးခံရဦးမည်နည်း။မြန်မာပြည်သူတို့၏အသက်သည် မည်သို့ သောအကြောင်းကြောင့် တန်ဖိုးမဲ့သလို သဘောထားခံနေရသနည်း။

Wednesday, April 19, 2023

Junta's spokesman became NOVICE

After murdering 200 unarmed innocent civilians including children and pregnant woman, junta’s spokesman Zaw Min Htun became novice. #WhatsHappeninglnMyanmar

ခင်ဦးတွင်စစ်တပ်မှ့အလုံးရင်းဖြင့်စစ်ကြောင်းထိုး PDF ၅ ဦးကျဆုံး၊ ပြည်သူ ၅ ဦးဓါစာခံဖြင့်ဖမ်းစီးသွား

ခင်ဦးတွင် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း ထိုးနေပြီး PDF ရဲဘော် ၅ ဦးကျဆုံးကာ ပြည်သူ ၅ ဦး ဖမ်းဆီးခံထားရပြီး သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ ရန်ကုန်၊ ဧပြီ ၁၉ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း ထိုးနေပြီး PDF ရဲဘော် ၅ ဦးကျဆုံးကာ ပြည်သူ ၅ ဦး ဖမ်းဆီးခံထားရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ခင်ဦးမြို့နယ် ရွာသစ်ကုန်းပျူရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြင်းဒေါင်းကျေးရွာ ရေဦး-ခင်ဦး ကားလမ်းပိုင်းရှိ မူးတိမ်ချောင်း တံတားတွင် အထိုင်ချထားသော အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းကာ နံနက် ၈ နာရီဝန်းကျင်ခန့်တွင် ခင်ဦး-မုံရွာရထားသံလမ်းဘေးရှိ မြကန်ကျေးရွာ အတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။ ယင်း အကြမ်းဖက် စစ်ကြောင်း ဝင်ရောက် စီးနင်းစဥ် တော်လှန်ရေး တပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မိုင်းဆွဲ တိုက်ခိုက်ကာ တော်လှန်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာစဥ် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပိတ်ဆို့ ဖမ်းဆီးပြီး ရဲဘော်တရုတ်ကြီး၊ ရဲဘော်မိုးဟိန်း၊ ရဲဘောဖိုးကျော်၊ ရဲဘော်ကိုနောင်နှင့် ရဲဘော်ကျော်နိုင် တို့ကို သတ်ဖြတ်ခဲ့ကာ ပြည်သူ ၅ ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။ အဆိုပါ စစ်ကြောင်းသည် နံနက် ၁၁ နာရီခန့်တွင် အောင်သာ ကျေးရွာကို ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း၊ ထို့ပြင် ခင်ဦး ကျွန်းလည်ရွာ ဘုန်းကြီးကျောင်းတွင် ကျေးရွာအတွင်းရှိ နွား၊ ဝက်များကို ခိုးယူ သတ်ဖြတ်စားသောက်ကာ အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။ လက်ရှိချိန်တွင် အင်းပတ်ကျေးရွာ၊ မြကန်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ မရမ်းအင်းကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ သဲကုန်းကြီးကျေးရွာ၊မုံတောရွာ၊ ဒါန်းကုန်းရွာ၊ အောင်သာရွာ၊အင်းပေါက်ရွာ၊ ကျွန်းဆွယ်ရွာ၊ ကျွန်းလယ်ရွာ၊ သိမ်တော်ရွာ တို့မှ ပြည်သာ် ၂၀၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Monday, April 17, 2023

နှစ်ဆန်းတရက်နေ့ သထုဖံနယ် သိမ်ဆိပ်နှင့် ခမရ ၉ တပြိုင်တည်းတိုက်ခိုက်ခံရ

နေပြည်တော်လေတပ်ကိုဆော်ပြီ

Breaking News-
နေပြည်တော် အေလာလေတပ် ပစ်ခတ်ခံရပြီး မီးအကြီးအကျယ် လောင်ကျွမ်း၊ သေဆုံးထိခိုက်မှုနှင့် ပျက်စီးမှုတချို့ရှိဟုဆို ရန်ကုန်၊ ဧပြီ ၁၇ အကြမ်းဖက်စစ်ကောင်စီရဲ့ အရေးကြီးတဲ့ လေတပ်စခန်းတစ်ခုဖြစ်တဲ့ နေပြည်တော် အေလာလေတပ်ကို ဧပြီလ ၁၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင် ပစ်ခတ်မှုဖြစ်ပွားပြီး မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုပါတယ်။ "နေပြည်တော် အေလာလေတပ်မှာ မနေ့ ည ၁၁ နာရီ ဝန်းကျင် ပေါက်ကွဲသံ ၂ ချက် ကြားရပြီး မီးလောင်ပါတယ်။ မီးလောင်တဲ့ ဧရိယာက အတော်ကို ကြီးပါတယ်။ လောင်စာကန်ထိတယ်လို့လည်းပြောသလို သေဆုံးထိခိုက်မှုရှိတယ်လည်း ပြောကြတယ်။ လေတပ်ထဲမှာ ထိခိုက် ပျက်စီးမှုရှိတယ်ဆိုပြီး သတင်းတွေကြားရပါတယ်။ အသေးစိတ် အတိအကျတော့ မသိရပါဘူး" ဟု နေပြည်တော်သတင်းရင်းမြစ်က ဆိုပါတယ်။ ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးဘဲ ပစ်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲအပြီးမှာ မီးတွေ ထလောင်ခဲ့တာလို့ သိရပါတယ်။

Friday, April 14, 2023

အသက်တွေနဲ့ကစားတဲ့ပွဲ

အသံက မထွက်ဘူး အသက်တွေနဲ့ကစားနေကြတဲ့ ပွဲပဲ ယုတ်မာခြင်းတွေ ထည့်ပြီး မျက်ရည်ကို သွေးနဲ့ ပြောင်းရေးနေကြရတယ် မနေသာလို့မဖြေသာတဲ့ "အညာ"ဆိုတာ ငိုစရာတွေကြီးပါပဲ... မေတ္တာတွေနဲ့ ဖြေလို့ ပြေမယ့်ပွဲမဟုတ်တော့ နေကြည့်ကြရတာပါပဲ ကြွေတာပဲမြေပေါ်မှာ ငါတို့သွေးတွေ... ယုတ်နေကြတာကို ယုတ်တယ်လို့ပြောဖို့အထိ သတ္တိနည်းနေတဲ့ "ပြည်ထောင်စုသမ္မတ" "မြန်မာနိုင်ငံတော်" နွေက ပြန်သတ်နေတယ် နွေက ဒဏ်ခတ်နေတယ် ရင်ဘတ်တွေလဲ နာပါတယ်။ ------------- #crd #ကန့်ဘလူ #WarCrimesOfJunta #Endlmpunity #WhatsHappeningInMyanmar #jejectmilitarycoup

Wednesday, April 12, 2023

တောင်သာစစ်ဆေးဂိတ် PDF ဝင်တိုက် စစ်သား 12 ဦးသေ။

တောင်သာရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF အဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၂ ဦး သေဆုံး ရန်ကုန်၊ ဧပြီ ၁၂ မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ မကျီးရိုးစစ်ဆေးရေးဂိတ်ကို ဧပြီလ ၁၁ ရက်နေ့တွင် PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း Myingyan District Drone Strike က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ “၆ ကောင်က ပွဲချင်းပြီး ကျန် ၆ ကောင်က လမ်းမှာတင် သေတာ။ ၁၂ ကောင်က သေချာတယ်ဗျ။ ဝေဟင်နဲ့ လက်နက်ကြီးပဲ အဓိက သုံးသွားတာဗျ။ ဝေဟင်နဲ့ လက်နက်ကြီးပဲ အဓိကသုံးသွားတာဗျ။ မြို့နဲ့လည်းနီးတော့ သိမ်းဖို့ထိတော့ မလုပ်ခဲ့ရဘူး” ဟု Myingyan District Drone Strike အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ပြင်းအားမြင့် ဗုံးသီး ၄ လုံး၊ RPG ၂ လုံး၊ လက်နက်ကြီး လက်နက်ငယ်များနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံး စစ်ကောင်စီဝင်များကို နာရေးကား ၈ စီးဖြင့် အလောင်းများ သယ်ဆောင်သွားကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike နှင့် အတူ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁ ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ ၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၄ ၊ Natogy Regional Defense Force ၊ Burmese Guerrilla Force တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Tuesday, April 11, 2023

ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ကျောင်းသား ကျောင်း သူ များနှင့် ပြည်သူများ တက်ရောက်စဉ် စစ်တပ်က လေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ပြီ

ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ကျောင်းသား ကျောင်း သူ များနှင့် ပြည်သူများ တက်ရောက်စဉ် စစ်တပ်က လေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ပြီ
ရန်ကုန်၊ ဧပြီ ၁၁ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ကျောင်းသား ကျောင်း သူများနှင့် ပြည်သူများ တက်ရောက်စဉ် စစ်တပ်က လေ ကြောင်းမှ တစ် ဆင့် တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်သွားပြီ ဖြ စ် ကြောင်း မြေပြင်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။ ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်အချိန် ကန့်ဘလူမြို့နယ်၊ ပဇီကြီး ရွာကို အကြမ်းဖက် စစ်တပ်က ဂျက် ဖိုက်တာ ဖြင့် တစ်ကြိမ်၊ Mi 35 ရဟတ် ယာဥ်ဖြင့် ၄ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း၊ အခမ်းအနား ကျင်းပ နေစဉ် ပစ်ခတ်ခံရသဖြင့် ပြည်သူ သေဆုံးမှု အရေအတွက် ၁၀၀ ကျော်သွား ပြီဖြစ်ကြောင်း သိရှိရသည်။ " အလောင်းအတိုင်း အကောင်းအတိုင်း ရတဲ့ အလောင်းက ၅၃ လောင်းရှိပါ တယ်။ မနက်ရေတွက်ထားတာ။ ရေတွက်လို့မရဘဲ ခေါင်းနဲ့ ကိုယ် တခြားစီဖြစ် သွားတဲ့ အလောင်းတွေကလည်း အများကြီးပဲ။ မျက်မြင်အရဆိုရင်တော့ သေဆုံး သူ ၁၀၀ ကျော်တာ အတည်ပြုနိုင်ပါပြီ။ ဗုံးကျဲခံရတဲ့နေရာက ဆိုးဆိုး ရွား ရွား ဖြစ်သွားလို့ ဘယ်က ဘယ်လို စပြီး အလောင်းကောက် ရမှန်းမသိ တော့အောင်ပါပဲ" ဟု လက်ရှိ မြေပြင်တွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင် နေသူ ပြည်သူတစ်ဦးက ဆိုသည်။ "ကလေးငယ်တွေ အလောင်းတွေလည်း အတော်များတယ်။ အမျိုးသမီးတွေ လည်းများတယ်။ နောက်ပြီး တချို့ အလောင်းတွေက အပိုင်းပိုင်း ပြတ်ကုန်တာ။ လူမှန်း သူမှန်းတောင် မသိရတော့ဘူး" ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။ လက်ရှိတွင် လေယာဉ်ဖြင့် ဗုံးကျဲခံရသော နေရာသို့ ကျေးရွာသားတချို့ ရောက် ရှိ နေသော်လည်း အလောင်းကောက်ခြင်းနှင့် ကူညီရေး လုပ်ငန်းများ အနည်း ငယ်သာ လုပ်ဆောင်နိုင်ကြောင်း၊ ဒဏ်ရာရရှိထားသူ အများ အပြား လည်း ရှိနေပြီး ဆေးဝါးကုသမှုနှင့်ကူညီကယ်ဆယ်ရေး မလုပ်နိုင်သေးကြောင်း သိရှိရ သည်။ (အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးရသော ပြည် သူ ၁၀၀ ကျော်၏ နောက်ဆုံး မြေပြင်အခြေအနေ ဓာတ်ပုံများကို ရန်ကုန် ခေတ် သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/111104 တွင် တင်ပြ ထားပါသည်။)

Monday, April 3, 2023

ပုလဲနောကန်ကျေးရွာတိုက်ပွဲ ဗိုလ်မူး မင်းမြတ်သူသေ။

ပု
လဲမြို့နယ်၊ နှောကန်ကျေးရွာအနီးတိုက်ပွဲတွင် ဗိုလ်မှူး မင်းမြတ်သူ သေဆုံး၊ မတ်လ အတွင်း ဗိုလ်မှူး အဆင့်မှ ဗိုလ်မှူးကြီးအဆင့်အထိ စစ်အရာရှိ ၉ ဦး သေဆုံးခဲ့ ရန်ကုန်၊ ဧပြီ ၃ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောကန်ကျေးရွာအနီး တိုက်ပွဲတွင် ဗိုလ်မှူး မင်းမြတ်သူ သေဆုံး သွားကြောင်း စစ်တပ်သတင်းရင်းမြစ်များက အတည် ပြု ပြောဆိုသည်။ ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ပုလဲမြို့နယ်၊ နှောကန်ကျေးရွာအနီး အကြမ်းဖက်စစ်တပ်နှင့် ပုလဲမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက် ပွဲဖြစ်ပွားပြီး ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ လက်နက် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးသူ ၂ ဦးတွင် တစ်ဦးမှာ ဗိုလ်မှူး မင်းမြတ်သူ ဖြစ်ကြောင်း သိရှိရသည်။ “ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာနားမှာ တိုက်ပွဲကျတယ်ဆိုပြီး တပ်ဘက်က သက် ဆိုင်တဲ့ မိသားစု တွေဆီ အကြောင်းကြားပါတယ်။ တကယ်က နှောကန် ကျေး ရွာ အနီးတိုက်ပွဲကို ပြောတာပါ။ အလောင်း တော့ ပြန်မရဘူးထင်ပါတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။ အလားတူ မတ်လအတွင်း စစ်တပ်ဘက်မှ ဗိုလ်မှူးအဆင့်မှ ဗိုလ်မှူးကြီး အဆင့် အထိ စစ်အရာရှိ ၉ ဦး သေဆုံးခဲ့ ကြောင်း သိရှိရသည်။ မင်းလှတွင် ဗိုလ်မှူး ကားမှောက်သေ ===================== မတ်လ ၂ ရက်နေ့ နံနက် ၃ နာရီအချိန် ပဲခူးတိုင်း မင်းလှ မြို့နယ် စိန်ကန့်လန့် ကျေးရွာနှင့် မြို့ချောင်း ကျေးရွာ ကြား ခါချဥ်တောင်လမ်း ရေတွင်းကုန်းအဆင်း အရောက် စစ်ကားတန်း ကားမှောက်သဖြင့် ဗိုလ်မှူး အပါ ၅ ဦးသေဆုံး ကြောင်း သိရှိရသည်။ ဗိုလ်မှူး/ဗိုလ်ကြီး ဇော်ဝင်းထိန် ကားမှောက်သေ =========================== မတ်လ ၄ ရက်နေ့ ရှမ်းပြည်နယ်၊ ဟိုပုန်းတပ်နယ်မှ ဗိုလ်မှူး ဇော်ဝင်းထိန်သည် ရန်ကုန်ရှိ မိသားစုထံသို့ ခွင့်ပြန်ရာတွင် ကိုယ်ပိုင်ကား ရှိသော်လည်း PDF ရန် ကြောက်၍ ဒို့ညီ နောင် ခရီးသည်တင်ကားဖြင့် ပြန်စဉ် ကားမှောက် သေ ဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ခလရ ၆၀၄ မှ ဒု ဗိုလ်မှူးကြီး ဟိန်းဇံထွန်း သေဆုံး ============================= မတ်လ ၄ ရက်နေ့ ကရင်ပြည်နယ် သံတောင်ကြီး မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း ကို မတ်လ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ် အချိန် စနိုက်ပါ ဖြင့်သွား ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ခလရ ၆၀၄ တပ်မှ တပ်ရင်းမှူး ဟိန်းဇံထွန်း သေဆုံးခဲ့ကြောင်း People Defense Forces Thandaung က ထုတ်ပြန်သည် ။ ခမရ ၄၂ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး လင်းလင်းထွန်း သေဆုံး =================================== စစ်ကြောင်းမှူး အမှတ် (၇) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ဆီဆိုင် အခြေစိုက် ခမရ (၄၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး လင်းလင်းထွန်းသည် မတ်လ ၁၁ ရက်နေ့ ရှမ်း-ကယား (ကရင်နီ) ဒေသအစပ် ဖယ်ခုံမြို့နယ် ကုရင် ကျေးရွာအုပ်စု တောင်ကြား တိုက်ပွဲတွင် သေဆုံးခဲ့ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အလောင်း ၁၉ လောင်း နှင့် စစ်သုံ့ပန်း ၆ ဦးကို ဖမ်းဆီး ရမိကြောင်း၊ လက်နက် (၁၅)လက် နှင့် ခဲယမ်း အများအပြားသိမ်းဆည်းရမိကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က သတင်း ထုတ်ပြန်သည်။ ကြားအင်းဆိပ်ကြီးတွင် ဒုတပ်ရင်းမှူး ဗိုလ်မှူး သေဆုံး =============================== မတ်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကရင်ပြည်နယ်၊ ကြာအင်းဆိပ််ကြီး မြို့နယ် ကွီလုံတိုင် စခန်းသို့ ရိက္ခာပို့ရန် နှင့်လူနာ သယ်ရန် စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်တပ် ခမရ ၅၆၁ နှင့် ခမရ ၄၃၂ စစ်ကြောင်းကို မတ် ၁၆ ရက်နေ့ မှ ၁၇ ရက်နေ့ အထိ တစ်ကြိမ်၊ မတ်လ ၂၁ ရက်နေ့တွင်တစ်ကြိမ် KNLA တပ်ဖွဲ့ဝင်များ၊ အထူး စစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နှင့် နဂါးနီ စစ်ကြောင်း ပူးပေါင်း အဖွဲ့ဝင်များက ကြားဖြတ် တိုက်ခိုက် ၊ ဒုရင်းမှူး အပါအဝင် ၁၀ ယောက် သေဆုံးခဲ့ကြောင်း သိရှိရသည်။ ခမရ ၁၀ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး အောင်အောင် သေဆုံး ================================== မတ်လ ၂၃ ရက်နေ့ ရွှေကူမြို့နယ်၊ စီးမော်ရွာ၌ KIA၊ PDF ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ် ပေါင်းတည် – မှတ်တိုင် အခြေစိုက် ခမရ ၁၀ (တမခ – ၆၆ ) တို့ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ခမရ ၁၀ ဒု တပ်ရင်းမှူး ဖြစ်သူ စစ်ကြောင်းမှူး အောင်အောင် ဒဏ်ရာ အပြင်းအထန် ရရှိ သေဆုံးခဲ့ကြောင်း သိရှိရသည်။ စစ်ကြောင်းမှူး ဗိုလ်မှူးသေဆုံးခြင်း ========================== စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီ၏ ဘီလူး စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကြောင်းမှူး ဗိုလ်မှူး အပါအဝင် ၄ ဦး သေဆုံးကြောင်း စစ်ကိုင်း ခရိုင်တပ်ရင်း အမှတ်၄ – MSPDF နှင့် မြင်းခြံခရိုင် တပ်ရင်း (၃)၏ တာဝန် ရှိသူများက ပြောကြားသည်။ မတ်လ ၂၃ ရက်နေ့ နံနက် ၉နာရီခွဲခန့်အချိန် မြောင်မြို့နယ်အတွင်း စစ်ကြောင်း ထိုးနေသော စစ်ကောင်စီ ၏ ဘီလူး စစ်ကြောင်းသည် တမဆေးကန်ရွာမှ မြောက် ဘက်အရပ်သို့ ထွက်လာချိန် ဒေသတွင်း မဟာမိတ်အဖွဲ့များက အသင့်စောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မီတာ ၅၀ခန့် အတွင်း ကျွံဝင် လာသော ဘီလူးစစ်ကြောင်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ပြီး မိနစ် ၅၀ ခန့် ကြာမြင့်ခဲ့ ကြောင်း သိရှိရသည်။ သံမိုးတောင်စခန်းတွင် ဒု တပ်ရင်းမှူး ဗိုလ်မှူး သေဆုံး =============================== ပဲခူးတိုင်း၊ တောင်ငူရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ် အတွင်းရှိ အကြမ်းဖက်စစ်တပ်၏ ကျောက်လုံးကြီးစခန်း ထုံးဘိုကြီးစခန်း၊ သံမိုးတောင်စခန်း နှင့် ဗဟုန်းစခန်းစသည့် စခန်း ၄ ခုတို့ကို KNU/KNLA တပ်မဟာ၂ တပ်ရင်း ၅ ၊ ALPHA ONE Drone အဖွဲ့နှင့် ပူးပေါင်းတပ်များက မတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီတွင် တစ်ပြိုင်နက် တိုက်ခိုက် ခဲ့ရာ သံမိုးတောင်စခန်းတွင် ဒုတပ်ရင်းမှူး ၁ ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။ ရန်ကုန်တွင် ဒု ဗိုလ်မှူးကြီး မြင့်ဝေ ပစ်ခတ်သတ်ဖြတ်ခံရ ================================= မင်္ဂလာဒုံလေတပ်စခန်းမှ ဒု ဌာနမှူး လေကြောင်းလက်နက် ပြင်ဆင်ရေးဌာန မှ ဒုတိယဗိုလ်မှူးကြီး မြင့်ဝေသည် ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ တွင် သေနတ်ဖြင့် အနီးကပ် ၈ ချက် ပစ်ခတ်ခဲ့တာကြောင့် သေချာပေါက် သေဆုံးနိုင်ကြောင်း သိရှိရသည်။

Friday, March 31, 2023

နေပြည်တော်ကိုတိုက်ပြီ။

နေပြည်တော်ရှိ အေလာလေဆိပ်၊ စစ်ရေးပြကွင်း လုံခြုံရေး ဗျူဟာကုန်းနှင့် ဆွာမြို့ ခလရ ၁၉ တပ်ရင်းတို့ကို တစ်ရက်တည်း ပစ်ခတ် တိုက်ခိုက် ရန်ကုန်၊ မတ် ၃၀ နေပြည်တော်ရှိ အကြမ်းဖက် စစ်တပ်၏ အေလာလေဆိပ်၊ စစ်ရေးပြကွင်း လုံခြုံရေး ဗျူဟာကုန်းနှင့် ဆွာမြို့ ခလရ ၁၉ တပ်ရင်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက တစ်ရက်တည်း တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။ မတ်လ ၂၇ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်တွင် ရုရှားနိုင်ငံနှင့် စစ်ကောင်စီတို့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နေသည့် နေပြည်တော်၊ အေလာလေ ဆိပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် အောင်မြင်စွာပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းအုပ်စု၊ ရွှေဘုန်းတောင် ဗျုဟာကုန်း တွင် စစ်ရေး ပြကွင်းလုံခြုံရေး ယူရန် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး တပ်ဖွဲ့များဖြစ်သော ခမရ ၆၀၄၊ ခမရ ၆၀၅၊ ခမရ ၄၁၁၊ ခမရ ၃၀၂၊ ၈၅ တပ်တို့ကို Fixed wing တိုက်ခိုက်ရေး လေယာဥ်ငယ်ဖြင့် ၆၀ မမ လက်လုပ် ဗုံးသီးများကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၄၇ မိနစ်မှ ညနေ ၆ နာရီအထိ ပဲခူးတိုင်း၊ ဆွာမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၁၉ တပ်ရင်းကို Fixed Wing တိုက်ခိုက်ရေး လေယာဉ်ငယ်များဖြင့် ဗုံးသီး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများသည် ဖက်ဆစ် စစ်တပ်၏ တော်လှန်ရေးနေ့ကို ဆန့်ကျင်သည့်အနေဖြင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့၊ MKCDF အဖွဲ့ နှင့် Brave Warriors for Myanmar (BWM) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။ Photo – နေပြည်တော် အေလာလေဆိပ်ကို ပစ်ခတ်လိုက်သည့် ၁၀၇ မမ ရှော့တိုက်ဒုံးအား တွေ့ရစဉ်

Thursday, March 30, 2023

Two children among eight civilians killed in junta air strikes on village in Chin

Two children among eight civilians killed in junta air strikes on village in Chin
March 31, 2023 Eight people including two children were killed and 10 others injured in Thantlang Township, Chin State on Thursday morning when junta fighter jets bombed Khuafo Village without provocation, according to local Chin media. Ten civilian buildings including two churches were damaged in the bombardment. (Photo: Salai Tial Hram Ling) #WhatsHappeningInMyanmar ------------------- Help The Irrawaddy Report the Truth from Myanmar https://bit.ly/3btQYpR

Wednesday, March 29, 2023

Breaking News- သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီ၏ အကြီးဆုံး စစ်စခန်း မယ့်ခါထာကို KNU တပ်မဟာ ၅ က သိမ်းပိုက်၊စစ်တပ် ဘက်မှ အရာရှိများ အပါ အဝင် ၄၀ ကျော်သေဆုံးပြီး လက်နက် ခဲယမ်း အများ အပြား သိမ်းဆည်း ရမိ

Breaking News- သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီ၏ အကြီးဆုံး စစ်စခန်း မယ့်ခါထာကို KNU တပ်မဟာ ၅ က သိမ်းပိုက်၊စစ်တပ် ဘက်မှ အရာရှိများ အပါ အဝင် ၄၀ ကျော်သေဆုံးပြီး လက်နက် ခဲယမ်း အများ အပြား သိမ်းဆည်း ရမိ ရန်ကုန်၊ မတ် ၂၈ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ ၊ သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင် စီတပ်၏ အကြီးဆုံး စခန်းတစ်ခုတွင် အပါအဝင်ဖြစ်သော မယ့်ခါ ထာစခန်းကို KNLA တပ်များက ယနေ့ နံနက်ပိုင်း တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သား ၄၀ ကျော်သေဆုံးသွားကြောင်း KNLA သတင်းရင်းမြစ်များက ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ်၏ မယ့်ခါ ထာ စခန်း ကို KNLA တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်း ဖြစ်ပြီး KNU တပ်မဟာ ၅ က စစ်ကောင်စီ၏ မယ့်ခါထာ စခန်း တစ်ခုလုံးကို အောင်မြင် စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်အရာရှိများ အပါအဝင် စစ်သား ၄၀ ကျော် သေ ဆုံး ပြီး KNU ဘက်မှ ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း သိရှိရသည်။ “စခန်းကိုတော့ သိမ်းလိုက်ပါပြီ။ တိုက်ပွဲက မိနစ် ၅၀ လောက်ကြာပါတယ်။ သတင်းကလည်း ထိန်းထားလို့လည်းမရနိုင်ဘူး။ ထိုင်းဘက်မှာလည်း ရွာရှိ နေသလို စခန်းမှာဖြစ်ပျက်နေတာတွေကိုလည်း ဟိုဘက်ကမ်းက လှမ်းမြင် နေရတာပဲ။ ဒီမနက် ၆ နာရီ ၄၀ လောက်မှာ စခန်းကို သိမ်းပါတယ်။ ရန်သူ ဘက်က သေဆုံးသူ ၄၀ ကျော်ပါတယ်” ဟု KNLA သတင်းရင်းမြစ်က ရှင်းပြသည်။ KNU တပ်မဟာ ၅ က တိုက်ခိုက် သိမ်းပိုက်လိုက်သော မယ့်ခါထာစခန်းတွင် စစ်ကောင်စီတပ်ဘက်မှ အင်အား စုစည်းမှု အင်အား ရာဂဏန်းအထိရှိသော စစ် စခန်းကြီးတစ်ခုဖြစ်ကြောင်း သိရှိရသည်။ ဓာတ်ပုံ- KNU တပ်မဟာ ၅ ခေါင်းဆောင်လည်းဖြစ် KNLA ဒုတိယစစ်ဦးစီး ချုပ်လည်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ။

Karen Armed Group Seizes Border Outpost From Myanmar Regime Forces

An ethnic Karen rebel group claimed to have seized a strategic junta border outpost in Hpapun District, Karen State on Tuesday morning. The Karen National Liberation Army (KNLA), the armed wing of the Karen National Union (KNU), raided the Mal Khar Hta military outpost on the bank of the Salween River near the Thai border and located inside KNU Brigade 5 territory, early in the morning, according to reports from local Karen media and a KNU source. Padoh Mann Mann, KNU Brigade 5 spokesman, also confirmed to The Irrawaddy the seizure of the junta border outpost. The move came a day after junta boss Min Aung Hlaing vowed to crush the civilian National Unity Government (NUG), the political wing of the People’s Defense Force (PDF), and ethnic armed organizations (EAOs) fighting alongside the NUG, in a speech to mark the 78th annual Myanmar Armed Forces Day in Naypyitaw on Monday. Citing KNLA sources, local Karen media outlets reported there were many military casualties in the raid on the outpost, but precise casualty figures were not known. Videos released by local media outlet Salween Press show an intense firefight at the base lasting for several minutes, as well as footage of the outpost after it was burned down. The base has been used by the junta to distribute rations, ammunition and reinforcements to nearby regime outposts. In April 2021, Karen rebel forces seized the nearby Thaw Lal Hta junta outpost, sending regime forces fleeing to the Mal Kha Hta base. The KNU, which has trained and armed PDF groups, has been escalating its attacks on regime targets including military headquarters in Karen and Mon states and Bago and Tanintharyi regions. It has also coordinated with resistance forces to mount attacks on regime targets including junta air bases in central Myanmar.

စစ်တပ်နှင့်ပျူစောထီးအဖွဲ့ ရွှေဘိုတွင် ဗုံးခွဲကာ ပြည်သူနှင့် PDF အကြားအထင်မှားအောင်လုပ်ဆောင်

ရွှေဘိုမြို့၊ အများပြည်သူနေရာ ၂ ခု နှင့် ခရီးသည်တင်ကားတစ်စီးကို စစ်တပ်နှင့် ပျူစောထီးများ က ဗုံးခွဲမှု ပြည်သူ ၂ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ၊ PDF အပေါ် အပြစ်ပုံချရန်နှင့် ပြည်သူက တော်လှန် ရေးအပေါ် အထင်အမြင်လွဲစေရန် လုပ်ဆောင်ချက်အဖြစ် တော်လှန်ရေးအဖွဲ့က တရားဝင် ရှုတ်ချ ရန်ကုန်၊ မတ်၂၉ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ လူစည်ကားရာ ကားကြီးကွင်းအနီး တံတားပေါ်နှင့် ကားကြီးကွင်း မြောက် ဘက်လမ်းပေါ်နှင့် မန္တလေး-ရွှေဘိုကားမပေါ်တွင် ခရီးသည်တင်ကား တစ်စီးကို အကြမ်းဖက်စစ်တပ်လက်အေက်ခံ ပျူစောထီးများက မိုင်းထောင် မိုင်းခွဲသဖြင့် ပြည် သူ ၂ ဦးသေဆုံးပြီး သံဃာတော်တစ်ပါး၊ ကလေး ငယ်များအပါအဝင် ပြည်သူ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့နှင့် ဒေသပြည်သူများက ပြောသည်။ ယမန်နေ့ မတ်လ ၂၈ နံနက်ပိုင်း ရွှေဘိုမြို့လူစည်ကားရာ ကားကြီးကွင်း အနီးရှိ တံတားပေါ်တွင် မိုင်းကွဲခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ကလေး ငယ် တစ်ဦးအပါအဝင် ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ တံတားပေါ်ရှိ လူနာများ ကောက် နေချိန် ကားကြီးမြောက်ဘက်လမ်းပေါ်တွင် ဒုတိယအကြိမ်ထပ်မံမိုင်းခွဲခဲ့ရာ ကလေးငယ်နှစ်ဦး အမျိုး သား ၁၂ ဦး၊ အမျိုးသမီး ၈ ဦးဒဏ်ရာရရှိပြီး စိုးရိမ်ရလူများကို မန္တလေးဆေးရုံကြီးသို့ လွဲပြောင်း ကုသ စဉ်အမျိုးသားတစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။ “စစ်ခွေးတွေက သူတို့အရာရှိတွေကို ကာကွယ်ဖို့ မိုင်းထောင်ထားတာ ဘာဖြစ်လို့လဲ ဆိုရင် စစ်ခွေးတွေလုပ်လေ့လုပ်ထရှိတဲ့အရာပေါ့၊ သူတို့ရဲ့အရာရှိတွေလာရင် PDF တွေ ဝင်မလာနိုင်အောင် ကြိုပြီးတော့ မိုင်းတွေထောင်ပြီး ပြင်ဆင်တယ်၊ စစ်ခွေးတွေက ကာမိုင်းထောင်တာ” ဟု Black wolf – Army တပ်ဖွဲ့မှတာဝန်ရှိသူက ရန်ကုန် ခေတ်သစ်မီဒီယာဌာနသို့ သုံးသပ်ပြောကြားသည်။ ပျူစောထီးများနှင့် စစ်တပ်၏ လုပ်ရပ်သည် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိခိုက်နစ်နာစေသည့် လုပ်ရပ်ဖြစ် သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(People Defense Forces) များအနေဖြင့် မလုပ်ဆောင်ကြောင်း၊ ယခုကဲ့သို့ ပြည်သူထူထု ထိခိုက်နစ်နာစေသည့် ဖောက်ခွဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် အဖွဲအစည်းကို ပြင်းထန်စွာ ရှုတ်ချပါကြောင်း BLACK WOLF – ARMY တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာစေခဲ့သည့် စစ်ကောင်စီ တပ်ရင်း နံပါတ်၊ ဦး ဆောင်သူနှင့် စစ်ကောင်စီတပ်ဖွဲ ဝင်များ ၊ ၄င်းတို့၏ အမည်နှင့် ကိုယ်ရေးအချက်အလက်များအား BLACK WOLF – ARMY သို့ ပေးပို့နိုင်ပြီး လက်စားချေတိုက်ခိုက်သွားမည် ဖြစ်ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့က ပြောသည်။ ထို့ပြင် ရွှေဘိုတွင် လူသေဆုံးမှု ရှိစေသည့် မိုင်းထောင်းမိုင်းခွဲမှုသည် စစ်ကောင်စီလက်အောက်ခံ အဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း ရွှေဘိုမြို့ခံ တစ်ဦးက ဆိုသည်။ “ စစ်ခွေးလူကြီးခရီးစဉ်ရှိတာ၊ ရွှေဘိုဈေးသည်တွေဆီက ဝက်သား၊ အမဲသားတွေ လာလုသွားတယ်၊ ပျူစောထီးတွေ လွှတ်ပြီး မူးဘောင်ဘေး ကားကွင်းထိပ်ဗုံးလာခွဲတာ၊ ပြည်သူတွေသေအောင်၊ PDF တွေနဲ့ ပြည်သူတွေနဲ့ ရန်တိုက်ပေးတာ၊ အခုလမ်းဘေးဈေးသည်တွေ၊ ဆိုင်ခန်းတွေဖျက်ပေးနေရပြီ၊ ပန်းခြံပေါက်က ဆိုင်တွေပါ ဖျက်ပေးနေရတာ၊ မနေ့မနက်က ဗုံးခွဲမှုကလည်း စစ်ခွေးတွေ၊ ပျူတွေခွဲတာ ထမင်းစားတဲ့သူတိုင်းသိတယ်၊ လူ အစည်ကားဆုံးနေရာမှာခွဲတာ” ဟု ရွှေဘိုမြို့နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ အလားတူ မတ်လ ၂၅ ရက်နေ့ကလည်း ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာနှင့် ဗီးတောကျေးရွာကြား မန္တလေး- ရွှေဘိုကားလမ်းမပေါ်တွင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ခရီးသည်တင်ကား တစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ဆရာတော်တစ်ပါးအပါအဝင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိပြီး ၂ ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Tuesday, March 28, 2023

ကျုံဒိုးတိုက်ပွဲ စစိတပ်အသေဆုံးများ။

ကျုံဒိုးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အသေအဆုံးများဟုဆို မတ် ၂၈၊ ၂၀၂၃ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် မတ်လ ၂၅၊ ၂၆ ရက်များက ဖြစ်ပွားခဲ့သော ကျုံဒိုးမြို့ပြစစ်ဆင်ရေးတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၅ ဦးနှင့်အထက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူလည်း များပြားခဲ့ကြောင်း Lion Battalion Commando Special Forces ဗျုဟာစစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။ ဗျူဟာမှူး ဗိုလ်အယ်စေးဝါး ဦးဆောင်သော Lion Battalion Commando Special Forces နှင့် ကရင့်တော်လှန်ရေးတပ်ဖွဲ့များ၊ အခြားသော ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းစစ်ကြောင်းများက ကျုံဒိုးရဲစခန်း၊ ဂျိုင်းတံတားနှင့် ငါးတိုင်အလယ်တန်းစာသင်ကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီ၏ ကျုံဒိုးအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၄၅/၅၄၆ တပ်များ၊ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) နှင့် ရဲများကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းသို့ တိုက်ခိုက်ခဲ့သည့် နှစ်ရက်တာအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၅ ဦးနှင့်အထက်ရှိကာ ထိခိုက်ဒဏ်ရာရသူများပြားသလို တပ်ပျက်၍ စစ်ကြောင်းလိုက် ထွက်ပြေးရမှုများ ရှိခဲ့ကြောင်း ဖော်ပြထားသော်လည်း ဧရာဝတီက သီးခြားအတည်မပြုနိုင်သေးပါ။ ပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ရဲဘော် မိုးသက်မောင်မောင် (ခ) အရှည်ကြီး၊ ရဲဘော် မျိုးမင်းလှိုင် (ခ) မျိုးကြီးနှင့် ရဲဘော် သရဲနီတို့ ၃ ဦး ကျဆုံးခဲ့ကြောင်း Lion Battalion Commando ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဓာတ်ပုံ - Lion Battalion Commando Special Forces #WhatsHappeningInMyanmar #RejectMilitaryCoup

Sunday, March 26, 2023

ရေးမြိုနယ်စါရင်းရုံးတိုက်ခိုက်ခံရ

မွန်ပြည်နယ် ရေးမြို့နယ်က စာရင်းစစ်ရုံးကို မတ် ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရေး YSTF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ “၆၀ မမ မိုင်းသီးနဲ့ ဝင်ခွဲထားတယ်။ မြို့နယ်စာရင်းစစ်ရုံးထဲမှာ ဝန်ထမ်းတွေ ရှိနေတယ်။ လောလောဆယ် လူနဲ့ ရုံးပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုအခြေနေအသေးစိတ်ကို မသိရသေးဘူး။” စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ဌာနတခုဖြစ်ပြီး တနင်္ဂနွေလို ရုံးပိတ်ရက်မှာ ရုံးဖွင့် ထားတော့ ပိုထူးခြားနေလို့ လုပ်တာလို့ ဆက်ပြောပါတယ်။ အခုအခင်းဖြစ်ထားတဲ့ မိုင်းခွဲခံထားရတဲ့နေရာ ဝန်းကျင်အပါအဝင် မြို့ထဲမှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးအပြည့်ကား ၃ စီးနဲ့ မြို့တွင်းကို လည်ပတ်နေပြီး လောလောဆယ်တော့ လူ ထိခိုက် သေဆုံးတာ မကြားရသေးဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။ ဒေသခံတဦးက “ပေါက်ကွဲသံက မြို့ထဲမှာဖြစ်တော့ လူနေအိမ်နဲ့လည်း နီးတယ်။ ဘေးပတ်ဝန်းကျင်က လူတွေပါ စိုးရိမ်ထိတ်လန့်သွားခဲ့တယ်” လို့ ပြောပါတယ်။ ရေးမြို့နယ်က ဌာနဆိုင်ရာရုံးတွေဟာ မကြာခဏဆိုသလို ဒေသကာကွယ်ရေးတပ်တွေ ဝင်ရောက် ပစ်ခတ်တာ၊ မိုင်းခွဲ၊ ဗုံးခွဲတာတွေ လုပ်ခဲ့တာကြောင့် ရုံးတွေကို ဒီနေ့အထိ ယာယီ ပိတ်ထားရပါတယ်။

မန္တလေးဝန်ကြီးချုပ် ယာဉ်တန်းတိုက်ခိုက်ခံရမူ စစ်သား ၁၂ ယောက်နဲ့ ဝန်ထမ်းအကြီးကဲ၂ ဦးသေဆုံး

စစ်ကောင်စီရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ယာဉ်တန်းကို မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၂ ယောက်နဲ့ ဝန်ထမ်းအကြီးအကဲ ၂ ယောက် သေဆုံးတယ်လို့ မန္တလေး PDF က ထုတ်ပြန်ပါတယ်။ မတ် ၂၄ ရက် မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ရဲ့ အထူးစစ်ဆင်ရေးအဖွဲ့တွေဟာ မန္တလေးမြို့ထဲကို ဝင်ရောက်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ရဲ့ ယာဉ်တန်းကို မိုင်းခွဲခဲ့တာပါ။ မန္တလေးမြို့လယ်ခေါင် တိုင်းအစိုးရအဖွဲ့ရုံးနားမှာပဲ ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယာဉ်တန်းက မော်တော်ယာဉ်တွေ ကြီးကြီးမားမား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မတူပီ-ပလက်ဝလမ်း၊ မိုင်တိုင် ၁၄ နှင့် ၁၅ ကြားတိုက်ပွဲတွင် စစ်သား ၁၃ ဦး သေဆုံး

မတူပီ-ပလက်ဝလမ်း၊ မိုင်တိုင် ၁၄ နှင့် ၁၅ ကြားတိုက်ပွဲတွင် စစ်သား ၁၃ ဦး သေဆုံး
ရန်ကုန်၊ မတ်လ ၂၆ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝလမ်းမပေါ် မိုင်တိုင်အမှတ် ၁၄ နှင့် ၁၅ ကြားတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း CDF – Matupi ထံမှ သိရသည်။ မတ်လ ၂၀ ရက်နေ့က မတူပီမြို့အခြေစိုက် ခမရ ၃၀၄ တပ်မှ ထယ်ဘွေစခန်းသို့ တပ်အင်အားနှင့် ရိက္ခာဖြည့်ရန် စစ်ကား ၃ စီး၊ အင်အား ၈၀ ခန့်ဖြင့် ထွက်ခွာ လာ သော အကြမ်းဖက်စစ်သားများကို မတ်လ ၂၄ ရက်နေ့က မတူပီ-ပလက်ဝ လမ်း မပေါ် မိုင်တိုင် ၁၄ နှင့် ၁၅ ကြားအရောက် မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်း ဖက် စစ် သား ၇ ဦးသေဆုံးခဲ့ကြောင်း၊ ထို့နောက် ပစ်ခတ်တိုက်ခိုက်မှု ၃ ကြိမ် လုပ် ဆောင်ခဲ့ရာ အကြမ်းဖက် စစ်သား ၆ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို CDF –Matupi နှင့် CAN တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခို က်ခဲ့ ခြင်း ဖြစ်ပြီး CDF-Matupi မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မတူပီ-ပလက်ဝ လမ်း မိုင်တိုင် – ၁၆ ဝါပုန်းလမ်းခွဲအနီး အနား တစ်လျှောက်ကို အကြမ်း ဖက်စစ်တပ်မှ နင်းမိုင်း များစွာ ထောင်ထားသဖြင့် ပြည်သူများအနေဖြင့် သွား လာ ခြင်းမပြုလုပ်ကြရန်၊ CDF –Matupi ၏ မိုင်းရှင်းလင်းပြီး ထုတ်ပြန်မှသာ သွားလာကြရန် အသိ ပေးထားသည်။

Saturday, March 25, 2023

ကော့ကရိတ်တိုက်ပွဲ စစ်သား ၂၀ ဦးသေဆုံး အရပ်သား ၅ ဦးဒဏ်ရာရ

NEWS ကော့ကရိတ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၈၀ ပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ နီးပါးသေဆုံး၊ စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ ကေကော့ာ့ကရိတ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၈၀ ပါ စစ်ကြောင်
းကို တိုက်ခိုက်မှု စစ်သား ၂၀ နီးပါးသေဆုံး၊ စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးထိဒဏ်ရာရ ရန်ကုန်၊ မတ် ၂၅ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၈၀ ပါ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ် သား ၂၀ နီးပါးသေဆုံးခဲ့ပြီး စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၂ ရက်နေ့ တွင် ကျားဖြူ စစ်ကြောင်း၏ စိုးမိုးနယ်မြေအတွင်းသို့ စစ်ကောင်စီအင်အား ၈၀ ခန့်ပါ စစ်ကြောင်းက အင်အား ၄၀ စီ စစ်ကြောင်းခွဲ၍ နှစ်ဖွဲ့ ဝင်ရောက်လာခဲ့ကြောင်း၊ ကော့ကရိတ်နယ်မြေအတွင်းရှိ ကျားဖြူစစ်ကြောင်း အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်များက ၀ိုင်းဝန်း တိုက်ခိုက်ကြရာ စစ်တပ်ဘက်မှ ၂၀ နီးပါး သေဆုံးကြောင်း၊ စစ်သားအလောင်း ၆ လောင်းရရှိကြောင်း သိရှိရသည်။ “ကျားဖြူစစ်ကြောင်း ထိန်းချုပ်နယ်မြေကို မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းမှာ ရန်သူဘက်ကနေပြီးတော့ အင်အား ၄၀ စီပါတဲ့ စစ်ကြောင်း ၂ ကြောင်းထိုးတယ်ပေါ့။ ကျနော်တို့က သတင်းရရှိပြီးတော့ လက်ဦးမှုရယူပြီးတော့ ပစ်ခတ်လိုက်တာ စစ်ခွေး ၂၀ လောက်သေသွားတယ်။ အလောင်း ၆ လောင်းလောက်တော့ရလိုက်တယ်။ ပါဝင်တိုက်ခိုက်တာက ကျားဖြူ တပ်ခွဲ ၄ ၊ တပ်ခွဲ ၅ ကျားဖြူစစ်ကြောင်းတွေပေါ့” ဟု PDF သတင်းရင်းမြစ်က ပြောသည်။ ယင်းနောက် စစ်တပ်က မတ်လ ၂၂ ရက်နေ့နှင့် မတ်လ ၂၃ ရက်နေ့တွင် ပြည်သူများနေထိုင်သော ကျေးရွာများသို့ လက်နက်ကြီးများဖြင့် တစ်ညနှင့် တစ်ရက်ပစ်ခတ်ခဲ့ရာ ကလေးငယ်တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိမှု အပါအဝင် ပြည်သူ ၅ ဦးထိခိုက်ခဲ့ကြောင်း သိရှိရသည်။

အုပ်ဖိုစစ်ကြောင်းမိုင်းဆွဲခံရမူ စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၅ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ကြို့ပင်ကောက် HERO ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ မတ်လ ၂၄ ရက်နေ့တွင် အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာအုပ်စုမှ ပဲခူးရိုးမ ပေါ်သို့ ထိုးစစ်ဆင်လာသော အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၉ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက် ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ” မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး ၁၀ ကောင်သေတယ်။ ထိတွေ့တိုက် ပွဲတွေ ကတော့ အခုထိဆက်ဖြစ်နေတယ်။ စစ်ခွေးတွေလည်း အင်အားတွေ ထပ်ဖြည့် နေတယ်လို့ကြားတယ်။ တိုက်ပွဲတွေပိုပြီး ပြင်းထန်လာနိုင်တယ်” ဟု ကြို့ပင် ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကို သာယာ ဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင် ကောက် HERO ပြောက်ကျားတပ်ဖွဲ့နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၂ တပ်ခွဲ ၅ တပ်စု ၂ မဟာမိတ် တပ်ဖွဲ့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ စစ်တပ်က အထိနာသွားပြီးနောက် ဝိုင်းကျေးရွာ၊ တာဝါတိုင်ကျေးရွာနှင့် ချောင်း စောက် ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များအား မီးရှိဖျက်ဆီးလျက်ရှိပြီး နေအိမ် များရှိ ပြည်သူပိုင်ပစ္စည်းများကို ကားဖြင့် ခိုးယူသယ်ထုတ်လျက်ရှိသည်။ ထိုကျေးရွာများမှ အပြစ်မဲ့ပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီ၏ မီးရှီု့ ဖျက်ဆီးခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများကြောင့် ဘေးလွတ်ရာသို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရလျက် ရှိကြောင်း သိရှိရသည်။ စစ်တပ်က စစ်ကူအဖြစ် ဝိုင်းကျေးရွာသို စစ်ကား ၂ စီးစေလွှတ်ကာ တပ်စွဲ ထား ပြီး ယနေ့နံနက်၌ တိုက်ပွဲဖြစ်ပွားရာ နေရာများသို လက်နက်ကြီးပစ်ကူများဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။ အလားတူ မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ် ဒုတိယအထပ်တွင် ဘန်ကာနှင့် အသေအချာ ကင်းပုန်းယူထားသည့် စစ်ကောင်စီဝင်များကို မတ်လ ၂၄ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်ခန့်အချိန်တွင် လက်ပစ်မိုင်းနှင့်တိုက်ခိုက်ခဲ့ပြီး အထိ အခိုက် များ နိုင်ကြောင်း True Fighterမြို့ပြပြောက်ကျားတပ်ဖွဲ့မှ ရန်ကုန် ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။ စစ်ဆင်ရေး တိုက်ခိုက်မှုကို True Fighterမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် PENTAGRAM မဟာမိတ်အဖွဲ့တို့မှ ပူးတွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “သူတို့က ဘန်ကာနားမှာနေနေတဲ့အချိန် ကျွန်တော်တို့က လျက်ဆားပုလင်း (လက် ပစ်မိုင်း)နဲ့ ရုံးရှေ့ကနေ ပစ်လိုက်တာဗျ။ ပစ်တဲ့အချိန် စစ်ခွေးတွေစုနေ တဲ့နား အနည်းဆုံး၆ကောင်လောက် ရှိနေတဲ့နေရာ ကို ကျသွားတယ်ဗျ။ သူတို့ ဘက်က အချက် ၃၀ လောက် ပြန်လည်ပစ်ခတ်ပုံအရ အထိခိုက်များမယ်ဗျ” ဟု True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။ တိုက်ခိုက်မှုအတွင်း ပြည်သူ့တော်လှန်ရေးအဖွဲ့သားများ အထိအခိုက်မရှိ ဆုတ် ခွာ နိုင်ခဲ့ကြောင်း၊ True Fighterမြို့ပြ ပြောက်ကျား တပ်ဖွဲ့အနေဖြင့် အရှိန် အဟုန် တဆင့် မြှင့်၍ တိုက်ခိုက်နိုင်ရန် လက်နက်ခဲယမ်းများ ဝယ်ယူရန် အတွက် ကံစမ်းမဲအစီစဉ်ပြုလုပ်နေပြီး ပြည်သူများအနေဖြင့်လည်း ပါဝင်ကူညီ ပေးကြ ပါရန် မေတ္တာရပ်ခံကြောင်း ‌True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန် ရှိသူက ဆက်လက်ပြောကြားသည်။ ဓာတ်ပုံ- စစ်ကားများကို အဝါရောင်ဆေးသုတ်၍ ရွှေ့ပြောင်းနေသော အကြမ်း ဖက် စစ်သားများ။