Monday, December 30, 2019

RANGOON 8888BURMA : မြန်မာပြည်တွင်ဖြစ်ပျက်နေပြီဖြစ်‌ေသာတရားစီရင်‌ေရးအ‌...

RANGOON 8888BURMA : မြန်မာပြည်တွင်ဖြစ်ပျက်နေပြီဖြစ်‌ေသာတရားစီရင်‌ေရးအ‌...

NASA မှ့ မြန်မာအမျိုးသမ္မီး မမီမီအောင်

နာဆာက အင်္ဂါဂြိုဟ်ကို လွှတ်တင်မယ့် မားရဟတ်ယာဉ် ပရောဂျက်ကို မြန်မာအမျိုးသမီး မမီမီအောင်က ဦးဆောင်ပါမည်။


ဖွံဖြိုးပြီးနိုင်ငံတွေထက်စာရင် ကျွန်မတို့နိုင်ငံက သိပ်ထူးထူးထွေထွေ ဘာမှမရှိကြပေမယ့် ကျွန်မတို့မြင်တွေ့ရတဲ့ ကောင်းကင်ပြင်ကြီးကတော့ အတူတူပါပဲ။ ကောင်းကင်ပြင်ကြီးမှာ ဘာတွေများရှိနေမလဲ..နေစကြဝဠာ စသည်ဖြင့်ကဘာတွေရှိကြသလဲ..ဒီမေးခွန်းတွေဟာ ကနေ့အထိပါပဲ။ သဘာဝနဲ့ ပတ်သတ်လို့ သာမန်လူတွေမေးနေကြတဲ့ မေးခွန်းတွေပါ။ ကျွန်မတို့လူသားတွေ ဘယ်ကစခဲ့ကြသလဲ။ ကျွန်မတို့ကမ္ဘာဂြိုဟ်ကြီးတစ်ခုတည်း သက်ရှိတွေ ရှိတာလား။ ဒီမေးခွန်းတွေကို ကျွန်မအတွက် သိပ်ကိုသိလိုတဲ့ ဆန္ဒပြင်းပြလှပါတယ်။
ဒါကတော့ နာဆာခေါ် အမေရိကန်အာကာသစူးစမ်းလေ့လာရေးက JPL လို့အတိုကောက်ခေါ်တဲ့ Jet Propulsion Laboratory ဌာနမှာ အင်္ဂါဂြိုဟ်ကိုလွှတ်တင်ဖို့ စီစဉ်နေတဲ့ မားစ်ဟယ်လီကော်ပတာ ပရောဂျက်ကိုဦးဆောင်နေတဲ့ မြန်မာအမျိုးသမီး မမီမီအောင်ပဲ ဖြစ်ပါတယ်။ သူမဟာ JPL ဌာနမှာ အထူးချွန်ဆုံးအမျိုးသမီး ၁၄ဦးထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူမဟာ ၁၉၈၈ခုနှစ်မှာ အမေရိကန် အီလီနွိုက်တက္ကသိုလ်က သိပ္ပံဘွဲ့ရရှိပြီး ၁၉၉၀ခုနှစ်မှာတော့ လျှပ်စစ်အင်ဂျင်နီယာ မဟာသိပ္ပံဘွဲ့ကို ရရှိခဲ့တာဖြစ်ပါတယ်။၁၉၉၀ခုနှစ်မှာပဲ JPL ဌာနကို ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မမီမီအောင်ဟာ JPL Atomic System ဌာနမှာ လက်ထောက်ညွှန်ကြားရေးရာထူးကို ထမ်းဆောင်နေသလို မားစ်ဟယ်လီကော်ပရာစီမံကိန်းရဲ့ ဦးဆောင်သူ မန်နေဂျာရာထူးကိုလည်း ထမ်းဆောင်လျှက်ရှိပါတယ် မားစ်ဟယ်လီကော်ပတာ ပရောဂျက်မားစ်ဂြိုဟ်ကြီးအကြောင်းကို လူသားတို့ နားလည်မှုကို မြှင့်တင်ပေနိုင်မည့် အသေးစား ရဟတ်ယာဉ်တစ်စင်းကို၂၀၂၀ တွင် အင်္ဂါ ဂြိုဟ်ပေါ်သို့လွှတ်တင်မည်ဟု အမေရိကန် အာကာသအေဂျင်စီက မေ ၁၁ ရက်တွင်ပြောကြားခဲ့ပြီး လူလိုက်ပါခြင်း မရှိသေးသည့် ဒရုန်းပုံစံ ရဟတ်ယာဉ်သည် ၎င်းဂြိုဟ်ပေါ်သို့ပထမဦးဆုံး ပျံသန်းမည့် ရဟတ်ယာဉ် ဖြစ်လာမည်ဟု ဆိုသည်။

မားစ်ရဟတ်ယာဉ်ဟု ရိုးရိုးရှင်းရှင်း နာမည်ပေးထားသောယာဉ်ငယ်သည် အလေးချိန် လေးပေါင်(၁.၈ကီလိုဂရမ်)ပင် မရှိပေ။ ၎င်း၏ ကိုယ်ထည်ပိုင်းသည် ဘောလုံးပျော့ တစ်လုံး၏ အရွယ်အစားခန့်သာ ရှိသည်။ ၎င်းကို ၂၀၂၀ မားစ်ဂြိုဟ်စူးစမ်းရေးယာဉ်၏ ဝမ်းဗိုက်ပိုင်းနှင့် ချိတ်ပေးလိုက်မည်ဖြစ်သည်။ မားစ်ဂြိုဟ်စူးစမ်းရေးယာဉ်သည်ဘီးတပ်စက်ရုပ်ဖြစ်ပြီး အင်္ဂါဂြိုဟ် သဘာဝပတ်ဝန်းကျင်တွင် သက်ရှိနေထိုင်နိုင်မှုကိုဆုံးဖြတ်ရန်၊ ရှေးပဝေသဏီက သက်ရှိများ၏ လက္ခဏာများကိုရှာဖွေရန်၊ နောင်တချိန်လူသားတို့၏ စူးစမ်းလေ့လာမှုများအတွက် သဘာဝသံယံဇာတနှင့်ဘေးအန္တရာယ်များကိုတွက်ချက်ရန် ရည်ရွယ်သည်။မားစ် ၂၀၂၀ စူးစမ်းရေးယာဉ်ကို၂၀၂၀ ခုနှစ်ဇူလိုင်လတွင် လွှတ်တင်ရန်စီစဉ်ထားခြင်း ဖြစ်ပြီး၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် အင်္ဂါဂြိုဟ်မျက်နှာပြင်ကို ဆိုက်ရောက်မည်ဟု ရည်မှန်းထားသည်။ ‘နာဆာဟာ ပထမဦးဆုံး ဆိုတာတွေကို လုပ်ခဲ့တဲ့ ဂုဏ်ယူစရာ သမိုင်း ကြောင်းရှိပါတယ်။ အခြားဂြိုဟ်တစ်ခုရဲ့ ကောင်းကင်ယံမှာ ရဟတ်ယာဉ်ပျံသန်းစေတဲ့ စိတ်ကူးကတော့ ပိတီဖြစ်စရာပါပဲ ‘ဟု နာဆာအုပ်ချုပ်ရေးမှူး ဂျင်ဘရစ်ဒနန်စတိုင်းက ကြေညာချက်တွင်ပြောကြားခဲ့သည်။ ယခင်ကအင်္ဂါဂြိုဟ်ပေါ်တွင် မည်သည့်နိုင်ငံမျှ ရဟတ်ယာဉ် ပျံသန်းခဲ့ခြင်း မရှိသေးပေ။နာဆာ၏ ဂျက်တွန်းကန်အား ဓာတ်ခွဲခန်းတွင်နည်းပညာဖွံ့ဖြိုးရေး စီမံကိန်းတစ်ရပ်အဖြစ် အသေးစားရဟတ်ယာဉ်စီမံကိန်းအား ၂၀၁၃ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့သည်။

အင်္ဂါဂြိုဟ်၏ ပါးလွှာသောလေထုတွင် ပျံသန်းနိုင်ရန် အသေးစား ရဟတ်ယာဉ်သည် အလွန်ပေါ့ပါးရမည်ဖြစ်သကဲ့သို့အတတ်နိုင်ဆုံး အင်အားကောင်းရမည်ဖြစ်သည် ဒီကမ္ဘာပေါ်မှာ ရဟတ်ယာဉ်တစ်စင်း အမြင့်ဆုံး ပျံသန်းတဲ့ စံချိန်ကတော့ ပေ ၄၀၀၀၀ (၁၂၁၀၀မီတာ)’ ဟု နာဆာ ဂျက်တွန်းကန်အား ဓာတ်ခွဲခန်း၏ အင်္ဂါဂြိုဟ် ရဟတ်ယာဉ် စီမံကိန်းမန်နေဂျာ မြန်မာအမျိုးသမီး ဒေါ်မီမီအောင်က ပြောကြားခဲ့သည်။‘အင်္ဂါဂြိုဟ်ရဲ့ လေထုဟာ ကမ္ဘာ့ လေထုရဲ့ တစ်ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကျွန်မတို့ရဲ့ ရဟတ်ယာဉ်ဟာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်ကို ရောက်သွားတဲ့အခါ ကမ္ဘာပေါ်က အမြင့် ပေ ၁၀၀၀၀၀(၃၀၅၀၀မီတာ)နဲ့ညီမျှတဲ့ အမြင့်ကိုရောက်နေမှာဖြစ်ပါတယ်။’ဟု ‘ဒေါ်မီမီအောင်က ဖြည့်စွက်ပြောကြာ


းခဲ့သည်။

Tuesday, December 10, 2019

ICJ -အမူတရားရုံးကိုဒေါ်အောင်ဆန်းစုကြည်တက်ရောက်


လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို တရားစွဲထားတဲ့အမှု ပထမဆုံး ကြားနာတဲ့နေ့မှာ ဂမ်ဘီယာက လျှောက်ထားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ကြပါတယ်။
<Zawgyi>လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို တရားစွဲထားတဲ့အမှု ပထမဆုံး ကြားနာတဲ့နေ့မှာ ဂမ်ဘီယာက လျှောက်ထားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ကြပါတယ်။
#ဘီဘီစီမြန်မာပိုင်း

Monday, December 9, 2019

ICJ အမူကြားနာပုံများကို ဒီလင့်ကနေတိုက်ရိုက်ကြည့်ရှူနိင်ပါတယ်။

ICJ တရားရုံးမှာ အမှုကြားနေချိန်တလျှောက်လုံးကို ဒီလင့်ခ်ကနေ တိုက်ရိုက်ကြည့်ရှုလို့ ရပါမယ်..

www.icj-cij.org/en/multimedia-index

ဒါဟာ တရားရုံးကနေ တရားဝင် Live လွှင့်ပေးတာ ဖြစ်ပြီး UN Web TV နဲ့ the United Nations online television channel မှာလည်း တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်..

ဘာသာစကားအနေနဲ့ကတော့ အင်္ဂလိပ်၊ ပြင်သစ်နှစ်ဘာသာနဲ့ Live လွှင့်မှာ ပါ.. ဂမ်ဘီယာနိုင်ငံမှာ ပြင်သစ်စကား တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်..

အမှုရင်ဆိုင်မယ့်အချိန်တွေကတော့ မြန်မာစံတော်ချိန်နဲ့ဆိုရင် ဒီအတိုင်းပါ..

၁၀-၁၂-၂၀၁၉
ဂမ်ဘီယာနိုင်ငံမှ လျှောက်လဲချိန်
နေ့လယ် ၃:၃၀ မှ ၆:၃၀

၁၁-၁၂-၂၀၁၉
မြန်မာနိုင်ငံဘက်မှ လျှောက်လဲချိန်
နေ့လယ် ၃:၃၀ မှ ၆:၃၀

၁၂-၁၂-၂၀၁၉
ဂမ်ဘီယာနိုင်ငံမှ လျှောက်လဲချိန်
နေ့လယ် ၃:၃၀ မှ ၄:၃၀

မြန်မာနိုင်ငံဘက်မှ လျှောက်လဲချိန်
ည ၁၀:၀၀ မှ ၁၁:၃၀

တရားရုံးထဲ ဝင်ရောက်ကြားနာမယ့်သူများကတော့ သိထားရလောက် Video ရိုက်ကူးခွင့် မရှိဘဲ ကြိုတင်စာရင်းပေးထားတဲ့ မီဒီယာတွေကသာ Live လွှင့် ဗီဒီယိုရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်..

နောက်ဆုံးရသတင်းများအနေနဲ့ ဒီအမှုဟာ စိတ်ဝင်စားသူများပြားလွန်းတာကြောင့် တရားရုံးအပေါ်ထပ်မှာ အခါတိုင်းလို အများပြည်သူကို တိုက်ရိုက် ကြားနာခွင့်မပေးဘဲ နိုင်ငံတကာ သံများကို နေရာချထားပေးမယ်လို့ သိရှိရပါတယ်..

ဝင်ရောက်နားထောင်မယ့် အများပြည်သူဟာ သီးသန့်ခန်းမှာ ပရိုဂျက်တာသော်လည်းကောင်း၊ TV ကြီးနဲ့သော်လည်းကောင်း အဲ့ကနေတဆင့် အမှုကို အချိန်နဲ့တပြေးညီ ကြည့်ရှုနားထောင်ခွင့်ရမှာ ဖြစ်ပါတယ်..

အခြားသောသတင်းများကိုလည်း ဒီပေ့ခ်ျကနေ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားပါ့မယ်

UNICODE:

#ICJ တရားရုံးမှာ အမှုကြားနေချိန်တလျှောက်လုံးကို ဒီလင့်ခ်ကနေ တိုက်ရိုက်ကြည့်ရှုလို့ ရပါမယ်..

www.icj-cij.org/en/multimedia-index

ဒါဟာ တရားရုံးကနေ တရားဝင် Live လွှင့်ပေးတာ ဖြစ်ပြီး UN Web TV နဲ့ the United Nations online television channel မှာလည်း တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်..

ဘာသာစကားအနေနဲ့ကတော့ အင်္ဂလိပ်၊ ပြင်သစ်နှစ်ဘာသာနဲ့ Live လွှင့်မှာ ပါ.. ဂမ်ဘီယာနိုင်ငံမှာ ပြင်သစ်စကား တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်..

အမှုရင်ဆိုင်မယ့်အချိန်တွေကတော့ မြန်မာစံတော်ချိန်နဲ့ဆိုရင် ဒီအတိုင်းပါ..

၁၀-၁၂-၂၀၁၉
ဂမ်ဘီယာနိုင်ငံမှ လျှောက်လဲချိန်
နေ့လယ် ၃:၃၀ မှ ၆:၃၀

၁၁-၁၂-၂၀၁၉
မြန်မာနိုင်ငံဘက်မှ လျှောက်လဲချိန်
နေ့လယ် ၃:၃၀ မှ ၆:၃၀

၁၂-၁၂-၂၀၁၉
ဂမ်ဘီယာနိုင်ငံမှ လျှောက်လဲချိန်
နေ့လယ် ၃:၃၀ မှ ၄:၃၀

မြန်မာနိုင်ငံဘက်မှ လျှောက်လဲချိန်
ည ၁၀:၀၀ မှ ၁၁:၃၀

တရားရုံးထဲ ဝင်ရောက်ကြားနာမယ့်သူများကတော့ သိထားရလောက် Video ရိုက်ကူးခွင့် မရှိဘဲ ကြိုတင်စာရင်းပေးထားတဲ့ မီဒီယာတွေကသာ Live လွှင့် ဗီဒီယိုရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်..

နောက်ဆုံးရသတင်းများအနေနဲ့ ဒီအမှုဟာ စိတ်ဝင်စားသူများပြားလွန်းတာကြောင့် တရားရုံးအပေါ်ထပ်မှာ အခါတိုင်းလို အများပြည်သူကို တိုက်ရိုက် ကြားနာခွင့်မပေးဘဲ နိုင်ငံတကာ သံများကို နေရာချထားပေးမယ်လို့ သိရှိရပါတယ်..

ဝင်ရောက်နားထောင်မယ့် အများပြည်သူဟာ သီးသန့်ခန်းမှာ ပရိုဂျက်တာသော်လည်းကောင်း၊ TV ကြီးနဲ့သော်လည်းကောင်း အဲ့ကနေတဆင့် အမှုကို အချိန်နဲ့တပြေးညီ ကြည့်ရှုနားထောင်ခွင့်ရမှာ ဖြစ်ပါတယ်..

အခြားသောသတင်
းများကိုလည်း ဒီပေ့ခ်ျကနေ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားပါ့မယ်..