Wednesday, December 15, 2021

မအလ တွေကျကုန်ပြီ

 လေးကေ့ကော်တွင် စစ်ကြောင်းမှူး စနိုက်ပါမိ၍ သေဆုံးမှု အပါအဝင် စစ်တပ်သား ၂၀ နီးပါး သေဆုံး၊ စစ်သား ၂၃ ဦး အရှင်ဖမ်းမိထား၊ ဒုဗိုလ်မှူးကြီးထင်လင်းဇော် အပါအဝင် စစ်သားများ ဒဏ်ရာရသူများပြား


ရန်ကုန်၊ ဒီဇင်ဘာ ၁၅ 


ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ လေးကေ့ကော်၊ ယနေ့တိုက်ပွဲတွင် စစ်တပ်တပ်ရင်းမှူး စနိုက်ပါမိ၍ သေဆုံးမှု အပါအဝင် စစ်တပ်ဘက်မှ ၂၀ နီးပါးသေဆုံးပြီး ၂၃ ဦးအရှင်ဖမ်းမိကြောင်း လေးကေ့ကော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။


"တိုက်ပွဲကတော့ ပစ်ခတ်မှုတွေကတော့ ရပ်သွားပါပြီ။ ဒီနေ့တစ်နေ့လုံး စစ်ခွေးတွေဘက်က သေတာ ၂၀နီးပါးရှိပါတယ်။ ဘယ်အဆင့်တွေဆိုတာတော့ အတည်ပြုဖို့ခက်ပါတယ်။ အရာရှိတွေလည်းပါတယ်။ အရှင် ၂၃ယောက်မိပါတယ်။ အဲဒါကတော့ သေချာပါတယ်" ဟု လေးကေ့ကော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 


လေးကေ့ကော်တိုက်ပွဲထဲတွင် ရှိနေသည့် ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ကလည်း စစ်တပ်စစ်ကြောင်းမှူး၊ တပ်ရင်းမှူး စနိုက်ပါမိ၍ သေဆုံးသွားကြောင်း အတည်ပြုပြောဆိုသည်။ 


"ဒုဗိုလ်မှုးကြီး ထင်လင်းဇော် ပေါင်ဒဏ်ရာရတယ်။ စစ်တပ် စစ်ကြောင်းမှုးသေပါတယ်။ စစ်ကြောင်းမှုး နာမည်မသိသေးဘူး" ဟု သတင်းရင်းမြစ်က ပြောဆိုသည်။ 


အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာလမ်းခွ၊ ထီးမင်္ဂလာကျောင်းအနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် KNLA တပ်မဟာ ၁ တပ်ရင်း ၂ တပ်ဖွဲ့နှင့် သထုံပြည်သူ့ပြောက်ကျားများ TPG၊ သထုံကာကွယ်ရေးတပ်ဖွဲ့ TDO၊ မွန်သထုံအထူးကာကွယ်ရေးတပ်ဖွဲဲ့ MTHSF၊ သထုံမြို့ပြအထူးစစ်ဆင်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာပြင်းထန်ကြောင်း သထုံပြည်သူ့ပြောက်ကျားများတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။


အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ KNLA နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရှိရသည်။


ဓာတ်ပုံ- KNU တပ်ဖွဲ့ဝင်များ။ Photo Credit - Getty Image

Sunday, December 12, 2021

မရှိခြင်း (မအလ)




ဦးခေါင်းတော့ရှိတယ်

ဦးနှောက်တော့မရှိဘူး။


အာဏာတော့ရှိတယ်

သြဇာမရှိဘူး ။


သေနတ်တော့ရှိတယ်

သိက္ခာမရှိဘူး။


ပိုက်ဆံတော့ရှိတယ်

အရှက်မရှိဘူး။ 


လူတွေတော့ ရှိတယ်

လူစိတ်မရှိဘူး။ 


ပါးစပ်တော့ရှိတယ်

ကတိမရှိဘူး ။


လက်ညှိုးတွေတော့ရှိတယ်

ဝန်ခံရဲတဲ့သတ္တိမရှိဘူး။


သားသမီးတော့ရှိတယ်

ကိုယ်ချင်းစာစိတ်မရှိဘူး


ပါတီတော့ရှိတယ်

သမိုင်းမရှိဘူး။


ရေဘူးအပေါက်တွေတော့ရှိတယ်

ရေမရှိဘူး။ 


ဘွဲ့တံဆိပ်တွေတော့ရှိတယ်

တရားမရှိဘူး။


ပလ္လင်မက်တဲ့စိတ်တော့ရှိတယ်

အရှင်ထွက်ဖို့သိပ်မရှိဘူး ။


သရဝဏ်(ပြည်)

Thursday, December 9, 2021

မအလ မင်းအောင်လှိုင်ကြည့်ထား

 ပြည်သူတွေက မကျေမနပ်ဖြစ်နေကြတာမဟုတ်ဘူး ...

နာကျည်းသွားတာ၊ စိတ်နာသွားတာ

မင်းတို့တွေ အမြစ်မပြုတ်သရွေ့ ပြီးသွားမယ်မထင်နဲ့ ... 

မအလနဲ့ လက်ပါးစေတို့ရေ

ဒီနေ့ Silent Strike ဟာ 

ပြည်သူတွေ ဘယ်လောက်ညီညွတ်တယ်

ပြည်သူတွေဟာ မင်းတို့ကို အမြစ်ဖြတ်ဖို့ကို 

ဘယ်လောက် စိတ်အားထက်သန်နေတယ်

ပြည်သူတွေဟာ တော်လှန်ရေးအတွက် 

ဘယ်လို စိတ်ပိုင်းဖြတ်ထားတယ် ဆိုတာကို

အထင်အရှားပြနေတဲ့ သက်သေတစ်ခုပဲ ... 

ပြည်သူလူထုရဲ့ တိတ်ဆိတ်သော မြည်ဟည်းသံမှာ

မင်းတို့တွေ တုန်လှုပ်နေပုံက ရယ်စရာ

ထပ်လာပါလိမ့်ဦးမယ် ... 

အပြစ်သားတွေ အပြစ်ဒဏ်ခံယူဖို့ ပြင်ထားကြပါ။


"စိုက်ခဲ့သမျှ ဒို့ရိပ်သိမ်းရတော့မယ် 

နီတဲ့သွေး ရဲရင့်လို့ ... ရန်သူ မင်းရှေိ့ကို ချီတက်ခဲ့ပြီ"


#SpringRevol



ution

#SilentStrike

December 10, 2021


via https://youtu.be/8rA7ir0Np_Y

စစ်တပ်က ကျူးလွန်ဟု ခြေမြန်တပ်ရင်း ၂၁၇ မှ တပ်သား ဆန်းကြယ်ဦးနှင့်တပ်သား ကျော်ဝင်းထွဋ်တို့ ဖော်ထုတ်ပြောဆို(ရုပ်/သံ)

 ပြည်သူများကို ညှဉ်းပန်း သတ်ဖြတ်ခြင်း၊ ရွာများကို အဓိပ္ပာယ်မဲ့ မီးရှို့ခြင်းများ စစ်တပ်က ကျူးလွန်ဟု ခြေမြန်တပ်ရင်း ၂၁၇ မှ တပ်သား ဆန်းကြယ်ဦးနှင့်တပ်သား ကျော်ဝင်းထွဋ်တို့ ဖော်ထုတ်ပြောဆို(ရုပ်/သံ)



ရန်ကုန်၊ ဒီဇင်ဘာ ၉ 


တပ်မ ၁၁ လက်အောက်ခံ ခြေမြတပ်ရင်း-ခမရ ၂၁၇ မှ တပ်သား ဆန်းကြယ်ဦး (ကိုယ်ပိုင်အမှတ်-တတ/ ၁၂၅ ၃၀၀) နှင့် တပ်သား ကျော်ဝင်းထွဋ် (ကိုယ်ပိုင်အမှတ် - တ/ ၅၆၀၁၄၃) တို့သည် ပြည်သူ့တော်လှန်ရေးတပ်မ တော် PRA ထံသို့ ခိုလှုံလာပြီး လက်ရှိ စစ်တပ်သည် ပြည်သူများကို ညှဉ်းပန်းနှိပ်စက် ပစ်သတ်ခြင်း၊ ကျေးရွာနှင့်နေအိမ်များကို မီးရှို့ခြင်း အပါအဝင် အဓိပ္ပာယ်မဲ့ လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြောင်း ဖွင့်ဟ ထုတ်ဖော်ပြောဆိုသည်။ 


အဆိုပါတပ်သား ၂ ဦးကို PRA က တွေ့ဆုံမေးမြန်းပြီး ၎င်းတို့၏ ထွက်ဆိုချက်များကို တရားဝင် သတင်းထုတ်ပြန်ထားသည်။ 


တပ်သား ဆန်းကြယ်ဦး 

ကိုယ်ပိုင်အမှတ် - တတ ၁၂၅၃၀၀ 

ပင်လောင်း လေ့ကျင့်ရေး ၄ ကျောင်း၊ အပတ်စဉ် ၃/၂၀၁၉

တပ်မ (၁၁)၊ခမရ -၂၁၇

===========================================


မေး။ ။ ဘာကြောင့် ဒီလိုမျိုးထွက်ပြေးလာတာလဲ။ 


ဖြေ။ ။ ကျွန်တော်တို့ ပြည်သူတွေကို ညှည်းပန်းနှိပ်စက်တာမျိုးတွေ သဘောမကျပါဘူး။ အိမ်တွေမီးရှို့ လူတွေကို အပြစ်မရှိဘဲလုပ် အဲတာမျိုးတွေကို သဘောမကျလို့ ကျွန်တော်တို့ ထွက်ပြေးချင်တာ ကြာပါပြီဗျ။ အခုမှ အခွင့်အရေးသာလို့ ထွက်ပြေးပြီး နားခို တိမ်းရှောင်ဖို့အတွက် တောင်းခံတာပါဗျ။ 


မေး။ ။ လက်ရှိ စစ်ကြောင်းက ကျောကနေဆင်းလာတာ ဘာလုပ်ဆောင်မှုတွေပါလဲ။


ဖြေ။ ။ လက်နက်တွေ မျိုးစုံပါပါတယ်။ ပြည်သူကို ဒုက္ခပေးမယ့် လက်နက်မျိုးစုံ ပါပါတယ်။ 


မေး။ ။ အဲဒီစစ်ကြောင်းရဲ့ လုပ်ရပ်တွေပြောပြပါလား။ 


ဖြေ။ ။ အိမ်တွေကို မီးရှို့ပါတယ်။ အဓိပ္ပာယ်မရှိဘဲ မီးရှို့တယ်။ လမ်းတွေ့တဲ့ သူတွေကို ခေါ်တယ်။ မသင်္ကာတဲ့ မျက်လုံးတွေနဲ့ ခေါ်သွားပါတယ်။ ခေါ်သွားပြီး တောထဲ ချင်းတွေဘာတွေကအစ ထမ်းခိုင်းတယ်။ တောနက်ကြီးတွေကို ရောက်ကာမှ ပြန်လွှတ်တဲ့သူကို ပြန်လွှတ်ပါတယ်။ ပြန်မလွှတ်တဲ့ သူတွေကို အစဖျောက်တာမျိုးတွေ လုပ်ခဲ့ပါတယ်။ သတ်ပစ်တာပေါ့။ ကျွန်တော်တို့က ရဲဘော်လေးတွေဆိုတော့ ကျွန်တော်တို့ သိသလောက် ၃ယောက်လောက်ရှိပါတယ်။ 


မေး။ ။ လေ့ကျင့်ရေးကကော ဘယ်ဆင်းလဲ။ 


ဖြေ။ ။ ပင်လောင်း။ အပတ်စဉ် အမှတ် ၃/၂၀၁၉ ။


တပ်သား ကျော်ဝင်းထွဋ် 

ကိုယ်ပိုင်အမှတ် - တ/၅၆၀၁၄၃ 

ရွှေဘိုလေ့ကျင့်ရေး (၈) ၅/ ၂၀၁၉ 

တပ်မ (၁၁)၊ခမရ -၂၁၇

======================================


မေး။ ။ ဘာကြောင့် ဒီလိုမျိုးထွက်ပြေးလာတာလဲ။ 


ဖြေ။ ။ ပင်ပန်းဆင်းရဲမှုတွေလည်း တအားများလည်း စိတ်ဆင်းရဲမှုတွေလည်း တအားများတယ်။ ကိုယ့်ဟာကိုပဲ အေးဆေးနဲ့ လုပ်ကိုင် စားချင်လို့ ။


မေး။ ။ စစ်ကြောင်းက ပြည်သူတွေကို ညှည်းပန်းနှိပ်စက်မှုတွေရှိတယ်လို့ သိရတယ်။ အဲတာတွေဖြေပါဦး။


ဖြေ။ ။ ကျွန်တော်မြင်တွေ့တာက လူသတ်တယ်။ ပြည်သူတွေလား ဘာတွေဆိုတာ ဝေခွဲလို့တော့ မရဘူး။ သတ်တော့သတ်တယ်။ လမ်းမှာ ယောကျာ်းသားတွေ တွေ့ရင်တော့ မသင်္ကာရင် သူတို့ခေါ်သွားပါတယ်။ ခေါ်သွားပြီး တောထဲရောက်တဲ့အထိ ချင်းတွေဘာတွေ သယ်ခိုင်းပြီးရင် သူတို့ခေါ်ခဲ့တဲ့ ရွာနဲ့ ဝေးရင် ပြန်လွှတ်ပါတယ်။ ငါတို့ စစ်ကြောင်းဆုံးမှ ခရီးဆုံးမှ ပြန်ပါလို့ မှာခဲ့ပြီး ဆက်သွားပါတယ်။ 


မေး။ ။ သတ်ပစ်ပြီးအလောင်းဖျောက်တာတွေရှိတယ်လို့ သိရတာ အဲဒါတွေရော။


ဖြေ။ ။ ကျွန်တော်အနေနဲ့ မြင်ခဲ့တာ တစ်လောင်းပဲရှိပါတယ်။