Wednesday, February 21, 2024

စစ်တွေကို AA စတင်တိုက်ခိုက်နေပြီ

စစ်တွေ ဒကစနှင့် လေးမိုင်သာကွာ‌ဝေးသည့် စစ်ကောင်စီတပ်ရင်းကို AAထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွား ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၂၂ရက် ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေနှင့်လေးမိုင်သာကွာသည့် စစ်ကောင်စီ၏ ခလရ ၂၃၂ကို ရက္ခိုင့်တပ်တော် (AA)ကထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၂၁ရက် မနက်အစောပိုင်းအချိန်က စစ်တွေမြို့၊ ပါဒလိတ်ရွာအစွန်ရှိ စစ်ကောင်စီ၏ ခလရ ၂၃၂ တပ်ရင်းကို AAက ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ယနေ့ဖေဖော်ဝါရီ ၂၂ရက်မနက်ပိုင်းအထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ "မနေ့က မနက်ပိုင်းကစပြီး လက်နက်ကြီးသံတွေကြားရတယ်။ ပါဒလိတ်ရွာအစွန်မှာ တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ မြို့ထဲလည်း အကုန်လှုပ်လှုပ်ရွရွဖြစ်ကုန်ပြီ။ စစ်တွေကိုတော့ စစ်ကရောက်လာပြီပေါ့" ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ တိုက်ပွဲဖြစ်ပွားနေသည့်ပါဒလိတ်ကျေးရွာတွင် ခြေမြန်တပ်ရင်း ၂ရင်း၊ ပညာရေးကျောင်း တစ်ကျောင်းနှင့် စစ်တွေ ဒကစ၏ ပင်မလက်နက်တိုက် CODတို့ရှိပြီး လက်နက်ခဲယမ်းများကို ဇန်နဝါရီလ အစောပိုင်းကတည်းက လွှတ်တော်ထဲသို့ ရွှေ့ပြောင်းထားကြောင်း သိရသည်။ ခလရ (၂၃၂)ထဲတွင်(၁၂၀)မမ အမြှောက်နှစ်လက်တပ်ဆင်ထားပြီး ယမန်နေ့က တိုက်ပွဲဖြစ်ပွားစဉ်တွင် AAဘက်ကလည်း ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ခလရ(၂၃၂)တပ်ရင်းအတွင်း ပစ်ခတ်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ခလရ(၂၃၂) ကို ပါရမီရင်းစုအဖြစ် စုဖွဲ့ထားပြီး ရင်းစုမှူးကို ကျားမသောက်ရွာရှိ BE တပ်ရင်းက ကွပ်ကဲလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ရက်နေ့က ရက္ခိုင့်တပ်တော် AAက စစ်တွေ ဒကစတစ်ခုလုံး လက်နက်ချ အညံ့ခံကြရန်နှင့် အညံ့မခံပါက ဝင်ရောက်တိုက်ခိုက်မည်ဖြစ်ပြီး အညံ့ခံပါက ပြောင်းရွှေ့ရန်အတွက် ယခုဖေဖော်ဝါရီအထိ အချိန်ပေးမည်ဖြစ်ကြောင်း စာပို့ထားပြီး စစ်ကောင်စီက လက်နက်မချသည့်အတွက် စစ်တွေမြို့၊ ပါဒလိတ်ကျေးရွာကို စတင် ဝင်ရောက် တိုက်ခိုက်လာခြင်းဖြစ်သည်။ စစ်ကောင်စီကလည်း မြို့တော်စစ်တွေကို အမျိုးမျိုးသော စီမံချက်များဆွဲ၍ စစ်ရေးပြင်ဆင်ထားပြီး ယခုနောက်ဆုံး ရမ္မာဝတီ ရမ်းဗြဲနှင့် စစ်တွေကို မကျစေရေးစီမံချက်အရ မြို့အတွင်း ကင်းစခန်းကအစ သဲအိတ်ဘန်ကာများထူထပ်အောင်ကာပြီး ကတုတ်ကျင်းများ နက်နက်တူးကာ ရဲမေများကိုပါ သေနတ်ပစ် သင်ကြားပြီး အသေခံကာကွယ်ကြရန် ညွှန်ကြားထားကြောင်း သိရသည်။ ထို့အပြင် စစ်တွေမြို့အတွင်းရှိ အရပ်ဘက်ဆိုင်ရာ ဝန်ကြီးများ အရာရှိများသည်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ပထမပတ်အတွင်းကပင် ရန်ကုန်နှင့်နေပြည်တော်သို့ ပြောင်းရွှေ့သွားကြပြီး စစ်ကောင်စီအရာရှိများ၏ အိမ်စီးကားများနှင့် ဌာနဆိုင်ရာမှကားများကိုလည်း ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြသည်။ စစ်တွေမြို့အတွင်းသို့ ရက္ခိုင့်တပ်တော် AAဝင်ရောက်မလာနိုင်စေရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ရက်ကလည်း ပုဏ္ဏားကျွန်း -စစ်တွေဆက်သွယ်ထားသည့် မင်းချောင်းတံတားကို စစ်ကောင်စီက မိုင်းခွဲ၍ ချိုးချခဲ့ကြောင်း သိရသည်။ #စစ်တွေမြို့ #ပါဒလိတ်ကျေးရွာ #စစ်ကောင်စီ #ခလရ၂၃၂ #AA #Ayeyarwaddy_Times

၂၀၂၄ ဖေ‌ဖေါ်ဝါရီလ ၂၁ရက် ကရင်နီပြည်၊ ရှားတောမြို့အဝင် စေတီကုန်းစစ်‌ခွေးစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး‌နောက်.. အရှင်မိစစ်ခွေးများ၏ လက်နက်ချအညံ့ခံသည့် ဗီဒီယိုရုပ်သံဖိုင်ကို ရှုစားနိုင်ပါသည်။ https://t.me/AATruthNews/5593

၂၀၂၄ ဖေ‌ဖေါ်ဝါရီလ ၂၁ရက် ကရင်နီပြည်၊ ရှားတောမြို့အဝင် စေတီကုန်းစစ်‌ခွေးစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး‌နောက်.. အရှင်မိစစ်ခွေးများ၏ လက်နက်ချအညံ့ခံသည့် ဗီဒီယိုရုပ်သံဖိုင်ကို ရှုစားနိုင်ပါသည်။ https://t.me/AATruthNews/5593

ဆေးမင်းတံရပ်ကွပ်၊ ကောလင်းမြို့အားမီးရှို့ရန်တပ်မမူးအမိန့်ပေးမူအသံဖိုင်ထွက်ပေါ်လာ

စီခမ်ကြီးဗျူဟာကုန်း AA သိမ်း