Friday, January 12, 2024

လောက်ကိုင်ဖြစ်ပျက်သမျှ

လောက်ကိုင်ဒေသမှာ ဗိုလ်မှူးချုပ် ၆ ဦးနှင့် စစ်သား၊ မိသားစုဝင် ၄၀၀၀ ကျော် လက်နက်ချ အလင်းဝင်မှု နောက်ကွယ်မှ အကြောင်းတရားများ လောက်ကိုင်ဒေသမှာ ဗိုလ်မှူးချုပ် ၆ ဦးနှင့် စစ်သား၊ မိသားစုဝင် ၄၀၀၀ ကျော် လက်နက်ချ အလင်းဝင်မှု နောက်ကွယ်မှ အကြောင်းတရားများ By စစ်ဘက်ဆိုင်ရာ ဖရဲသီး နေပြည်တော်မှာ လွတ်လပ်ရေးနေ့ကို ခမ်းနားစွာ ကျင်းပနေတဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာပဲ လောက်ကိုင်ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) ကို MNDAA က မြေပြင်မှာ အထပ်ထပ် ဝိုင်းရံပိတ်ဆို့ပြီး လက်နက်ကြီး၊ လက်နက်ငယ် တွေ၊ ဒရုန်းတွေနဲ့ နေ့ည မနားပစ်ခတ်မှုတွေ လုပ်ဆောင်ပြီး သိမ်းပိုက်ခဲ့ပါတယ်။ အခုလို ဒကစ(လောက်ကိုင်) ကျသွားတဲ့အပေါ် အမျိုးမျိုးထင်ကြေးပေးမှုတွေနဲ့ အတူ လောက်ကိုင်ဒကစထဲမှာ ရှိနေတဲ့ ဗိုလ်မှူးချုပ် ၅ ဦးကို တန့်ယန်းကနေ လားရှိုးကို ရဟတ်ယာဉ်နဲ့ အရေးပေါ် ပြန်ခေါ်ပြီးတော့ အချုပ်ထဲထည့် လိုက်ပါ တယ်။ အပြစ်အားလုံးကို အဲဒီဗိုလ်မှူးချုပ် ၅ ဦးအပေါ်ကို ပုံချ အပြစ်ပေးဖို့ လုပ်နေ ပါတယ်။ စကခ ၁၄ ရဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် အေးမင်းဦးကတော့ သိန္နီကနေ ဆုတ်ခွာလာလို့ဆိုပြီး နဂိုကတည်းက အချုပ်ထဲထည့်ထားခဲ့တာပါ။ လက်ရှိမှာ တော့ စစ်ကောင်စီက အချုပ်ထဲထည့်ထားတာ ဗိုလ်မှူးချုပ် ၆ ဦး ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် ၆ ဦး၏ နောက်ခံဘ၀များ ====================== လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ် ၆ ဦးရဲ့ နောက်ခံဘ၀တွေက မတူညီကြသလို လားရာတွေကလည်း မတူကြပါဘူး။ ဒါ့အပြင် ခံယူချက်တွေကလည်း ကွာခြား ကြပါတယ်။ ၁- ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ကတော့ လောက်ကိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရဲ့ ဥက္ကဋ္ဌ အဖြစ် အကြမ်းဖက် မင်းအောင်လှိုင်က ခန့်အပ်ခဲ့ပါတယ်။ သူက MNDAA နဲ့ အဓိက ညှိနှိုင်းသူဖြစ်ပါတယ်။ အရာရှိ၊ စစ်သည်၊ ရဲမေ၊ ဝန်ထမ်းနဲ့ မိသားစုဝင်တွေအတွက် MNDAA ကို အဓိက ချည်းကပ် ညှိနှိုင်းခဲ့သူဖြစ်ပြီး ဖြစ်စဉ်တစ်ခုလုံးရဲ့ အဓိက အခရာ အဆုံးအဖြတ်ပေးသူဖြစ်ပါတယ်။ ၂- ဗိုလ်မှူးချုပ် မိုးကျော်သူကတော့ လောက်ကိုင်ဒကစမှူးဖြစ်ပြီး တနိုင်း ဒကစမှူးကနေ ပြောင်းလာသူဖြစ်ပါတယ်။ တနိုင်းမှာ ဝင်ငွေ ကောင်းခဲ့သူ ငွေကြေးစုဆောင်းနိုင်ခဲ့လို့ ငွေကြေး အတော်ကို ချမ်းသာသူလည်းဖြစ်ပါတယ်။ ၃- ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းကတော့ တပ်မ ၅၅ တပ်မှူးဖြစ်ပြီး ရခိုင်မှာ စစ် တိုက်ခဲ့သူဖြစ်ပါတယ်။ ၄- ဗိုလ်မှူးချုပ် သော်ဇင်ဦးကတော့ စကခ ၁၆ တပ်မဟာမှူး ဖြစ်ပြီး ကုန်းကြမ်း ခလရ ၁၂၅ အလံဖြူထောင်တဲ့အချိန်မှာ ရဲဘော်တွေနဲ့ သူ့လက်ရုံးတပ်တွေ ခေါ် ပြီး တာရွှေထန်ကို ဆုတ်ခွာခဲ့ပါတယ်။ တာရွှေထန်ကို MNDAA က သိမ်း တော့ လောက်ကိုင်ကို ထွက်ပြေးခဲ့ရသူဖြစ်ပါတယ်။ ၅- ဗိုလ်မှူးချုပ် အောင်ဇော်လင်းကတော့ စကခ ၁၂ စကခမှူးဖြစ်ပြီး ကကကြည်း က လာတာပါ။ ရာထူးတက်ဖို့ အလားအလာများတဲ့သူဖြစ်ပါတယ်။ ဒါပေမယ် MNDAA ရဲ့ ထိုးစစ်ကို မခံနိုင်လို့ စကခ ၁၂ တပ်ဖွဲ့ဝင်တွေဟာ ရှင်ဖျဉ်ကိုင်းကနေ ကုန်းကြမ်းကို ဆုတ်ခွာရတယ်။ ကုန်းကြမ်းမှာ ခလရ ၁၂၅ အလံဖြူထောင်တော့ တာရွှေထန်ကို ထပ်ဆုတ် ရပါ တယ်။ တာရွှေထန်ကို MNDAA သိမ်းတော့ လောက်ကိုင်ကို ထပ်ပြီး ဆုတ်ခွာ ရပါတယ်။ MNDAA က သူ့ရဲ့ ရုပ်အလောင်းတွေ့တယ် သေဆုံး တယ်ဆိုပြီး ကြေညာခံခဲ့ရသူဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် အောင်ဇော်လင်းက လောက်ကိုင်မှာ လက်နက်ချဖို့ ငြင်းဆန်ခဲ့ပြီး အရာရှိ၊ စစ်သည်၊ ရဲမေရဲ့ အသက်တွေကို မငဲ့ကွက်ဘဲ ခံချမယ်ဆိုတာမျိုး လုပ် ပါ တယ်။ ဒါပေမယ့် အများနဲ့ ဆုံးဖြတ်ချိန်ဖြစ်တာရယ် လောက်ကိုင်ဒေသ အုပ်ချုပ် ရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ရဲ့ နယ်မြေထဲမှာ ရောက်နေ တာကြောင့် သူရဲ့ ဆုံးဖြတ်ချက်က အရာမထင်လို့ အားမတန် မာန်လျှော့ လိုက်ရသူ ဖြစ်ပါ တယ်။ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် (သို့မဟုတ်) အားလုံးရဲ့ အသက်ကယ်တင်သူ ========================================== ခုနက ပြောခဲ့သလိုပါပဲ လောက်ကိုင်ဒေသတစ်ခုလုံး လက်နက်ချ အလင်းဝင်ပြီး အသက်ချမ်းသာရတာဟာ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်ရဲ့ အဓိက ဆုံးဖြတ်မှု ကြောင့် ပါပဲ။ လောက်ကိုင် ဒကစထဲမှာ အရာရှိ၊ စစ်သည်၊ တိုက်ခိုက်ရေး စစ် သည် ၁၀၀၀ နီးပါးရှိပါတယ်။ ကျန်တာတွေ လက်ရုံးတပ်တွေနဲ့ အရပ်ဘက် ဝန်ထမ်းတွေ၊ ရဲမေ၊ မိသားစုဝင်တွေနဲ့ ကလေးတွေ ဖြစ်ပါတယ်။ အားလုံး အင်အား စုစုပေါင်း ၃၀၀၀ ကျော် ၄၀၀၀ နီးပါးရှိပါတယ်။ ဗိုလ်မှူးချုပ် ထွန်းထွန်း မြင့်သာ မညှိနှိုင်းခဲ့ရင် အကုန်ချေမှုန်းခံရမှာပါ။ စစ်မြေပြင်မှာ MNDAA က လောက်ကိုင်ဒကစ တစ်ခုလုံးကို ဝန်းရံထားပါ တယ်။ မြေပြင် အနေအထားအရ MNDAA က အသာစီးဖြစ်ပါတယ်။ တိုက်စစ် ဟာ ခံစစ်ရဲ့ အင်အား ၃ ဆသာရင် တိုက်လို့ရတာကို သီအိုရီ အရ သင်ထားကြပါ တယ်။ MNDAA အင်အားက ပတ်ပတ်လည် ၀ိုင်းထားတာမို့ အင်အား ၄၀၀၀၀ ကျော် ပါတယ်။ ဘယ်လောက်ခံချ၊ ခံချ မနိုင်ပါဘူး။ စကခ ၁၂ တပ်မမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်းအနေနဲ့ သောင်းချီတဲ့ တိုက်စစ်ကို ဘယ် လို ခံချမှာလဲလို့ မေး ကြည့် ရမလိုပါပဲ။ တပ်တွင်း မကျေနပ်မှုနဲ့ ပုန်ကုန်မှုများ ====================== ဗိုလ်မှူးချုပ် ၆ ဦးကို အချုပ်ထဲထည့်လိုက်တော့ လောက်ကိုင်ဒကစ G1 ဒုတိယ ဗိုလ်မှူးကြီး သက်ထက်လင်းက နောက်ပါ ရဲဘော်တွေ ခေါ်ပြီး တန့်ယန်းကနေ ဆုတ်ခွာသွားပါတယ်။ အခုလည်း လောက်ကိုင်ကနေ ဆုတ်လာတဲ့ တပ်ရင်းမှူး နဲ့ အထက်ကို လားရှိုးရောက်တာနဲ့ အချုပ်ထဲ ထည့်ဖို့ မင်းအောင်လှိုင်က အမိန့် ပေးပါတယ်။ တကယ်တော့ စစ်ကောင်စီက ထိရောက်တဲ့ စစ်ကူနဲ့ ဗျူဟာတွေ မရှိဘဲ အား လုံး ရဲ့ အသက်ကို အသေခံခိုင်းတာပါ။ ဒါပေမယ့် သက်ဆိုင်တဲ့ စဉ်းစား ဉာဏ် ကြီးတဲ့ ဗိုလ်မှူးချုပ်တွေရဲ့ အဆုံးအဖြတ်ကြောင့် လူ ၄၀၀၀ ကျော် အသက် ချမ်းသာရတာလည်းဖြစ်ပါတယ်။ ဒါကို လောက်ကိုင်က ဆုတ်ခွာ လာတဲ့ အရာ ရှိ၊ စစ်သည် ၊ တပ်မိသားစုဝင်အားလုံး သိကြပါတယ်။ လောက်ကိုင်က ဆုတ်ခွာလာတဲ့ စစ်သည်နဲ့ မိသားစုဝင်အားလုံးက သူတို့ရဲ့ အသက်ချမ်းသာရဖို့ ညှိနှိုင်းပေးခဲ့တဲ့ ဗိုလ်မှူးချုပ် တွေကို အချုပ်ထဲထည့် ထား လိုက်ပြီလို့ သတင်းတွေ ထွက်လာတော့ တပ်ထဲမှာ မကျေနပ်မှုတွေနဲ့ ပုန်ကုန် မှုတွေဖြစ်လာပါတယ်။ တချို့အရာရှိတွေလည်း ဗိုလ်မှူးချုပ်တွေပြီးရင် ငါတို့ အလှည့်လာမှာပဲဆိုပြီး ထောင်တော့ အကျမခံနိုင်ဘူးကွ အထက်လူကြီးတွေက သူတို့ အာဏာ တည်မြဲ ဖို့ သူတို့မိသားစုတွေ ကောင်းစားရေးအတွက် ငါတို့ကို စတေးနေတာဆိုပြီး ထွက်ပြေးကြတာလည်း မနည်းပါဘူး။ လောက်ကိုင်လက်နက်ချမှုကို ဆန့်ကျင်ခဲ့ကြတဲ့ ဒုဗိုလ်ချုပ်ကြီး ၂ ဦးနဲ့ ရမခ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး ========================================== လောက်ကိုင်ဒေသမှာ MNDAA ကို မနိုင်တော့ဘူးဆိုတာ ဒေသ နယ်မြေခံ ဗိုလ်မှူးချုပ်တွေကို သိရှိပြီး စစ်ဦးစီးအရာရှိချုပ်(ကြည်း)နဲ့ စစ်ထောက်ချုပ် ရာထူး နှစ်ခုယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ လားရှိုးမှာ ထိုင် နေတဲ့ ကစထမှူး ဒုဗိုလ်ချုပ်ကြီး အောင်အောင်နဲ့ လားရှိုးတိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးတို့ လည်း သိပါတယ်။ အဲဒီအထဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မင်းအောင်လှိုင်ရဲ့ လူယုံ ဖြစ်ပြီး အနာဂတ်တပ်ချုပ်ရာထူးရဖို့ သူက မျှော်မှန်းနေပါတယ်။ မင်အောင် လှိုင်ရဲ့ သားတပည့်အဖြစ် သူက ခံယူထားသူပါ။ MNDAA နဲ့ မညှိနှိုင်းခင် အခြေအနေများ ====================== လောက်ကိုင်ဒကစမှာ ညှိနှိုင်းမှုတွေ မလုပ်ခင် နေ့မှာပဲ လောက်ကိုင် ဥက္ကဋ္ဌ ‌ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်နဲ့ ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူတို့က လောက် ကိုင် ဒကစ ထဲမှာ ရေပြတ်သွားပြီလို့ သတင်းပို့ပါတယ်။ အဲဒီအချိန် MNDAA ရဲ့ ဒရုန်းတွေက Jammer နဲ့ ဒရုန်းဖြတ်ချစက် Drone Guard တွေကို ကျော်ပြီး ပျံသန်း ဗုံးကျဲနေပါတယ်။ ဗုံးကျဲမှုတွေကြောင့် တပ်မိသားစုဝင်တွေနဲ့ ဒဏ်ရာရနေတဲ့ ဆေးရုံတက်စစ်သည်တွေ အသက် ဆုံးရှုံးနိုင်ကြောင်း ကြေးနန်းနဲ့ရော ဖုန်းနဲ့ပါ ဒုဗိုလ်ချုပ်ကြီး ၂ ဦးနဲ့ တိုင်းမှူးကို တင်ပြပါတယ်။ ဒါပေမယ့် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင် အောင်နဲ့ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးတို့က ဆုတ်ခွာမိန့် မပေးပါဘူး။ အဲဒီအချိန် ဒရုန်းတွေနဲ့ ဗုံး အလုံး ၅၀၀ ၊ ၆၀၀ လောက်ကိုင် ဒကစထဲကို ကျဲချ နေပါပြီ။ ဗုံးကျဲခံနေရတာကိုလည်း အမှန်တိုင်း တင်ပြပါတယ်။ ဒါပေမယ့် ရမခတိုင်းကနေ ကက(ကြည်း) စစ်ရုံးချုပ်ကို ကြေးနန်းတင်ပြတဲ့အခါမှာ ဒရုန်းဗုံး အလုံး ၂၀၀ ကျော်ကျဲတယ်ဆိုပြီး ပြန်လည် ပြင်ဆင် တင်ပြပါတယ်။ နေပြည်တော်စစ်ရုံးမှာ ထိုင်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက အဲဒီလို မျိုး ကြေးနန်းတွေက လူကြီးတွေကို စိတ်ရှုပ်စေတယ်ကွဆိုပြီး မတင်ဘဲ ဖြတ်ချထားလိုက်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို လေ့လာခြင်း ============================= ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းက စစ်ဦးစီးအရာရှိချုပ်(ကြည်း)နဲ့ စစ် ထောက် ချုပ် ရာထူး ၂ခုကို ယူထားတာပါ။ စစ်ထောက် ချုပ် ရာထူးနဲ့ စစ်ဦးစီး အရာရှိချုပ်(ကြည်း) ရာထူး ၂ ခုကို တပြိုင်နက်တည်းယူထားတာမို့ သူက စစ်တပ်မှာ အတော်ကို ဩဇာကြီးပါတယ်။ ကကကြည်းမှာ နံပါတ် ၄ အဆင့်ရှိပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာ လင်းက စစ်တက္ကသိုလ်အပတ်စဉ် ၃၅ ဆင်းဖြစ်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။ ဒါပေမယ့် သူတာဝန်ယူခဲ့ဖူး တဲ့ G3 ဘ၀ကစလို့ ဒုတိယဗိုလ်ချုပ်ကြီးဖြစ်တဲ့အထိ စစ်မတိုက်ဖူးပါဘူး။ အထက်ရုံးနားပဲ ပတ်ခွေပြီး အဖားကောင်းလို့ ရာထူး ရသူလည်းဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက အသက်အငယ်ဆုံးနဲ့ တိုင်းမှူး၊ ဒုဗိုလ် ချုပ်ကြီး အဆင့်အထိ ရာထူးတက်လာတာမို့ အရမ်းကို မာနကြီးပြီး မိုက်ရိုင်း ပါတယ်။ သူ့အထက်အရာရှိကိုတော့ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသလို ကျိုးနွံ့ ပြီး သူ့လက်အောက်ငယ်သားတွေကိုတော့ အင်မတန်မှ ဖိနှိပ် ရိုင်းစိုင်းလွန်း သူဖြစ်ပါတယ်။ အသက်ကလည်း ငယ်၊ ရာထူးကလည်း စစ်ဦးစီးအရာရှိချုပ်(ကြည်း)နဲ့ စစ် ထောက်ချုပ်ရာထူးကို တွဲကိုင်ထားတာကြောင့် အဆင့်တူ ဒုတိယ ဗိုလ်ချုပ် ကြီးတွေနဲ့ ဗိုလ်ချုပ်တွေကိုတောင် ရာထူး ဂုဏ်မောက်ပြီး မောက်မောက်မာမာ ပြောဆို ဆက်ဆံပါတယ်။ စစ်တပ်နဲ့ပတ်သက်တာ၊ စစ်ရေးနဲ့ပတ်သက်တာတွေ အကြံပြု တင်ပြရင်လည်း ဘယ်တော့မှ သူက ဆုံးအောင် နားမထောင်ပါဘူး။ တစ်ခုတော့ရှိပါတယ်။ သူအမြဲ ကြွေးကြော်တာက သူက အဂတိတရားကင်းတယ်၊ ဘယ်တော့မှ လာဘ် မစားဘူးကွဆိုပြီး ရှေ့လူ(ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း) ထက်သာ တယ်လို့ မကြာခဏ ကြွားလုံးထုတ်ပါတယ်။ နိဂုံးပြန်ချုပ်ရရင်တော့ လောက်ကိုင်ဒေသ အခြေအနေကို တိုက်ရိုက် ကွပ်ကဲ နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းက မြေပြင် အခြေအနေကို တစ်ခါမှ စစ်မတိုက်ဖူးလို့ နားမလည်တဲ့အပြင် ရှေ့တန်းစစ်သားတွေ သေချင်သေ ပါစေဆိုတဲ့ အတ္တကြီးလွန်းသူဖြစ်ပါတယ်။ မင်းအောင်လှိုင်၏ တွက်ချက် မှားယွင်းခြင်း ========================= မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးအစမှာ တပ်ချုပ် မင်းအောင်လှိုင်က စစ်တပ် အစည်းအဝေးမှာ စကားတစ်ခွန်းပြောခဲ့ပါတယ်။ အဲဒါကတော့ “ဒီကောင်တွေ ကျည်ဆန်ကုန်ရင် ရပ်သွားမှာပါကွာ” လို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို အထင်သေးစွာနဲ့ ပြောခဲ့ပါတယ်။ တစ်လနေလို့ မပြီးတော့ဘဲ တပ်စခန်းတွေကျ၊ မြို့တွေပါသွားမှာ အူယားဖားယား စစ်ဆင်ရေးခန်းမတစ်ခုကို ချက်ချင်းဆောက်ပြီး ပြန်တိုက်ဖို့ လုပ်ရပါတယ်။ မြောက်ပိုင်း ၃ ဖွဲ့ကို ပြန်တိုက်တော့လည်း ဗျူဟာတွေ ခင်းပြီး တိုက်မယ်လို့ အားလုံးက မျှော်လင့်ခဲ့ကြပေမယ့် တက်တက်စင်အောင် လွဲခဲ့ပါတယ်။ ဟိုနား ကို လေယာဉ်နဲ့ ဗုံးကျဲ၊ အတွဲလိုက်ဒုံးတွေနဲ့ထု၊ လက်နက်ကြီးပစ်၊ ဒီနားကို ကျည်ဆန်ပို့ စစ်သားတွေ ရွှေ့နဲ့ပဲ ဆန်စင်ရာ ကျည်ပွေ့လိုက်တာပဲ လုပ်နိုင်ပါ တယ်။ ဘာမဟာဗျူဟာ နည်းဗျူဟာမှ မရှိပါဘူး။ အကုန်လက်တန်းထိုး ဖြေရှင်းရပါတယ်။ တက်ကျိုးတဲ့အခါ လက်ထိုး လှော်ခိုင်းတဲ့ Standard Army ကြီးဖြစ်ပါတယ်။ လောက်ကိုင်အရှုံး တပ်မမှူးတွေပုံချပြီး စစ်သည်မိသားစုတွေကို ငဲ့လို့ ဟု လိမ်ပြန် ======================================== လောက်ကိုင်ဒေသမှာ စစ်ကောင်စီ စစ်ရှုံးသွားတာဟာ စစ်ဦးစီးနဲ့ ထောက်ပို့ ညံ့လို့ စစ်ရှုံးတာပါ။ ဒါပေမယ့်လည်း အောက်ခြေက အရာရှိ၊ စစ်သည်တွေကို ငဲ့လို့ နယ်မြေခံ တပ်မှူးတွေ အကောင်းဆုံး ဆုံးဖြတ်ခဲ့တယ်ဆိုပြီး ဖာထေး ပါတယ်။ ဒါပေမယ့် အဲဒီလို ဖြေလို့ တပ်မှူးတွေကို လွှတ်မပေးဘဲ အရေးယူခဲ့ ပါတယ်။ လောက်ကိုင်ကျမယ်၊ ပြန်ဆုတ်ရမယ်ဆိုတာ အစောကြီးကတည်းက သက်ဆိုင်ရာ တပ်မမှူးတွေက သတင်းပေးပို့ တင်ပြပါတယ်။ နေပြည်တော် စစ်ရုံး တစ်ရုံးလည်း ဒါကို သိပါတယ်။ လောက်ကိုင်မကျခင် ည ဇန်နဝါရီလ ၃ ရက်နေ့မှာ လားရှိုးစစ်ရုံးမှာ ထိုင်နေတဲ့ ကစထမှူး ဒုဗိုလ်ချုပ်ကြီး အောင်အောင် နေပြည်တော်သွားပြီး စည်သူဘွဲ့ ယူနေပါတယ်။ လားရှိုးတိုင်းမှူးက စစ်ဆင်ရေး ခန်းမတောင် မဝင်တော့ပါဘူး။ လောက်ကိုင်ကျ မယ်ဆိုတာ သူတို့အားလုံး ကြိုတင် သိရှိနေကြပြီးဖြစ်ပါတယ်။ နိဂုံးချုပ်နဲ့ တိုက်တွန်းခြင်း ============== နောက်ဆုံးအချုပ်ပြောချင်တာကတော့ စစ်တိုက်ရာမှာ အဓိကကျတဲ့ စစ်ဦးစီး တာဝန်နဲ့ ထောက်ပို့ရေးတာဝန်တွေကို တစ်ခါမှ စစ်မတိုက်ဖူးတဲ့ ဒုတိယ ဗိုလ်ချုပ် ကြီး ကျော်စွာလင်းရဲ့ ခေါင်းတစ်ခုတည်းနဲ့ ဆုံးဖြတ်နေတာကို စစ်ဆင်ရေးတစ်ခုလုံးကို အဖွဲ့ပေါင်းများစွာ၊ ခေါင်းပေါင်းများစွာနဲ့ ဆုံးဖြတ်ပြီး စီမံ လုပ်ကိုင်နေတဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဆုံးဖြတ်မှုတွေက အနိုင်ရ သွားတာပါ။ ဒါကြောင့် စစ်ကောင်စီမှာ လက်ရှိကျန်နေတဲ့ တပ်မမှူး။ ဗျူဟာမှူးနဲ့ တပ်ရင်း မှူး တွေ အားလုံးအနေနဲ့ မနိုင်တော့မယ် စစ်ကို ဆက်မတိုက်တော့ဘဲ ပြည်သူ့ သားကောင်းပီပီ ပြည်သူနဲ့ပူးပေါင်း ခိုလှုံ အာဏာရှင် စနစ်ကို တွန်းလှန် ကြ ဖို့ တိုက်တွန်းလိုက်ပါတယ်။ #